သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Friday, February 10, 2012

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၉-)

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၉-)

by Aung Moe Win on Saturday, February 11, 2012 at 11:30am ·

 အမှာ- မြောက်ပိုင်းဒေသ အရိုးတွန်သံများ ( ဆောင်းပါး-၇-) မှာ အစီရင်ခံစာတင်သူတဦးဖြစ်တဲ့ ရဲဘော်ကျော်ခိုင်ဝင်းက အဲ့ဒီကာလတုံးက ကိုရီးယား နိုင်ငံမှာပါ။ အခုတော့ သူက ကချင်ပြည်နယ် မိုးညှင်းကို ပြန်ရောက်နေပါပြီ တဲ့၊ မြောက်ပိုင်းဒေသရဲ့ အစုလိုက်အပြုံလိုက် လူသတ်ပွဲအကြောင်းကို သိချင်ရင် သူ့ကို ဆက်သွယ်မေးမြန်းနိုင်ပါသတဲ့။ သူ့ရဲ့ ဖုံးနံပါတ်၊
 ၀၉၄၉၃၀၁၈၀၁ ဖြင့်ဆက်သွယ်နိုင်ပါကြောင်း။ ဆောင်းပါး ( အပိုင်း-၉-) ကို ဆက်လက်တင်ပြလိုက်ပါတယ်။

ရန်ကုန်တွင် မြေအောက်ရထားလမ်းများဖောက်လုပ်ရန် အစီအစဉ်ရှိဟုဆို

သီဟ (weekly eleven)

နေပြည်တော်၊ဇန်န၀ါရီ-၂၆
ရန်ကုန်ရှိ သီလ၀ါနှင့် ရန်ကုန်မြစ်ဝဒေသတွင်  စီးပွားရေးဇုန်တစ်ခု တည်ဆောက်ရန် နိုင်ငံခြားအရင်းအနှီးများ ဖိတ်ခေါ်လျက်ရှိပြီး အဆိုပါ စီမံကိန်းများတွင်  မြေပေါ်မြေ အောက်ရထားလမ်းစီမံကိန်း ထည့်သွင်းရေးဆွဲထားကြောင်းဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကပြောသည်။

NLD ခံကတုတ်ကြီး မန်းတွင်ပေါ်လာပြီဟု ဦးဝင်းတင်ဆို

Posted by AF 

မန္တလေး၊ ဖေဖော်ဝါရီ ၅
မန္တလေးတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခံကတုတ်ကြီး တစ်ခု ပေါ်လာပြီဖြစ်ကြောင်း ဟံသာဝတီဦးဝင်းတင်က ပြောသည်။ ”ဖေဖော်ဝါရီ ၅ ရက် မနက် ၉ နာရီက မန္တလေးမဟာအောင် မြေ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ပွဲတွင် ဟံသာဝတီ ဦးဝင်းတင်က အထက်ပါအတိုင်း ပြောသည်။ မဟာအောင်မြေ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ပွဲ သည် မန္တလေးတွင် ပထမဆုံးပြု လုပ်သည့် ပွဲဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ်၏ မန္တလေး အာင်နိုင်ရေးရုံးခန်း လည်းဖြစ်ကြောင်း ၄င်းက ပြောသည်။ ”အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ဟာ အမြဲတမ်းခံစစ်ကြီး မဟုတ် ပါဘူး။ မဟာအောင်မြေမှာ ဒီမိုက ရေစီအဖွဲ့ချုပ် ဗဟိုဦးစီးဝင်ဖြစ် တဲ့ ဦးအုန်းကြိုင် ဝင်ပြိုင်မှာပါ။ လွှတ် တော်ထဲရောက်ရင် ဘာတွေဆောင် ရွက်မလဲဆိုတော့ ပြည်သူတွေ အ ကျိုးမပြုမယ့် အစိုးရလည်း လက်ခံ မယ့် ဒီမိုကရေစီနဲ့ မကိုက် ညီတဲ့ အချက်တွေပြင်မယ်။ ပြည်တွင်းစစ် ရပ်စဲအောင်ဆောင်ရွက်မယ်။ တရား ဥပဒေစိုးမိုးရေး ဆောင်ရွက်ပါမယ်” ဟု ၄င်းကပြောသည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေး တိုင်းဒေသကြီး မဟာ အောင်မြေ၌ ပြည်ခိုင်ဖြိုးမှ ဦး သန်းထွန်း၊ တစညမှ ဦးထွန်းကြည်၊ အမျိုးသားဒီမိုကရေစီအင်အားစု ပါ တီမှ ဦးလှကို၊ ပြည်သူ့ဒီမိုကရေစီ ပါတီမှ ဒေါက်တာသန်းထိုက်ဦးတို့ လည်း ယှဉ်ပြိုင်အရွေးခံကြမည် ဖြစ် သည်။
သက်နိုင်၊ မောင်တာ

ဗုဒ္ဓသာသနာတွင် အဓမ္မ၀ါဒတချို့ မသိမသာ ခေါင်းပြူလာ၍ ကာကွယ်ရန် လိုအပ်ဟုဆို

စန္ဒာလွင် မြန်မာတိုင်းမ်

အတွဲ ၂၈ ၊ အမှတ် ၅၅၆ ( ၁၀ - ၁၆ ၊ ၂ ၊ ၂၀၁၂)

(၁၈)ကြိမ်မြောက် ဗုဒ္ဇသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယသံဃာ့အစည်းအဝေးသို့ တက်ရောက်ခဲ့သည့်သံဃာတော်များအနက်မှအပါး၆၀၀ ကျော်တို့
ဖေဖော်ဝါရီလ၁ရက်နေ့ညနေက ရွှေတိဂုံစေတီတော်သို့ တစ်ပြိုင်နက် တက်ရောက်ဖူးမြော်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ဓမ္မဒူတဇေတ၀န် တောရ
ဆေကိန္ဒာရာမကျောင်းတိုက်တွင်ကျင်းပလျက်ရှိသည့် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးအစီအစဉ်များကိုဇန်န၀ါရီလ ၃၁ရက်မှ ဖေဖော်ဝါရီလ ၂ ရက် နေ့အထိ သုံးရက်ကြာကျင်းပခဲ့ရာ ပြည်တွင်း ပြည်ပမှ ရွှေကျင် နိကာယ၀င်သံဃာတော်၈၉၁ပါးတက်ရောက်ခဲ့သည်။
ဓာတ်ပုံ-ကောင်းထက်

အီရန်အပေါ် ဖိအားသုံးဖို့ အိန္ဒိယကို EU တိုက်တွန်း

By ဗွီအိုအေ (မြန်မာဌာန)

အီရန်နိုင်ငံရဲ့ အငြင်းပွားဖွယ်ရာ နျူကလီးယား လက်နက် ပြဿနာအတွက် ဆွေးနွေး ညှိနှိုင်းမှုတွေ ပြန်လုပ်လာအောင် အိန္ဒိယက အီရန်ကို ဖိအားပေးဖို့ EU ဥရောပသမဂ္ဂက အိန္ဒိယအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

အမေရိကန် စက်မှုလျှို့ဝှက်ချက် တရုတ်ခိုးယူ

By ဗွီအိုအေ (မြန်မာဌာန)

အမေရိကန်ပြည်ထောင်စုက စက်မှုဓာတုပစ္စည်းတွေ ထုတ်လုပ်တဲ့ ဒူးပွန့် (Dupont) ကုမ္ပဏီကြီးရဲ့ ကုန်သွယ်မှုဆိုင်ရာ လျှို့ဝှက်ချက်တွေကို တရုတ်အစိုးရပိုင် ပန်ဂန်း (Pangang) ကုမ္ပဏီအုပ်စုကြီးက မတရားသဖြင့် ခိုးယူခဲ့တယ်လို့ အမေရိကန်တရားရေးဝန်ကြီးဌာန အရာရှိတွေက စွပ်စွဲလိုက်ကြပြီး ဗုဒ္ဓဟူးနေ့က ဆန်ဖရန်စ္စကို (San Francisco) မြို့က စီးပွားရေးလျှို့ဝှက်ချက်နဲ့ ရာဇဝတ်ကြောင်းစွဲဆိုမှုများဆိုင်ရာ အထူးတရားသူကြီးရဲ့ တရားရုံးမှာ Pangang ကုမ္မဏီကို တရားစွဲဆိုခဲ့ပါ တယ်။

ကော့မှူးဒေသခံတွေ ဒေါ်စုခရီးစဉ် ကြိုဆိုဖို့ ပြင်ဆင်

By မသင်းသီရိ

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်ကနေ  ၀င်ပြိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ ပထမဆုံး ကိုယ်စားလှယ်လောင်း စည်းရုံးရေးခရီးစဉ် အဖြစ် မနက်ဖြန် ကော့မှူးမြို့ကိုသွားမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမှာ လူထုနဲ့ စကားပြောဖို့ စီစဉ်ထားသလို  လမ်းတလျှောက်မှာ ရှိတဲ့ မြို့ရွာတွေမှာလည်း လူထုနဲ့ တွေ့ဆုံတာတွေ ရှိမယ်လို့ စည်းရုံးရေး ခရီးစဉ်အတွက် ပြင်ဆင်နေကြတဲ့ NLD ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့တွေက ပြောပါတယ်။ မြို့ခံလူထုတွေကရော  ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးကို ဘယ်လောက် စိတ်ဝင်စားနေကြပါသလဲ။ အခြေအနေ အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

NLD နဲ့ ပူးပေါင်းဖို့ အပစ်ရပ် ကရင်ခေါင်းဆောင် ပြောကြား

2012-02-10

ဗိုလ်ထိန်မောင်ခေါ် ဗိုလ်ချုပ်ကြီး စောဌေးမောင် ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၁၄ ဦးပါ ကရင် ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ညနေပိုင်းက နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Photo: AFP

ရန်ကုန်ဟိုတယ်တွေနဲ့ ကမ္ဘာလှည့်ခရီးတွေရဲ့ ဒုက္ခ

By featured, ဧရာဝတီ on February 11, 2012 11:00 am 

 
မကြာသေးခင်က ပြည်တွင်းမှာဖြစ်ခဲ့တဲ့ နိုင်ငံရေး အပြောင်းအလဲတွေဟာ နိုင်ငံခြားသားတွေကို မြန်မာပြည်ချက်ချင်း သွားချင်အောင် ဆွဲဆောင်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့အခြေခံအဆောက်အအုံမှာ အကန့်အသတ်တွေရှိနေတာမို့ တချို့ခရီးသွားတွေအဖို့ တည်းခိုစရာဟိုတယ်ခန်း ရှာမတွေ့နိုင်တဲ့ အခက်အခဲနဲ့ ကြုံရနိုင်ပါတယ်။

ဗဟု ခေါင်းဆောင်များ မြန်မာပြည်သွား

By featured, ခင်ဦးသာ on February 10, 2012 4:25 pm 

 
ထိုင်းနိုင်ငံ အခြေစိုက် ဗဟု ဖွံ့ဖြိုးရေးအဖွဲ့က မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင် နေသည့် အခန်းကဏ္ဍများ၌ ပါဝင်ကူညီပေးနိုင်ရေး ကြိုးပမ်းသွားမည်ဟု ပြောဆိုသည်။
ဗဟု ခေါင်းဆောင်များ ဖြစ်သော ဦးအောင်သူငြိမ်း၊ ဦးတင်မောင်သန်း၊ ဒေါက်တာ ဇော်ဦးနှင့် ဦးအောင်နိုင်ဦး (ဓာတ်ပုံ - ဗဟု ဖွံ့ဖြိုးရေး အဖွဲ့)

ရုပ်ရှင်ထဲမှာ မြင်ရမယ့် ရန်ကုန်တက္ကသိုလ်နဲ့ ဖွင့်လှစ်တော့မယ့် ဗိုလ်ချုပ်ရုပ်ရှင် ရုံးခန်း

By featured, မစပ်စု on February 11, 2012 11:00 am 

 
ရန်ကုန်တက္ကသိုလ်ကို ရုပ်ရှင်တွေထဲ ပြန်မြင်ရတော့မလား
မြန်မာ့ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားတွေကို ကြည့်လိုက်ရင် တက္ကသိုလ်နဲ့ ပတ်သက်တဲ့ ရိုက်ကွင်း ရိုက်ကွက်တွေ၊ ကျောင်းသားကျောင်းသူတွေရဲ့ ပုံရိပ်တွေကို ပြမယ်ဆိုရင်တော့ ဘယ်နေရာမှ သွားမရှာလေနဲ့၊ လှိုင်မြို့နယ်မှာရှိတဲ့ MICT Park ၀န်းထဲမှာ ဖြစ်ချင်ဖြစ် ဒါမှမဟုတ် ယခင်က ယဉ်ကျေးမှုတက္ကသိုလ် ယခု အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် ဝန်းထဲမှာသာ ဖြစ်ပါလိမ့်မယ်။

နိုင်ငံရေး လုပ်တဲ့အခါ ပြည်သူကို မလှည့်ဖြားဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော

2012-02-09

နိုင်ငံရေး လုပ်တဲ့အခါ ပြည်သူကို မလှည့်ဖြားဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီ လူငယ်တွေကို တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
ဓာတ်ပုံ-NLD

မြန်မာနိုင်ငံကို လာမယ့် ဆယ်စုနှစ်မှာ အခုထက်သာစေချင်

2012-02-09

မြန်မာနိုင်ငံကို အခုထက်သာတဲ့ အာဆီယံ အသင်းဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် လာမယ့် ဆယ်စုနှစ်မှာ တွေ့ချင်တယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
NLD

လစာ တိုးပေးသလို လာဘ်ပေး လာဘ်ယူသူများ အရေးယူဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

2012-02-09

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းတွေကို လစာနဲ့ အခြားအခွင့်အရေးတွေ အလျင်အမြန် တိုးပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့တာကို ကြိုဆိုလိုက်ပြီး တစ်ပြိုင်တည်းမှာပဲ အကျင့်ပျက် လာဘ်စားပြီး ချမ်းသာ ကြွယ်ဝနေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့လည်း လိုအပ်ကြောင်း ဝေဖန် ပြောဆိုလိုက်ပါတယ်။
RFA