သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Sunday, February 5, 2012

ဆိုမာလီယာမှ ပြန်ပေးဆွဲခံ ဂျက်ဆီကာ ဘူချာနန်အား အမေရိကန်ရေတပ် ဆီးလ်ကွန်မန်ဒိုအဖွဲ့က ကယ်တင်

(အေအက်ဖ်ပီ) myanmar time

ခင်အောင် ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၅၅ ( ၃ - ၉ ၊ ၂ ၊ ၂၀၁၂)

ဓားစာခံ အဖမ်းခံနေရသော ဂျက်ဆီကာ ဘူချာနန်။
ဓာတ်ပုံ - အေအက်ဖ်ပီ
ဝါရှင်တန်- အမေရိကန် ကွန်မန်ဒို တပ်ဖွဲ့များသည် ဇန်န၀ါရီလ ၂၅ ရက်နေ့ တွင် တရားဥပဒေကင်းမဲ့နေသော ဆိုမာလီယာနိုင်ငံအတွင်းသို့ ထိုးဖောက် ၀င်ရောက်ပြီး လက်နက်ကိုင်ဆောင်ထားသည့် ပင်လယ် ဓားပြများ သုံးလတိုင် ဖမ်းဆီးချုပ်နှောင်ထားသော အနောက်တိုင်းမှ စေလွှတ်သည့် ဒုက္ခသည်များ ကူညီရေးအဖွဲ့ဝင်နှစ်ဦးအား သမ္မတ အိုဘားမား ခွင့်ပြုချက်ဖြင့် ရဲတင်းစွာ စီးနင်းတိုက်ခိုက် ကယ်တင် လိုက်သည်။


အမေရိကန်ပြည်ထောင်စု၏ ဖြစ် ခေါင့်ဖြစ်ခဲ ထိုးဖောက်ဝင်ရောက်မှု တစ်ရပ်တွင် အမေရိကန် ရေတပ်၏ ဆီးလ် ကွန်မန်ဒိုများသည် စစ်ရဟတ် ယာဉ်ခြောက်စင်းဖြင့် ဆိုမာလီယာ နိုင်ငံသို့ဝင်ရောက်ပြီး ပြန်ပေးဆွဲခံ အမေရိကန်သူ ဂျက်ဆီကာ ဘူချာနန် နှင့် ဒိန်းမတ် နိုင်ငံသား ပိုးလ်သစ္စတစ် တို့အား ပြန်ပေးဆွဲသူ ကိုးဦးစလုံး သေဆုံး ရစ်စေသည့် ပစ်ခတ်တိုက်ခိုက်မှု ဖြင့် ကယ်တင်လိုက်သည်။
၎င်း၏ ထိပ်တန်း ကာကွယ်ရေး ဆိုင်ရာ အကြံပေးအဖွဲ့က နောက်ဆုံး အခြေအနေကို အချိန်နှင့်တစ်ပြေးညီ ထာဝစဉ် တင်ပြလျက်ရှိသည်။
အိုဘားမားအနေဖြင့် ၃၂ နှစ်အရွယ်ရှိ ဘူချာနန်၏ ကျန်းမာရေး အခြေအနေသည် စိုးရိမ်ဖွယ်ရှိနေကြောင်း သိရှိရ သည်နှင့် တစ်ပြိုင်နက်တည်း အဆိုပါ အန္တရာယ်များလှသော စစ်ဆင်ရေးကို မီးစိမ်းပြလိုက်ခြင်း ဖြစ်သည်။
"ဂျက်ဆီကာရဲ့ ကျန်းမာရေးအခြေ အနေဟာ ယိုယွင်းလျက်ရှိပါတယ်"ဟု ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်က အေဘီစီ ရုပ်သံ၏ 'မင်္ဂလာ နံနက်ခင်းပါ အမေရိ ကန်ပြည်သူများခင်ဗျား'ဟူသော သတင်း ထုတ်လွှင့်မှု အစီအစဉ်တွင် ပြည်သူများအား အရေးကြီးသော သတင်း စကားကို အသိပေးလိုက်သည်။
ဘူချာနန်နှင့် အသက် ၆၀ အရွယ်ရှိ သစ္စတစ်တို့အား ဒိန်းမတ်နိုင်ငံ၏ ဘေးဒုက္ခသည်များဆိုင်ရာ ကောင်စီ အဖွဲ့၏ ဒယ်မင်နင်အုပ်စုက ပြည်တွင်း စစ်ဘေးကြောင့် ယိုယွင်းပျက်စီးနေသော ဆိုမာလီနိုင်ငံတွင် မြေမြှုပ်မိုင်း တူးဖော်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ငှားရမ်း စေလွှတ်လိုက်ပြီးနောက် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကိုယ်ပိုင်အုပ်ချုပ်ရေး တစ်ဝက်တစ်ပျက် ဒေသဖြစ်သော Galmudug တွင် သေနတ်သမားများက ဖမ်းဆီးခေါ် ဆောင်သွားခြင်းဖြစ်သည်။
ပြန်ပေးဆွဲခံရခြင်းမှ လွတ်မြောက် လာကြသော ၎င်းတို့နှစ်ဦးသည် ထိခိုက် ဒဏ်ရာရခြင်းဘေးမှ ကင်းလွတ်သောကြောင့် ၎င်းတို့အား ဘေးရန်ကင်းသည့် ဒေသသို့ ရဟတ်ယာဉ်ဖြင့် သယ်ဆောင် ပေးပို့ခဲ့ကြသည်။
သတင်းပေးပို့မှုများအရ ၎င်းတို့ အား အာဖရိကတွင် အမေရိကန်တို့၏ တစ်ခုတည်းသော စစ်အခြေစိုက်စခန်း ရှိရာ ဂျီဘူတီမြို့ရှိ ဆေးရုံတစ်ရုံတွင် ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရှိရသည်။
သမ္မတ အိုဘားမား၏၏ အကြမ်းဖက် မှု ဆန့်ကျင်တိုက်ဖျက်ရေးအကြီးအကဲ ဂျွန်ဘရီနန်က ဇန်န၀ါရီလ ၂၄ ရက်နေ့ တွင် အိုဘားမား 'နိုင်ငံတော်အခြေပြ မိန့်ခွန်း' မမြွက်ကြားမီ နှစ်နာရီခန့် အလို၌ ၎င်းအား ကယ်တင်မှုအကြောင်း အစီရင်ခံ ပြောကြားခဲ့သည်။
"ဒီစစ်ဆင်ရေးက အမေရိကန် ပြည်ထောင်စုဟာ မိမိတို့နိုင်ငံသား တွေကို ပြန်ပေးဆွဲခြင်းအား သည်းခံ လိမ့်မည်မဟုတ်ကြောင်း ပြသလိုက်ခြင်း ဖြစ်ပြီး ကျွန်ုပ်တို့နိုင်ငံသားတွေရဲ့ အသက် ဘေးလုံခြုံရေးအတွက် ဇွဲ၊ လုံ့လမလျှော့တမ်း လုပ်ဆောင်မယ်ဆိုတာကို ပြသလိုက်ခြင်းဖြစ်တယ်" ဟု ထုတ်ပြန် ကြေညာချက်တစ်ရပ်ဖြင့် သမ္မတက ပြောကြားလိုက်သည်။

No comments:

Post a Comment