သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Saturday, August 20, 2011

ဆူပါမင်းဇာတ်ကားထဲက ကဲ့သို့ ဖန်သားမှတ်ဥာဏ် Drive များ မကြာခင် အသုံးပြုနိုင်တော့မည်

ဆူပါမင်းဇာတ်ကားထဲက ကဲ့သို့ ဖန်သားမှတ်ဥာဏ် Drive များ မကြာခင် အသုံးပြုနိုင်တော့မည်

ဆောက်သမ်ပတန် ၊ သြဂုတ် ၁၅

ကမ္ဘာကျော် ဆူပါမင်းဇာတ်ကားများထဲမှ “မှတ်ဥာဏ်ပုံဆောင်ခဲ” (Memory Crystals) များနှင့် တူသော ဖန်သားဖြင့် ပြုလုပ်ထားသည့် External Hard Drives မှတ်ဥာဏ်များကို ကွန်ပျူတာများပြု၌ မကြာခင် ကာလတွင် စတင်အသုံးပြုနိုင် တော့မည်ဖြစ်ကြောင်း Daily Mail သတင်းတစ်ရပ်အရ သိရသည်။

နည်းပညာရှင်များက လေဆာရောင်ခြည်များကို အသုံးပြု၍ ဖန်သားကို အချက်အလက်များ ထည့်သွင်းမှတ်သားနိုင်သော အခြေအနေ ရောက်အောင် ပြောင်းလဲပစ်လိုက်နိုင်ပြီ ဖြစ်ပြီး ထိုတီထွင်မှု ရလဒ်သည် Fortress of Solitude အမည်ရှိ ဆူပါမင်းဇာတ်ကားထဲ၌ ဇာတ်ကောင် ကလာခ့်ကန့် အသုံးပြုခဲ့သည့် ကြည်လင်သည့် မှတ်ဥာဏ်ပစ္စည်းနှင့် တူသော အရာမျိုး ဖြစ်လာခဲ့ကြောင်း သိရှိရသည်။ အဆိုပါဇာတ်ကားထဲတွင် ဆူပါမင်းကလေးဘ၀က ၄င်း၏ မိဘများက မွေးရပ်မြေ ခရစ်ပတွန်ဂြိုဟ်၌ ဖြစ်သော စစ်ပွဲမှ လွတ်မြောက်စေရန် အာကာသယာဉ်အတွင်း ၄င်းနှင့် အတူတူ မိဘနှစ်ပါး၏ အသံဖိုင်ပါသော ဖန်သားမန်မိုရီစတစ်ကို ထည့်သွင်းပေးလိုက်သည့် ဇာတ်ကွက် ပါရှိခဲ့သည်။

တီထွင်သူ ပညာရှင်များက မှတ်ဥာဏ်ပုံဆောင်ခဲများသည် လက်ရှိ အသုံးပြုနေသော Hard Drives အမျိုးအစားများထက် အချက်အလက် များစွာ ပိုမိုသိုမှီးနိုင်သလို အပူလွန်ကဲမှုကြောင့် ပျက်စီးခြင်းလည်း ဖြစ်ခဲကြောင်း ရှင်းပြခဲ့သည်။ လတ်တလော တီထွင်နိုင်မှု အခြေအနေ၌ပင် သာမန်မိုဘိုင်းဖုန်း စက္ကရင် အရွယ်အစားခန့်ရှိ မှန်သားတစ်စသည် အချက်အလက် 50 GB ခန့်အထိ သိုလှောင်နိုင်ပြီး နောက်ဆုံးပေါ် မှတ်ဥာဏ်နည်းပညာတစ်မျိုးဖြစ်သည့် Blu-ray အခွေ တစ်ခွေ၏ သိုလှောင်နိုင်စွမ်းနှင့် ညီမျှနေပြီ ဖြစ်လေသည်။ ၄င်းဖန်သားပုံဆောင်ခဲ မှတ်ဥာဏ်ကိရိယာများ၏ အခြား သာလွန်သော အချက်များမှာ အပူချိန် ၁၈၀၀ ဒီဂရီဖာရင်ဟိုက်အထိ ခံနိုင်ရည် ရှိခြင်းနှင့် အချက်အလက်များ မပျောက်ပျက်အောင် နှစ်ထောင်ပေါင်းများစွာ သိမ်းဆည်းနိုင်ခြင်းတို့ ဖြစ်ကြောင်း သိရှိရသည်။



ယခုလေ့လာတီထွင်မှု၏ ဦးဆောင်သုတေသီဖြစ်သူ ဆောက်သမ်ပတန်တက္ကသိုလ်၏ အလင်းလျှပ်စစ် သုတေသနဌာနမှ Martynas Beresna က “အချက်အလက်တွေ ထာဝရမှတ်သားနိုင်မယ့် မှန်သားကို တီထွင်နိုင်ခဲ့ပါပြီ။ သမိုင်းအဆက်ဆက် အချက်အလက်တွေ မြောက်မြားစွာ သိမ်းဆည်းထားရတဲ့၊ ငါးနှစ်ကနေ ဆယ်နှစ်တစ်ကြိမ်လောက် Hard Drive တွေ သက်တမ်းကုန်လို့ အသစ်တွေ ပြောင်းပြောင်းသုံးနေရတဲ့ အဖွဲ့အစည်းကြီးတွေ အတွက် အထူးအသုံးဝင်ပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ ဖန်သားပုံဆောင်ခဲ မှတ်ဥာဏ်ကိရိယာများကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ ရောင်းချရန် Lithuanian ကုမ္ပဏီနှင့် ပူးပေါင်းကာ သုတေသီများ လုပ်ဆောင်နေကြကြောင်း Daily Mail သတင်းဌာနက ဖော်ပြသွားခဲ့သည်။

Translated by : ဇေယျသက်ငြိမ်

No comments:

Post a Comment