သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Monday, October 21, 2013

God ကိုစိတ်ထဲမှာမှတ်၊ Liberal ကိုလက်ညှိုးထောင်

 
တနေ.က" မရေးခဲ.တာ ကြာပြီဖြစ်တဲ.နုတ်ဟောင်းတခု ရဲ.ဒိုင်ယာရီ "ဆိုပြီး
လစ်ဘရယ် ရဲ.အယူအဆ တွေနဲ.ဆီကျူလာပုံစံ ပေါင်းပြီးဘာသာရေး
conflict ကို ရှောင်နိုင်အောင်ဆိုတဲ. ရည်ရွယ်ချက်တရပ် နဲ. ရေးခဲ.ပါတယ်၊

ကျွန်တော်ဟာလစ်ဘရယ်ဝါဒကိုသက်ဝင်ယုံကြည်သူဆိုတာထက်
ကျွန်တော်. emotion က လစ်ဘရယ်နဲ.လာထပ်တူတယ်လို. ပြော
ရင် ပိုမှန်ပါလိမ်.မယ်၊

ဟိုးအရင်ကတည်းက တွေးထင်ထားတဲ.အတိုင်း
မြန်မာပြည်နိုင်ငံရေးပြသ၁နာဟာ ဘာသာရေးဘက်ကိုလှည်.နိုင်
မယ်လို. တွေးထင်ခဲ.မိတယ်၊ဒါကြောင်.ရိုဟင်ဂျာ နဲ.ပတ်သက်
တဲ.နုတ်စ် တခုကိုလူမုန်းခံ ပြိး ဘက်မျှအောင်ရေးခဲ.မိတယ်၊
ရည်ရွယ်ချက်က ဘာသာရေးပြသ၁နာကို ထိမ်းကျောင်းဖို.ဆို
တဲ.သဘောသက်သက်ထက်မပိုခဲ.ပါဘူး။

ကလေးတွေကိုတံဆိပ်မကပ်ရ

ထိုင်း – မြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်းတွင်းရှိ ရွှေ့ပြောင်းစာသင်ကျောင်း တကျောင်းမှ ကလေးငယ်များ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ကလေးစိတ်ပညာ
ဒီတပတ် ကလေးများနဲ့ ပတ်သက်ပြီးတော့ ကျမ တင်ပြဆွေးနွေးချင်တဲ့ အကြောင်းအရာကတော့ ကလေးတွေကို တံဆိပ်ကပ် နေကြတဲ့ အကြောင်းပါ။ ကျမတို့ ငယ်ငယ်ကတော့ ကလေးတို့ကို ဆုံးမတယ် ဆိုရင်ဖြင့် ဆရာ၊ ဆရာမရော၊ မိဘများကပါ ရိုက်နှက်ပြီးတော့ ကြောက်အောင်လန့်အောင်လို့ ခြောက်လှန့် ဆုံးမတတ် ကြပါတယ်။ ဒါပေမယ့် အခု နောက်ပိုင်းမှာတော့ ကလေး ကျွမ်းကျင်သူ ပညာရှင်များ၊ စိတ်ပိုင်းဆိုင်ရာ ပါရဂူများရဲ့ သုတေသန တွေ့ရှိချက်များ အလိုအရ ကလေးကို မရိုက်ရ မနှက်ရ၊ နားလည်အောင် ပြောဆို ဆုံးမရမယ်လို့ ဆိုလာပါတယ်။ ကျောင်းတွေမှာ၊ အိမ်တွေမှာ ကလေးကို မရိုက်ရပါဘူး။ ရိုက်နှက် ဆုံးမခြင်းအားဖြင့် ကလေးတို့ မလိမ်မာနိုင်ဘူးလို့ ပညာရှင်များက မိဘ၊ ဆရာမများကို သတိပေး ပြောဆို လာခဲ့ကြ ပါတယ်။ ဒါကြောင့်လည်း ဟိုး အရင်ကထက် စာရင်တော့ ကျမတို့ တိုင်းပြည်မှာ ကလေးတို့ကို ကျောင်းတွေမှာ ရိုက်နှက်ဆုံးမတာမျိုး တော်တော်ကို နည်းလာပြီလို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် အပြင်ပုဂ္ဂလိက ကျောင်းများမှာ ကလေးတို့ကို လုံးဝ မရိုက်ကြ၊ မနှက်ကြတော့ပါဘူး။