သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Tuesday, January 10, 2012

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတချို့ သြစတြေးလျ လျှော့ချ

2012-01-09
လက်ရှိ ပြောင်းလဲ တိုးတက်လာတဲ့ အခြေအနေတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ မြန်မာ အပေါ် ပိတ်ဆို့ အရေးယူထားတဲ့ အချက်တချို့ကို ပြန်စဉ်းစားမယ်လို့ သြစတြေးလျ အစိုးရက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
AFP PHOTO/POOL/Soe Than WIN

ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့တွင်း ပါဝင်နိုင်ကြောင်း သမ္မတ အကြံပေး ပုဂ္ဂိုလ် ပြောဆို

2012-01-09
ဒေါ်အောင်ဆန်းစုကြည်သာ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာမယ်ဆိုရင် သူ့ကို အစိုးရ အဖွဲ့ထဲမှာ သင့်တော်တဲ့ တာဝန် တစ်ခုခု ပေးနိုင်ဖွယ်ရာ ရှိတယ်လို့ သမ္မတရဲ့ နိုင်ငံရေး အကြံပေး အဖွဲ့ဝင် ဒေါက်တာ နေဇင်လတ် က မနေ့က ပြောဆိုလိုက်တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေက ရေးသား ဖေါ်ပြကြပါတယ်။
 
RFA

အီရန်မှာ သေဒဏ်ပေးခံရသူ လွှတ်ပေးဖို့ အမေရိကန်တောင်းဆို

အမေရိကန် CIA ရဲ့ သူလျှိုလုပ်မှုနဲ့ အီရန်တရားရုံးကနေ သေဒဏ်ချမှတ်ခြင်းခံထားရတဲ့ အမေရိကန်နိုင်ငံသား တစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။ အီရန်နဲ့ အမေရိကန် နှစ်နိုင်ငံ နိုင်ငံသားအဖြစ် ခံယူထားသူဖြစ်တဲ့ အမီရာမာဇီ ဟက်ခ်မာတီ (Amir Mirzaei Hekmati) ဟာ CIA က တာဝန်ပေးပြီး စေလွှတ်ထားသူ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ မှားယွင်းတယ်လို့ အမေရိကန် သမ္မတရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ပြောလိုက်ပါတယ်။

ပီကာဆို ပန်းချီကား အခိုးခံရ

၂၀ ရာစုကိုလွှမ်းမိုးနိုင်ခဲ့တဲ့ ပန်းချီအနုပညာရှင်ကြီး ပက်ဘလိုပီကာဆို (Pablo Picasso) က ဂရိနိုင်ငံကို ပေးထားတဲ့ ပန်းချီကားတစ်ကား အပါအ၀င် ဂန္တ၀င် ဆီဆေးပန်းချီကား ၂ ကား ဂရိနိုင်ငံ Athens’ National Gallery ကနေ ခိုးသွားတာ ခံလိုက်ရတယ်လို့ သိရပါတယ်။

၂၀၁၁ အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားများ

ဖီဖာ (FIFA) ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်တဲ့ ၂၀၁၁ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ဘာစီလိုနာအသင်းက လီယိုနယ်လ်မက်ဆီ (Lionel Messi) က ရသွားပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ ရှိတဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှာ တနင်္လာနေ့က ကျင်းပခဲ့တဲ့အခမ်းအနားမှာ အမျိုးသား ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု အပါအ၀င် အမျိုးသမီး အကောင်းဆုံး ဘောလုံးသမားဆု၊ အကောင်းဆုံး နည်းပြဆုတွေနဲ့ တစ်နှစ်တာအတွက် အကောင်းဆုံးဂိုးဆု စတာတွေကိုလည်း ချီးမြှင့်ခဲ့ကြပါတယ်။ ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး ဆုချီးမြှင့်ပွဲအခမ်းအနားနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ကိုရန်နိုင်က အစီရင်ခံထားပါတယ်။

မိုင်းရှူးကျောက်တွင်း ကလေးလုပ်အား စုဆောင်း

အမေရိကန် နိုင်ငံခြားရေးဌာနက လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ သံအမတ်ကြီး Luis CdeBaca ဟာ မြန်မာအစိုးရရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းချက်တွေကို အကူအညီ ပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံကို ရောက်ရှိနေပါပြီ။ အခုလို မစ္စတာ CdeBaca မြန်မာနိုင်ငံကို ရောက်ရှိနေချိန်မှာပဲ မိုင်းရှူးကျောက်တွင်းမှာ အလုပ်လုပ်ဖို့အတွက် စုဆောင်းလာတဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေအပါအ၀င် လူဦးရေ ၇၂ ယောက်ပါတဲ့ကားကို ပဲခူးတိုင်း၊ ပြည်မြို့မှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေက လူကုန်ကူးမှု လုပ်တယ်ဆိုပြီး ဒေသခံ အာဏာပိုင်တွေကို အမှုဖွင့်တိုင်ကြားပြီး တားဆီးခဲ့ပါတယ်။ ဒီအကြောင်းကို မအေးအေးမာက တင်ပြထားပါတယ်။

မြန်မာနိုင်ငံ စီးပွားလွတ်လပ်မှု မရှိသေး

နိုင်ငံတကာရဲ့  စီးပွားရေးလွတ်လပ်မှုကို စောင့်ကြည့်အကဲဖြတ်နေပြီး နှစ်စဉ်တွေ့ရှိတဲ့ စစ်တမ်းတွေကို ထုတ်ပြန်လေ့ရှိတဲ့ Heritage Foundation အဖွဲ့အစည်းက ၂၀၁၁ ခုနှစ်အတွက် ထုတ်ပြန်လိုက်တဲ့ အညွှန်းကိန်းဂဏန်းအရ မြန်မာနိုင်ငံရဲ့ စီးပွားရေး လွတ်လပ်မှုဟာ အရင်နှစ်ကထက် ၁ ဒဿမ ၁ မှတ် တိုးလာပြီး ၃၇.၈ မှတ်ရရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအပေါ် သဘောထား အမေရိကန်နဲ့ဂျပန် တူညီ

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ သဘောထားဟာ ဂျပန်နိုင်ငံနဲ့ ထပ်တူထပ်မျှ ဖြစ်ပါတယ်လို့ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန် အာရှဒေသ မိတ်ဆွေ သုံးနိုင်ငံခရီး သွားရောက်ပြီး မြန်မာ့အရေး ဆွေးနွေးခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ့်ဘဲလ် (Kurt Campbell) က သူ့ရဲ့ခရီးစဉ်အပြီးမှာ ပြောကြားလိုက်ပါတယ်။ ဒီအကြောင်း အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။