သြောကြာနေ့၊ ဖေဖေါ်ဝါရီလ 03 ရက် 2012 ခုနှစ် ကျော်ခ သတင်း - မဇ္ဈိမသတင်းဌာန
၆၅ နှစ်မြောက် ပြည်ထောင်စုနေ့တွင် ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့ရှိ ‘ပြည်မတောင်တန်း ပူးပေါင်း ရေးစာချုပ် ကျောက်တိုင်’ အား ဒေသခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင်များက ဦးဆောင်ကာ သွားရောက် အလေးပြုကြမည် ဖြစ်ကြောင်း သိရသည်။
နှစ်ပေါင်း ၂၃ နှစ်တိုင် အလေးပြုခွင့်မရခဲ့သော အဆိုပါ ကျောက်တိုင်ကို ပင်လုံ၊ လဲချား၊ လွိုင်လင်၊ နမ့်စန်မြို့များရှိ NLD အဖွဲ့ဝင်များက ဦးဆောင်ကာ ဒေသခံများနှင့်အတူ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် သွားရောက် အလေးပြုခြင်း ပြုလုပ်ကြ မှာ ဖြစ်သည်။
၈၈ ဒီမိုကရေစီ အရေးအခင်းနောက် ၁၉၈၉ နှစ်တွင်သာ နောက်ဆုံး အလေးပြုခွင့်ရခဲ့ကြောင်း ဒေသခံ NLD အဖွဲ့များ ပြောဆိုချက်အရ သိရသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပြည် ထောင်စုအခြေခံ ပင်လုံ စာချုပ်ချုပ်ဆိုခဲ့ပြီး ပင်လုံ ကျောက်တိုင် စိုက်ထူခဲ့ပုံကို မျိုးဆက်သစ်တို့ သိရှိရန် ရည်ရွယ်ကြောင်း တောင်ကြီးမြို့နယ် NLD အထွေထွေ အတွင်းရေးမှူး ဒေါ်ခင်မိုးမိုး က ပြောသည်။

ကျွန်တော် မြန်မာနိုင်ငံကို အလည်အပတ်သွားရာကနေ အင်္ဂလန်ကို ပြန်ရောက်ပြီး ရက်ပိုင်းပဲ ရှိပါသေးတယ်။ နိုင်ငံခြားရောက် မြန်မာအများစုလိုပဲ ကိုယ့်မြေသံယောဇဉ်ရှိသူမို့ မြန်မာနိုင်ငံသတင်းကို မဖတ်တဲ့နေ့ဆိုတာ မရှိသလောက်ပါပဲ။ နှစ်သစ်ကူးနေ့မှာ Internet သတင်းဖတ်ရင်းနဲ့ ဒေါက်တာနေ၀င်းမောင်ရဲ့ သတင်းကို ဖတ်မိလိုက်တော့ မယုံနိုင်အောင်ကိုဖြစ်မိတယ်။