သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Sunday, February 5, 2012

ရီပက်ဘလီကန် သမ္မတလောင်းနေရာ Mitt Romney အခြေအနေကောင်း

By ဗွီအိုအေ (မြန်မာဌာန)

အမေရိကန်ပြည်ထောင်စု နီဗားဒါး (Nevada) ပြည်နယ်မှာ စနေနေ့က ကျင်းပတဲ့ ရီပက်ပလီကန် သမ္မတလောင်း ပဏာမရွေးချယ်ပွဲမှာ မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ်ရွန်မ်နီ (Mitt Romney) က အနိုင်ရရှိသွားပါတယ်။ သူဟာ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ လက်ရှိ ဒီမိုကရက်သမ္မတ ဘရက်အိုဘားမား (Barack Obama) နဲ့ ယှဉ်ပြိုင် အရွေးခံရမယ့် ရီပက်ပလီကန်ဘက်က ကိုယ်စားလှယ်နေရာကို တော်တော်ကို ခိုင်ခိုင်မာမာ ဆုတ်ကိုင်ထားနိုင်ပြီ ဖြစ်ပါတယ်။

VOA Burmese TV Magazine - Feb. 1st Week Program

ဆီးရီးယားအရေး ဗီတိုအာဏာသုံးမှု နိုင်ငံတကာ မကျေနပ်

By ဗွီအိုအေ (မြန်မာဌာန)

ဆီးရီးယား နိုင်ငံသားတွေအပေါ်မှာ တစ်နှစ်နီးပါးလောက် အကြမ်းဖက် နှိပ်ကွပ်နေတဲ့ သမ္မတ ဘက်ရှာအယ်လ်အာဆဒ် (Bashar al-Assad) ကို ပြစ်တင် ရှုတ်ချထားတဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ရုရှားနဲ့ တရုတ်နိုင်ငံတို့က စနေ့နေ့က ဗီတိုအာဏာသုံး ပယ်ချလိုက်ပြီး သူ ရာထူးကဆင်းပေးဖို့ တောင်းဆိုသွားတာကြောင့် နိုင်ငံတကာက ဒေါသထွက်နေကြပါတယ်။

ဆီးရီးယားအရေး ဒီမိုကရေစီ တိုင်းပြည်တွေ ပူးပေါင်းဖို့ ၀န်ကြီးကလင်တန် တိုက်တွန်း

By ဗွီအိုအေ (မြန်မာဌာန)

ဆီးရီးယားနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေအပေါ် ဆီးရီးယား အစိုးရက ဖြိုခွင်းနေမှုတွေကို ရပ်တန့်သွားရေးနဲ့ သမ္မတ ဘက်ရှာအယ်လ်အာဆဒ် ရာထူးက ဖယ်ရှားပြီး နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်စေရေး တွန်းအားပေး လုပ်ဆောင်ကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဆီးရီးယားရဲ့ ဒီမိုကရေစီမိတ်ဆွေ နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ သွေးထွက်သံယိုမှုတွေ ရပ်တန့်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် သမ္မတ အာဆဒ်က ဒုတိယသမ္မတထွ အာဏာလွှဲပြောင်းပေးဖို့ အာရပ်အဖွဲ့ချုပ်ရဲ့ အဆိုပြုချက်ကို အပြည့်အ၀ ထောက်ခံတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံနဲ့ ရုရှားတို့က ဗီတို အာဏာပြု ပယ်ချခဲ့ပြီးတဲ့နောက် ဘူလ်ဂေးရီးယားနိုင်ငံ မြို့တော် ဆိုဖီယာ (Sofia) မှာ ၀န်ကြီး ကလင်တန်က အခုလို တိုက်တွန်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ စနေနေ့တုန်းက ဗီတိုအာဏာ အသုံးပြုမှုကို ရယ်စရာကောင်းတဲ့ လုပ်ရပ်လို့ ပြောင်လှောင်လိုက်ပြီး မစ္စတာ အာဆဒ်အစိုးရ စစ်ယန္တရား အထောက်အပံ့တွေ ခမ်းခြောက်သွားအောင်နဲ့ ဒေသတွင်း တခြား နိုင်ငံတွေက ပြုလုပ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေကို အတူတကွ လုပ်ဆောင်သွားမယ်လို့လည်း သူက ပြောလိုက်ပါတယ်။
အယူအဆ တူညီတဲ့ နိုင်ငံတွေအနေနဲ့ ဆီးရီးယားနိုင်ငံတွင်းနဲ့ ပြင်ပမှာရှိတဲ့ အတိုက်အခံ အဖွဲ့အစည်းတွေ ပေါင်းစည်းသွားဖို့၊ လူသားချင်းစာနာတဲ့ အကူအညီပေးဖို့နဲ့ ဆီးရီးယား အစိုးရအပေါ် လက်နက် ရောင်းချမှုတွေကို စောင့်ကြည့်သွားဖို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီအထဲမှာ တူရကီ၊ အာရပ်တိုင်းပြည်တွေနဲ့ အနောက် ဥရောပနိုင်ငံတွေ ပါဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အာရပ်အဖွဲ့ချုပ် ခေါင်းဆောင်ဖြစ်တဲ့ Nabil Elaraby ကတော့ ဆီးရီးယား ပြဿနာကို အဖြေရှာဖို့ ဆက်ပြီးတော့ လုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

နိုင်ငံတကာ စောင့်ကြည့်ခွင့်ပြုရေး ရွေးကောက်ပွဲ ကော်မရှင်စဉ်းစား

By ကိုအောင်လွင်ဦး

မြန်မာနိုင်ငံမှာ မကြာခင် ကျင်းပဖို့ရှိနေတဲ့ လွှတ်တော် ကြားဖြတ် ရွေးကောက်ပွဲဟာ ပြုပြင်ပြောင်းလဲရေး လုပ်မယ်လို့ ကတိပေးထားတဲ့ အစိုးရအတွက် စမ်းသပ်ချက်တစ်ခု ဖြစ်မယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ တောမတ်စ်အိုဟေးကင်တားနား (Tomas Ojae Quintana) က ပြောလိုက်ပါတယ်။ အရပ်သား အစိုးရအဖြစ် တက်လာစဉ်ကစလို့ အပြောင်းအလဲတွေ လုပ်ဆောင်လာတာ မှန်ပေမဲ့ တိုးတက်အောင် လုပ်ရမယ့် နေရာတွေ အများအပြား ရှိနေတာကိုလည်း တွေ့ရတယ်လို့ မနေ့က ၆ ရက်ကြာ ခရီးစဉ် အဆုံးသတ်ချိန်မှာ လူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် လွှတ်တော် ကြားဖြတ် ရွေးကောက်ပွဲတွေက မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ ဘယ်လောက် တိုးတက်မှု ရှိနေပြီလဲဆိုတာကို စမ်းသပ်မှုတစ်ခု ဖြစ်မယ်လို့ သူယုံကြည်တဲ့အကြောင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောလိုက်တာပါ။ ရွေးကောက်ပွဲတွေမှာ လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ အားလုံးပါဝင်ခွင့် မလွဲမသွေရှိဖို့ လိုမယ်လို့လည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ်အိုဟေးကင်တားနား က ပြောသွားပါတယ်။ မြန်မာအာဏာပိုင်တွေ ဘက်ကတော့ ရွေးကောက်ပွဲတွေ လွတ်လပ်ပွင့်လင်းမှု ရှိစေမယ့် အစီအမံတွေအတွက် ပြင်ဆင်နေတယ်လို့ သူ့ကိုပြောပြတဲ့အကြောင်း ရန်ကုန်လေဆိပ်က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောခဲ့တာပါ။

ဆိုမာလီယာမှ ပြန်ပေးဆွဲခံ ဂျက်ဆီကာ ဘူချာနန်အား အမေရိကန်ရေတပ် ဆီးလ်ကွန်မန်ဒိုအဖွဲ့က ကယ်တင်

(အေအက်ဖ်ပီ) myanmar time

ခင်အောင် ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၅၅ ( ၃ - ၉ ၊ ၂ ၊ ၂၀၁၂)

ဓားစာခံ အဖမ်းခံနေရသော ဂျက်ဆီကာ ဘူချာနန်။
ဓာတ်ပုံ - အေအက်ဖ်ပီ
ဝါရှင်တန်- အမေရိကန် ကွန်မန်ဒို တပ်ဖွဲ့များသည် ဇန်န၀ါရီလ ၂၅ ရက်နေ့ တွင် တရားဥပဒေကင်းမဲ့နေသော ဆိုမာလီယာနိုင်ငံအတွင်းသို့ ထိုးဖောက် ၀င်ရောက်ပြီး လက်နက်ကိုင်ဆောင်ထားသည့် ပင်လယ် ဓားပြများ သုံးလတိုင် ဖမ်းဆီးချုပ်နှောင်ထားသော အနောက်တိုင်းမှ စေလွှတ်သည့် ဒုက္ခသည်များ ကူညီရေးအဖွဲ့ဝင်နှစ်ဦးအား သမ္မတ အိုဘားမား ခွင့်ပြုချက်ဖြင့် ရဲတင်းစွာ စီးနင်းတိုက်ခိုက် ကယ်တင် လိုက်သည်။

'ကန်'စစ်တပ်အင်အား အာရှဒေသသို့ တိုးချဲ့လာ


(အေအက်ဖ်ပီ)
အောင်သာလင်း ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၅၅ ( ၃ - ၉ ၊ ၂ ၊ ၂၀၁၂)
ဝါရှင်တန် - အမေရိကန်ပြည်ထောင် စုသည် ၎င်း၏ စစ်တပ်အင်အားကို အာရှဒေသအတွင်း တိုးချဲ့ဖြန့်ကြက်လျက်ရှိရာ ဖိလစ်ပိုင် စသော မဟာမိတ် နိုင်ငံများကလည်း လက်ကမ်းကြိုဆိုလျက် ရှိသည်။
တရုတ်နိုင်ငံက ၎င်း၏တပ်ဖွဲ့အင်အားကို လျင်မြန်စွာဖွဲ့စည်းတည်ဆောက် နေချိန်တွင် အမေရိကန်သမ္မတအိုဘားမားကလည်း နိုင်ငံတွင်းအသုံးစရိတ် ခြိုးခြံချွေတာနေချိန်မှာပင် အရှေ့အာရှ ဒေသအတွင်း အမေရိကန်စစ်တပ် ဆက်လက်စိုးမိုးရေးကို ပထမဦးစားပေး အဖြစ်ဆောင်ရွက်သွားမည်ဟု အတိ အလင်း ကြေညာထားပြီးဖြစ်သည်။
အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံမှ ၀ါရင့် တာဝန်ရှိပုဂ္ဂိုလ်များ နှစ်ရက်ကြာဆွေး နွေးပြီးနောက် နှစ်နိုင်ငံလုံခြုံရေးကို တိုးချဲ့ ပူးပေါင်း ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ ကြသည်။

အမေရိကန် ပြည်ထောင်စုက စာကလေးတစ်စောင်

by Moenge Aung on Sunday, February 5, 2012 at 5:45pm

   ဆောင်ပုဒ်ကလေးတစ်ခုဆိုတဲ့ ခေါင်းစဉ်နဲ့ရေးခဲ့တာ အမှတ်-၅ထိအောင် ရောက်သွားခဲ့တယ်။ တာဝန် ဆောင်နိုင်ခြင်းသည် စွမ်းရည်ဆိုတဲ့ နောက်ဆုံးဆောင်းပါးမှာ သမိန်ဗရမ်း အကြောင်းကို ရေးခဲ့တယ်။ နောက်ထပ်ပြီး ဘုရင့်နောင်အကြောင်းကိုရေးဖို့ သမိုင်းတွေ၊ အရေးတော်ပုံ ကျမ်းတွေကို ပြန်ပြီးဖတ်နေမိသေးတယ်။ အလွန့်ကို ကျယ်ဝန်းခမ်းနား လွန်းတာကြောင့် လက်တွန့်နေမိတယ်။ သမိန်ဗရမ်း တာဝန်ဆောင်နိုင်တာက လက်ရုံးရည်နဲ့ သတ္တိမဟုတ်လား။ ဘုရင့်နောင်ကတော့ လက်ရုံးရည်သာမက စစ်ရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ အုပ်ချုပ်ရေး စသည်အားဖြင့် နယ်ပေါင်းစုံ ထက်မြက် ထူးချွန်ခဲ့တာကိုး။ ဒီတော့ ဒီလိုမျိုးဆောင်းပါးတိုကလေးနဲ့ ဘယ်လိုကိုင်တွယ်ရမှန်းမသိအောင် ဖြစ်သွားခဲ့တယ်။ ဒါ့ကြောင့်နောက်မှပဲ တစ်မျိုးတစ်ဖုံ ရေးတော့မယ်လေဆိုပြီး ကျော်လွှားလိုက်ရပါတယ်။