သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Monday, February 13, 2012

ကော့မှူးခရီးစဉ်နဲ့ ဝါးသိင်္ခရွာ မဲဆွယ်မြင်ကွင်း

ဧရာဝတီ

 
အသက်ရှုရ ခက်ခဲတဲ့အထိ ဖုန်တွေ တထောင်းထောင်း ထနေတဲ့ မြေသား လမ်းမပေါ်မှာ ကားတွေ၊ ဆိုင်ကယ်တွေပါတဲ့ ယာဉ်တန်းကြီးတခု မရပ်မနား ခရီးနှင်နေတယ်။ယာဉ်တန်း ဖြတ်သန်းရာ လမ်းတလျှောက် ဖုန်မှုန့်တွေက သဲမုန်တိုင်းကြီးတခု တိုက်ခတ်နေသည့် အလား အရှေ့ကို သဲသဲကွဲကွဲ မမြင်နိုင်လောက်အောင် ပိန်းမှောင်နေတယ်။ မော်တော်ဆိုင်ကယ် ရာနဲ့ချီပြီး ဖုန်လုံးကြီးထဲမှာ ဖြေးညင်းစွာ ဖြတ်သန်းနေကြတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးခရီးစဉ် မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)