သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Tuesday, May 31, 2011

1.06.2011ရက်သတင်းများ

ဒီနေ့ဖတ်စရာ သတင်းများ ( ဇွန်လ 1 ရက် )

by Burma Thwe on Wednesday, June 1, 2011 at 9:29am
ဒေါ်စုကို လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ပြုဖို့ ဂျွန်မက်ကိန်း တိုက်တွန်း
By ဒေါ်ခင်မျိုးသက်  အင်္ဂါ, 31 မေ 2011

အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) ဟာ မနက်ဖြန် ဇွန်လ ၁ ရက်နေ့ကစလို့ ဇွန်လ ၃ ရက်နေ့အထိ သွားရောက်မယ့် မြန်မာနိုင်ငံ ခရီးစဉ်ကို စတင်တော့မှာ ဖြစ်ပါတယ်။ မြန်မာအစိုးရ အနေနဲ့ အပြောင်းအလဲ ဖော်ဆောင်တဲ့ နေရာမှာ ဘယ်လောက်အထိ လေးနက်မှုရှိမယ် ဆိုတာကို သူ့ခရီးစဉ်အတွင်းမှာ ဆန်းစစ်သွားဖို့ ရည်ရွယ်တယ်လို့ ဘန်ကောက်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒါ့အပြင် ရှေ့လထဲမှာ နယ်ခရီးတွေထွက်မယ့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ရှိသင့်တယ်လို့လည်း သူက ပြောသွားပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

သြဇာကြီးမားတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ ဇွန်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပြီး မြန်မာအစိုးရသစ် အဖွဲ့ရဲ့ အနေအထားကို လေ့လာမှာ ဖြစ်သလို သူလေးစားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဇွန်လကစပြီး နယ်တွေကို ခရီးထွက်မယ်လို့ မနေ့တနေ့ကစပြီး ကြေညာခဲ့တာမို့ ဒါဟာ မြန်မာအစိုးရသစ်ဘက်က အပြောင်းအလဲကို ဘယ်လောက်လုပ်မယ် ဆိုတာအတွက် ကောင်းကောင်း သိလာနိုင်တဲ့ အချက်လို့ မစ္စတာ မက်ကိန်းက အင်္ဂါနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။


“သေချာတာကတော့ အစိုးရကို တခု ပန်ကြားဖို့ ရှိတာက ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်မယ်ဆိုရင် သူ့ကို လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးဖို့ပါ။ ဒီအကြံပြုချက်ကို ကျနော်တဦးတည်း ပြောတာတော့ မဟုတ်ပါဘူး။ ဒီအကြံပြုချက် အပေါ်မှာ အစိုးရ အနေနဲ့ လက်ခံ၊ မခံဆိုတာ မသိရသေးပါဘူး။ ဒါပေမဲ့ သူတို့အနေနဲ့ ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ ကတိက၀တ်ကို ပြချင်တယ် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးမပေး ကြည့်ရမယ်လို့ ကျနော် ထင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့ပြည်သူတွေနဲ့ တွေ့ဖို့ ဆန္ဒ ဘယ်လောက်ရှိတယ်ဆိုတာ ကမ္ဘာက သိနေတာမို့ အခု ပြည်သူတွေနဲ့ ဘယ်လောက်အထိ သူ ထိတွေ့ခွင့်ရတယ် ဆိုတာကို စောင့်ကြည့်ဖို့ လိုတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ် မေလ ၃၀ ရက်နေ့ကလို အဖြစ်မျိုး မရောက်ဖို့အတွက် အစိုးရသစ် အဖွဲ့က စောင့်ရှောက်မယ်လို့ သူ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။
ဇွန်လ ၁ ရက်နေ့က စတင်မယ့် သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မှာ ပထမ နေပြည်တော်မှာ အစိုးရသစ်အဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ မစ္စတာ မက်ကိန်းက ပြောပါတယ်။

“မနက်ဖြန်ကျရင် မြန်မာနိုင်ငံကို သွားမှာပါ။ မနက်ဖြန်မှာပဲ မြို့တော်သစ်မှာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာပါ။ ဒီနောက်တော့ ရန်ကုန်ကိုသွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ စီစဉ်ထားပါတယ်။ ကျနော် သူ့ကို မတွေ့ရတာ ၁၅ နှစ် ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့အခေါက် ကျနော် သွားခွင့်ရတဲ့ အချိန်တုန်းက နောက်ဆုံး တွေ့ရတာပါ။

“အစိုးရသစ် လက်ထက်မှာ ဘယ်လို အပြောင်းအလဲတွေ ရှိသလဲ၊ ပြုပြင် ပြောင်းလဲရေးအတွက် ဘယ်လောက်အထိ အလေးအနက် ထားသလဲ ဆိုတာကို ဆန်းစစ်နိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။ ဒါ့အပြင် အခြားသူတွေနဲ့ မတူအောင် ကျနော် လေးစား မြတ်နိုးရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။”

မြန်မာအစိုးရနဲ့ တွေ့ဆုံတဲ့အခါမှာ အခုထိ အကျဉ်းထောင်တွေထဲမှာ ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်ပြီး လွှတ်ပေးရေးအတွက် တိုက်တွန်း ပြောကြားမယ်လို့လည်း ပြောပါတယ်။
မစ္စတာ မက်ကိန်းဟာ အင်္ဂါနေ့မှာ ထိုင်း၊ မြန်မာနယ်စပ် မဲဆောက်မြို့က မြန်မာဒုက္ခသည်တွေရဲ့ ကျန်းမာရေးအတွက် အားထားနေရတဲ့ မယ်တော်ဆေးခန်းကို သွားရောက်ပြီး ဒေါက်တာ စင်သီယာမောင်နဲ့ တွေ့ဆုံခဲ့သလို မြန်မာဒုက္ခသည်တွေရှိရာ မယ်လ ဒုက္ခသည်စခန်းကိုလည်း သွားရောက်ခဲ့ပါတယ်။

သူဟာ မြန်မာဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ ဆိုးဝါးတဲ့ အနေအထားကို ကိုယ်တိုင် တွေ့မြင်ခဲ့ရတယ်လို့ ပြောကြားခဲ့သလို ဒီဒုက္ခသည်တွေကို မြန်မာနိုင်ငံထဲက အခြေအနေဆိုးတွေကြောင့် ထိုင်းအစိုးရ အနေနဲ့ နေရပ်ရင်းကို ပြန်ပို့ဖို့ မသင့်သေးဘူးလို့လည်း ပြောပါတယ်။

“ဒီဒုက္ခသည် အခြေအနေဟာ ထိုင်းအစိုးရ အတွက်ရော ဒီလူတွေအတွက်ပါ အတော်လေးကို ခက်ခဲတဲ့ အခြေအနေပါ။ ဒါပေမဲ့လည်း ထိုင်းအစိုးရ အနေနဲ့ ဒီဒုက္ခသည်တွေကို ပြန်မပို့ဘူး ဆိုတာတော့ ကျနော် အခိုင်အမာ ယုံပါတယ်။ ဒီလူတွေ ပြန်ပို့ခံရရင် အရေးယူခံရမယ်။ တချို့ အသတ်တောင်မှ ခံရနိုင်ပါတယ်။ ဒီ တိုင်းရင်းသား လူနည်းစုတွေ အပေါ်မှာ မြန်မာစစ်တပ်က ဘယ်လိုလုပ်သလဲ ဆိုတာတွေကိုလည်း ကြားရပါတယ်။ ဒါကြောင့် ဒီဒုက္ခသည် စခန်းတွေကို မပိတ်ခင်တော့ ဒါတွေကို သတိတကြီး ထည့်သွင်း စဉ်းစားရမယ်လို့ ထင်ပါတယ်။”

မစ္စတာ မက်ကိန်း အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ပြီး အစိုးရသစ်လက်ထက် အခြေအနေတွေကို ဆန်းစစ်ဖို့ ရှိနေသလို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဖွဲ့အစည်း အမျိုးမျိုးနဲ့ တွေ့ဆုံ ဆွေးနွေးပြီး အခြေအနေမှန်ကို လေ့လာမယ်လို့ ဆိုပါတယ်။
ဒီခရီးစဉ်ကနေရတဲ့ အချက်အလက်တွေကို အမေရိကန် လွှတ်တော်နဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနကို ပြန်လည် တင်ပြဖို့ရှိပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားရေးအတွက် ဆက်ပြီး ကြိုးစားဖို့ ရှိတယ်လို့လည်း မစ္စတာ မက်ကိန်းက ပြောကြားခဲ့ပါတယ်။



အကျဉ်းသား မိသားစုတွေ ထောင်ဝင်စာတွေ့ခွင့် ပိုတင်းကျပ်
By မသင်းသီရိ  အင်္ဂါ, 31 မေ 2011

ဒီကနေ့ အင်းစိန်ထောင်မှာ ထောင်ဝင်စာ သွားတွေ့တဲ့ သူတွေကို လုံခြုံရေး တင်းကျပ်ထားပါတယ်။ အရင်က နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေရဲ့ ထောင်ဝင်စာတွေကို စောင့်ကြည့် ရေးမှတ်တာတွေ လုပ်ပေမဲ့ ဒီကနေ့မှာတော့ သာမန် ထောင်ဝင်စာ တွေ့သူတွေပါ ထောင်အာဏာပိုင်တွေက စောင့်ကြည့် နားထောင်တာတွေ လုပ်ခဲ့ပါတယ်။ ဒါဟာ အင်းစိန်ထောင်တွင်း အစာငတ်ခံ ဆန္ဒပြသူတွေကို ပြန်လည် တိုက်ပိတ်တာတွေ လုပ်ခဲ့ပြီးနောက်ပိုင်း ထိန်းချုပ်မှုတွေ ပိုများလာခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေရဲ့ ထောင်ဝင်စာတွေမှာ ထောင်အာဏာပိုင်တွေက စောင့်ကြည့်တာ၊ မိသားစုတွေနဲ့ ပြောသမျှ စောင့်နားထောင်တာ၊ လိုအပ်ရင် စာနဲ့ လိုက်ရေးမှတ်တာတွေကို အကျဉ်းထောင်တွေ အတွင်းမှာ လုပ်နေကြ ဖြစ်ပေမဲ့ ဒီကနေ့မှာတော့ အင်းစိန်ထောင်မှာ သာမန် အမှုအခင်းတွေနဲ့ ပြစ်ဒဏ်ကျနေသူတွေကိုပါ အလားတူ စောင့်ကြည့် တင်းကျပ်မှုတွေ စလုပ်နေပါပြီ။ အကြောင်းကတော့ အစာငတ်ခံ ဆန္ဒပြနေသူတွေနဲ့ ပတ်သက်တဲ့ သတင်းတွေ အပြင်ကို ထွက်သွားမှာ စိုးတဲ့အတွက် အခုလို သတင်း တင်းကျပ်မှုတွေ စလုပ်နေပြီလို့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုကို ဦးဆောင်နေသူ တဦးဖြစ်တဲ့ ကိုတိုးကျော်လှိုင်က ပြောပါတယ်။

“ထောင်ဝင်စာတွေ အကုန်လုံးမှာ ထောင်တွင်း အခြေအနေနဲ့ ပတ်သက်ပြီးတဲ့ အခါကြတော့ သတင်း ဟိုဘက် ဒီဘက်ပေါ့၊ လုံးဝ ပြောလို့မရတဲ့ အနေအထားမျိုးကို ထောင်ကနေပြီး ကြပ်မတ်ထားတာမျိုး ရှိပါတယ်။ အကျဉ်းသား တယောက်ကို ဒီဘက်က မိသားစုက ထောင်ဝင်စာ တွေ့တဲ့အခါမှာ ဘေးကနေ လုံခြုံရေးဝန်ထမ်း ၂ ယောက်၊ ၃ ယောက်လောက် ၀ိုင်းပြီး အမြဲမပြတ် စောင့်ကြည့်တာမျိုး၊ ပြီးတော့ ပြောတဲ့စကားတွေ အကုန်လုံးကို လိုက်ပြီးတော့ ရေးမှတ်တာမျိုးတွေ လုပ်တဲ့အခါကြတော့ အထဲမှာ အစာငတ်ခံ ဆန္ဒပြပြီး အရေးယူခံထားရတဲ့ လူတွေနဲ့ ပတ်သက်ပြီးတော့ နောက်ဆုံး အခြေအနေကို သိရဖို့ အခက်အခဲ ကြုံတွေ့နေပါတယ်။

“ဒီနေ့ဆိုရင် သာမန် ထောင်ဝင်စာမှာကိုပဲ အဲဒီလို အတွင်းအခြေအနေနဲ့ ပတ်သက်ပြီး ပြောမိတဲ့ အတွက်ကြောင့်   ထောင်ဝင်စာ ကနေပြီးတော့    နှင်ထုတ်ခံရတာမျိုး ကြားထားတာ ရှိပါတယ်။”

မေလ ၂၂ ရက်နေ့ကစလို့ သမ္မတ ကြေညာခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်လို့ရော နိုင်ငံရေး အကျဉ်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ အတွက်ပါ အင်းစိန်ထောင်မှာ အစာငတ်ခံ ဆန္ဒပြတာတွေ ဖြစ်နေခဲ့တာပါ။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က နေပြည်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ လာခဲ့ပေမဲ့ ဆန္ဒပြသူတွေနဲ့ ပြေလည်မှု မရဘဲ တိုက်ပိတ်တဲ့ ပြစ်ဒဏ်တွေ ပြန်ချခဲ့သလို မိသားစုတွေနဲ့လည်း ထောင်ဝင်စာတွေ့ခွင့် ပိတ်ထားပါတယ်။

အခုလို သတင်းထိန်းချုပ်မှုတွေ ပိုပြီး လုပ်လာတဲ့အတွက် အထဲက အခြေအနေတွေ မသိရသလို သူတို့အားလုံး အတွက်လည်း စိုးရိမ်ပူပန် နေကြပါတယ်။ ဒါ့ကြောင့် ရန်ကုန်မှာ အခြေစိုက်တဲ့ ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နဲ့ ထပ်မံတွေ့ဆုံပြီး သူတို့ရဲ့ အခြေအနေတွေနဲ့ သတင်းတွေရဖို့ ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။

“အခုလက်ရှိ အနေအထားအထိကတော့ ICRC က ကျနော်တို့ ပထမအခေါက် ဆွေးနွေးခဲ့တဲ့ အပေါ်မှာ လက်ခံ ဆွေးနွေးပြီးတော့ သူတို့ စဉ်းစားနေကြပုံတော့ ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ကိုတော့ ICRC အနေနဲ့ တရားဝင် သူတို့ ဘယ်လို ဆောင်ရွက်မယ် ဆိုတာကိုတော့ တရားဝင် အကြောင်းပြန်တာမျိုး မရှိသေးပါဘူး။ ဒါကြောင့် ကျနော်တို့က နောက်သီတင်းပတ်ထဲမှာ ထပ်မံတွေ့ဆုံပြီး ICRC ကို ထပ်မံတိုက်တွန်းဖို့တော့ လုပ်ရမှာပါ။”

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုကို ဦးဆောင်နေသူထဲက တဦးဖြစ်တဲ့ ကိုတိုးကျော်လှိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။
တခါ စစ်ကိုင်းတိုင်း ကလေးထောင်မှာလည်း အရှင်ဂမ္ဘီရ ဦးဆောင်ပြီး နိုင်ငံရေး အကျဉ်းသားတွေရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေတာမို့ မေလ ၂၇ ရက်နေ့ကစလို့ အစာငတ်ခံ ဆန္ဒပြတာတွေ လုပ်နေပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲ အရှင်ဂမ္ဘီရရဲ့ အမ ထောင်ဝင်စာ သွားတွေ့တဲ့အခါ တွေ့ခွင့်မရခဲ့ပါဘူး။ အရှင်ဂမ္ဘီရဟာ မိသားစုနဲ့ ဝေးလံတဲ့ ကလေးထောင်မှာ ရောက်နေသလို သူတို့ရဲ့ နောက်ဆက်တွဲ အခြေအနေနဲ့ သတင်းတွေရဖို့ ခက်ခဲလွန်းတာမို့ မိခင်ဖြစ်သူ ဒေါ်ရေးက အရှင်ဂမ္ဘီရရဲ့ ကျန်းမာရေး အခြေအနေအတွက် အတော်စိုးရိမ်ပူပန်နေပြီး သွားတွေ့ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

“အန်တီလည်း ၂ ရက်၊ ၃ ရက်၊ သို့မဟုတ် ၅ ရက်အတွင်းမှာတော့ တအားသွားချင်နေတယ်။ တွေ့ခွင့်တော့ ရချင်မှရမှာ၊ မသေချာဘူး။ ဒါပေမဲ့ သွားတော့ သွားလိုက်ဦးမယ်။ ဦးဇင်းက လုပ်မယ်ဆိုရင် လုပ်တာ၊ အန်တီက တော်တော်စိတ်ပူသွားတာ။ ပြောရရင် ခန္တီးကိစ္စတွေ ဖြစ်ခဲ့တုန်းကလည်း တော်တော်လေးကို မသေရုံတမယ်လေ၊ အဲဒါလည်း စိုးရိမ်ခဲ့ရတာ။ အခုလည်း တော်တော့ကို စိုးရိမ်တယ်။”
အရှင်ဂမ္ဘီရ မိခင် ဒေါ်ရေး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်တွင်းဂျာနယ်တွေထဲ ဖော်ပြခဲ့တဲ့ အကျဉ်းတွေရဲ့ ရပိုင်ခွင့်နဲ့ ပတ်သက်လို့ အကျဉ်းဦးစီးဌာနက တာဝန်ရှိသူရဲ့ ရှင်းလင်းပြောကြားချက်ကို AAPPB နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း-မြန်မာနိုင်ငံက ဝေဖန်လိုက်ပါတယ်။ အစာငတ်ခံ ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး ထောင်တွင်း အကျဉ်းသားတွေရဲ့ ရပိုင်ခွင့်နဲ့ ပတ်သက်လို့ ရှင်းလင်းတဲ့ အချက်အလက်တွေဟာ မဟုတ်မမှန်ဘူးလို့ AAPPB က ထောက်ပြသလို အဆင့်အတန်း နိမ့်ကျလှတဲ့ နေထိုင်ရမှု၊ နိုင်ငံရေး အကျဉ်းသားတွေအပေါ် ဖိနှိပ် အုပ်ချုပ်မှုတွေအပြင် နိုင်ငံရေး အကျဉ်းသားတွေဟာ အခြားအကျဉ်းသားတွေတန်းတူ အခွင့်အရေး မရဘဲ ခြွင်းချက်ထားမှုတွေနဲ့ ကြုံနေရတာ ဖြစ်တယ်လို့ AAPPB အဖွဲ့က ပြောပါတယ်။



ဆန်ဈေးများ မြင့်တက်လာမူ ဒေသခံများကို စိုးရိမ်မူပို
တာကလူး။    ။ News Date:5/31/2011


ရခိုင်ပြည်နယ် အတွင်း မိုးဦးကာလ လယ်စိုက်ပျိုးမူ မစတင်မှီ ဆန်ဈေးများ မြင့်တက် လာနေခြင်းကြောင့် မိုးတွင်းရာသီတွင် စားဝတ်နေရေး ပိုခက်ခဲမည်ကို ဒေသခံများအကြား စိုးရိမ်နေကြကြောင်း သတင်း ရရှိသည်။

"ခုတလော ဆန်ဈေးတွေ တက်လာတာဟာ ဒေသတွင်းမှာ ဆန်စပါးတွေ ပြတ်လပ်မှုနဲ့ ကြုံတွေ့ နေရလို့ ဖြစ်ပါတယ်။ ဂီရီမုန်တိုင်းကြောင့် ရခိုင်ပြည်နေရာအနှံ့မှာ ရိတ်သိမ်းခါနီး စပါးခင်းတွေ ပျက်စီးဆုံးရှုံးခဲ့ကြရပါတယ်။ တချို့ မြေပုံ၊ ပေါက်တော နဲ့ ကျောက်ဖြူဒေသတွေမှာဆိုရင် ဒီရေလှိုင်းတွေ လွှမ်းသွားပြီးတော့ စပါးခင်းတွေအပြင် သိုလှောင်ထားတဲ့ စပါးတွေလဲ လုံးဝ သုံးမရ အောင် ပျက်သွားခဲ့ရပါတယ်။

အဲဒီဒေသတွေကို တခြားနယ်တွေကနေ ဆန်တင်ပို့ပေးနေရတဲ့ အပြင် ဒေသတွင်း ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေကြရတာကြောင့် ခုလို ဈေးတက်လာရတာဖြစ်ပါတယ်" ဟု ၄င်းဆန်ကုန်သည်က ပြောသည်။ ရခိုင်ပြည်နယ်အတွင်း ဆန်ဈေးနှုန်းများမြင့်တက်လာနေခြင်းမှာ လွန်ခဲ့သောနှစ် အောက်တိုဘာလတွင် တိုက်ခတ်ခဲ့သည့် ဂီရီမုန်တိုင်းကြောင့် ပြည်နယ်အ၀ှန်းရှိ ရိတ်သိမ်းခါနီးစပါးခင်းများစွာ ပျက်စီး ဆုံးရှုံးခဲ့ရပြီး ဆန်စပါး ပြတ်လပ်နေခြင်းကြောင့် ဖြစ်သည်ဟု ဆန်ကုန်သည်တစ်ဦးက ပြောသည်။

"ကျွန်တော်တို့ ဒေသမှာက အလုပ်ရှားပြီး ၀င်ငွေနည်းတာကြောင့် တရက်လုပ်လို့ တထပ်စာ မဖူလုံ နိုင်ကြပါဘူး။ ခုမိုးနည်းနည်းရွာလာတာနဲ့ ဆန်ဈေးတွေက ထိုးတက်လာနေတာတော့ မိုးတွင်းမှာ ဘယ်လို စားသောက်ကြရမလဲဆိုတာ တွေးပူနေကြရပါတယ်" ဟု စစ်တွေ ဒေသခံ တစ်ဦးကလည်း ပြောသည်။

ရခိုင်ပြည်နယ်တွင် နှစ်စဉ်နှစ်တိုင်း မိုးတွင်းကာလများတွင် ဆန်ဈေးများမြင့်တက်တတ်သော်လည်း ယခုနှစ်တွင် မိုးရာသီ မ၀င်သေးမှီ ကတည်းက ဆန်ဈေးနှုန်းများ မြင့်တက်လာနေခြင်းကြောင့် မိုးတွင်းတွင် ပိုမို ဈေးမြင့် လာမည်ကို ဒေသခံများ အကြား စိုးရိမ်နေကြသည်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဘူးသီးတောင်တွင် ဧည့်မထ တအိတ်လျှင် ယခင် ၁၃၀၀၀ ခန့် ရှိနေခဲ့ရာမှ ယခု ၁၆၀၀၀ ခန့်၊ ပေါ်ဆန်းမွှေးတအိပ်လျှင် ယခင် ၂၂၀၀၀ခန့် ရှိနေခဲ့ရာမှ ယခု ၂၈၀၀၀ ခန့်ထိမြင့်တက်သွားခဲ့ပြီး၊ မောင်တောတွင် ဧည့်မထ တအိပ်လျှင် ကျပ် ၂၀၀၀၀ ထိ ဈေးတက်နေပြီး၊ ပေါ်ဆန်းမွှေး တအိတ်လျှင် ၃၅၀၀၀ ခန့်အထိ ဈေးတက်နေကြောင်း စုံစမ်းသိရှိရသည်။

ဂီရီလေမုန်းတိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ကြရသည့် မြေပုံ၊ ပေါက်တော နှင့် ကျောက်ဖြူတို့တွင် တခြားနယ်များမှ ဆန်များတင်သွင်းနေရသောကြောင့် အညံ့စား ဆန်တစ်အိတ်လျှင် ယခင် ကျပ် ၁၂၀၀၀ ခန့်ရှိနေခဲ့ရာမှ ယခု ၁၈၀၀၀ ထိမြင့်တက်သွားပြီး၊ အလယ်အလတ်အဆင့် ဆန်တစ်အိတ်လျှင် ယခင် ၁၅၀၀၀ခန့်ရှိနေခဲ့ရာမှ ယခု ၂၀၀၀၀ နီးပါး အထိ မြင့်တက် သွားခဲ့ကြောင်း သိရှိရသည်။

ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားတို့တွင် ဒေသအခေါ် ဆန်ချေ အညံ့စား ဆန်တစ်အိတ်လျှင် ယခင် ကျပ် ၁၀၀၀၀ ခန့် ရှိနေခဲ့ရာမှ ယခု ကျပ် ၁၂၀၀၀ နှင့် ၁၃၅၀၀ အကြားထိ တက်သွားပြီး ဆန်ကြီးခေါ် အကောင်းစား ဆန်တစ်အိပ်မှာ ယခင်ကျပ် ၁၃၀၀၀ ခန့်ရှိနေခဲ့ရာမှ ယခု ကျပ် ၁၆၀၀၀နှင့် ၁၈၀၀၀ ခန့်ထိ ဈေးတက်သွားခဲ့သည်။ " စစ်တွေတွင် ဧည့်မထ တအိတ်ကို ယခင် ကျပ် ၁၂၀၀၀ ခန့် ရှိနေခဲ့ရာကနေ ယခု ကျပ် ၁၅၀၀၀ ထိ တက်သွားပြီး ဒေသထွက် ပေါ်ဆန်းမွှေး တအိတ်က အရင် ကျပ် ၂၀၀၀၀ ရှိနေခဲ့ရာကနေ အခု ကျပ် ၂၅၀၀၀ အထိ ဈေးတက် သွားခဲ့ပါတယ်" ဟု ပြောသည်။

ယခင် ဈေးထက် တအိတ်ကို ကျပ် ၃၀၀၀ မှ ၆၀၀၀ အထိ အသီးသီး မြင့်တက်သွားခဲ့ကြောင်း ဒေသခံများနှင့် ဆန်ကုန်သည်က ပြောသည်။ လွန်ခဲ့သော ရက်သတ္တပတ်များအတွင်း ရခိုင်ပြည်နယ် တ၀ှန်း မိုးများ စတင် ရွာသွန်းလာသည်နှင့်အတူ ဆန်များမှာလည်း အမျိုးအစားအလိုက် နေရာဒေသ အတော်များများတွင် မြှင့်တက်သွားခဲ့သည်။


အထက်ပေါင်းလောင်းကြောင့် လူ ၈ ထောင် ရွှေ့ပြောင်းရမည်
ကျော်ခ | အင်္ဂါနေ့၊ မေလ ၃၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၀ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။       ။ ဆွစ်ဇာလန်နှင့် ဗြိတိသျှ ဆောက်လုပ်ရေး ကုမ္ပဏီများ ပါဝင်ဆောက်လုပ်ပေးနေသော ရှမ်းပြည်နယ်ရှိ ရေအားလျှပ်စစ် စီမံကိန်းအတွက် ရေကာတာ ဆောက်လုပ်သည့် လုပ်ငန်းကြောင့် လူ ၈ ထောင်ခန့်ကို အဓမ္မ ရွှေ့ပြောင်းခံရမည်ဟု ကယန်းအမျိုးသား လူ့အခွင့်အရေးအဖွဲ့က ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်းရှိ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက်နေသော အထက်ပေါင်းလောင်း ဆည်စီမံကိန်းအတွင်း ကျရောက်သော ကျေးရွာပေါင်း ၂၃ ရွာမှ လူဦးရေ ၇၉၉၈ ဦးမှာ နေရာသစ်များ ရှာဖွေနေကြရသည်ဟု ထိုင်းနိုင်ငံတွင် ပြုလုပ်သော Kayan New Generation Youth အဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ရာပြည့်က ကျေးရွာလူကြီးများကို အောက်တိုဘာလ   နောက်ဆုံးထား   ပြောင်းရွှေ့ရန်   ပြောကြားထားသည်ဟု          KNGY က ဆိုသည်။

“ပြောင်းရမယ့် နေရာတွေကိုလည်း ကိုယ်တိုင်ရှာပြီး   ပြောင်းခိုင်းတယ်” ဟု အဖွဲ့မှ မူမိုးလေးက မဇ္ဈိမကို  ပြောသည်။

“နောက်ထပ် ပြောင်းရွှေ့ရမယ့် နေရာကလည်း တောင်ကြောတွေပဲ ရှိတယ်။ မြေပြန့်ကို ပြောင်းမယ် ဆိုရင်လည်း ရေအောက်မှာ ရှိနေတယ်ဆိုတော့
 ဒေသခံတွေအနေနဲ့က ဘယ်လိုလုပ်ကြရမှန်း မသိဘူး  ဖြစ်နေကြတယ်” ဟု သူက ဆက်ပြောသည်။

ရေအားလျှပ်စစ် ၁၄ဝ မဂ္ဂါဝပ် ထုတ်လုပ်မည့် ရေကာတာ တည်ဆောက်မှုကို Af Colenco ကုမ္ပဏီက တည်ဆောက်ရေး အင်ဂျင်နီယာ ဒီဇိုင်းနှင့် တည်ဆောက်ရေး လုပ်ငန်းများကို ကြီးကြပ်လျက်ရှိသည်။ ထို့အပြင် အင်္ဂလန်မှ မိသားစုပိုင် မလ်ကွန် ဒွန်စတန်ကုမ္ပဏီ Malcom Dunstan Associates နှင့် တရုတ်နိုင်ငံမှ ယူနန်အကြီးစား စက်ပစ္စည်းများ ပြည်ပတင်ပို့ရေး ကုမ္ပဏီ Yunan Machinery and Export Company တို့ ပါဝင် ခလုပ်ကိုင်နေကြသည်။

မလ်ကွန် ဒွန်စတန်ကို အင်္ဂလန်ရှိ ဘားမားကင်မ်ပိန်း (ယူကေ) အဖွဲ့က လူ့အခွင့်အရေး ချိုးဖောက်နေသော
 မြန်မာအစိုးရကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ထောက်ပံ့ကူညီနေသော အဖွဲ့အဖြစ် ၂ဝဝ၈ ခုနှစ်တွင် နာမည်ပျက်စာရင်းထဲ ထည့်သွင်းခဲ့သည်။

”ဥရောပက လာသည်ဖြစ်စေ၊ အာရှက လာသည်ဖြစ်စေ  မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့အခါ  သင့်လျော်တဲ့ စံသတ်မှတ်နှုန်းများကို ပစ်ပယ်လုပ်ဆောင်  နေကြတာကို ပြသနေပါတယ်” ဟု မမူမိုးလေးက ပြောသည်။

မလ်ကွန်ဒွန်စတန်သည် ရဲရွာဆည်တည်ဆောက်ခဲ့သူပြီး၊ လက်ရှိတွင် အထက်ပေါင်းလောင်းနှင့် တာဆန်း  ရေကာတာ တည်ဆောက်ရေးတို့ လုပ်ကိုင်လျက်ရှိသည်။

ဒေသခံများမှာ မိမိအစီအစဉ်ဖြင့် ရွှေ့ပြောင်းရမှာဖြစ်ပြီး  တအိမ်ထောင်လျှင် ကျပ် ၅ သောင်းသာ ပေးမည်ဟု  အာဏာပိုင်များက ပြောသည်။

သူတို့သည် နနွင်းကို အဓိကစိုက်ပျိုးကြပြီး ငရုပ်သီး၊ နွေစပါး၊ မိုးစပါး၊ မြေပဲ၊ လိမ္မော်၊ ငှက်ပျောနှင့် လက်ဖက် စသည်များလည်း စိုက်ပျိုးကြသည်။

၂ဝဝ၄ ခုနှစ်မှစ၍ တည်ဆောက်နေသော အမြင့် ၁ဝ၃ မီတာရှိ ရေကာတာစီမံကိန်းသည် ၂ဝ၁၂ ခုနှစ်တွင် ပြီးဆုံးရန် လျာထားထားသည်။ ဆည်တည်ဆောက်ပြီးလျှင် အကြမ်းမျဉ်း ဘောလုံးကွင်းပေါင်း ၁၁၄ဝဝ နီးပါး အကျယ်ရှိ စိုက်ပျိုးမြေ ၆၁ စတုရန်း ကီလိုမီတာမှာ ရေမြုပ်ကုန်မည်ဟု ကယန်းလူငယ်အဖွဲ့က ပြောသည်။

ထွက်ရှိသော လျှပ်စစ်ကိုမူ စီမံကိန်း၏ အနောက်မြောက်ဘက် ၅ဝ ကီလိုမီတာအကွာရှိ အစိုးရရုံးစိုက်ရာ
 နေပြည်တော်သို့ ပေးပို့မှာဖြစ်သည်။

ယခုအဖြစ်အပျက်များနှင့် ပတ်သက်၍ ရွေးကောက်ပွဲကာလတွင် အဆိုပါကျေးရွာများက မဲပေးခဲ့ကြသော ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီနှင့် ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်ပါတီထံ ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။

စီမံကိန်းက အဓမ္မ ရွှေ့ပြောင်းခိုင်းသလို ၆ဝ၆ ခြေမြန် တပ်ရင်းအတွက် နေရာထိုင်ခင်းများ ဆောက်လုပ်ခြင်း၊ လမ်းဖောက်ခြင်း တို့တွင်   ဒေသခံများကို    ပေါ်တာဆွဲ   သုံးပြုကြသေးသလို တအိမ်ထောင်လျှင် လစဉ်ကြေး   ကျပ် ၁ဝဝဝ ကောက်ခံသေးသည်ဟု KNGY ၏ အစီရင်ခံစာ တွင် ပါရှိသည်။

မြန်မာနိုင်ငံ မြစ်ကြောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့  Burma Rivers Network ခေါင်းဆောင်တဦးဖြစ်သူ  စိုင်းစိုင်းက “နိုင်ငံမှာ ထုတ်တဲ့ ရေအားလျှပ်စစ် အများစုပေါ့နော်။ စစ်တပ်နေရာရယ်၊ စစ်တပ်နဲ့  ပတ်သက်တဲ့ စက်မှုလုပ်ငန်းတွေ နေရာရယ်ပဲ အများစု  အသုံးပြုတယ်။ ရေကာတာ စီမံကိန်း အနီးမှာရှိတဲ့ မြို့ပဲဖြစ်ဖြစ်၊ ရွာပဲဖြစ်ဖြစ် အများစုက လျှပ်စစ်ဓာတ်အား  မရဘူး။ လျှပ်စစ်ရပေမယ့်လည်း မီးရဖို့က တနေ့လာရင်  ၃ ရက်ပျက်တယ်ဆိုတဲ့ အခြေအနေ အမြဲတမ်း ရှိနေတယ်” ဟု ပြောသည်။

သမ္မတသစ်၏ ပထမဆုံး မိန့်ခွန်းတွင်လည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အကျယ်တဝင့် ပြောကြားသွားပြီး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်များကို ဟန်ချက်ညီညီ ထိန်းညှိဆောင်ရွက်မည်ဟု ပါရှိသည်။


အဓိက ကားလမ်း မပြုပြင်ပေးလို့ ခရီးသွားတွေ ကုန်သည်တွေ အကြပ်တွေ့

2011-05-31  RFA



စစ်ကိုင်းတိုင်း အတွင်း ချင်းတွင်းဒေသ တလျှောက် ကူးသန်း ရောင်းဝယ်ရေးနဲ့  ခရီးသည် ပို့ ဆောင်ရေးမှာ အထူးအားထားရတဲ့ ကလေးဝ - ယာကြီး အဝေးပြေးလမ်းဟာ ပျက်စီးနေတာကို မပြင်ဘဲ ထားတာကြောင့် ခရီးသွား ပြည်သူတွေ အခက်အခဲ ကြီးစွာ ကြုံတွေ့ နေကြရတယ်လို့ သိရပါတယ်။

မုံရွာတဖက်ကမ်း ယာကြီးကနေ ကလေးဝမြို့ အထိ ဖေါက်လုပ်ထားတဲ့ ၁၁၅ မိုင် အရှည်ရှိ ကားလမ်းသစ်ဟာ ယခင် အသုံးပြုလေ့ရှိတဲ့ မဟာမြိုင်တောကို ဖြတ်ဖေါက်ထားတဲ့ ရေဦး-ကလေးဝ လမ်းဟောင်းနဲ့ စာရင် မိုင်ခြောက်ဆယ် လျော့နဲပြီး၊ ရွာစဉ်ဆက် မပြတ်တဲ့ အတွက် လူသုံးများတဲ့ လမ်းဖြစ်ပါတယ်။ ဒီနှစ် သင်္ကြန် အပြီး ရက်ပိုင်းတွေမှာ မိုးများပြီး လမ်းပျက်စီးခဲ့လို့  ကားတွေ ဗွက်နစ်တဲ့ အခါမျိုးမှာ ခရီးသည်တွေ လမ်းမှာ နှစ်ည လေါက်ထိ အိပ်ပြီး စောင့်ကြရတယ်လို့ ဒေသခံ တဦးက ပြောပြပါတယ်။ "မိုးတွင်းအခါကျတော့ လမ်းက မချောမွေ့တော့ဘူးဗျ။

 ဒီကြားထဲ ကတ္တရာက မရှိတော့ ပိုဆိုးရော။ ကားတွေ ဗွက်နစ်လို့ တောက်ရှောက်ကြီး ပိတ်ဆို့သွားတာ။ အဲဒီတော့ မိုးချောက်တဲ့ အခါအထိ စောင့်ပြီးတော့မှ နောက်ဆုတ်လို့ရတဲ့ ကားက နောက်ဆုတ်၊ ရှေ့ဆက်သွားလို့ရတဲ့ ကားက ရှေ့ဆက်သွား၊ အဲလိုလုပ်ရတာ။ ကျွဲနဲ့ဆွဲတဲ့အခါ သူတို့ဗွက်တခုလွတ်ဖို့ ဆွဲရင် ၅ ထောင်လောက်ပေးရတယ်။ တကယ်လို့သာ မိုးများလာပြီဆိုရင် လုံးဝကို မသွားနိုင်တော့ဘူး။ ဆိုင်နဲ့နီးတဲ့ ကားတန်းတွေကတော့ ဆိုင်တန်းတွေမှာ အိပ်ကြရတယ်။ ရွာတွေက သိပ်မဝေးတော့ ရွာတွေမှာ အိပ်ကြရတယ်ဗျ။"

အခုလို လမ်းတွေ ပျက်စီးရတာဟာ ကားလမ်း ထိမ်းသိမ်းရေး ဆောင်ရွက်တဲ့ ကုမ္ပဏီတွေရဲ့ တာဝန်ပေါ့ ချို့ ယွင်းမှုကြောင့် ဖြစ်ကြောင်း အဆိုပါ ဒေသခံ က ပြောပြပါတယ်။ "လမ်းကို မပြင်တာဗျ။ လူကြီးလာတဲ့အခါ ဟန်ပြဖြစ်အောင် လမ်းကို မြေဖို့လိုက် ကျောက်နဲ့ လမ်းကြိတ်စက်နဲ့ ကြိတ်လိုက် ဒီလောက်လေးလုပ်တာ။ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်ကတော့ တော်တော်ကောင်းခဲ့တာ။ ဒီဖက်ပိုင်းမှာတော့ လုပ်သမျှ ကုမ္ပဏီတွေ ခိုးသွားကြတာ။ ကျောက်ကျင်းတွေ ထုတ်သုံးပြီး အိတ်ထဲ ထဲ့သွားကြတာ။ သူတို့တိုင်းမှူးတွေ လာတဲ့အခါ၊ နိုင်ငံတော် အကြီးအကဲတွေလာမဲ့အခါ ကြိုတင်ပြီးတော့ ပြုပြင်ထားတာ။ ဒါပေမဲ့ မြေသားဘဲ ဖို့ထားတာ၊ ခိုးတာတွေများသွားတာပေါ့ဗျာ။ ဥပဒေကလည်း မစိုးမိုး ဆိုတော့လေ။ တိုင်တော့လည်း တိုင်တန်းတဲ့သူတွေကဘဲ တရားခံ ဖြစ်ဖြစ်သွားတော့ မတိုင်ရဲကြဘူးလေ။ ဘေးကဘဲ ပွစိပွစိ ပြောကြတယ်။" ကလေးဝ-ယာကြီးလမ်း ဟာ နယ်စပ် ကုန်သွယ်ရေးအတွက် ကုန်တင်ပို့ ရာ မုံရွာ တမူး လမ်းကြောင်းမှာ အဓိက ကျတဲ့ လမ်းပိုင်း ဖြစ်တယ်လို့ လည်း သိရပါတယ်။


ရန်ကုန်၌ တရားဝင် ဆန္ဒပြခွင့် တောင်းဆို
 လင်းသန့် Tuesday, 31 May 2011 18:40

၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးအတွက် ရန်ကုန်မြို့တွင် လာမည့် ဇွန်လ ၅ ရက်နေ့၌“တရားဝင်ဆန္ဒပြခွင့်”ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြည်ထဲရေး ၀န်ကြီးထံ ခွင့်ပြုချက် တောင်းခံထားကြောင်း သတင်းရရှိသည်။


ဆန္ဒပြကြမည့်သူ ၄ ဦးမှာ ဦးဝင်းချို၊ ဦးမင်းအောင်၊ ဦးစိုးကြည်၊ ဦးနေမျိုးဝေ တို့ဖြစ်ပြီး ၄င်းတို့သည် ၂၀၁၀ ရွေးကောက် ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)၏ ကိုယ်စားလှယ်လောင်းများကို ရှုံးနိမ့်ခဲ့သူများလည်းဖြစ် သည်။

ဇွန်လ ၅ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၉ နာရီ ၃၀ မိနစ် မှ နေ့လယ် ၁၁ နာရီ ၃၀ မိနစ်အထိ ရန်ကုန် မြို့တော်ခန်း မ ရှေ့၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ရှေ့၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဘေး ဆိုသည့် နေရာ သုံး နေရာ အနက် သက်ဆိုင်ရာအာဏာပိုင်များ၏ ခွင့်ပြုသောနေရာတခုတွင် ဆန္ဒပြမှုကို ပြုလုပ်ရန်အတွက် မေလ၂၆ ရက် နေ့က အစိုးရထံ ခွင့်ပြုချက် တောင်းဆိုထားကြောင်း ဆန္ဒပြမှုတွင် ပါဝင်မည့် ဦးဝင်းချိုက ဧရာဝတီကိုပြောသည်။

ဆန္ဒပြအစီအစဉ်တွင် ဟောပြောခြင်း၊ စာရွက်စာတမ်းဝေငှခြင်းနှင့် အခြားသူများ လိုက်ပါပူးပေါင်းဆန္ဒပြခြင်းများကို လုပ် ဆောင်ခွင့်ပြုမည် မဟုတ်ဘဲ မီဒီယာများနှင့် အင်တာဗျူးခြင်းသာရှိမည်ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ် ၄ ဦး၏ ကြေညာချက် တွင် ဖော်ပြထားသည်။

ယခုလှုပ်ရှားမှုသည် ယခင်စစ်အစိုးရ ရေးဆွဲအတည်ပြုခဲ့သော၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ အခန်း(၈) နိုင်ငံ သား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များ၌ ဖော်ပြထားသော အပိုဒ် ၃၅၄ ၏ အပုဒ်ခွဲ (က)“ မိမိ၏ ယုံ ကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင်၊ ရေးသားဖြန့်ဝေခွင့်”နှင့် (ခ) “လက်နက် မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်”ကို အစိုးရသစ်လက်ထက်တွင် ပထမဆုံး တရားဝင်တောင်းဆိုခြင်း ဖြစ် သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အတိုင်း ကျနော်တို့နိုင်ငံသားတွေမှာ အခွင့်အရေးရှိလားဆိုတာတော့ သိချင်တာပေါ့ဗျာ။ နိုင်ငံသားအခွင့်အရေးများနဲ့အညီ အခုလို ဆန္ဒပြပြီး အကျဉ်းကျခံနေရတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဇာဂနာ အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးခြွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုသွားမယ်”ဟု ဦးဝင်းချိုက ရှင်းပြသည်။

ဆန္ဒပြမည့်သူ ၄ ဦးလုံးသည် ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း နိုင်ငံသားအခွင့်အရေးများအရ လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖော်ခွင့်အပေါ် ယုံကြည်ကြောင်း၊ နိုင်ငံသားတိုင်း အဆိုပါအခွင့်အရေးများကို ရပိုင်ခွင့်ရှိကြောင်း၊ ထို့ကြောင့် ဥပဒေ တွင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လုပ်ဆောင်ကြိုးပမ်းနေသည်ဖြစ်ကြောင်း ဦးမင်းအောင်ကလည်း ရှင်းပြ သည်။

“ကျနော်တို့ကို အခုလိုလုပ်တဲ့အခါမှာ အစိုးရက ဖမ်းဆီးမယ်ဆိုရင် ကျနော်တို့က နိုင်ငံသားအခွင့်အရေး အတွက် လုပ် နေ တာကိုဖမ်းတယ်ဆိုတော့ ဒီအခြေခံဥပဒေပါ အတိုင်းလုပ်ဆောင်တာကို လုပ်ခွင့်မရှိဘူး ပြောလိုက်တယ်လို့ ယူဆ မယ်။ ဒါဆိုရင် ဖွဲ့စည်းပုံပါ ဒီမိုကရေစီအခွင့်အရေး၊ နိုင်ငံသား အခွင့်အရေးတွေဟာ စက္ကူလိုဖြစ်သွားမယ်”ဟု ဦးဝင်းချိုက ဆိုသည်။

သက်ဆိုင်ရာအစိုးရအာဏာပိုင်များအနေဖြင့် ယခုကဲ့သို့ ဆန္ဒပြရန် လမ်းညွှန်မှုတောင်းခံခြင်းကိုခွင့်မပြုလျှင်၂၀၀၈ အခြေ ခံဥပဒေပါ ပုဒ်မ ၃၇၇ အရ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အထိ ဆက်လက်တောင်းခံသွားခွင့်လည်း ရှိကြောင်း သိရသည်။

“တိုင်းပြည်ကို အများကြီးကောင်းကျိုးဆောင်ရွက်နိုင်တဲ့ ကျောင်းသားခေါင်းဆောင်တွေအပါအ၀င် နိုင်ငံရေးအကျဉ်း သား တွေ ထောင်တွေထဲမှာ အများကြီးကျန်နေသေးတယ်။ သူတို့လွတ်မြောက်ဖို့အတွက် ကျနော်တို့က စွန့်ရတာပါပဲ။ ဥပဒေကို တကယ်ကိုင်ဆွဲရင်တော့ ကျနော်တို့ကို ဖမ်းဆီးခွင့်မရှိပါဘူး။ ဖမ်းမယ်ဆိုလည်း အဆင်သင့်ပဲ။ မဖမ်းဘူးလို့လည်း အပြည့်မယုံထားဘူး။ ကျနော်တို့က အစိုးရသစ်ဟာ အခြေခံဥပဒေကို တကယ်လေးစား လိုက်နာသလား ဆိုတာ အပေါ် စမ်းသပ်မှုလို့ပြောနိုင်တယ်”ဟု ဦးမင်းအောင် က ပြောသည်။

အဆိုပါ ဆန္ဒပြရန်ကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများအရေး ကူညီဆောင်ရွက်ပေးလေ့ရှိသည့် ဥပဒေ အကျိုးဆောင် ဦးအောင်သိန်းက“ဒါက သူတို့ ရပိုင်ခွင့်အရ ခံစားမှုကို တင်ပြတာပဲ။ သူတို့ရဲ့ပိုင်ခွင့်အပေါ်မှာ အလုပ် စတင်လုပ်တာပဲ။

သူတို့ရဲ့တောင်းဆိုမှု ဘယ်လောက်ရမလဲဆိုတာတော့ ကျနော်တို့ကစောင့်ကြည့်ရမှာပေါ့” ဟု မှတ်ချက်ပေးပြောဆိုခဲ့သည်။

မြန်မာနိုင်ငံအကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား၂၀၀၀ ကျော် ဆက်လက်ရှိနေသေးကြောင်း နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းများတွင် ဖော်ပြထားသည်။



အလှူငွေကြောင့် ကျောင်းသားမိဘများ စိတ်ညှစ်
 Tuesday, 31 May 2011 17:23 သျှမ်းသံတော်ဆင့်

E-mail Printယခုနှစ် ကျောင်းအပ်ရာသီအတွင်း သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ ၊ အထက ၂ ကျောင်း၌ လိုအပ်သည့် စားပွဲ ထိုင်ခုံနှင့်အုပ်တံတိုင်းကာရံကြေး အတွက် ကျောင်းသားမိဘများထံမှအလှူငွေကောက် ခံခဲ့ ကြောင်း သိရသည်။ကျောင်းကော်မတီမှ  တတ်နိုင်သ၍သာ ထည့်ဝင်ရန် ပန်ကြားကောက်ခံခြင်း ဖြစ်သော်လည်း မတတ်နိုင်သည့် မိဘများအနေဖြင့် သားသမီးများ မျက်နှာငယ်မည်ကို စိုးရိမ်ကြောင်း မူစယ်မြို့ခံ ကျောင်းသားမိဘ အသိုင်း အဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

hta_3“ကောက်တာကတော့ အလှူငွေအနေနဲ့ပဲ ကောက်တာပါ။ ဒါပေမဲ့ မတတ်နိုင်တဲ့ မိဘတွေကျတော့ အလှူငွေ လည်း မထည့်နိုင်ဘူးပေါ့။ မထည့်နိုင်တဲ့ ကလေးတွေဆို ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ၊ နောက်ပိုင်းခွဲခြား ဆက်ဆံလာကို စိုးရိမ်တာပေါ့” ဟု မြို့ခံတစ်ဦးက ဆိုသည်။ယခုကောက်ခံသည့်အလှူငွေကို ကျောင်းသားမိဘ ၆၀ ရာခိုင်နှုန်းခန့်ကသာ ထည့်ဝင်နိုင်ပြီး ကျန် ၄၀ ရာခိုင် နှုန်း ထည့်ဝင်နိုင်ခြင်းမရှိဟု ဆိုသည်။

အဆိုပါကျောင်းတွင် ကျောင်းသားတစ်ဦးအတွက် စားပွဲထိုင်ခုံဖိုး ကျပ် ၃ သောင်းနှင့်အုပ်တံတိုင်းကြေး ကျပ် ၁ သောင်း ခွဲ စုစုပေါင်း ကျပ် ၄ သောင်းခွဲခန့် ထည့်ဝင်ရန် လိုအပ်နေကြောင်း သိရသည်။
<><><><><>

31.05.2011နေ.နောက်ဆုံးရသတင်းများ

ပညာရေးတန်ဖိုး ဒေါ်စု အလေးပေးပြောကြား
By ဒေါ်ခင်မျိုးသက်  တနင်္လာ, 30 မေ 2011

ဟောင်ကောင်တက္ကသိုလ်ဟာ ဒီနှစ်မှာ နှစ် ၁၀၀ ပြည့်သွားခဲ့ပါပြီ။ ဒီနေ့မှာ ကျင်းပတဲ့ ရာစုနှစ် အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခြင်း အထိမ်းအမှတ် အခမ်းအနားအတွက် ပေးပို့လိုက်တဲ့ ဗွီဒီယို မိန့်ခွန်းထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပညာရေးရဲ့ တန်ဖိုးကို အလေးထားပြီး ပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် ဒီအခမ်းအနားကို တက်ရောက်လာခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေ၊ ပညာရှင်တွေနဲ့ သတင်းထောက်တွေ မေးထားတဲ့ မေးခွန်းတွေကိုလည်း ဗွီဒီယိုလင့်ခ်ကတဆင့် ဖြေကြားသွားခဲ့ရာမှာ တရုတ်နိုင်ငံရဲ့ ဒီမိုကရေစီရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ဖြေကြား ပြောဆိုသွားခဲ့ပါတယ်။


ဟောင်ကောင်တက္ကသိုလ် လူမှုရေး သိပ္ပံဌာန အကြီးအကဲ အီယန် ဟောလီးဒေးနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းကြည်တို့ ရန်ကုန်တွင် တွေ့ဆုံစဉ်။


အာရှမှာ အစဉ်အလာ ကြီးမားတဲ့ ဟောင်ကောင်တက္ကသိုလ်ရဲ့ နှစ် ၁၀၀ ပြည့် အခမ်းအနားအတွက် ဆေးသိပ္ပံ၊ စီးပွားရေးနဲ့ လူမှုရေး သိပ္ပံဆိုင်ရာ ကမ္ဘာပေါ်မှာ ထူးထူးခြားခြား စွမ်းဆောင်နိုင်သူတွေရဲ့ ဟောပြော ဆွေးနွေးမှုတွေ ပါဝင်ပြီး ဒီအထဲမှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟောင်ကောင်တက္ကသိုလ် ကျောင်းသားတွေရဲ့ Centenary Dialogue လို့ခေါ်တဲ့ ရာစုနှစ် အထိမ်းအမှတ် စကားပြောခြင်း အစီအစဉ်လည်း ပါဝင်ပါတယ်။

ဟောင်ကောင်တက္ကသိုလ် လူမှုရေး သိပ္ပံဌာန အကြီးအကဲ အီယန် ဟောလီးဒေး (Ian Holliday) ကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ဖိတ်ကြားခဲ့သလို လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့   နှလုံးသား ဖြူစင်တဲ့   ဒေါ်အောင်ဆန်းစုကြည်ကို   ရေပေါ် ပေါ်နေတဲ့ ကြာပန်းအသွင် တင်စားထားတဲ့ စာတမ်းကိုပါ ပေးအပ်ခဲ့ပါတယ်။ ဒီစာတမ်းကို နာမည်ကျော် ခေတ်ပေါ် လက်ရေးပန်းချီ ပညာရှင် ပါမောက္ခ ဂျောင်ဆန်း (Jao Tsung-I) က ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ဒီဟောပြောပွဲကို တက်ရောက်ဖို့အတွက် စာရင်းပေးသွင်းသူ ၁,၈၀၀ ကျော် ရှိပါတယ်။ ဟောင်ကောင်တက္ကသိုလ်ရဲ့ တိုကျိုခန်းမကြီး အပြင် အနားက အခန်းတွေထဲမှာပါ ဗွီဒီယိုနဲ့ ပြသခဲ့သလို ကွန်ပြူတာ အင်တာနက်ပေါ်ကနေ ၀က်ဘ်ကတ်စ်နဲ့ တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့ပြီး ဟောင်ကောင်ကေဘယ်လ် တီဗွီကလည်း တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့ပါတယ်။

ဗွီဒီယို ရုပ်သံကတဆင့် တိုက်ရိုက်ပြောကြားခဲ့တဲ့ အဖွင့်မိန့်ခွန်းထဲမှာ ပညာရေးဆိုတာ လူ့ဂုဏ်သိက္ခာနဲ့ လူ့ဘ၀ တိုးတက်ရေးအတွက် လမ်းမှန်ရောက်ဖို့ လမ်းညွှန်ပေးတာမျိုး ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီအနှစ်သာရကို ဟောင်ကောင်တက္ကသိုလ်က လက်တွေ့ ကျင့်သုံးနေတာမို့ ၀မ်းမြောက်သလို ဒီလိုပညာရေးမျိုး မြန်မာနိုင်ငံမှာ ရှိခဲ့ဖူးပါတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေး အဆင့်အတန်းနဲ့ အခြေခံ အဆောက်အအုံတွေကို အာရှတိုက် နိုင်ငံတွေသာမက ကမ္ဘာကပါ အားကျ စံတင်ရတဲ့အထိ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ဟောင်ကောင်တက္ကသိုလ်ထက် ၁၀ နှစ်လောက်ငယ်တဲ့ ရန်ကုန်တက္ကသိုလ်ကနေ ထက်မြက်တဲ့ ပညာတတ်တွေ   မွေးထုတ်ပေးရုံတင်မက   မြန်မာနိုင်ငံကို ကိုလိုနီ နယ်ချဲ့လက်အောက်ကနေ လွတ်အောင် လုပ်ဆောင်သူတွေကိုပါ မွေးထုတ်ပေးခဲ့တာပါ။ စစ်အစိုးရလက်အောက် နှစ်ပေါင်း ၂၀ ကြာတဲ့နောက် ဆုတ်ယုတ်မှုတွေ တွေ့လာရပြီး ၁၉၈၈ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်တဲ့ လူထု လှုပ်ရှားမှုတွေနဲ့ တောင်းဆိုခဲ့ပေမဲ့ ကျောင်းသားခေါင်းဆောင် အများအပြား အခုထိ အကျဉ်းထောင်ထဲ ရှိနေခဲ့ပြီး အခု နောက်ထပ် နှစ် ၂၀ နောက်ပိုင်းမှာတော့ ပညာရေးကအစ အစစ သိပ်ကို နောက်ကျနေပြီလို့ ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် ပညာရေးဟာ လူတိုင်း လက်လှမ်းမီခွင့် ရှိသင့်ပြီး လက်တဆုပ်စာ လူနည်းစု အတွက်ပဲ အခွင့်ထူးခံ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။
“ပညာရေးဟာ လူ့သိက္ခာနဲ့ တိုးတက်ရေးအတွက် အတွေးအခေါ်ကို မြှင့်တင် သင်ကြားပေးနိုင်တဲ့ ဖြစ်စဉ်တခုပါ။ ဒါကြောင့် တရားမျှတမှုနဲ့ လွတ်လပ်ခွင့်ဟာ လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးတရပ် ဆိုတာကို သဘောမပေါက်နိုင်ဘဲ သူများပြောတာကို အမှားအမှန် မဝေခွဲနိုင်၊ ခိုင်းတာကိုပဲလုပ်ဖို့ မွေးထုတ်ပေးတဲ့ စက်မျိုး မဖြစ်သင့်ပါဘူး။” လို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံသားတွေအတွက် အခုလို ပညာရေးမျိုးနဲ့ ထိတွေ့ခွင့် မရသေးပေမဲ့ တချိန်မှာတော့ ဖြစ်လာလိမ့်မယ်လို့   မျှော်လင့် ထားကြောင်းလည်း  ပြောပါတယ်။

ဟောပြောမှုတွေ အပြီးမှာတော့ ကျောင်းသားတွေ၊ သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို ရုပ်သံကနေ တိုက်ရိုက် ဖြေကြား ဆွေးနွေးခဲ့ပါတယ်။

ဒီအထဲမှာ ဒီမိုကရေစီနဲ့ ပညာရေးဆိုင်ရာတွေကို အများဆုံး ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ဟောင်ကောင်တက္ကသိုလ် ဥပဒေကျောင်းသား ဆမ်ဝေါင်းက ပြောပါတယ်။

“သူက ဒီမိုကရေစီအကြောင်းနဲ့ ဒီမိုကရေစီနဲ့ ပညာရေး ဘယ်လို ဆက်နွယ်နေတယ် ဆိုတာတွေကို ပြောသွားပါတယ်။ ဒီမိုကရေစီကို ရနိုင်အောင် လူထုကို ပညာပေးဖို့၊ လူထုမှာ ပညာတွေ ပြည့်နေဖို့ အရင်ဆုံး လုပ်ရမယ်လို့ ပြောသွားပါတယ်။ ဒါဟာ အများကိုသိအောင် သူ အဓိကပြောချင်တဲ့ အချက်လို့ ကျနော် ထင်ပါတယ်။”

ဆွေးနွေး မေးမြန်းကြတဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ နယ်လှည့်ခရီးစဉ်နဲ့ ပတ်သက်ပြီး ဇွန်လမှာစလို့ ပထမဆုံး နယ်လှည့်ခရီး ထွက်မှာဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေဘက်က လုံခြုံရေးပေးမယ်ဆိုတဲ့ ပြောကြားချက်မျိုး အခုထိ မရသေးဘူးလို့ ဆိုပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောင်ကောင်တက္ကသိုလ် ရာစုနှစ် အထိမ်းအမှတ် ပြောကြားတဲ့နေ့ဟာ မေလ ၃၀ ရက်နေ့ ဖြစ်တာမို့ ဒီပဲယင်း အရေးအခင်း ၈ နှစ်ပြည့်တဲ့နေ့လည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ်တာ ကာလက စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသူတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့အတွက် ဒီမိုကရေစီရေး လှုပ်ရှားသူ အများအပြား သေဆုံးခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အသက်ဘေးကနေ သီသီလေး လွတ်မြောက်ခဲ့ရတာ ဖြစ်ပါတယ်။

အယ်လ်ခိုင်းဒါး (Al Qaida) ခေါင်းဆောင် ဘင်လာဒင် (Osama Bin Laden) သေဆုံးမှုနဲ့ ပတ်သက်ပြီး မေးမြန်းချက်ကို ဖြေကြားရာမှာတော့ အကြမ်းဖက်မှုဟာ အကြမ်းဖက်မှုနဲ့ပဲ အဆုံးသတ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။
ဆွေးနွေး မေးမြန်းကြတဲ့ အထဲမှာ ပရိသတ် သဘောအကျဆုံး သူ့အဖြေကတော့ တရုတ်နိုင်ငံမှာ နိုင်ငံရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ အမေးပဲ ဖြစ်ပါတယ်။

“တရုတ် ခေါင်းဆောင်တွေကို ကျမ ပါးလိုတဲ့ အမှာစကားက ရှင်းပါတယ်။ တရုတ်နိုင်ငံဟာ အောင်မြင် တိုးတက်နေတဲ့ နိုင်ငံပါ။ ဒါကြောင့် သဘောထား ကြီးနိုင်သလို ခြေလှမ်းသစ်တွေကိုလည်း ယူမယ်ဆိုရင် ယူနိုင်ပါတယ်။ လူတွေဆီက တင်ပြမှု အမျိုးမျိုးကိုလည်း ခွင့်ပြုသင့်ပါတယ်။ တရုတ်နိုင်ငံဟာ တိုးတက်တဲ့နိုင်ငံ ဖြစ်သလို ကိုယ်တိုင် အောင်မြင်မှုကိုလည်း တခြားသူတွေကို မျှဝေပါ။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဒီပဲယင်း အကြမ်းဖက်မှု ဖြစ်ရပ်မှန် ဖော်ထုတ်ပေးဖို့ တောင်းဆို
By ဦးမိုးဇော်  တနင်္လာ, 30 မေ 2011

ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှု ၈ နှစ်ပြည့်တဲ့နေ့မှာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက နှစ်ပတ်လည် အခမ်းအနား ကျင်းပခဲ့ပြီး ဒီလိုတိုက်ခိုက်မှုမျိုး နောက်နောင် မပေါ်ပေါက်စေဖို့နဲ့ ဒီဖြစ်ရပ်အမှန်ကို ဖော်ထုတ်ပေးဖို့ လိုလားကြောင်းကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ အခမ်းအနားမှာ ဒီပဲယင်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူတွေအတွက် ကောင်းမှုကုသိုလ် ပြုခဲ့သလို ကွယ်လွန်ခဲ့ရသူတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံကြေးငွေ ပေးခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီပဲယင်းတိုက်ခိုက်မှု ၈ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေက ဒီတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူတွေကို ရည်စူးပြီး မန္တလေးမြို့ အနောက်ခင်မကန် ကျောင်းတိုက်မှာ သံဃာတော်တွေကို ဆွမ်း၊ သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် ၈ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒီအခမ်းအနား ကျင်းပရတာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း စည်းရုံးရေးတာဝန်ခံ ကိုမျိုးနိုင်က အခုလို ပြောပါတယ်။
“ဒီပဲယင်း လုပ်ကြံမှုကြီးဆိုတာ တကယ်ကို စနစ်တကျ စီရင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးစဉ်ကြီးကို ပျက်ပြားအောင်၊ နောက် ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေ နောက်ထပ် ထပ်ပြီးတော့ ဒီလိုပုံစံမျိုးတွေ မလုပ်ရဲအောင် လုပ်ခဲ့တဲ့ဟာကြီးဗျာ။

“တကယ်တမ်းဆိုရင် တရားဝင် နှစ်ဘက် အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး သွားရတဲ့ စည်းရုံးရေး ခရီးစဉ်ကြီးမှာ ဒီလို စနစ်တကျ လူအုပ်ကြီးနဲ့ ရိုက်နှက်ခံရတဲ့ဟာကြီးက ကျနော်တို့ ရင်ထဲမှာ ဘယ်လိုမှ မမေ့မပျောက်ကောင်းတဲ့ ဟာဗျာ။ သမိုင်းမှာလည်း မှတ်တမ်းတခု အနေနဲ့ ကျန်ခဲ့တဲ့ဟာ။ ဒါကို ကျနော်တို့က ဒီနေ့မှာ ဒီလိုကိစ္စမျိုးတွေ နောက်နောင်လည်း မပေါ်ပေါက်အောင်၊ ဒီဟာမျိုးကိုလည်း ဖော်ထုတ်ပြီးတော့ သက်ဆိုင်တဲ့ လူတွေကိုလည်း ထိုက်သင့်တဲ့ အရေးယူမှုတွေ ဆောင်ရွက်သင့်တယ်ဆိုတဲ့ သဘောနဲ့ ကျနော်တို့ ဒီနေ့ပွဲကို ကျင်းပတာပါ။”
ဒီအခမ်းအနားမှာ ဒီပဲယင်း တိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့ကြတဲ့ ဦးတင်မောင်ဦး၊ ကိုသိန်းတိုး၊ ကိုစန်းမြင့်အောင်တို့ရဲ့ မိသားစုတွေကို ကျပ်ငွေ ၂၀,၀၀၀ စီလည်း ထောက်ပံ့ခဲ့ပါတယ်။

ဒီတိုက်ခိုက်ခံရမှုမှာ ပါဝင်ခဲ့တဲ့ မြင်းခြံမြို့နယ်က ဦးပေါခင်ကတော့ ဒီပဲယင်း တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစိုးရက အဖြစ်မှန်ကို ဖော်ထုတ်ပေးစေလိုတယ်လို့ ပြောပါတယ်။

“အဖြစ်အပျက်တွေ အားလုံးကို သေချာ ပြန်ခြုံကြည့်မယ်ဆိုရင် ရည်ရွယ်ချက်ရှိရှိနဲ့ ကျနော်တို့ အားလုံးကို ကျုံးသွင်းပြီး သတ်တဲ့ ကိစ္စကြီးပါပဲ။ ဒါပေမဲ့ ဒီနေ့ ဒီအချိန်ခါမှာတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဦးတည်ပြီးတော့ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပဲ သင်ပုန်းချေရေးနဲ့ အာဃာတ ကင်းစင်ရေး အဲဒီလမ်းကြောင်း အတိုင်းပဲ လက်ခံပါတယ်ခင်ဗျ။

“ဒီကိစ္စဟာ အာဏာပိုင်တွေ မပါဘဲနဲ့ ပြီးတဲ့ကိစ္စ မဟုတ်ပါဘူး။ အဲတော့ အာဏာပိုင်တွေ အနေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်လို့ တာဝန်ယူသင့်ပါတယ်။ ဒီမှာ ထိခိုက်နစ်နာသွားတဲ့ ပုဂ္ဂိုလ်တွေ အတွက်လည်း ဆောင်ရွက်ပေးသင့်ပါတယ်။ ကျနော့်အနေနဲ့ နောက်ဆုံးပြောချင်တာက ဒီဖြစ်ရပ်ကြီး၊ သမိုင်းကြောင်းကြီးကို၊ တကယ့်ဖြစ်စဉ် ဖြစ်ရပ်ကြီး တခုကိုတော့ တတ်နိုင်သမျှ အမှန်တရားဖြစ်အောင် အစိုးရအနေနဲ့ ဖော်ထုတ်ပေးစေချင်ပါတယ်။”

ဦးပေါခင်ဟာ ဒီပဲယင်း တိုက်ခိုက်မှုမှာ ဒဏ်ရာ ၄ ချက် ရခဲ့ပြီး ဦးတင်ဦးနဲ့အတူ ကလေးထောင်မှာ ဖမ်းဆီးချုပ်နှောင် ခံခဲ့ရသူ ဖြစ်ပါတယ်။
အစိုးရဘက်ကတော့ ဒီပဲယင်း တိုက်ခိုက်မှုမှာ လူ ၄ ယောက် သေဆုံးပြီး ၅၀ ဒဏ်ရာရခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီပဲယင်း တိုက်ခိုက်ခံရမှုမှာ ပါဝင်ခဲ့တဲ့ မန္တလေး အနောက်တောင်မြို့နယ် NLD ဒု-ဥက္ကဋ္ဌ ဦးခင်မောင်သောင်းကတော့ အစိုးရထုတ်ပြန်တဲ့ အရေအတွက်ထက် များမယ်လို့ ပြောပါတယ်။

“သူတို့ပြောတဲ့ ၄ ယောက်ပဲ သေတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆို ကျည်ရွာမှာ ရိုက်တာက သူတို့သင်္ကေတနဲ့ သူတို့လူတွေနဲ့ ရှိနေပြီးတော့ ကျနော်တို့ကျတော့ ပင်နီရယ်၊ ကချင်လုံချည်ရယ်၊ ပင်နီအင်္ကျီရယ်၊ အင်္ကျီဖြူရယ်။ သူတို့ချင်းလည်း လူမှားမရိုက်ဘူး၊ ကျနော်တို့ချည်း ရိုက်သွားတာ။ ဖြစ်တဲ့အချိန်မှာ ကျည်ရွာကလည်း ကြိုဆိုရေးတဲ့၊ တရွာလုံး ထွက်ကြိုနေတာ။

အဲလိုဖြစ်တဲ့အခါမှာ အံ့အားသင့်နေကြတာ။ ၀ုန်းဝုန်းနဲ့ မီးတွေလင်းလာတယ်။ သစ်ပင်တွေပေါ်ကနေ ဆလိုက်မီးတွေ ထိုးတယ်။ နောက် ကားကြီးတွေပေါ်ကနေ မီးတွေထွန်းပြီးတော့ ရိုက်တဲ့အခါမှာ လာကြိုတဲ့ ကျည်ရွာကလည်း အံအားသင့်တယ်။ ဟာ ရိုက်ကုန်ပြီ ရိုက်ကုန်ပြီ သေပါပြီ၊ ကယ်ကြပါဦး၊ အဲလိုတွေဖြစ်၊ အဲတော့ ရွာသူ ရွာသားတွေလည်း သေတယ်ဗျ။ ကျနော် ၁၀၀-၁၅၀ ထက်တော့ မနည်းဘူးလို့ ထင်ပါတယ်။”

သေဆုံးသူဦးရေ အတိအကျကိုတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က စာရင်းကောက်ယူ ထုတ်ပြန်တာ မရှိပါဘူး။ ပြည်ပရောက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ အစီရင်ခံစာမှာတော့ ဒီတိုက်ခိုက်မှုကို အဆင့်မြင့် အစိုးရ အရာရှိတွေက ကြီးကြပ်ပြီး ဒေသခံ အာဏာပိုင်တွေ၊ ပြည်ခိုင်ဖြိုး အဖွဲ့ဝင်တွေနဲ့ စွမ်းအားရှင်တွေ ပါဝင်ခဲ့ကြောင်းနဲ့ သေဆုံးသူ ၂၈၂ ဦးရှိကြောင်း စာရင်းပြုစုရာမှာ ပါဝင်သူ ၀န်ထမ်းတယောက်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစိုးရဘက်က ရိုက်နှက်သူတွေကို တစုံတရာ စုံစမ်းစစ်ဆေး အရေးယူတာ မရှိခဲ့ဘဲ ရိုက်နှက်ခံရသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေကို ဖမ်းဆီးထောင်ချပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းက နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာခဲ့ပြီး ဒီလပိုင်းတွေ အတွင်းမှာ ရန်ကုန်ပြင်ပကို ခရီးထွက်ဖို့ ပြင်ဆင်နေတယ် ဆိုတာကြောင့် သူ့ကို ထောက်ခံသူတွေဟာ ဒီပဲယင်း တိုက်ခိုက်မှုမျိုး ထပ်မံကြုံတွေ့ရမှာကို စိုးရိမ်နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဇွန်လမှာ ခရီးထွက်ဖွယ်ရှိ

2011-05-30  RFA


မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လအတွင်း နယ်ခရီးစဉ်တွေ စတင်တော့မယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဒီကနေ့ ဖော်ပြထားပါတယ်။ ဒီကနေ့ ဟောင်ကောင်တက္ကသိုလ်က ဆရာဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ အရပ်သား စုစုပေါင်း တထောင်လောက်နဲ့ အင်တာနက် ဗီဒီယိုကတဆင့် တိုက်ရိုက်ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပရိသတ်က မေးမြန်းရာမှာ အဲဒီလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ခရီးစဉ်နဲ့ ပတ်သက်ပြီး သတ်သတ်မှတ်မှတ် မရှိသေးကြောင်းနဲ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့   ဒေါ်အောင်ဆန်းစုကြည်   မွေးနေ့ နောက်ပိုင်းမှာ ခရီး စတင်မယ်လို့ စဉ်းစားနေကြောင်း ပါတီခေါင်းဆောင်ပိုင်းကို ပြောတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက အာအက်ဖ်အေကို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဇွန် ၁၉ သူ့မွေးနေ့ ကျော်သွားတဲ့အခါမှာ ခရီးထွက်ဖို့ စဉ်းစားမယ်လို့ ကျနော်တို့ကို အဲဒီလိုပဲ ပြောတာ။ ဒေါ်စု နယ်ကို ခရီးသွားမယ်ဆိုတဲ့ အစီအစဉ်ကိုပါ၊ သူက ပြည်သူလူထုနဲ့ နိုင်ငံသားတွေနဲ့ တွေ့ချင်တဲ့ ဆန္ဒပဲ။ ဘယ်လိုပုံစံ ဖြစ်လာမယ်တော့ ကျနော်ကြိုပြီး မပြောချင်ပါဘူး”

ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးစဉ်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေနဲ့ လွတ်လပ်စွာ စည်းရုံးပြောဆိုခွင့် ရှိမရှိဆိုတဲ့ အချက်ကို စမ်းသပ်လိုက်တာလည်း ဖြစ်တယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အဖွဲ့ဝင်တွေ၊ ထောက်ခံသူတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အစိုးရက ဘာမှ တိတိကျကျ အာမ,ခံချက် ပေးထားတာ မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံသားတိုင်းရဲ့ လုံခြုံရေးဟာ အစိုးရမှာ တာဝန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဟောင်ကောင်တက္ကသိုလ်က ပရိသတ်ကို ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး စိုးရိမ်ပူပန်နေကြ

2011-05-30  RFA


မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မကြာမီ ကာလတွေအတွင်း နယ်ခရီးစဉ်တွေ ထွက်ဖို့ အစီအစဉ် ရှိတယ်လို့ ပြောကြား လိုက်တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်ကြောင်း ပြောဆိုသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်က သူ နေအိမ်အကျယ်ချုပ်က ဒီတခေါက် လွတ်မြောက်ပြီးတဲ့နောက်မှာ အရင် အချိန်တွေကထက် အလွန် များပြားလှတဲ့ အလုပ်တာဝန်တွေနဲ့ ပိနေတဲ့အကြောင်း၊ ရုံးနဲ့ အိမ်နဲ့ အလုပ်နဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေနဲ့သာ ရန်ကုန်မြို့တွင်း အချိန်ပြည့် သွားလာနေရကြောင်း၊ လ အနည်းငယ် ကြာရင်တော့ ခရီးထွက်ဖို့ စပြီး လုပ်နိုင်မယ်လို့ မျှော်လင့်ရကြောင်း RFA က ထုတ်လွှင့်နေတဲ့ “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ကနေ ပြောကြားခဲ့ပါတယ်။


ဆင်းရဲသော မိသားစုများသို့ UNDP မှ ထောက်ပံ့ငွေ တစ်ချို့ အာဏာပိုင်များကို ပေးနေရ
News Date:5/30/2011 နိရဉ္ဖရာ သတင်းဌာန


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂလာဒေခ်ျ့မှ ပြန်ဝင်လာသော ဒုက္ခသည်များကို ပြန်လည် နေရာချထားရေး အစီအစဉ်အရ UNDP မှ ဆင်းရဲသား မိသားစုများကို ထောက်ပံ့နေသော ငွေ တစ်ချို့ကို အာဏာပိုင်များက လိုက်လံ ကောက်ခံမူများ ရှိနေကြောင်း သတင်း ရရှိသည်။

ယခု ကောက်ခံနေသော ငွေမှာ သိန်းရာချီရှိပြီး သူတို့ကိုယ်ကျိုး အတွက် ကောက်ခံခြင်း ဖြစ်ကြောင်း အများစု ပြည်သူများက ပြောသည်။ " သူတို့ ဘာအတွက် ကောက်တယ်ဆိုတာကိုတော့ မပြောဘူး။ သူတို့ သုံးဖို့အတွက်ဘဲ ဖြစ်ဖို့များပါတယ်။ မပေးရင် ကျေးရွာ အုပ်ချုပ်ရေးမှူးက အချုပ်ခန်းမှာ ဖမ်းချုပ်ပါတယ်။ ဒါကြောင့် လူတွေက ပေးနေရပါတယ်" ဟု သူက ပြောသည်။

ယခု ငွေကောက်ခံနေရသော ကျေးရွာများ ပြိုင်းတောင်၊ တောင်ချေ၊ ဒိုးတန်း၊ ဆင်သေပြင်နှင့် ဖရုံချောင်း စသည့် ကျေးရွာများ ဖြစ်ကြသည်။ အဆိုပါ ကျေးရွာများမှာ ဘူးသီးတောင်မြို့နယ် တောင်ဘက်တွင် တည်ရှိပြီး အဆိုပါ ကျေးရွာများ အနီးတည်ရှိသော အမှတ်(၂၈) ညောင်ချောင်း နစက စခန်းမှ ကောက်ခံနေခြင်း ဖြစ်သည်။ " သူတို့က အဆင့် တစ်ကနေ ၅ ထိ တဆင့်ပီး တဆင့် ကူညီနေတာ ဖြစ်ပါတယ်။ နံပတ် (၅) အဆင့်မှာ အိမ်တစ်အိမ်ကို ငွေ ၃၀၀၀ ကနေ ၅၀၀၀ ကျပ်ထိ ထုတ်ပေး နေပါတယ်။

မွေးမြူရေး အတွက် ကြက် ဆယ့်လေး ငါးကောင် ၀ယ်ဖို့ အတွက် ထုတ်ပေးတာပါ။ အဲဒီအထဲက ငွေတွေကို သူတို့ကို တစ်ထောင်စီ ပေးရမယ်ဆိုပြီး နစကမှ ကောက်ခံနေတာ ဖြစ်ပါတယ်။" UNDP က ဘင်္ဂလာဒေခ်ျ့မှ ပြန်ဝင်လာသော မွတ်ဆလင် ဒုက္ခသည် မိသားစုများကို အဆင့် (၅) ဆင့်ဖြင့် ကူညီနေရာ နောက်ဆုံး အဆင့် ဖြစ်သော မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ရေး အစီအစဉ်အရ တနိုင်တပိုင် မွေးမြူရေး လုပ်ငန်း လုပ်ကိုင်ရန်အတွက် ငွေများ ထုတ်ပေးနေကြောင်း သိရသည်။

" အခု ကောက်ခံနေတာက တစ်အိမ်ထောင်က ၁၀၀၀ ကျပ်စီ ကောက်ပါ တယ်။ နစကဆီက စာလာတယ်ပြောပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်ခေါင်း တွေက ကောက်နေတာ ဖြစ်ပါတယ်။ မပေးရင် အဖမ်း ခံရနိုင်တဲ့ အတွက် တောင်းတဲ့ငွေကို ပေးနေကြပါတယ်" ဟု သူက ပြောသည်။ ယခုကဲ့သို့ ငွေကောက်ခံနေမူကို စနေနေ့ ညနေပိုင်းမှ စတင် ပြုလုပ်နေခြင်း ဖြစ်ကြောင်း ကျေးရွာသား တစ်ဦးက ယခုကဲ့သို့ ပြောသည်။

NLD လူငယ် ထောင်တွင်း ဆန္ဒပြမည်
 ဖနိဒါ | တနင်္လာနေ့၊ မေလ ၃၀ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၈ မိနစ်


ချင်းမိုင် (မဇ္စျိမ) ။        ။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး အပါအဝင် တောင်းဆိုချက် ၃ ချက်ဖြင့် မေ ၃ဝ ရက်မှစ၍ အစာငတ်ခံ ဆန္ဒပြသွားမည်ဟု စစ်ကိုင်းတိုင်း ခန္တီးထောင်တွင် အကျဉ်းကျနေသည့် ဘိုကလေးမြို့နယ် NLD လူငယ် ကိုနေဝင်းစိုးက ပြောဆိုကြောင်း မကြာသေးခင်က ယင်းထောင်မှ ပြန်လွတ်လာသည့် ပါတီတူလူငယ် ကိုစိုင်းမင်းသိန်းက ပြောသည်။

တောင်းဆိုချက် ၄ ချက်မှာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရန်
 ဖော်ဆောင်ရေး၊ တိုင်းရင်းသား လက်နက်ကိုင်များအပေါ် တန်းတူညီတူ နွေးဆွေးညှိနှိုင်းရေးတို့ ဖြစ်သည်။

ပြန်ပြောပြသူ ၃ဝ နှစ်အရွယ် ကိုစိုင်းမင်းသိန်းသည် တိုက်ကြီးမြို့နယ် NLD လူငယ်တဦးဖြစ်ကာ လောင်စာဆီ ကျဆင်းရေးအတွက် ၂ဝဝ၇ ခုနှစ်ထဲတွင် ရန်ကုန်၌ လမ်းလျှောက်ဆန္ဒပြသဖြင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) အပါအဝင် အခြားပုဒ်မများဖြင့် ထောင်ဒဏ် ၄ နှစ်ခွဲကျခံရမှ မကြာသေးခင်က သမ္မတဦးသိန်းစိန်၏
 လျှော့ပေါ့ပြစ်ဒဏ်ဖြင့် ပြန်လွတ်လာခဲ့သည်။

“ဒီနေ့ ဒီပဲယင်းနေ့မှ စပြီးတော့ အစာငတ်ခံ ဆန္ဒပြမယ်လို့ ကျနော့်ကို ကြိုပြီး ပြောပြလိုက်တာခင်ဗျ။ ပထမတချက်က စစ်မှန်တဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးရေး၊ ဒုတိယအချက်က အမျိုးသား ပြန်လည်ရင့်ကြားစေမှု
 ဖော်ဆောင်ရေး၊ တတိယအချက်က ပြည်တွင်းငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လက်နက်ချခြင်း၊ အလင်းဝင်ခြင်းမျိုး မဟုတ်ဘဲနဲ့ တန်းတူ ညီတူဆက်စပ် ညှိနှိုင်းဖော်ဆောင်ရေး ဆိုတဲ့အချက် ၃ ချက်အတွက် တောင်းဆိုထားတယ်ခင်ဗျ” ဟု ကိုစိုင်းမင်းသိန်းက မဇ္စျိမကို ပြောသည်။

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၊ ကုကသကဂ္ဂနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများကို ခန္တီးထောင်သို့ လာရောက်ရန် အကျဉ်းကျခံ အသက် ၂၇ နှစ်အရွယ် ကိုနေဝင်းစိုးက ဖိတ်ခေါ်ကြောင်းပါ သူက ပြောပြသည်။

ခန္တီးထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၆ ဦး ရှိရာ ၄ ဦးမှာ ကျန်းမာရေးအရ အရေးပေါ် ခွဲစိတ်ကုသမှု လိုအပ်နေပြီး၊
 လောင်စာဆီဈေးနှုန်း ကျဆင်းရေး ဆန္ဒပြမှုတွင် ဦးဆောင်ခဲ့သူ ရန်ကုန်အခြေစိုက် MDC ခေါ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူများအဖွဲ့ဝင် ကိုထင်ကျော်ကို လိပ်ခေါင်းရောဂါ ခံစားနေရသည်ဟု ကိုစိုင်းမင်းသိန်းက ဆိုသည်။

ခန္တီးထောင်တွင် ဦးပါကာလ (ခ) ဇော်မျိုးနိုင်၊ ကိုသန့်ဇော်မြင့်၊ ကိုမျိုးမြင့်ဝေ၊ ကိုဝင်းမြင့်မောင် ခေါ် ပဲပြုတ်၊ ဦးမောင်မောင်စိန်၊ ကိုနေဝင်းစိုး၊ ကိုထင်ကျော်၊ ကိုတင်ထူးအောင်၊ ကိုထင်အောင်၊ ကိုကျော်မိုးဦး၊ ကိုခင်မောင်ချို ခေါ် ကိုဖိုးတုတ်၊ ဦးငြိမ်းမောင်၊ ဦးညီပု(မုံရွာ)၊ သားဖြစ်သူ ကိုကျော်ကြီး၊ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးနှင့် မထားထားသက် စသဖြင့် နိုင်ငံရေးအကျဉ်းသား ၁၆ ဦး ရှိနေသေးသည်။

မစုစုနွေးသည် မကြာခဏ ဆိုသလို နှလုံးရောဂါ ဝေဒနာခံစားနေရသဖြင့် မိသားစုနှင့် နီးစပ်သည့် အကျဉ်းထောင်သို့
 ပြောင်းရွှေ့စေလိုကြောင်း ကိုစိုင်းမင်းသိန်းက ပြောသည်။

ခန္တီးထောင်သည် မြို့နှင့် ၃ မိုင်ခန့်အကွာတွင်ရှိပြီး မိုးရာသီတွင် ကုန်းလမ်းခရီးနှင့် သွားလာရ ခက်ခဲသောကြောင့်
 ရေလမ်းကြောင်းမှ စက်လှေဖြင့် သွားလာရကာ အရေးပေါ် ဆေးကုသမှု လိုအပ်လာပါက အချိန်မီ မကုသနိုင်သဖြင့် သေဆုံးသွားသည့် သာမန်အကျဉ်းသားများလည်း ရှိသည်ဟု ဆိုသည်။


KIA တပ်ရင်း ၉ အနီး မြန်မာတပ်ကူ တပ်ရင်း ၂ ခု တိုးလာ
 Monday, 30 May 2011 21:39 KNG

ရှမ်းပြည်မြောက်ပိုင်းရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တပ်ရင်း ၉ အနီးသို့ မြန်မာစစ်တပ် တပ်ကူ တပ်ရင်း ၂ ခု တိုးလာသည်ဟု ဒေသခံများပြောသည်။

တပ်ရင်း ၉ သည် မြောက်ဘက် ကချင်ပြည်နယ်ရှိ KIA ဌာနချုပ်နှင့် ဆက်သွယ်ပေးပြီး အရှေ့ဘက်တွင် လွယ်ကန်အခြေစိုက် KIA တပ်မဟာ ၄ ဌာနချုပ်၊ ကိုးကန့်ဒေသနှင့် ‘၀’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (United Wa State Army, UWSA) ဒေသများကိုလည်း ဆက်သွယ်ပေးထားသည်။

မေ ၂၈ ရက် စနေနေ့တွင် လာရှိုးမြို့မှ တပ်ကူများ တပ်ရင်း ၉ အနီး ဒီမာကျေးရွာတွင် တပ်ချနေသည်ဟု ဒေသတွင်း စစ်ရေးစောင့်ကြည့်သူများက ပြောသည်။

ဒီမာတွင် ယင်းတပ်ကူမရောက်ခင်ကတည်းက မြန်မာ စစ်သားအင်အား ၆၀ ရောက်ရှိနေပြီးဖြစ်သည်ဟု ဆက်ပြောသည်။

မြန်မာစစ်သားများ KIA တပ်ရင်း ၉ နယ်မြေထဲဝင်ရောက်လာပါက စစ်ရေးအရ တုန့်ပြန်ရန် အသင့်အနေအထားတွင်ရှိနေသည် ဟု ၎င်းနှင့်နီးစပ်သူများ ဆိုသည်။

ဒီမာကို မြန်မာစစ်တပ်လက်အောက်ရှိ ပြည်သူ့စစ်က ထိန်းချုပ်ထားသည်။ ဒီမာကျေးရွာသည် ဒီမာချောင်းအရှေ့ဘက် KIA ထိန်းချုပ်သည့် ဒတ်နိုင်းကျေးရွာနှင့်ဆက်သွယ်ပေးထားသည်။

တပ်မဟာ ၄ အလယ်ကို ဖြတ်သန်းမည့် လမ်းဖောက်လုပ်နေမှုသည် ပြည်တွင်းစစ်သို့ဦးတည်လာနိုင်ကြောင်း KIA က သတိပေးပြီးနောက် မြန်မာအစိုးရက မေ ၁၄ ရက်တွင် ရပ်ဆိုင်းထားသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်တွင် KIA သည် နယ်ခြားစောင့်တပ် (Border Guard Force, BGF) သို့ပြောင်းလဲရန် ငြင်းပယ်ပြီးနောက် မြန်မာစစ်တပ်နှင့် KIA ကြား စစ်ရေးတင်းမာမှု တိုးလာသည်။

မြန်မာနိုင်ငံတွင် ဒေါ်လာသန်းပေါင်းများစွာမြုပ်နှံထားသည့် တရုတ် က ၎င်းတို့အကျိုးစီးပွားကိုပျက်စီးစေမည့် မြန်မာစစ်တပ်နင့် KIA ကြား ပြည်တွင်းစစ်ပြန်ဖြစ်လာမည်ကို မလိုလားဟု ဒေသတွင်းစစ်ရေးလေ့လာသူများက ပြောသည်။

မေလ ၁၉ ရက်တွင် နေပြည်တော်အစိုးရအား KIA က မေလ ၂၅ ရက်နောက်ဆုံးထားပြီး တပ်ဆုတ်ပေးရန် သတိပေးခဲ့သည်။ ထို့အပြင် တပ်မဆုတ်ပါက ဖြစ်လာမည့်ကိစ္စရပ်များအတွက် နေပြည်တော်အစိုးရတွင် တာဝန်ရှိသည်ဟု ပါရှိသည်။

ဒီပဲယင်း လုပ်ကြံမှု ဘယ်သူ့မှာ တာဝန် အရှိဆုံးလဲ
2011-05-30 RFA

ဒီပဲယင်း လုပ်ကြံမှုနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန် အရှိဆုံးလဲဆိုတာ မှန်းဆပြောဆိုမှုတွေ အများအပြား ရှိနေပါတယ်။ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ် ကတော့ ဒီပဲယင်း လုပ်ကြံမှုရဲ့ နောက်ကွယ်က အမိန့်ပေးသူဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်တယ်လို့ သူ သိရှိထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး ပြောဆိုပါတယ်။


တာလီဘန်တွေ ဟာရတ်မြို့ကို ဝင်တိုက်
BBC Burmese : 30/5/2011

အာဖဂန်နစ္စတန် အနောက်ပိုင်း ဟာရတ်မြို့မှာ တာလီဘန်တွေက နေတိုး စစ်စခန်းတခုကို ဝင်တိုက်ခဲ့ပါတယ်။ အသေခံဗုံးခွဲသမားတွေက စခန်းရဲ့ ဂိတ်ဝမှာ ကားဗုံးခွဲ လိုက်ပြီး တခြားတိုက်ခိုက်ရေးသမားတွေက စခန်းထဲကို ဝင်ဖို့ကြိုးစားခဲ့ပါတယ်။

နေတိုးအဖွဲ့ထဲက အီတလီ စစ်သား တော်တော်များများ ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။ စောစောပိုင်းကလဲ မြို့လယ်မှာ တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ခဲ့လို့ လူအနဲဆုံး ငါးဦး သေဆုံးပြီး ၃၀ ဒဏ်ရာရ သွားပါတယ်။

ဟာရတ်မြို့ဟာ နိုင်ငံတကာ တပ်ဖွဲ့တွေက အာဖဂန် အစိုးရ အုပ်ချုပ်မှုအောက် ဇူလိုင်လမှာ ပြန်လွှဲပေးဖို့ သတ်မှတ်ထားတဲ့ ဒေသ ခုနှစ်ခုထဲမှာ တခု အပါအဝင်ဖြစ်ပါတယ်။

နောက်ထပ် ဖြစ်စဉ်တခုမှာတော့ အာဖဂန် နစ္စတန်မှာ တပ်စွဲထားတဲ့ နိုင်ငံတကာ တပ်တွေရဲ့ တပ်မှူးကြီးက စနေနေ့က နေတိုးရဲ့ လေကြာင်းတိုက်ခိုက်မှုမှာ အရပ်သားတွေ သေဆုံးခဲ့ရတာကို တောင်းပန်လိုက်ပါတယ်။

အနောက်တောင်ပိုင်း ဒေသရဲ့ နေတိုး တပ်မှူးရဲ့ ကြေငြာချက်ထဲမှာ သူပုန်တွေရဲ့ တိုက်ခိုက်မှု ကြောင့် မရိန်းတပ်သားတ ဦး ကျဆုံးခဲ့ရပြီး အိမ်ဝင်းတခုထဲကလဲ ဆက်ပစ်ခတ်နေလို့ အဲဒီအိမ်ကို နေတိုးတပ်တွေက ဗုံးကြဲ တိုက်ခိုက်ခဲ့တာမှာ အိမ်ထဲမှာ အရပ်သားတွေလဲ ရှိနေကြောင်း နောက်မှ သိခဲ့ရတယ်လို့ ဆိုပါတယ်။

အိမ်ထဲက အရပ်သား အနဲဆုံး ကိုးဦးသေဆုံးခဲ့ပါတယ်။

အာဖဂန် သမ္မတ ဟာမစ် ကာဇိုင်းကတော့ အခု တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဒီလို လေကြောင်းက တိုက်ခိုက်မှုတွေကို မလုပ်ဖို့ အမေရိကန်ကို သူ အကြိမ်ကြိမ် ပြောထားခဲ့ ပြီးပြီလို့ ဆိုပါတယ်။


မေလ 30 ရက် နေ့ ညနပိုင်း နောက်ဆုံးရ သတင်းများကို အောက်ပါ လင့်လေးကို နှိပ်ကာ ၀င်ရောက် ဖတ်ရှုနိုင်ပါတယ် ခင်ဗျာ ။
http://www.facebook.com/note.php?note_id=223979840949025

 
ဗမာ.သွေးမှပေးပို.ပါသည်

ရဲဘော်ရှေ့ကိုရဲရဲတိုး

by Tharchit Zaw on Tuesday, May 24, 2011 at 1:57am
ရွိုး  ဖြောင်းဖြောင်းဖြောင်းဖြောင်း
လက်ခုပ်သံပြန်ကြားချင်တယ်

ဗမာပြည်သမိုင်းရိုင်းခဲ.တာကြာပါပြီ
ယဉ်ကျေးတဲ.လူ.ဘောင်ဆီ

မင်းတို.ငါတို.မှအရောက်မလှမ်းနိုင်ရင်
လွတ်လပ်ရေးသမိုင်းပြန်မလှန်မိစေနဲ.

သခင်အောင်ဆန်းအရိုးတွန်သံငါမခံစားနိုင်ဘူး၊
ကိုယ်တော်မှိုင်း သွေးငါမဝေးချင်ဘူး။

လာကွာငါတို.တွေလက်ရည်တပြင်တည်း
ပေါင်းစည်းကြမဲ.ခဏမှာ

မင်းဒုက္ခ၊ငါ.ဒုက္ခ
အသာမေ.လို.ထားခဲ.ကွာ၊

ဗမာပြည်ဒုက္ခပိုကြီးတယ်ကွ၊
သူတို.တွေဒုက္ခပိုကြီးတယ်ကွ၊

ရိုးရိုးလေးတွေးနိုင်မှ
ရှင်းရှင်းလေးပေါ်မှာမို.

သူတို.လဲတိုက်ပွဲခေါ်ပြီ
တို.တွေလဲလိုက်ပွဲလိုပြီမို.
ရှေ့ကိုရဲရဲတိုးကြစမ်းပါရဲဘော်တို.
(သားချစ်)

ဒုက္ခကိုစောင်ခြုံထားတဲ.ပြည်

ဒုက္ခကိုစောင်ခြုံထားတဲ.ပြည်

by Tharchit Zaw on Monday, April 18, 2011 at 12:03am
ဟိုးအဝေးမှာကလေးတသိုက်
ဝမ်းရေးအတွက်အမှိုက်ပုံရှာနေကြတယ်။
ဟိုးအဝေးမှာလူငယ်အချို.
စိတ်ပျော်ရွုင်ဖို.ပုလင်းတချို.တန်းစီနေကြတယ်၊
ဟိုးအဝေးမှာညဉ်.ငှက်လေးတွေ
အိပ်တန်းတက်ဖို.ရမက်အချို.ကိုစောင်.နေကြတယ်၊
ဟိုးအဝေးမှာလူကြီးတချို.
အနာဟောင်းအတွက်သမိုင်းကိုတူးဆွနေကြတယ်၊

ဗမာ.လွမ်းချင်း

ဗမာ.လွမ်းချင်း

by Tharchit Zaw on Tuesday, April 26, 2011 at 12:09am
ရေမီးအပြည်.နဲ.တိုင်းတပါးမှာနေတဲ.အခါ
မီးမလာရေမရှိတဲ.ဗမာပြည်ကြီးကိုလွမ်းတယ်

အသားဟင်းလျာအပြည်.နဲ.စားတော်ခေါ်နေတဲ.အခါ
ငါးပိရည်၊တို.စရာအစုံအလင်နဲ.ဗမာပြည်ကြီးကိုလွမ်းတယ်

မှတ်တိုင်မှာလူမတိုး၊အဲကွန်းအပြည်.နဲ.ဘတ်စ်ကိုစီးရတဲ.အခါ
တိုးသိတ်ညုပ်သတ်လေညှင်းခံဘတ်စ်နဲ.ဗမာပြည်ကြီးကိုလွမ်းတယ်

၂၄ နာရီတဝက်လျော.နဲ.အချိန်ပြည်.အလုပ်နဲ.လုပ်ရတဲ.အခါ
၁၀၉/၁၁၀ နဲ.အလုပ်မရှိလွတ်လပ်နေနိုင်ခဲ.တဲ.ဗမာပြည်ကြီးကိုလွမ်းတယ်

ဟန်ဆောင်အပြုံးတွေနဲ.အဖော်လုပ်ပြုံးနေရတဲ.လူတွေနဲ.တွေ.တဲ.အခါ
ပရိယယ်ကင်းရိုးရှင်းတဲ.မိတ်ရင်းဆွေသဟာတွေနဲ.ဗမာပြည်ကြီးကိုလွမ်းတယ်

ဘောင်းဘီဖင်ကျပ်တီရှပ်နဲ.ရုပ်ကြွတဲ.လူတွေတွေ.တဲ.အခါ

ပုဆိုးကချင်နဲ.ကော်လာတုံးအင်္ကျီဝတ်တတ်ကြတဲ.ဗမာပြည်ကြီးကိုလွမ်းတယ်

လူသားအခွင်.အရေးပေးချင်သလောက်ပေးနေတဲ.တိုင်းတပါးကိုခိုလုံခွင်.ရတဲ.အခါ
အခွင်.အရေးဆိတ်သုဉ်းအာဏာသာမိုးထိုးးနေတဲ.ဗမာပြည်ကြီးကိုလွမ်းတယ်
· · Share · Delete

သခင်နုတို့ခေတ်က လောကပါလတရား

တရားမျှတ…လွတ်လပ်ခြင်း နဲ့မသွေ…တို့ပြည်…တို့မြေ… များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့… ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည်… တို့ပြည်၊ တို့မြေ …ပြည်ထောင်စု အမွေ … အမြဲတည်တံ့စေ … အဓိဋ္ဌာန်ပြုပေ … ထိန်းသိမ်းစို့ လေ…။

အဲဒါက နိုင်ငံတော်သီချင်းရဲ့ ခြေဆင်းအစပိုဒ်ဖြစ်ပါတယ်။ အဲဒီ သီချင်းကို ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေအရ သတ်မှတ် ပြဋ္ဌာန်းခဲ့ပြီး ခေတ်အဆက်ဆက် နိုင်ငံတော်သီချင်းအဖြစ် သီဆိုလာခဲ့ တာ အခု ၆၄ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါ တယ်။ နိုင်ငံတော်သီချင်း ခြေဆင်း ပိုဒ်မှာပဲ လောကပါလတရား ၃ ပါး ဖြစ်တဲ့ တရားမျှတခြင်း၊ လွတ်လပ် ခြင်းနဲ့ ညီမျှခြင်းဆိုတဲ့ တေးစာသား တွေပါရှိပြီးဖြစ်နေပါတယ်။ လောက ပါလတရားဆိုတာဟာ လောကကြီး ကို မပျက်မယွင်းရအောင် ထိန်း ကျောင်းတဲ့တရားတွေပဲလို့ အလွယ် တကူနားလည်ကြရမှာပါ။ လောက ပါလတရားတွေ ဆုတ်ယုတ်လာတဲ့  လူ့ဘောင်တစ်ရပ်ဟာ မကြာမီ ပျက်စီးယိုယွင်းသွားမှာ သေချာပါ တယ်။
(၁) တရားမျှတခြင်း (Justice) (၂) လွတ်လပ်ခြင်း (Liberty) နဲ့ (၃) ညီမျှခြင်း (Equality) ခေါ်တဲ့ လောကပါလတရား ၃ ပါးဟာ လူ သားတို့ရဲ့ မူလသဘာဝလိုလားချက်ပဲဆိုတာ အနောက်တိုင်း၊ အရှေ့တိုင်းနိုင်ငံရေး ဒဿနပညာရှင်ကြီးတွေက အစောကြီးကပဲ တွေ့ရှိခဲ့လို့ သူတို့နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းတွေမှာ ထည့် သွင်းရေးထားလေ့ ရှိတာကို တွေ့ရ ပါတယ်။ အိမ်ထောင်စုတစ်ခု၊ ရပ် ကွက်တစ်ခု၊ မြို့နယ်တစ်ခု၊ နိုင်ငံတစ်ခုမှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း သဘောတရားကို စွဲကိုင်ပြီးပြဿနာတွေကို ဖြေရှင်းကြရပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီး တောင်မှ အဖွဲ့ဝင်နိုင်ငံ အချင်းချင်း ဖြစ်ပေါ်တဲ့ပြဿနာကို ဖြေရှင်းရာမှာ တရားမျှတမှု၊ လွတ်လပ်မှု၊ ညီမျှမှုတွေနဲ့ မကင်းမလွတ်အောင် ချိန်ဆဆုံး ဖြတ်ပေးနေမှ အဖွဲ့ဝင် နိုင်ငံတွေက ကျေနပ်မှု ရှိနိုင်ပါ တယ်။
ပါတီစုံစနစ်နဲ့ အတွဲအစပ်ကတော့ လောကပါလတရားကို ဦးစားပေးကြတာပါပဲ။ သက်ဦးဆံပိုင် ဘုရင်စနစ်၊ နာဇီ-ဖက်ဆစ် အာဏာရှင်စနစ်၊ ပစ္စည်းမဲ့ အာဏာရှင်စနစ်တွေနဲ့ သွားတဲ့အခါ လောကပါလတရားတွေဟာ မရှိသလောက် မှေးမှိန်နေတတ်ပါတယ်။ ပါတီစုံ ဒီမိုကရေစီစနစ်ဆိုတော့ လောကပါ လ တရားကို ဦးစားပေးရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဦးစီးခဲ့တဲ့ တိုင်းပြည်ပြုလွှတ်တော်
၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အ ခြေခံဥပဒေ ရေးဆွဲနိုင်ရေးအတွက် ပထမအကြိမ် တိုင်းပြည်ပြုလွှတ် တော် ဃသညျအငအကအငသညေူ ဗျနာဘူပ ပထမအစည်းအဝေးကို ၁၉၄၇ ခု၊ ဇွန်လ ၁ဝ ရက်၊ နံနက် ၁၁ နာရီ က စတင်ပြီး အဲဒီလ ၁၈ ရက်နေ့ အထိ ကျင်းပခဲ့ပါတယ်။ ဒုတိယ အကြိမ်ကျင်းပတော့ ဗိုလ်ချုပ်တို့ ကျဆုံးသွားလို့ ဖဆပလအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌနေရာကို သခင်နုကပဲ ဆက်ခံ ပြီး လွတ်လပ်ရေးခရီးကို ဆက်ခဲ့ပါ တယ်။
ဇွန်လ ၁၆ ရက်နေ့မှာ ဗိုလ် ချုပ်အောင်ဆန်းက ဖွဲ့စည်းအုပ်ချုပ် ပုံ အခြေခံဥပဒေရေးဆွဲရာမှာ ပါဝင် ရမယ့် အခြေခံအချက်အလက်များ ကို ချမှတ်ပေးတဲ့ လမ်းညွှန်အဆိုကို တင်သွင်းခဲ့ပါတယ်။ အဲဒီအဆိုမှာ အခြေခံစည်းမျဉ်း ၇ ချက်ကို ကျင့် သုံးမယ့် လမ်းညွှန်ဆုံးဖြတ်ချက်များ ဖြစ်ပါတယ်။ လွှတ်တော်အမတ် ၂၅၅ ဦးအနက် ၂၄၆ ဦးတက်ရောက် ကြတယ်။ လွှတ်တော်အစည်း အဝေးမှာ ယာယီသဘာပတိအဖြစ် သခင်မြကို ရွေးချယ်တင်မြှောက်ခဲ့ တယ်။ လွှတ်တော်သဘာပတိအဖြစ် သခင်နုကို တင်မြှောက်ဖို့ ဗိုလ်ချုပ် အောင်ဆန်းက အဆိုတင်သွင်းပြီး ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်က ထောက်ခံခဲ့တယ်။
ဗိုလ်ချုပ်ကိုယ်တိုင် တင်သွင်း တဲ့ အခြေခံစည်းမျဉ်းများထဲမှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနဲ့ ညီမျှခြင်းဆိုတဲ့ လမ်းညွှန်ချက်တွေ ပါဝင်နေပါတယ်။ အဲဒီလမ်းညွှန်ချက် တွေကို ၂ ရက်ကြာဆွေးနွေးပြီး နောက် ကန့်ကွက်သူမရှိ ထောက်ခံ ကြတယ်။ ထောက်ခံသူတွေက ညောင်ရွှေစော်ဘွားကြီး၊ လင်းခေး- ဦးထွန်းမြင့်၊ မန်းဘခိုင်၊ စောစံဖိုး သင်၊ စောဝိရီကျော်၊ ဆမားဒူဝါဆင် ဝါးနောင်၊ ဒူဝါဇော်လွန်း၊ ဦးဝမ်ကို ဟော၊ မွန်-ထွန်းရင်၊ ဦးဘစော၊ ဦးစံထွန်းအောင်၊ သခင်သန်းဖေ၊ ဦးစိန်ဘွား၊ မစ္စတာအေ-ရေဗား၊ ဒေါ်စောရွှေနဲ့ ဒေါ်လှရှင်တို့ဖြစ်ပါ တယ်။ အားလုံးဟာ တိုင်းပြည်ပြု လွှတ်တော်ကိုယ်စားလှယ်များ ဖြစ် တယ်။
လွှတ်တော်သဘာပတိ သခင်နု
နောင်အခါ လွတ်လပ်တဲ့ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ရဲ့ ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာမယ့် သခင်နုဟာ အဲဒီနှစ်အပိုင်းအခြားက တိုင်းပြည်ပြုလွှတ်တော်ရဲ့ သဘာ ပတိဖြစ်ပါတယ်။ ဗိုလ်ချုပ်တို့ ကျ ဆုံးပြီးနောက် ဖဆပလအဖွဲ့ချုပ်ကြီး ရဲ့ ဥက္ကဋ္ဌဖြစ်လာတယ်။ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်ရဲ့ ကြားဖြတ် ယာယီ အမျိုးသားအစိုးရအဖွဲ့ ခေါင်းဆောင်အနေနဲ့ ဗိုလ်ချုပ်ရဲ့ အရိုက်အရာကို သခင်နုက ဆက်ခံ ခဲ့ရတယ်။ လွှတ်တော် သဘာပတိ နေရာက သခင်နုနှုတ်ထွက်သွားလို့ စဝ်ရွှေသိုက်ကို လွှတ်တော် သဘာ ပတိအဖြစ် ထပ်မံရွေးချယ်ရပြန် တယ်။
အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီများမှာ ကနဦးပါဝင်သူ ၅၅ ဦးစာရင်းကို မန်းဘခိုင်ကတင်ပြ ပါတယ်။ နောင်အခါ ဆပ်ကော်မတီ များ ထပ်တိုးပြီး လူဦးရေတိုးချဲ့လာ ပါတယ်။ အခြေခံဥပဒေ အကြံပေး အရာရှိ ဦးချန်ထွန်းကတော့ အလုပ် အများဆုံးနဲ့ ပြည်ပခရီးစဉ်တွေ အသွားရဆုံး ပုဂ္ဂိုလ်ဖြစ်လာပါတယ်။ မြန်မာစာပေပညာရှင်ကြီးများ ဖြစ် တဲ့ ဆရာမင်းသုဝဏ်၊ ဆရာဇော်ဂျီ တို့ရဲ့ အခြေခံဥပဒေပါ မြန်မာစာ အရေးအသား မှန်ကန်ချောမွေ့မှု အကူအညီကိုလည်း ယူရပါတယ်။ အဲဒီဆရာတွေက ထိုအချိန်က လူ ငယ်တွေဖြစ်ပြီး ရန်ကုန်တက္ကသိုလ် က မြန်မာစာနည်းပြ ဆရာများ ဖြစ်ပေမယ့် ပညာÓာဏ်ကြီးလို့ ကော်မတီထဲမှာ ထည့်သွင်းထားရပါ တယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့သခင်နု တို့လည်း မြန်မာစာအရေးအသား ကျွမ်းကျင်သူများ ဖြစ်ကြပါတယ်။ စောစောက တရားမျှတခြင်း၊ လွတ် လပ်ခြင်း၊ ညီမျှခြင်းတို့ကို လောက ပါလတရားများလို့ အမည်ပေးခေါ် ဝေါ်သမုတ်ခဲ့တာ ကနဦးသခင်နုနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ စိတ်ကူး ဖြစ်ပြီး ဆရာမင်းသုဝဏ်၊ ဆရာ ဇော်ဂျီတို့နဲ့သာမက တက္ကသိုလ်က မြန်မာစာဆရာကြီးတွေ၊ ပြင်ပစာပေ လောကက ပုဂ္ဂိုလ်အချို့နဲ့ တိုင်ပင် ညှိနှိုင်းကာ ဘာသာပြန်ကြတာ ဖြစ် တယ်လို့ အဲဒီခေတ်ကိုမီခဲ့သူတွေက ပြောကြပါတယ်။
သခင်နုရဲ့ လောကပါလတရား
၁၉၄၈ ခု၊ ဇန်နဝါရီ ၄ ရက် နေ့မှာ လွတ်လပ်ရေးရတော့ နိုင်ငံ တော်ရဲ့ ယာယီသမ္မတကြီးက စဝ်ရွှေ သိုက်နဲ့ ယာယီဝန်ကြီးချုပ်က သခင်နု ဖြစ်လာပါတယ်။ ၁၉၄၇ ခု အခြေခံဥပဒေအရ ပါတီစုံစနစ်နဲ့ သွားကြတယ်ပေါ့။ သခင်နုက စာ ရေးဆရာ၊ ပြဇာတ်ရေးဆရာအလုပ် တွေလည်း စိတ်ဝင်စားတယ်။ နိုင်ငံ ရေး၊ ဘာသာရေးစာအုပ် အများ အပြားလည်း ရေးသားထုတ်ဝေခဲ့ တယ်။ မကြာခဏလည်း တိုင်းပြည် သို့ မိန့်ခွန်းများပြောရလေ့ရှိပါတယ်။ အဲဒီ ပထမအကြိမ်ယာယီအစိုးရမှာ ဝန်ကြီးချုပ်အနေနဲ့ လောကပါလ တရား ၃ ပါးကို အခြေခံတဲ့စာပေတွေ၊ မိန့်ခွန်းတွေ အများကြီးရေးခဲ့၊ ပြော ခဲ့ပါတယ်။ သခင်နုဟောပြောနေတဲ့ ဒီမိုကရေစီ သဘောတရားတွေထဲမှာ လူထုနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ လောက ပါလတရား ၃ပါးကို အတုံးလိုက်၊ အတစ်လိုက်မဟုတ်ဘဲ သိမ်သိမ်မွေ့ မွေ့နဲ့ ထည့်သွင်းထားတာလည်း တွေ့နိုင်ပါတယ်။ လွတ်လပ်ရေးနဲ့ အတူ တွဲဖက်လာတဲ့ ပြည်တွင်းစစ်ကို လည်း လက်တွဲဖော် သက်ဆိုင်ရာ ဝန်ကြီးတွေနဲ့အတူ ကျော်လွှားကြ တဲ့အခါ ပြည်တွင်းစစ်ချုပ်ငြိမ်းစေဖို့ လောကပါလတရားတွေ အခြေခံတဲ့ နိုင်ငံရေးမိန့်ခွန်း အများအပြားကို ပြောဆိုခဲ့ရပါတယ်။
၁၉၅၂ ခုနှစ်၊ မတ်လ ၁၃ရက် နေ့မှာ ၁၉၅၁ ခု၊ ၁၉၅၂ခုနှစ်တွေ က ကျင်းပပြုလုပ်ခဲ့တဲ့ ပထမအကြိမ် ပါလီမန် ဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲက အနိုင်ရလာတဲ့ လွတ် တော် ၂ ရပ်က ကိုယ်စားလှယ်တွေ နဲ့ ပြည်ထောင်စုပါလီမန်လွှတ်တော် အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ဒေါက်တာဦးဘဦးကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံရဲ့ သမ္မတကြီးအဖြစ် လွှတ်တော်၂ရပ် ပေါင်းက ရွေးချယ်တင်မြှောက်ခဲ့ပါ တယ်။ ယခင်ကသမ္မတကြီးစပ်ရွေ သိုက်ကို လူမျိုးစုလွှတ်တော်(အထက် လွှတ်တော်)နယကကြီးအဖြစ် တင် မြှောက်ကြပြီး၊ ဦးနုကို နိုင်ငံတော် ဝန်ကြီးချုပ်အဖြစ် ထပ်မံ ရွေး ကောက်ခဲ့ရပါတယ်။ ၁၃-၃-၅၂ နေ့ကစပြီး ဦးနုရဲ့ အဆိုပြုချက်အရ သခင်နုနာမည်က ဦးနုအမည်သို့ တရားဝင် ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါ တယ်။
သခင်နုနာမည်ပြောင်းဂယက်
တို့ဗဗာအစည်းအရုံးဟာ တစ် ချိန်က သခင်အသင်းလို့ အများက နားလည်ကြပြီး မြန်မာ့လွတ်လပ်ရေး အတွက် သခင်လူငယ်များရဲ့ ကြိုး ပမ်းမှု မှတ်တိုင်ကြီးတစ်ခုပါပဲ။ လွတ်လပ်ရေးခေတ်မှာ ‘သခင်’အမည်တွေဟာ မျိုးချစ်စိတ်နဲ့ တ ဆက်တစပ်ထဲရှိတဲ့အတွက် အလွန် ဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ်။ သခင်နု ဟာ သူ့အမည်ရှေ့မှာ သခင် မထည့်တော့တာ ကျွန်ဘဝကလွတ် လာလို့ သခင်နုအမည် သုံးစရာလို တော့ဘူးလို့ အလွယ်ထင်ရပေမဲ့ ဘဝတူ သခင်အချို့က ဦးနုဆိုပြီး နာမည်ပြောင်းတာကို မကျေမနပ် ဖြစ်ကြတဲ့ ဂယက်ကလည်း ရှိပါ သေးတယ်။ သခင်အများစုက လက်ဝဲသမားတွေ (မာ့ခ်စ်ဝါဒီတွေ၊ မြေပေါ်ကွန်မြူနစ်တွေ) ဖြစ်ကြပါ တယ်။ ၁၉၅၁၊ ၅၂ နှစ်ကြိမ်ခွဲလုပ်တဲ့ အထွေထွေ ရွေးကောက်ပွဲတွေမှာ သခင်နုဦးစီးတဲ့ ဖဆပလအဖွဲ့ချုပ်နဲ့ ပြိုင်ဘက်ပါတီတွေက သခင်ထွန်း အုပ်တို့ရဲ့ တို့ဗမာအစည်းအရုံး၊ သခင်ဗစိန်ရဲ့ ဗမာပြည် ဒီမိုကရက် တစ်ပါတီ၊ ဒေါက်တာဗမော်ရဲ့ မဟာဗမာအဖွဲ့၊ အခြား လက်ဝဲပါတီ တွေ အများအပြား ပြိုင်ကြပါတယ်။ ဖဆပလအဖွဲ့ချုပ်အပါအဝင် ပြိုင် ဖက်က ၁၃ ပါတီ ရှိခဲ့တယ်လို့ အဆိုရှိတယ်။ သခင်နုနဲ့ တွဲဖက်လုပ် ကိုင်နေရတဲ့ ဖဆပလ (ဆိုရှယ်လစ် အုပ်စု)က တက္ကသိုလ်ပညာတတ် ဒုဝန်ကြီးချုပ်ဦးဗဆွေ၊ ဒုဝန်ကြီးချုပ် ဦးကျော်ငြိမ်းစတဲ့ ပုဂ္ဂိုလ်များ အရေးပါလာတယ်။ သခင်နု တစ် ချိန်ကပါဝင်ဖူးတဲ့ တို့ဗမာအစည်း အရုံး (သခင်ပါတီ)ကလည်း အား နည်းနေပါပြီ။ သခင်တချို့နဲ့ မြေ အောက်ပုန်ကန်သူ တချို့လည်း ဆက်သွယ်မှုရှိနေတယ်။ အဲဒါတွေ ကို သုတေသနလုပ်ပြီး  သခင်နုက ဦးနုအမည် ပြောင်းရတာကို စူးစမ်း ကြရမှာပါ။ ဦးနုရဲ့ နောက်လိုက် တွေက ၁၉၆၁ ခုနှစ်မှာ ဦးဗိုလ်အုပ်စု နဲ့ သခင်အုပ်စုကွဲသွားတဲ့အထိ ဦးနု ရဲ့ ၁၂ နှစ်တာ ဝန်ကြီးချုပ်ဘဝနဲ့ စိတ်ခံစားချက်တွေ ဘယ်လိုရှိမလဲ ဆိုတာ သုတေသနလုပ်ကြရမှာပါ။ (ဒါမှလည်း သခင်နုက ဦးနု ဖြစ်လာ တာ အမှန်ကိုရောက်နိုင်ပါမယ်။)
ပါတီဝါဒက ဆိုရှယ်လစ်ဒီမိုကရက်
သခင်နုဟာ တစ်သီးပုဂ္ဂလ(ဝါဒ မရှိသူလို့) ပြောကြပေမယ့် ကနဦး သခင်နုလေ့လာတာက ဦးဘချို၊ ဦးဘခိုင်တို့ရဲ့ ဖေဗီယန်ဆိုရှယ်လစ် ဝါဒပါပဲ။ ဆင်းရဲသားကောင်းစားရေး ဝါဒပဲ။ သူဌေးကို မထိခိုက်စေရဘူး။ ဗုဒ္ဓဘာသာတရားတော်အရ ရှေး အတိတ်ကံကြောင့် ချမ်းသာသူ သူဌေးတွေကို ရန်မရှာဘဲ ဆင်းရဲ သားတွေကို ဘယ်လိုချောင်လည် အောင် လုပ်မလဲဆိုတာသာသခင်နု က စဉ်းစားတဲ့သူပါ။ လူမွဲတို့ထွက်ရပ် လမ်းဆိုတဲ့ စာတစ်အုပ်ကို သခင်နု ရေးခဲ့ပါတယ်။ သူ့ရဲ့လုပ်ဖော်ကိုင် ဖက်တွေက မာ့ခ်စ်ဝါဒကို အခြေခံ တဲ့ ဆိုရှယ်လစ်တွေဖြစ်နေတယ်။ မာ့ခ်စ်ဝါဒအရ သူဌေးတွေ ခေါင်းပုံ ဖြတ်လို့ ဆင်းရဲသားတွေမွဲတေရတဲ့ နွံတွင်းက မတက်နိုင်တာ ဖြစ်တယ် လို့ဆိုတယ်။ သူဌေးကို အပြစ်မြင်တဲ့ ဆိုရှယ်လစ်တွေနဲ့ သူဌေးကို မထိ ခိုက်ဘဲ ဆင်းရဲသားကို ကယ်တင် ချင်တဲ့ ဖေဗီယန်ဝါဒက ခြားနားနေ ပြန်တယ်။ ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက် ဦးကျော်ငြိမ်းတို့လိုလားတဲ့ ဝါဒ အတိုင်း ဒီမိုကရက်တစ်ဆိုရှယ်လစ် ဝါဒကို ဖဆပလအဖွဲ့ရဲ့ဝါဒလို့ ဦးနု ကလည်း ကြေညာနိုင်ခဲ့ပေမယ့် သူ ကိုယ်တိုင်ခံစားချက်အရ လောက ပါလတရားနဲ့ ဆိုရှယ်လစ်ဝါဒဟာ သဟဇာတဖြစ်မဖြစ် သုတေသန လုပ်ကြရဦးမှာပါ။
၃၃ ဦး အကြံပေးအဖွဲ့နဲ့ လောကပါလတရား
တော်လှန်ရေးကောင်စီခေတ် မှာ ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးနေဝင်းက အစဉ်အလာရှိတဲ့ နိုင်ငံရေးသမား ကြီး ၃၃ ဦးကို ပြည်တွင်းညီညွတ်ရေး အကြံပေးအဖွဲ့အမည်နဲ့ ၂၆ နိုဝင် ဘာ ၁၉၆၈ ခုနှစ်မှာ ဖွဲ့စည်းပြီး အကြံÓာဏ် တောင်းခံခဲ့ပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အသစ် ရေးဆွဲနိုင်ရေးအထိ ရည် မှန်းချက်ရှိကြောင်း ဗိုလ်ချုပ်ကြီးက ၃၃ ဦးအဖွဲ့ကို မိန့်ကြားခဲ့ပါတယ်။
အဲဒီအဖွဲ့က ၂၁ ဦးနဲ့ ၁၁ ဦး ဆိုပြီး အကြံပေးတာ ၂ မျိုးဖြစ်နေ တယ်။ (ဒီမိုကရေစီဆိုရှယ်လစ် အဖွဲ့) ၂၁ ဦးအဖွဲ့ရဲ့ အကြံပေးချက် တွေထဲမှာ နိုင်ငံရေးအရ လွတ်လပ်မှု ၇ ချက်၊ တရားမျှတမှု ၃ ချက်၊ ညီမျှမှု ၃ ချက်ကို အကျယ်တဝင့် ရှင်းပြထားပြီး လောကပါလတရား များနှင့်အညီ ဖွဲ့စည်းအုပ်ချုပ်ဖို့ သင့်ကြောင်းတင်ပြကြပါတယ်။ ပြီး တော့ သင့်တော်တဲ့အချိန်မှာ ပါတီ စုံစနစ်ကို ကူးပြောင်းဖို့ အကြံပြု ထားတာ တွေ့ရပါတယ်။ ဦးနုက သီးခြားအကြံပြုချက် တင်သွင်းပါ တယ်။ ၁၁ ဦးအဖွဲ့က ဆိုရှယ်လစ် ဒီမိုကရေစီ ကျင့်စဉ်ကို သုံးစွဲလိုတဲ့ လက်ဝဲဆန်သူတွေ ဖြစ်ပါတယ်။
၂ဝဝ၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ခုနှစ်၊ အခန်း ၁ နိုင်ငံတော် အခြေခံမှုများ အခန်းမှာBasic Principles အခြေခံမှုများ ပုဒ်မ ၆၊ ပုဒ်မခွဲ (င) မှာလည်း နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောက ပါလတရားများ ပိုမိုထွန်းကားရေး ဆိုတဲ့ ပုဒ်မခွဲတစ်ရပ်လည်း ထည့် သွင်းထားပါတယ်။ နိုင်ငံသစ်တစ်ရပ် ကို တည်ဆောက်တဲ့နေရာမှာ လောကပါလတရား ၃ ပါးဖြစ်တဲ့ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုတာဟာ ဘယ်လောက် အရေးပါသလဲဆိုတာ ထင်ရှားပြီး ဖြစ်ပါတယ်။ အထူးသဖြင့် ပါတီစုံ စနစ်နဲ့ နိုင်ငံရေးအခင်းအကျင်းဟာ လောကပါလတရားများနဲ့ ထုံမွှန်း နေမှသာပြီး ပြည့်စုံတဲ့၊ သာယာ ဝပြောတဲ့ နိုင်ငံ တော်ကြီးတစ်ရပ်ကို ဦးတည်သွားမှာ ဖြစ်ပါတယ်။
မိုးမြင့်ဝင်း(သိပ္ပံ/နည်းပညာ)
စာကိုး-
(၁) မြန်မာ့ရက်စဉ်သမိုင်း ၁၉၄၅-၂ဝဝ၈ ဒုတိယတွဲ၊ သမိုင်း သုတေ သနအဖွဲ့။
(၂) မြန်မာ့အောင်ဆန်း (မောင် မြတ်မိုး-ဘာသာပြန်)၊  (Aung San of  Burma, Dr. Maung  Maung)
(၃) ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ခုနှစ်၊ ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေးလုပ်ငန်း၊  ပြန်ကြားရေး ဝန်ကြီးဌာန။

Monday, May 30, 2011

တရုတ် စီးပွားကျွန် ဖြစ်လာမယ့် မြန်မာနိုင်ငံ

တရုတ် စီးပွားကျွန် ဖြစ်လာမယ့် မြန်မာနိုင်ငံ

by VOA Burmese Fan Page on Monday, May 30, 2011 at 1:19pm
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ နေ မြန်မာ့အရေးလေ့လာနေသူ ဦးဘိုဘိုကျော်ငြိမ်း ကို ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်းပြီး မြန်မာ-တရုတ် ဆက်ဆံရေး၊ အခြေအနေ၊ အလားအလာများကို ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ သမ္မတသစ် ဦးသိန်းစိန်ရဲ့  တရုတ်နိုင်ငံခရီးစဉ်ဟာ အရပ်သားအမည်ခံ မြန်မာအစိုးရသစ်အနေနဲ့ တရုတ်နိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး အစစအရာရာ မှီခိုအားထားပါတယ်ဆိုတဲ့ မပြောင်းလဲတဲ့ နိုင်ငံရေးခြားရေး မူဝါဒကို ပြသလိုက်တယ်ဆိုတဲ့သဘောပဲလို့ လေ့လာသူတွေက ရှုမြင်ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာရှိနေတဲ့ မြန်မာ့အရေးလေ့လာသူ ဦးဘိုဘိုကျော်ငြိမ်း ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ ဗမာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့  ရေရှည်ပေါ်လစီရဲ့  အရေးပါတဲ့နေရာမှာ ပါပါတယ်။ ဆိုတော့ ဒါကို သူတို့အကောင်အထည်ဖော်တာပဲ။ အဲဒါ ကျနော် ဘာကိုဆိုလိုတာလည်းဆိုရင် အမေရိကန် စူပါ ပါဝါအနေနဲ့ အာဏာရှိလာချိန်မှာ အမေရိကန်အလယ်ပိုင်းနဲ့ တောင်အမေရိကဟာ ငါရဲ့  ရပ်ကွက်ပဲလို့ ကြေညာပြီးတော့ ဒီဟာကို သူတို့ မောင်ပိုင်စီးတယ်။ သဘောက သူတို့ရဲ့  အာဏာကို သူတို့ထုတ်ပြတာပေါ့။ တရုတ်ကလည်း အခုအခါမှာ ကြည့်လို့ရှိရင် စီးပွားရေးအရ ဒုတိယဖြစ်လာပြီ။ စစ်ရေးအရလည်း ဒုတိယဖြစ်လာပြီ။ အဲဒီလို ရှိလာတဲ့အခြေအနေတွေကို တိုးချဲ့ တာပေါ့။ သူတို့ရဲ့  အာဏာကိုပြတာပေါ့။ အဲဒီလို့ ပြတဲ့အချိန်မှာ တရုတ်က ဘာရူးလာလည်းဆိုတော့ အမေရိကန်က သူတို့ကို ဝိုင်းမှာကြောက်တော့ တရုတ်က ဘာလုပ်လာလည်းဆိုတော့ သူ့ကိုယ်သူ ဝိုင်းလိုက်ပြီး ဒီဟာက ငါရဲ့  ပိုင်နက်ပဲဆိုပြီး ကြေညာလာတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဦးဘိုဘိုကျော်ငြိမ်း ပြောတာက တရုတ်ဘက်က အမြင်ကိုပြောတာ။ ဒါပေမဲ့ ဗမာနိုင်ငံဘက်က ကြည့်မယ်ဆိုရင် သမ္မတဦးသိန်းစိန်ရဲ့  အစိုးရက မကြာသေးခင်ကမှ အသစ်တက်လာတဲ့ အစိုးရ။ အသစ်တက်လာတဲ့ အစိုးရ သမ္မတသစ်တယောက်အနေနဲ့ ပထမဦးဆုံးသွားတဲ့ နိုင်ငံရပ်ခြား ခရီးစဉ်က အိမ်နီးချင်း တရုတ်နိုင်ငံဖြစ်နေတော့ ဒါက ထူးခြားချက်။ အစိုးရသစ်ရဲ့  မူဝါဒသဘောထားကို ဖော်ပြလိုက်တဲ့ ထူးခြားချက်အနေနဲ့ မယူဆနိုင်ဘူးလား။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ သိပ်သေချာတာပေါ့။ အစိုးရသစ် တက်လာတဲ့အခါမှာ အစိုးရကို ထောက်ခံတဲ့နိုင်ငံ၊ သူတို့က archor ခေါ်တာပေါ့ - သူတို့ ကျောက်ချရမယ့် နိုင်ငံဟာ တရုတ်နိုင်ငံအနေနဲ့ တရုတ်ကို အားကိုးတဲ့ဟာကို ဆက်ပြီးယူထားတာပေါ့။ အထူးသဖြင့် အမေရိကန်ကလည်း အမေရိကန်ပေါ်လစီက မပြောင်းဘူးဘဲ ပြောကြပါစို့။ တရုတ်ကလည်း ၂၀၁၂ ခုနှစ်ဆိုရင် သမ္မတအသစ် ဖြစ်မယ်။ သူ့ရဲ့  ရပ်တည်ချက်ကို အားကိုးတဲ့အနေနဲ့ မြန်မာနိုင်ငံဟာ တရုတ်ကိုအားကိုးတယ်ဆိုတာ။ ပထမဦးဆုံး သွားတဲ့နိုင်ငံက ထူးခြားတယ်ဆိုတာ အားကိုးတာကိုပြတာ။ ထိုနည်းတူစွာ ဖြစ်ဖြစ်ခြင်းမှာ ဘယ်သူက အသိအမှတ်အစပြုပြီးတော့ လာပြီးတော့ စစ်ဖက်ရေးရာ၊ အကုန်လုံးလာတာ ဘယ်သူလည်းဆိုရင် တရုတ်ပဲ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒါက အဓိကအားဖြင့်တော့ နိုင်ငံရေး ပထဝီအနေအထားအရလည်း ပါတယ်။ ဗမာအစိုးရအနေနဲ့ အနောက်အုပ်စုရဲ့  ဝိုင်းကြဉ်မှုတွေကို ခံနေရတဲ့အချိန်မှာ တရုတ်ကို ပိုပြီအားထားလာတယ်။ ဒီအနေအထား၊ ဒီသဘောထားဟာ အစိုးရသစ် တက်လာတော့လည်း မပြောင်းပါဘူးဆိုတဲ့ သဘောကို ပြချင်တာပေါ့။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ ဒါ သေချာတာပေါ့။ ဘာကြောင့်လည်းဆိုတော့ နှစ်ခု ရှိတယ်။ ဗမာနိုင်ငံအနေနဲ့ သူတို့အနေနဲ့ ကစားနိုင်တဲ့ အကွက်ရှိဖို့ရာ အထူးသဖြင့် အမေရိကန်နိုင်ငံပေါ့။ ဆိုတော့ ရှင်းရှင်းပြောရရင်တော့ နိုင်ငံရေးအရဆိုရင်တော့ တရုတ်ကိုပဲ အားကိုးရတာ မကောင်းဘူး။ ကျနော်လည်း ဗမာနိုင်ငံသားအနေနဲ့ မကြိုက်ဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီအတိုင်း ဆက်သွားလို့ရှိရင် ကျနော်တို့က လွတ်လပ်တဲ့နိုင်ငံ ဖြစ်ပေမယ့် Yunnan Province မျိုး ဖြစ်လာမယ်ဆိုတော့ ဗမာအစိုးရအနေနဲ့လည်း ကစားကွက် သိပ်မရှိဘူး။ မရှိတဲ့အတွက် ပြောင်းလဲသွားတဲ့အခြေအနေကို လက်ခံဖို့အတွက်ကို တရုတ်ကို ပြေးကပ်တာပဲ။

ဦးသန်းလွင်ထွန်း ။ ။ အခုနက ဦးဘိုဘိုကျော်ငြိမ်း ပြောတဲ့အထဲမှာ စီးပွားရေးကျွန်ဆိုတဲ့ စကားလုံးတခုပါပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံဟာဆိုရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု အများဆုံးနိုင်ငံ။ အထူးသဖြင့် တနှစ်ကို ဒေါ်လာ ၁၅ ဘီလီယန်ကျော်ကျော် ရင်းနှီးမြုပ်နှံနေတယ်ဆိုတာကိုလည်း ကျနော်တို့ သိရပါတယ်။ အခုလို နိုင်ငံတကာက ရင်းနှီးမြုပ်နှံမှု ပိတ်ဆို့နေတဲ့ကြားထဲမှာ တရုတ်ရင်းနှီးမြုပ်နှံမှုတွေကို အားမကိုးနိုင်ဘူးဆိုရင် ဗမာနိုင်ငံအနေနဲ့ တခြားဘာတွေလုပ်လို ရမလဲ။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ ဗမာနိုင်ငံအနေနဲ့ ကစားကွက်ကတော့ အနောက်နိုင်ငံ နဲ့ တရုတ်ကို ပြန်မျှပြီး ကစားလို့ရတာပေါ့။ အခုတော့ ဥရောပကလည်း ပျော့ပျောင်းလာတယ်။ ဥရောပက ဆက်ဆံချင်တာ ရှိပေမယ့်။ အမေရိကန်ရဲ့  ပေါ်လစီ မပြောင်းဘူး။ ဆိုတော့ ဘာလာဖြစ်သလဲဆိုတော့ အခုန စီးပွားရေးကျွန်ဖြစ်တယ်ဆိုတာက တရုတ်ကလည်း အာဆီယံနဲ့ ပေါင်းပြီးတော့ တရုတ်ပစ္စည်းတွေအားလုံးကို အာဆီယံက ပိတ်သလောက်ပိတ်ထားတာရှိတယ်။ ဆိုတော့ ဗမာနိုင်ငံမှာထုတ်တဲ့ တရုတ် ရင်းနှီးမှု၊ တရုတ်အတတ်ပညာအားလုံးနဲ့ တရုတ်ထုတ်လုပ်တဲ့ပစ္စည်းပဲ ဗမာနိုင်ငံမှာ ထုတ်တာပဲရှိတယ်။ ဗမာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့  ပြည်နယ်တခု။ စီးပွားရေးပြည်နယ်တခုလိုသာ ဖြစ်တယ်။ အဲဒီအခါကြတော့ အာဆီယံနဲ့ ဆက်လိုက်တဲ့အခါကြတော့ တရုတ်ရဲ့  ပစ္စည်းတွေဟာ အာဆီယံကို ပြန့်သွားတယ်။ ဒီအကွက်ကို တရုတ်က နင်းလာသလို။ ကျနော်တို့ ဗမာနိုင်ငံအနေနဲ့ တရုတ်ကလွဲပြီးတော့ ကျန်တဲ့ နိုင်ငံတွေနဲ့ ကစားဖို့အကွက် မရှိဘူးဆိုရင် ကျနော်တို့ စီးပွားရေးကျွန်ဖြစ်မယ်လို့ ဆိုလိုတာပါ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါအပြင် စောစောက ဦးဘိုဘိုကျော်ငြိမ်း ပြောတဲ့အထဲမှာ တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့  အိမ်နီးချင်းနိုင်ငံတွေကို သူဘာသာ ဝိုင်းရံပတ်လိုက်ပြီးတော့ ဒါဟာ ငါတို့လူတွေပါလို့ သူ့ရဲ့  ဘောင်အတွင်းကို ဆွဲသွင်းလိုက်ပြီး နိုင်ငံရေးအယူဝါဒ နဲ့ လုံခြုံရေးအရ အခြေအနေကိုကြည့်ပြီး ဆွဲသွင်းလိုက်တဲ့ အခြေအနေမျိုးမှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံခြင်းအားဖြင့် ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရနိုင်မလဲ။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ တရုတ်အနေနဲ့ အများကြီး ရနိုင်တာပေါ့။ ဘာကြောင့်လည်းဆိုတော့။ နှစ်ပိုင်းရှိတယ်။ တရုတ်က အရေးကြီးဆုံးက တကယ်လို့ စစ်ဖြစ်လို့ရှိရင် ရေနံပြဿနာရှိတယ်။ ဆိုတော့ သူက ဘာလုပ်လိုက်လည်းဆိုရင် ဗမာနိုင်ငံကို အမေရိကမှာ Louisiana, Texas လိုပဲ သင်္ဘောတွေအားလုံးဟာ ဒါကြောင့် စစ်တွေကို ရေနက်ဆိပ်ကမ်းလုပ်လိုက်တယ်။ တခါ ရခိုင်ကနေ ယူနန်ကို တန်သယ်မှာ။ ဆိုတော့ ဗမာနိုင်ငံဟာ တရုတ်နိုင်ငံကို ပိတ်နေတဲ့ အိန္ဒိယသမုဒ္ဒရာရဲ့  ထွက်ပေါက်ကို ပေးထားတာဖြစ်တယ်။ ဒီအတွက် စစ်ရေးအရကော၊ စွမ်းအင်လုံခြုံရေးအရကော၊ စီးပွားရေးအရကော ဗမာနိုင်ငံဟာ ပထဝီအနေအထားအရ အင်မတန် အရေးကြီးတဲ့ အနေအထားမှာရှိနေတယ်။ တရုတ်က ဗမာနိုင်ငံကိုလာပြီးတော့ တိုးချဲ့ ပြီးတော့ ရင်းနှီးမြုပ်နှံတာ ဖြစ်တဲ့အတွက်ကြောင့် တရုတ်အတွက် အင်မတန် အကျိုးရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီအကျိုးတွေပဲ ကြည့်ပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ နိုင်ငံတကာက ဝေဖန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံရေးဖိနှိပ်မှုတွေကို တရုတ်က မဝေဖန်တော့ဘူးလို့ ယတိပြတ် ယူဆလို့ ရနိုင်သလား။ ဒါမှမဟုတ် တိုးတိုးတိတ်တိတ် ဝေဖန်မှုတွေ ရှိနေသလား။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ တရုတ်ကတော့ လုံးဝ မဝေဖန်ဘူးရယ်လို့တော့ မဟုတ်ဘူး။ တရုတ်က ရှင်းနေတာကတော့ သူ့နိုင်ငံအကျိုးအတွက်တော့ သူကစားမှာပဲ။ ဗမာနိုင်ငံတွင်းမကဘူး တကမ္ဘာလုံး ဆူဒန်၊ အာဖရိက က နိုက်ဂျီးရီးယားတို့ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ နိုင်ငံတွေအားလုံးကို တရုတ်က ဆက်ဆံမှာပဲ။ ဘာကြောင့်လည်းဆိုတော့ ရေနံ။ အမေရိကန်က ရေနံကို လက်ဝါးကြီးအုပ်ထားတဲ့အတွက် ကျန်တဲ့ဟာတွေအားလုံးကို တရုတ်က လိုက်ဆွဲတာ။ တရုတ်ကတော့ သူ့နိုင်ငံအကျိုးကတော့ ပထမပဲ။ လူ့အခွင့်အရေးတွေ ဘာတွေဆိုတာက နောက်မှလာတာ။ သို့သော် နိုင်ငံကြီးတနိုင်ငံ ဖြစ်လာမှ သူမှာတာဝန်ရှိတဲ့အတွက် သူကြည့်ကောင်းအောင်တော့ သူလုပ်မယ်။ သို့သော် အဓိကကျတဲ့ တရုတ်အကျိုးအတွက်ကတော့ အဓိကပဲလို့ အဲဒီလိုမြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံတကာဆိုလို့ နိုင်ငံတကာမှာ ဝိုင်းပြီးတော့ နိုင်ငံတကာကနေ ဝေဖန်ခံနေရတဲ့၊ အပြစ်တင်ခံနေရတဲ့ နိုင်ငံတွေနဲ့ တရုတ်နိုင်ငံရဲ့  ဆက်ဆံရေးအကြောင်းကို သွားချင်ပါတယ်။ ဒီနေရာမှာ တိုက်ဆိုင်မှုလို့ပဲ ပြောရမလား မသိဘူး။ လောလောဆယ် တရုတ်နိုင်ငံမှာဆိုရင် မြောက်ကိုရီးယားနိုင်ငံရဲ့  သမ္မတ ကင်ဂျောင်အီလည်း ရောက်နေတယ်။ မြန်မာနိုင်ငံက သမ္မတဦးသိန်းစိန်လည်း တချိန်တည်းမှာ ရောက်လာတယ်။ နောက် အီရန်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးလည်း အလည်အပတ် ရောက်နေတယ်ဆိုတော့ ဒါဟာ တိုက်ဆိုင်မှုလို့ပဲ ပြောလို့ရမလား။ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာက ဆန့်ကျင်နေတဲ့ လူဆိုးစာရင်းဝင် နိုင်ငံတွေကို ခါးပိုက်ဆောင်ထဲ ထည့်ထားတယ်ဆိုတဲ့ သဘောကို ပြချင်တဲ့သဘောလား။ ဒါမှမဟုတ် အနောက်အုပ်စု ချည်းကပ်ပုံနဲ့ တရုတ် ချည်းကပ်ပုံတွေက မတူပါဘူး။ ကျနော်တို့အနေနဲ့ ရင်းရင်းနှီးနှီးပေါင်းပြီးတော့ ဖြောင့်ဖြယူလို့ ရပါတယ်ဆိုတာကို ပြချင်တယ်ဆိုတဲ့ သဘောလား။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ ရှင်းရှင်းပြောရရင်တော့ တရုတ်က သူပြောချင်တာ ပြောလို့ရတာပေါ့။ ဟို ကြည့်ကောင်းအောင် ပြောလို့ရပေမယ့် ဒါတွေအားလုံးကတော့ သူ့အကျိုးအတွက်ပဲ သူလုပ်တာပါ။ ဥပမာ အီရန်ဆိုရင် အီရန်က ဂတ်စ်မှာဆိုရင် နံပတ် (၂)။ ရုရှားပြီးလို့ရှိရင်။ အမေရိကန်က ပြောတယ် အီရန်မှာ အရင်းအနှီးလုပ်တယ်လူတွေကို အရေးယူမယ်ပြောတယ်။ တရုတ်က ရေနံပိုက်ကြီးတခုလုံးကို အီရန်ကနေ သွယ်ထားတယ်။ ဆိုတော့ အမေရိကန်က တရုတ်ကို သွားမပိတ်ပင်ရဲဘူး။ မပိတ်ပင်နိုင်ဘူး။ ဆိုတော့ တရုတ်က အားလုံးက သူ့အကျိုးအတွက်ပဲ။ အီရန်ဆိုလည်း ဂတ်စ်၊ ရေနံတွေ ရတယ်။ နောက်တခါ ဥပမာ မြောက်ကိုရီးယားဆိုရင် ရှင်းရှင်းလေး အမေရိကန်ရှိတဲ့ တောင်ဘက်က သူ့ရဲ့  နယ်နိမိတ်မှာ ကပ်တဲ့နိုင်ငံကို သူအထိမခံနိုင်ဘူး။ အဲဒီအတွက် မြောက်ကိုရီးယား ဘယ်လောက်ပဲဆိုးဆိုး နိုင်ငံရေးအရ မြောက်ကိုရီးယားကို ထောက်ခံပေးထားတယ်။ ဆိုတော့ ဒီဟာတွေအားလုံးကို ကြည့်လို့ရှိရင် သူက သူ့အကျိုးအတွက်ပဲ လုပ်တာ။ သူက သူ့ရဲ့  အင်အားကို စီးပွားရေးအင်အား၊ စစ်ရေးအင်အားကို ထူထောင်ပြီမှ တဖြည်းဖြည်းခြင်း ရေရှည်အတွက်ကို လက်ခမောင်းခတ်လာတာ။ ဒါတွေအားလုံးကို ကြည့်လို့ရှိရင် တရုတ်က သူ့အကျိုးစီးပွားအတွက်ကို ရေရှည်ဖြည်းဖြည်းခြင်း ဖော်ဆောင်နေတာလို့ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လတ်တလောဖြစ်နေတဲ့ ယူနန်နယ်နဲ့ နယ်နိမိတ်ချင်း ဆက်နေတဲ့ မြန်မာနိုင်ငံနယ်စပ်တလျှောက်မှာ ဖြစ်နေတဲ့ ပြဿနာတွေ။ လတ်တလောဖြစ်နေတဲ့ ပြဿနာတွေက တရုတ်နိုင်ငံအတွက် အရေးမကြီးဘူးလား။ အထူးသဖြင့် မြန်မာနိုင်ငံ နယ်စပ်ဒေသအတွင်းမှာ ကချင်တပ်ဖွဲ့၊ ဝတပ်ဖွဲ့၊ ကိုးကန့်တပ်ဖွဲ့တွေ နဲ့ မြန်မာတပ်ဖွဲ့၊ ရှမ်းတပ်ဖွဲ့တွေကြား တင်းမာမှုတွေ ရှိနေတဲ့ဟာက ယူနန်နယ်နိမိတ်အထိ ကူးဆက်လာမယ့် အန္တရာယ်တွေ ရှိနေတယ်ဆိုတော့ ဒါဟာ ရေရှည်ထက်ဆရင် လတ်တလောအားဖြင့် ဖြေရှင်းပေးရမယ့်ကိစ္စမျိုး ဖြစ်နေတော့ ဒီကိစ္စတွေအပေါ်ကို တရုတ်အနေနဲ့ ဘာတွေပြောလာလိမ့်မယ် ထင်သလဲ။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ ဒီကိစ္စကတော့ နည်းနည်းသိမ်မွေ့တယ်။ တရုတ်က ဒါကို ခေါင်းကိုက်တဲ့ ပြဿနာတော့ ရှိတယ်။ ဒါပေမဲ့ ဒီဟာကြီးက ကြီးထွားလာနိုင်တဲ့ ပြဿနာမရှိဘူးလို့ ကျနော်ကတော့ ယူဆတယ်။ မရှိဘူးဆိုတာက တရုတ်က ဒီတိုင်းရင်းသား လူမျိုးစုတွေအားလုံးက တရုတ်ကို မှီခိုနေရတယ်။ ဗမာနိုင်ငံက ဗမာအစိုးရက ဗမာစစ်တပ်က တရုတ်နိုင်ငံကို မှီခိုရသလို။ စီးပွါးရေးအရ၊ လူမှုရေးအရ အားလုံးကို ကချင်ဖြစ်ဖြစ်၊ ဝဖြစ်ဖြစ် အားလုံး က တရုတ်ကို မှီခိုနေရတယ်။ တရုတ်ရဲ့  သြဇာက အင်မတန်ကြီးပါတယ်။ တရုတ်မဖြစ်စေချင်တာကတော့ ပြည်တွင်းစစ် ပြန်ဖြစ်ပြီး လက်နက်ကိုင် တိုက်တာမျိုး သူတို့ မဖြစ်စေချင်ဘူး။ ဒီဟာကို ကစားတဲ့နေရာမှာ ဗမာအစိုးရကလည်း ဗိုလ်ကျတဲ့စိတ်ပါတယ်။ ငါတို့နိုင်တယ်။ ငါတို့ လုပ်နိုင်တယ်ဆိုတဲ့ လုပ်ဆောင်ချက်တွေပါတယ်။ ဆိုတော့ တရုတ်က တခုရှိတယ်။ တရုတ်ကို လေ့လာတဲ့အခါကြတော့ တရုတ်က ဘာပဲပြောပြော အမေရိကန်နိုင်ငံရဲ့  ဗိုလ်ကျခြင်းကို သူခံရတယ်လို့ ယူဆတဲ့အတွက် သူက အင်မတန် လိမ်မာတယ်။ ကိုင်တွယ်တဲ့နေရာမှာလည်း အင်မတန်ချိုသာတယ်။ သူ့သြဇာကို သူသုံးပေမယ့် မင်းတို့ ဒီလိုလုပ်ဆိုတဲ့ အမေရိကန်လို လူပါးဝတဲ့ အကျင့်မျိုး သူတို့မလုပ်ဘူး။ ဒါ ကျနော့်ရဲ့  သုံးသပ်ချက်၊ ကျနော့်ရဲ့  တွေ့ရှိချက်ပါ။ ဒါပေမဲ့ တရုတ်က သူ့ရဲ့  အချိုးက ဘာလဲဆိုတော့ လက်နက်ကိုင်တိုက်ပြီး လူတွေဖယ်ရှားသွားတာ refugees တွေ သူ့နိုင်ငံ ရောက်သွားမှာကို သူအဖြစ်မခံနိုင်ဘူး။ ဒီဟာကိုတော့ သူကိုင်တွယ်စရာရှိတယ်။ သူ့ရဲ့  အကျိုးကို လက်တလော ထိခိုက်တယ်ပေါ့။

ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံတကာ သုံးသပ်သူတွေကြားထဲမှာ တချို့ ကလည်း မြန်မာအစိုးရဟာ အစိုးရအဆက်ဆက်ဟာ တရုတ်အပေါ်မှာပဲ အမြဲတမ်း နိုင်ငံရေးအရ၊ စီးပွားရေးအရ အစစအရာရာ မှီခိုနေကြရတယ်လို့ သုံးသပ်ချက်ချထားတာရှိတယ်။ ဒါပေမဲ့လည်း တချို့ ကတော့ အဲဒီသုံးသပ်ချက်ချထားတယ်ဆိုတာ သိပ်ချဲ့ ကားလွန်တယ်။ တကယ်တမ်းကြတော့ မြန်မာအစိုးရ အဆက်ဆက်ဟာ တရုတ်အပေါ်မှာ ဒီလောက်ကြီး မှီခိုနေကြရတာ မဟုတ်ဘူး။ သူပါသာ အတိုင်းအတာအရ သူလုပ်ချင်တာကို လုပ်နေတာတွေလည်း ရှိပါတယ်ဆိုတဲ့ ထောက်ပြမှုတွေ ရှိနေတယ်။ အဲဒီတော့ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဦးဘိုဘိုကျော်ငြိမ်း အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ တရုတ်ကတော့ အင်မတန် ကြီးမားတဲ့နိုင်ငံကြီးလည်း ဖြစ်နေတယ်။ ကျနော်တို့ ကံဆိုးတယ်ပဲ ပြောရမလား။ ကံကောင်းတယ်ပဲ ပြောရမလား မသိဘူး။ ကျနော်တို့က လာပြီးတော့ မိုင်ပေါင်းများစွာ ဆက်ဆံနေရတယ့်အတွက် တရုတ်က ဗမာနိုင်ငံအတွက် အရေးကြီးပါတယ်။ ဒါဟာ ဘယ်အစိုးရပဲဖြစ်ဖြစ် တရုတ်ကို ရှောင်လွှဲလို့ မရဘူး။ ဆိုတော့ တရုတ်ကို ကျနော်တို့က မဆက်ဆံလို့ မရဘူး။ ဆက်ဆံရမယ်။ သို့သော် အခု လက်ရှိအခြေအနေမှာ ကျနော်တို့က မတရားမှီခိုရတာကတော့ နိုင်ငံရေးအရ ပိတ်ဆို့ခံရတာတွေရှိတယ်။ တွန်းပို့သလို ဖြစ်သွားတယ်။ ဗမာနိုင်ငံ ဗမာစစ်အစိုးရကလည်း သူတို့ စိတ်ဆိုးလာရင် ကွန်မြူနစ်နဲ့ တိုက်ခဲ့တာတွေကို ပြန်ပြန်ဖော်တယ်လို့ သူတို့ပြောတယ်။ ဗမာအစိုးရက အားလုံးထင်သလို တရုတ်ကို နားထောင်တာ မဟုတ်ဘူး။ သူတို့လုပ်ချင်တာ လုပ်တာတွေရှိတယ်။ ဗမာအစိုးရအနေနဲ့ အခြေအနေအရသော်လည်းကောင်း တရုတ်ကို အားကိုးရပေမယ့် တရုတ်ဆီက ယူစရာတွေအများကြီး ရှိသလို၊ တရုတ်ကို ကျနော်တို့ အသုံးချနိုင်လို့ရှိရင် ဗမာပြည်အတွက် အကျိုးရှိတာတွေ အများကြီးရှိတယ်။ သို့သော် မသုံးတတ်ရင်၊ မကိုင်တွယ်တတ်ရင်တော့ ကျနော်တို့ စီးပွားရေးကျွန် ဖြစ်လိမ့်မယ်။ ဒါက ကျနော်တို့အတွက် အန္တရာယ်ရှိတယ်။

အသံဖိုင် ရယူရန် @ http://www.voanews.com/MediaAssets2/burmese/2011_05/burma_forum_05-29-2011.mp3

ကျွန်တော်.မိတ်ဆွေလမ်းလျှောက်နေသောအဘိဓာန်


by Tharchit Zaw on Monday, May 30, 2011 at 12:55am
သူ.အမည်ကကိုဘိုနီ၊ကျွန်တော်တို.နှင်.တရပ်ကွက်တည်းနေသူဖြစ်သည်။
သူ.ပုံစံကဆံပင်ဖုတ်သိုက်၊ဆီမပါသောဆံပင်တွင်ဆံပင်ဖြူတွေကထိုးထိုးထောင်ထောင်
စွပ်ကျယ်ကိုအမြဲတန်းဝတ်ဆင်သည်၊ပါးစောင်တွင်ဆေးပြင်းလိပ်ကိုအမြဲတန်းခဲလျက်၊
သူု.ရဲ.ပုံသဏ္ကန်ကိုဖွင်.ဆိုရလျှင်တင်အောင်နီကာတွန်းထဲမှာပါတဲ.ကိုလေးပွလိုပုံစံမျိုးပါ၊
သူကဦးသန်.အရေးအခင်းပြီးနောက်ကျောင်းဆက်မတက်ဖြစ်ခဲ.တော.လို.ပြောပါသည်၊
ပြီးတော.သူ.အဖေကကွန်မြူနစ်ပါတီဝင်ဟောင်းတယောက်ဖြစ်သည်၊

Tuesday, May 24, 2011

လူ့အခွင့်အရေးနေ့ (တံဆိပ်ခေါင်းများ) ဦးအုန်းကျော်


လူ့အခွင့်အရေးနေ့ (တံဆိပ်ခေါင်းများ)
ဦးအုန်းကျော်
မေ ၁၀၊ ၂၀၁၁
‘‘တို့နိုင်ငံဟာ ၁၉၄၈ ဇန္န၀ါရီလ (၄) ရက်နေ့မှာ လွတ်လပ်ရေးရခဲ့တယ်။ အဲဒီနှစ်ထဲမှာဘဲ ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့တယ်။ အဖွဲ့ဝင်ဖြစ်ရတဲ့ ရက်စွဲအတိအကျကတော့ ၁၉၄၈၊ ဧပြီလ (၁၉) ရက်နေ့၊ အဖွဲ့ဝင်နိုင်ငံနံပါတ်က - ၅၈။ အဲဒါတွေကိုတော့ ... ငါ့တူသိပြီးသားပါကွာ။ ဒါပေမယ့် အဲ့ဒီကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ကြီးရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်း (The Universal Declaration of Human Rights) နဲ့ လူ့အခွင့်အရေးနေ့ (Human Rights Day) အကြောင်းကတော့ ငါ့တူအနေနဲ့ နဲနဲစိမ်းနေလိမ့်မယ်။ ကြားဖူး ချင်မှတောင် ကြားဖူးမယ်။’’

‘‘ဟုတ်တယ်ဦးလေးရ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကြားဖူတာတောင် သိပ်မကြာလှသေးပါဘူး။ အဲဒါကလဲ internet တွေထဲမှာ ပါ ပါလာလို့ ပါ။ ပြည်ပက Website တွေထဲမှာလဲ မကြာ မကြာတွေ့နေရလို့ပါ။ မကြားဖူး တာကို အပြစ်မတင်ပါနဲ့ ဦးလေးရာ။ ကျောင်းမှာကော၊ တက္က သိုလ်ကောလိပ်တွေမှာကော၊ ဘယ်မှာသင်ရ လို့တုန်း။ မဂ္ဂဇင်းတွေ - စာစောင်တွေမှာကော ဘယ်မှာ ဖတ်ရလို့တုံး။ ရှင်းရှင်းပြောရရင် ဘယ် လိုအချက်တွေပါ မှနဲ့ ရေရေရာရာ ဂဃနဏ မသိပါဘူးဦးလေးရာ။’’
‘‘တို့ကိုအုပ်ချုပ်တဲ့ ဒီစစ်အစိုးရတွေရဲ့အောက်မှာ အဲ့ဒီလူ့အခွင့်အရေး (Human Rights) ဆိုတဲ့ စကားလုံးကို မင်းတို့၊ ငါတို့တတွေ ကြား တောင် မကြားဖူးရလေအောင် တမင်တကာအညှိုးကြီးကြီးနဲ့ လုပ်ထားတာ ကွ။ မွေး ကထဲကပါလာတဲ့ မွေးရာပါ လူ့အခွင့်အရေးတွေ လူတိုင်းမှာ ရှိနေပါတယ်ဆိုတကို မသိအောင် လုပ်ထားတာ ကွ။’’
‘‘ဟုတ်တယ်နော် ... လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ဖြန့်ဝေတဲ့လူငယ်တွေ၊ အဖွဲ့အ စည်းတွေကိုလဲ နှိပ်ကွပ်တယ်ဆိုတဲ့ သတင်းတွေ ကျနော်တို့လဲ ကြားပါတယ်။”
‘‘အေး .. တကမ္ဘာလုံးမှာတော့ ဒို့နိုင်ငံနဲ့ တခြားစီဘဲ။ ငယ်ငယ်ကလေးထဲက အဲ့ဒီလူ့အခွင့်အရေးဆိုတာကို သိအောင်၊ နားလည်အောင်၊ ကြားဖူးနားဝရှိအောင် ကျောင်းတွေမှာသင်ပေးကြတယ်။ ပြောပြ - ဖတ်ပြ- ဖြန့်ဝေ - ပညာပေးကြတယ်။ ကလေးတွေနားလည်အောင် ဘယ်လို ဘယ်လိုပြောပါဆိုတဲ့ လက်စွဲစာအုပ် ကလေးေ တွတောင်ရှိသေးတယ်။ အဲ့ဒီလူ့အခွင့်အရေး ကြေညာစာတမ်းကို ကမ္ဘာပေါ်မှာ ရှိရှိ သမျှ ဘာသာစကားပေါင်း စုံနဲ့ ဘာသာပြန်ပြီး (မသိတဲ့သူ တယောက်မှ မရှိရလေအောင်) ဖြန့်ဝေကြ - ဟောပြောကြတယ်။ ကမ္ဘာ့စံချိန် တင်စာရင်းများ (Guinness World Records) ထဲမှာဆိုရင် အများဆုံးဘာသာပြန်ခံရသော မှတ်တမ်း (The Most Translated Document) အ ဖြစ်နဲ့တောင် စာရင်းသွင်းခံထားရတယ်။’’

‘‘ဟာ ဒါဆိုရင် ကျနော်တို့ ခုချိန်ထိမသိသေးဘဲ ယောင်ဝါးဝါးဖြစ်နေတာ ရှက်စရာကြီးပေါ့နော်။’’
‘‘ဟဲ ဟဲ၊ မင်းရှက်တတ်ရင်ပေါ့လေ။ အဲဒီလောက် တကမ္ဘာလုံး ရှိရှိသမျှ လူအပေါင်း (လှည်းနေ လှေအောင်း - မြင်းေ ဇာင်းမကျန်) အားလုံး သိကြတာကို မင်းတို့ ငါတို့တွေ ခု ဒီအရွယ်ကြီးတွေ ရောက်တဲ့အထိ၊ မသိသေး တာ၊ မဖတ်ဘူးသေးတာ နာသကွာ’’
‘‘ဒါနဲ့ ဟိုတလောကတော့ မြန်မာ့လူ့အခွင့်အရေးနေ့အဖြစ် ကိုဖုန်းမော်ကျဆုံးတဲ့ (မတ်လ ၁၃ ရက်) ကို သတ်မှတ်ပြီး ကျင်းပတဲ့အကြောင်းတော့ Internet တွေမှာ တွေ့လိုက်မိသေးတယ်။’’
‘‘အေး ဦးလေးလဲ တွေ့လိုက်မိပါတယ်။ ဒါပေမယ့် တကမ္ဘာလုံးက သတ်မှတ်ထားတဲ့ လူ့အခွင့်အရေးနေ့ကတော့ ဒီဇင်ဘာ ၁၀ ရက်နေ့ကွ။ အဲဒီကြေညာစာတမ်းကို အတည်ပြုခဲ့တဲ့ ၁၉၄၈၊ ဒီဇင်ဘာ ၁၀ ရက်ကို အထိမ်း အမှတ်ယူထားတာပေါ့ကွာ’’
‘‘အဲ့ဒီကြေညာစာတမ်းကို ဘယ်သူရေးတာလဲဟင်’’
‘‘နိုင်ငံတကာပညာရှင်တွေ ဆွေးနွေးတိုင်ပင်ပြီး ရေးကြတာကွ။ ဒို့အာရှတိုက်ကဆိုရင် တရုတ်ပြည်ကတောင်ပါေ သးတယ်။ တက်တက်ကြွကြွ လုပ်ခဲ့ကြတဲ့ သူတွေထဲမှာဆိုရင်လဲ အဲဒီတုန်းက အမေရိကန်သမတ ရုစဗဲ့ရဲ့မိန်းမ (Eleanor Roosevelt) ဆိုရင် ထင်ရှားတယ်။ အဲဒီကြေညာစာတမ်းမှာ စုစုပေါင်း အပိုဒ် ၃၀ ပါတယ်။ ဟောဒီမှာ မင်းတို့အတွက် ဦးလေး အဆင်သင့် ကော်ပီတွေကူးထား တယ်။ ယူသွားပြီး အေးအေးဆေးဆေး စိမ်ပြေနပြေဖ တ်ကြ၊ ဆွေးနွေးကြပေါ့ကွာ။ ဗမာလိုကော၊ အင်္ဂလိပ်လို မူရင်းကော’’
‘‘ဗမာလိုက ဘယ်သူပြန်တာလဲဟင်’’
‘‘အဲ့ဒါတော့ ဦးလေးလဲမသိဘူးကွ။ မင်းတို့လူငယ်တွေ ရှာဖွေပြီး သုတေသနလုပ်ကြည့်ပေါ့ကွာ။ သိရင်လဲ ဦးလေးကို ပြန်ပြောဦး။ ဦးလေးလဲ မှတ်ထားရတာပေါ့။’’
‘‘ဟုတ်ကဲ့ပါ ဦးလေး”
‘‘ဒီနေ့တော့ အပိုဒ်နံပါတ် (၂၀) ကို ငါ့တူကို ဖတ်ပြရမယ်။ သေသေချာချာ နားထောင်နော်။ ဗမာလိုကော အင်္ဂလိပ်လိုကော။

♦ အပိုဒ် ၂၀
(၁) လူတိုင်းတွင် လွတ်လပ်အေးချမ်းစွာ စုဝေးနိုင်ခွင့်နှင့် ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။
(၂) မည်သူကိုမျှ အဖွဲ့အစည်းတခုသို့ဝင်စေရန် အတင်းအကြပ်မပြုရ။

♦ Article 20
(1)  Everyone has the right to freedom of peaceful assembly and association.
(2)  No one may be compelled to belong to an association.

‘‘ဟာ ကောင်းလိုက်တာ ဦးလေးရာ။ ကျနော်တို့မှာ အဲ့ဒီအခွင့်အရေးတွေ ဘယ်တော့များမှ ရပါ့မလဲ။’’
‘‘ဒါတောင် တပိုဒ်ထဲဘဲရှိသေးတာ ငါ့တူ။ အပိုဒ် ၃၀ စလုံးကို ဖတ်ပြီးရင် အဲဒီအထဲက ဘယ်အခွင့်အရေးတွေရှိေ နပြီလဲဆိုတာ ... မင်းသိလာ လိမ့်မယ်။’’
‘‘အဲ့ဒီအခါကျရင် ဘာအခွင့်အရေးမှ မရှိဘူးဆိုတာ တွေ့ရတော့မယ်ဆိုပါတော့ ... ဒီလိုလား။’’
‘‘အဲ့ဒါတော့ မင်းဘာသာမင်း သိလာလိမ့်မပေါ့ကွာ။ ဒီနေ့တော့ တံဆိပ်ခေါင်းတွေအကြောင်း ဆက်ကြဦးစို့။ တကမ္ဘာလုံးက ပလူပျံအောင် ထုတ်နေပေမယ့် ဒို့နိုင်ငံကတော့ တလုံးမှ မထုတ်ခဲ့ပါဘူးကွာ။’’
‘‘တကယ်လား ဦးလေးရာ။ ကုလသမဂ္ဂနဲ့ပတ်သက်တာတွေတာ့ ထုတ်နေသားဘဲ မဟုတ်လား’’
‘‘အေး ...ကြိုကြား၊ ကြိုးကြားထုတ်နေတာတွေတော့ရှိပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေး (Human Rights) နဲ့ပတ်သက်တာကိုတော့ တခု မှ မထုတ်ခဲ့ဘူးကွာ။ ဒီလူ့အခွင့်အရေးဆိုတာကို နားထဲ သံရည်ပူလောင်းထည့်ခံရ သလို .. အခံရခက်တယ်ထင်ပါရဲ့။ အာဏာရှင်နိုင်ငံ တွေ လူ့အခွင့်အရေးချိုးဖောက်တဲ့နေရာမှာ နာမည်ကြီး တဲ့နိုင် ငံတွေကတောင် (ဟန်ပြလေးဖြစ်ဖြစ်) တလုံးတလေ ထုတ်ကြသေးတယ်။ တို့နိုင်ငံကတော့ လုံးဝဆို လုံးဝ ဘဲ။’’
‘‘လူ့အခွင့်အရေးဆိုတဲ့ နာမည်တောင် မကြားချင်ဘူးဆိုတဲ့ သဘောပေါ့နော်။’’
‘‘သူတို့မကြားချင်တဲ့အပြင် မင်းတို့၊ ငါတို့ ကြားသွားမှာကိုလဲ သိပ်ကြောက်နေတာကွ။ တို့အာရှတိုက် က နိုင်ငံခေါင်းဆောင် အချို့ ကလဲ ဒီမိုက ရေစီနဲ့ လူ့အခွင့်အရေးဟာ အာရှတိုက်သားတွေအတွက် ပုံတူကူးချ ဘို့ မလိုဘူး ...လိုလို (အသံတွေပစ်နေတာ) ငါ့တူလဲ ကြားမှာပေါ့။
တရုတ်ပြည်က ထိပ်ဆုံးကပေါ့ကွာ။
အဲ့ဒါကိုကြည့်ရင် အာဏာရှင်လုပ်ချင်နေတဲ့ကောင်တွေက ဒီစကားလုံးတွေကို အရမ်းမုန်းနေတာ မင်းသိသာေ လာက်ပြီပေါ့ကွာ။ ကဲ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (United Nations Human Rights Council - UNHCR) ရဲ့ အထိမ်းအမှတ်တံဆိပ် (logo)။ အပြာရောင်မီးတောက်ကလေးနဲ့။ ဒီမှာကြည့်ပါဦး။

UNHCR

 
‘ကဲ ! မင်းတို့ခေတ်ရောက်ရင် ဘယ်လိုဒီဇိုင်းကလေးနဲ့ထုတ်ရင်ကောင်းမလဲ စဉ်းစားထားပေါ့ကွာနော်။’’
‘‘သြစတြေးလျကထုတ်တဲ့၊ နှင်းဆီပန်းနဲ့ သံဆူးကြိုး ဒီဇိုင်းလေးကို ကျနော်အကြိုက်ဆုံးဘဲ။ ကျနော်တို့က ဗုဒ္ဓဘာသာနိုင်ငံဆိုတော့ ကြာပန်း ကလေးနဲ့ သံဆူးကြိုး ဒီဇိုင်းလေး လုပ်လိုက်ရင် မကောင်းဘူးလား။’’
‘‘ဟာ ... ကောင်းလိုက်တဲ့ အကြံလေးပါလားကွာ’’

ၾသစေၾတးလ်
 

♦ ♦ ♦
၁၉၅၈ (၁၀ နှစ်မြောက်အထိမ်းအမှတ်ထုတ် တံဆိပ်ခေါင်းများ)

အင်ဒိုနီးရှား

သီရိလင်္ကာ

ဗီယက်နမ်

ပါကစ္စတန်

မလေးရှား


လာအို

ဂျပန်

၁၉၆၈ (၂၀ နှစ်မြောက်အထိမ်းအမှတ်ထုတ် တံဆိပ်ခေါင်းများ)

တောင်ကိုရီးယား

အိန္ဒိယ

ဟောင်ကောင်

ယိုးဒယား

ဂျာမဏီ

ကမ္ဗောဒီးယား


ဘရူနိုင်း

လာအို


၁၉၇၈ (၃၀ နှစ်မြောက်အထိမ်းအမှတ်ထုတ် တံဆိပ်ခေါင်းများ)

နီပေါ

အနှစ် ၃၅ နှစ် UN


၁၉၈၈ (၄၀ နှစ်မြောက်အထိမ်းအမှတ်ထုတ် တံဆိပ်ခေါင်းများ)

ဖိလစ်ပိုင်


၁၉၉၈ (၅၀ နှစ်မြောက်အထိမ်းအမှတ်ထုတ် တံဆိပ်ခေါင်းများ)

ၾသစေၾတးလ်

နီပေါ

၁၉၇၃ ယိုးဒယား

  Next >