သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Thursday, February 16, 2012

ဦးရွှေမန်း၏ ဝန်ထမ်းလစာတိုးရေး အဆို ဘဏ္ဍာရေးဝန်ကြီး ငြင်း

မျိုးသန့် | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၆ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၃ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။       ။ နိုင်ငံ့ဝန်ထမ်းများကို လစာတိုးပေးရန် သူရဦးရွှေမန်း၏ အဆိုကို ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်း က ငြင်းဆိုလိုက်ပြီး ဝေးလံခေါင်သီသည့် ဒေသများမှ ဝန်ထမ်းသုံးသောင်းကျော်ကိုသာ ဒေသတွင်း အသုံးစရိတ်
နှုန်းထားများ တိုးမြှင့်ပေးရန်ရှိသည်ဟု လွှတ်တော်တက် အမတ်များက ပြောသည်။

ကားနှင့် ပါမစ်ဈေးနှုန်းများ တရွေ့ရွေ့ကျဆင်းလာလျှက်ရှိ


အေးသီတာကျော် (မြန်မာတိုင်းမ်)
အတွဲ ၂၈ ၊ အမှတ် ၅၅၇ ( ၁၇ - ၂၃ ၊ ၂ ၊ ၂၀၁၂)
ကားတင်သွင်းခွင့် စတင်ရရှိချိန်က ၀ယ်လိုအားများခဲ့သော မော်ဒယ်အမြင့် ကားအများစု၊ ကားပါမစ်ဈေးနှုန်းနှင့် အပ်နှံရမည့် ကားဟောင်းဈေးနှုန်းတို့ မှာ ကားဈေးကွက်အတွင်း ထွက်ပေါ်နေ သည့် သတင်းအချို့ကြောင့် ဇန်န၀ါရီ လလယ်ပိုင်း စတင်၍ ဈေးနှုန်းများ တဖြည်းဖြည်းကျဆင်းလာခဲ့ကြောင်း ကားဝယ်ရောင်းများက ပြောသည်။

အာဆီယံ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသို့ လာမည်

ကျော်ဆုမွန် myanmartime

အတွဲ ၂၈ ၊ အမှတ် ၅၅၇ ( ၁၇ - ၂၃ ၊ ၂ ၊ ၂၀၁၂)
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ အတွင်းရေးမှူးချုပ် ဖြစ်သူ ဒေါက်တာဆူရင်ပစ်ဆူဝမ်သည် မြန်မာနိုင်ငံသို့ လာမည့်ဖေဖော်ဝါရီလ ၂၀ နှင့် ၂၁ ရက်နေ့တို့တွင် လာရောက်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ဒေါက်တာဆူရင်ပစ်ဆူဝမ်သည် မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ၏ ဖိတ်ကြားချက် အရ လာရောက်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပ ခဲ့သည့် (၁၉) ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံ တွင် မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အဖြစ်ခန့်အပ်ခဲ့ပြီးနောက် ဦးဝဏ္ဏမောင်လွင်က ဒေါက်တာဆူရင်ကို မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်တိုးတက်မှုများကို လာရောက်လေ့လာရန် ဖိတ်ခေါ်ခဲ့သည်။
ထို့ပြင် ဦးဝဏ္ဏမောင်လွင်က ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းနောက်ပိုင်း မြန်မာနိုင်ငံ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လေ့လာ ရန်လည်း ဖိတ်ခေါ်ထားသည်။
ဒေါက်တာဆူရင်သည် မြန်မာနိုင်ငံသို့ရောက်ရှိစဉ်တွင် အာဆီယံအသိုင်းအ၀ိုင်း တည်ထောင်ခြင်းဆိုင်ရာ သက်ဆိုင်ရာတာဝန်ရှိ သူများနှင့် တွေ့ဆုံရန် ရှိပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုများကို ဆက်လက်လေ့လာသွားမည်ဖြစ်သည်။
ထို့ပြင် လာမည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်မည့် မြန်မာနိုင်ငံ၏ ပြင်ဆင် နေမှုများကိုလည်း နေပြည်တော်တွင် အစိုးရအရာရှိများနှင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်သည်။
၎င်း၏ခရီးစဉ်အတွင်း အစိုးရနှင့် မြန်မာပြည်သူများ၏ အသံများကို နားထောင်လေ့လာခွင့်ရပြီး အာဆီယံတွင် မြန်မာနိုင်ငံ၏ ပြောင်းလဲမှုအခန်းကဏ္ဍကို ပြသနိုင်မည်ဟု ယူဆကြောင်းလည်း ဒေါက်တာဆူရင်က ပြောသည်။
မြန်မာနိုင်ငံ၏ လက်ရှိအပြောင်း အလဲများကို ဆက်လက်လုပ်ဆောင်ရန်လည်း ၎င်းက တိုက်တွန်းထားသည်။
အာဆီယံ၏ မြန်မာနိုင်ငံအပေါ်တွင် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ငြိမ်ရေးတို့တွင် မြှင့်တင် တိုက်တွန်းပေးမှုများကြောင့် ယခုအခါ နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အထောက်အပံ့ကောင်းများလည်း ရရှိလာပြီဖြစ်သည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။