သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Friday, July 1, 2011

အစိုးရသစ် လက်ထက် စံချိန်တင် တစ်နေ့တည်း မြန်မာပြည်အနှံ့ ဗုံးသုံးလုံး ပေါက်ကွဲခဲ့ (Including Photos)

အစိုးရသစ် လက်ထက် စံချိန်တင် တစ်နေ့တည်း မြန်မာပြည်အနှံ့ ဗုံးသုံးလုံး ပေါက်ကွဲခဲ့ (Including Photos)

မန္တလေး ၊ နေပြည်တော်၊ ပြင်ဦးလွင် ဇွန် ၂၄ 

မန္တလေး တိုင်းဒေသကြီး မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့၊ နေပြည်တော် တို့တွင် မနေ့က ဇွန်လ ၂၄ ရက်နေ့တွင် ဗုံး ၄ လုံး ပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။ မနေ့က မနက် နံနက် ၁၁ နာရီ ၅၀ မိနစ် အချိန်ခန့်က ဗုံးတစ်လုံး ပထမဆုံး အကြိမ် မန္တလေးမြို့ ဈေးချိုဟိုတယ်ရှေ့တွင် စတင် ပေါက်ကွဲခဲ့ပြီး မိနစ်ပိုင်းအတွင်း နေပြည်တော်နှင့် ပြင်ဦးလွင်တို့တွင် ဗုံးနှစ်လုံး အသီးသီး ကွဲခဲ့ပြီး စတုတ္ထမြောက် ဗုံးကို ညနေ ၃ နာရီခန့်တွင် မန္တလေး၌ပင် ထပ်မံတွေ့ရှိ ခဲ့ခြင်း ဖြစ်လေသည်။  



တွေ့ရှိသော နေရာမှာ ၃၁ လမ်းနှင့် ၃၂ လမ်းကြား ၈၄ လမ်းပေါ်တွင် ဖြစ်ပြီး အချိန်မီ ရှင်းလင်းနိုင်ခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း အစိုးရ၏ သတင်းဌာနများက ထုတ်ပြန်ခဲ့သည်။ နေ့လည်က ပေါက်ကွဲခဲ့သော ဗုံးကြောင့် စိန်စမ္ပာယ်ဖူး ရွှေဆိုင်အနီးတွင် အပျက်အစီး အပိုင်းအစများ စုပုံနေကြောင်း၊ ထိုနေရာကို တာဝန်ရှိသူများက ကာရံတားဆီး၍ ရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း မျက်မြင်တွေ့သူ မန္တလေး မြို့ခံ တစ်ဦးက mmDailyNews ကို ပြောပြခဲ့သည်။ 





မတ်လအတွင်း ပထမဆုံး အရပ်သား အစိုးရ တက်ရောက်လာခဲ့ပြီးနောက် ပထမဆုံး အကြိမ်အဖြစ် ဇွန်လ ၂၄ ရက် တစ်ရက်တည်းတွင် မြန်မာနိုင်ငံ အတွင်း၌ စံချိန်တင် ဗုံး ၃ လုံး ပေါက်ကွဲခဲ့ပြီး မန္တလေးမြို့၌ ၁ လုံး၊ နေပြည်တော်၌ ၁ လုံးနှင့် တပ်မတော်၏ အဓိက လေ့ကျင့်ရေး တက္ကသိုလ်များ အခြေစိုက်ရာ ပြင်ဦးလွင်မြို့၌ ၁ လုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်လေသည်။  မန္တလေး ပထမဗုံးသည် မန္တလေးမြို့လယ် လူစည်ကားရာ ဈေးချိုဟိုတယ်၊ မန်းမြန်မာ ပလာဇာရှေ့နားတွင် ရပ်ထားသော ၃ခ/၁၉၈၄ နံပါတ်ပါ ပါဂျဲရိုး အမျိုးအစား ကားတွင် ထောင်ထားခြင်း ဖြစ်ကြောင်း ဖြစ်ပြီး နေပြည်တော်တွင် ပေါက်ခဲ့သော ဒုတိယမြောက်ဗုံးနှင့် ပြင်ဦးလွင်တွင် ပေါက်ခဲ့သော တတိယဗုံးမှာ လူမရှိသော နှစ်ထပ် နေအိမ်များတွင် အသီးသီး မရှေးမနှောင်း ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။ 



ပထမဆုံး ပေါက်ကွဲခဲ့သော ကားဗုံးကြောင့် အနီးရှိ ယာဉ်ထိန်းရဲ တစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ လူနှစ်ဦးကို လူနာတင်ကားက ဒဏ်ရာရသူ နှစ်ဦးကို တင်ခေါ်သွားသည်ကို မြင်လိုက်ရကြောင်း၊ ထိုသူများမှာ ဈေးချိုမှ ၀န်ထမ်းများ ဖြစ်သည်ဟုလည်း မျက်မြင်တွေ့သူတစ်ဦးက ပြောပြခဲ့သည်။ အခြားဗုံးပေါက်ကွဲမှုများကြောင့် ဒဏ်ရာရ/ သေဆုံးသူ မရှိကြောင်း သိရှိရသည်။ မန္တလေးနှင့် ပြင်ဦးလွင် မြို့များတွင် ဗုံးများ ထပ်မံပေါက်ကွဲ ဦးမည်ဟု ကောလဟာလ သတင်းများ ထွက်ပေါ် ခဲ့ခြင်းကြောင့် ပြည်သူများ အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း တစ်ဆင့်စကား ကြားသိရသည်။  



ပထမဗုံးနှင့် မိနစ်အနည်းငယ်သာ ခြားကာ နေပြည်တော် ကျောက်မြက်ရတနာ ပြတိုက်နှင့် မဝေးသော သပြေကုန်းရပ်ကွက်တွင် ဗုံးပေါက်ခဲ့ပြီး အိမ်တစ်လုံး ဆိုးရွားစွာ ပျက်စီးသွားကြောင်း မျက်မြင်တွေ့သူများက ဆိုကြသည်။  တတိယမြောက် ဗုံးဒဏ်သင့်ခဲ့သော နေအိမ်သည် ပြင်ဦးလွင်မြို့ ထောက်/ပို့ ပန်းခြံအနီးတွင် တည်ရှိသော ရပ်ကွက်ကြီး ၃၊ အကွက်အမှတ် ၄ ရှိ အိမ်အမှတ် ၅၁ ဖြစ်ကြောင်း၊ အဆိုပါ ဆက်တိုက် ဗုံးပေါက်ကွဲမှုများသည် ဇွန်လ ၉ ရက်နေ့က စတင်ခဲ့သော ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KIA နှင့် ပဋိပက္ခများ အကြား ပေါက်ကွဲမှု အချို့ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့နှင့် တရုတ်မြန်မာ နယ်စပ် တို့တွင် ဖြစ်ပွားခဲ့ပြီးနောက် ဖြစ်ပေါ် လာခဲ့ခြင်း ဖြစ်လေသည်။
Written by : ရဲဘုန်းမင်း

ကျွန်တော်တို့ လူမျိုးတွေ ကိုယ်ခံအားကောင်းပါတယ်လို့ အယူမလွဲသင့်တဲ့ နေရာ (၇) ခု


ယနေ့ခေတ်မှာ လူအများစုဟာ ကူးစက်ရောဂါတွေနဲ့ ပတ်သက်လို့ အထိုက်အလျောက် ဗဟုသုတ ရှိနေကြပြီလို့ ဆိုနိုင်ပါတယ်။ အကြမ်းဖျင်းပြောရရင် အစာမစားခင်နဲ့ အိမ်သာက အထွက်မှာ လက်ဆေးရမယ်ဆိုတာမျိုး၊ အစားအသောက်တွေကို ယင်မနားအောင် ကာကွယ်ရမယ် ဆိုတာမျိုး၊ ရေကို တစ်နည်းနည်းနဲ့ သန့်ရှင်းအောင် ပြုပြင်စီရင်ပြီးမှ သောက်သုံးရမယ် ဆိုတာမျိုး ကလေးတွေကအစ သိရှိနားလည်ကြပါတယ်။ ရောဂါပိုးတွေ ကိုယ်ထဲဝင်ရောက် ကူးစက်ခြင်း မခံရအောင် သန့်ရှင်းမှုတွေနဲ့ ကာကွယ်တားဆီးတတ် လာကြပါပြီ။