သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Thursday, April 7, 2016

Response to Tharchit zaw 2

ကိုယ်မမွေးသေးတဲ့…အချိန်က..အဖြစ်အပျက်ကို ….လက်ခံ..လိုက်တာပဲမဟုတ်ဖူးလား…..

Blind….ပြောသမျှ..(ယုံ) တာနဲ့…Critical Thinking….မတူပါဖူး…သားချစ်ရေ…..

သားချစ်ပြောတဲ့ …..

“အဲဒီတုန်းက ပါတီရဲ့ လတက်နက်ကိုင်တိုက်ပွဲ မြားဦးဟာ နောက်ဆုံးအချိန်အထိ အင်္ဂလိပ်နယ်ချဲ့သမား” ပဲလို.ဆိုပါတယ်

ကောင်းပြီ….”ဗမာပြည်ကွန်မြူနစ်ပါတီအကွဲဇာတ်လမ်း” ဆိုတဲ့ စာမျက်နှာ ၃၅ ရွက်ရှိတဲ့ သခင်တင်မြရဲ့ စာတန်းကို သားချစ်ဖတ်ဖူးမှာပါ….

သခင်စိုးတို့က ပထမ Browder လမ်းစဉ်ကိုလက်ခံထားကြတယ်လေ…တော်လှန်ရေးပြီးပြီးခြင်းလုပ်တဲ့ ကွန်ကရက်ကလက်ခံခဲ့တာပါ…

Browder လမ်းစဉ်ဆိုတာ အမေရိကန်ကွန်မြူနစ်ပါတီကအထွေထွေအတွင်းရေးမှူးက စစ်ကြီးအပြီးမှာ …. လက်နက်ကိုင်လမ်းစဉ်ကိုလိုက်စရာ မလိုတော့ ဒီမိုကရေစီစနစ်အတွင်းက (အာဏါ) ယူမယ်ဆိုတဲ့ moderate line လို့ပဲပြောပါတော့….

သခင်စိုး India ကပြန်လာအပြိး ဂျိုရှီက အင်္ဂလိပ်ဘုရင်ခံကောင်းစီမှာပါတာကိုဝေဖန်တယ်…. အိန္ဒြိယ ကွန်မြူနစ်ပါတီမှာလည်း …. ဂျိုရှီက ..အရေးနိမ့်နေပြီ…. (ရန်နာဒီဗေး) ရဲ့ radical line က အသာ ရနေပြီ…. ၁၉၄၆ ဖေဖေါ်ဝါရှိလမှာ ..သခင်စိုးက စာတန်း (၃) ခုတင်တယ်လေ…

စာတန်း (၁)က ငြိမ်းချမ်းစွာဖြစ်ပေါ်ရေးကို ဝေဖန်ချက်.(၂) က စက္ကူနီစာတန်းက အင်္ဂလိပ် စက္ကူဖြူကို ထန်ပြန်တာ။(၃) “ဝေဖန်ရေးအစီရင်ခံစာ” အထိဆုံးပဲ။ သခင်သန်း ထွန်းရော ဦးသိန်းဖေမြင့်တို့ကို ဆော်တာ။ Browder လိုအမှားမျိုးကို ဆော်တာ။ ဒီမှာတင် Browder ရှုံးနိမ့်သွားပြီ။ Browder ကို (ပယ်) ရင် ပါတီရဲ့လမ်းစဉ်ကဟာ radical လက်နက်ကိုင်ပုန်ကန်မှုပဲရှိ တော့တယ်….

သားချစ်ကို ညာဖြီးလိုက်တဲ့ “ပြည်တွင်းစစ်ဖြစ်ရေးဆိုတာ ဘယ်တုန်းကမှ ပါတီရဲ့လမ်းစဉ် မဖြစ်ခဲ့ ပါဘူး” ဆိုကြီးဟာ (အလိမ်) ကြီးဖြစ်သွားရပြီ… လက်နက်ကိုင်တော်လှန်ရေးဆိုကတည်းက… သူပုန် ထတယ်ဆိုကတည်းက… ပြည်တွင်းစစ်လမ်းကြောင်းပဲ…သားချစ်ဇော်ရေ….ဒါကိုမှ.. ဖင်လှန် ငြင်းချင် ရင် ဆရာဝန်နဲ့ ဦးဏှောက်ကိုပြကြည့်ပါလို့ပြောဖို့ပဲ…ရှိတော့တယ်…

“အဲဒီတုန်းက ပါတီရဲ့ လတက်နက်ကိုင်တိုက်ပွဲ မြားဦးဟာ နောက်ဆုံးအချိန်အထိ အင်္ဂလိပ်နယ် ချဲ့သမားပဲလို.ဆိုပါတယ်” ဆိုတာ (အလိမ်) ကြီးပါသားချစ်ရယ်… အင်္ဂလိပ်က ..ဖဆပလကို အစိုးရထဲ မှာ ၀င်ခွင့်ပေးရပြီ….လွပ်လပ်ရေးပေးဖို့ …အောင်ဆန်းအက်တလီတွေ့နေရပြီ….ကွန်မြူနစ်ပါတီက လွပ်လပ်ရေးအတု…ဆိုပြီး…လက်မခံဖူးလေ….. ဗိုလ်ချုပ်အောင်ဆန်းက ဘုရင်ခံကောင်စီမှာ ဒုတိယ လူဆိုပေမဲ့ ဘုရင်ခံက၀င်မပါသလောက်ပဲ…ဗိုလ်ချုပ်က၀န်ကြီးချုပ်လိုအားဏါရှိနေပြီ….ဒီမှာ ကွန်မြူနစ် တွေက မိန်မနဲ့ခလေးတွေကို ရှေ့ကတင်ပြီး..ဆန်လုကြတော့ ..ပြည်ထဲရေးဝန်ကြီးသခင်မြကပျော့ တယ်ဆိုပြီး…”ကျော်ငြိမ်း” မင်းလုပ်ဆိုပြီး ဦးကျော်ငြိမ်းကို (လူမိုက်) လုပ်ခိုင်းတာပါ…ဦးကျော်ငြိမ်းမိန်း မက နိုင်ငံရေးလျှင်တယ်…အမုန်းခံရမယ်ပြောလို့…ဦးကျော်ငြိမ်းက..ပထမငြင်းတယ်…မတတ်သာလို့ ..သိသိကြီးနဲ့…တိုင်းပြည်အတွက်..အမုန်းခံ..လိုက်ရတာပါ….

ကာလကတ္တားအစည်းအဝေးအပြီးမှာ သခင်သန်းထွန်းတို့ဟာ စိတ်ဓါတ်တွေကြွနေရုံမက….(ဘ၀င်) ကလည်း..(မြင့်) .နေကြပြီ…. ဒီလိုအခြေအနေမှာမှ… အစိုးရက…လက်ဦးမှုမယူရင်…. ညံ့ရာရောက် တော့မပေါ့။

ဂိုရှယ်အကြောင်းပြောရင်..သူ့ရဲ့နောက်ကြောင်းကိုထဲ့စဉ်းစားရမယ်….သူ့ရဲ့..အင်အားက..ကုလားအ လုပ်သမားတွေ…စာရေးသပိတ်ဆိုတာ..ကွမြူနစ်တွေဦးဆောင်ကြတာ…အရှိန်ရနေပြီ….သပိတ်စုံ..သူပုန်ထ..ဆိုတာ…. အဓိပ္ပါယ်ရှိနေပြီ….အမှန်က ..ဘယ်ခြောက်ကာညာလှမ်း…ကွန်မြူနစ်တွေက သိုသိုသိပ်သိပ်နေပြီး…တဖက်က …. အရှိန်ရအောင်..ကြိုးစားရမှာကို…သခင်သန်းထွန်း..(စိတ်) မနိုင်ပဲ ..သခင်နုကိုလည်း..(ဆဲ) … ဆိုရှယ်လစ်အရိုးတွေနဲ့ ဗားကရာခြောက်ကို ဖို့ပစ်မယ်ဆိုပြီး သက်သက်. .ပါးစပ်သွားယားတာ….ဘာအကျိုးမှ..မှရှိတဲ့..(စကား) ..မိန့်ခွန်း…ဒါ..ဘ၀င် မြင့်တဲ့..(အမှား) … Bertil ဆွေးနွေးဖူးတာက… July..Aug..လောက်..ဂိုရှယ်ကမှန်းထားတာကွာ…ဦးနု ..ဖမ်းခိုင်းလို့….(အရှိန်) ပျက်ပြီး…ထွက်ပြေးကြရတာ …..တကယ်..ဥါဏ်မရှိတာ… သခင်သန်းထွန်း.. မဟုတ်ဖူးလား….

တောခိုပြီးတော့..တရုတ်တွေကို…အဖေထင်ပြီး…မော်ရဲ့..ကျေးလက်ကိုသိမ်းပြီးမြို့ကိုဝိုင်းလုပ်ပြန်ရော.. ဗကပရဲ့ လယ်ယာပေါ်လစီက အနိမ့်ဆုံး (လယ်ကူလီ) ကိုပဲချန်ပြီး ကျန်တာတွေ..ကို ရန်သူလုပ်.. အဓမ္မမှုတွေများလာလို့…. လယ်သမား…တွေကိုမစည်းရုံးနိုင်ခဲ့ဖူး..မဟုတ်လား… မော်တို့က..တရုတ်.. (ဆိုင်ကီ) ကိုနားလည်တယ်…. တရုတ်ရာဇ၀င်ကို ကျေတယ်… သခင်သန်းထွန်းတို့က …ဟိုမရောက် ..ဒီမရောက်…ကွန်မြူနစ်တွေဖြစ်ပြီး..ရေတိမ်နစ်ကြရတာပါ….

မော်ကိုလိုက်အတုခိုးပေမဲ့..မော်တို့လို..လယ်သမားတွေကို ဗကပ တွေမစည်းရူံးနိုင်ခဲ့ပါဖူး…. Moa’s strategy was to take peasantry as a “motive” forces of China revolution and rural bases as centers of rebel power structure. Let the rural bases surround the bourgeois cities. Mao strategy of taking rural and surround the city ဆိုတဲ့ စာအုပ် စာမျက်နှာ (၃) မှာရေး ပြ ထားတာပါ….K R Sharma (၁၉၈၉) ရေးတဲ့စာအုပ်ပါ…. ဗကပ..ရဲ့..လုပ်ရပ်တွေနဲ့..မော်ရဲ့ ဗျူဟာ ထုတ်ဖေါ်ပုံ…မတူဖူးနော်…. သခင်သန်ထွန်းတို့သာ (လုပ်ရပ်) မှန်ခဲ့ရင်… (ဗျူဟာ) မှန်ခဲ့ရင်..ဗမာပြည် ကြီးကွန်မြူနစ်ဖြစ်ခဲ့ရတာကြာခဲ့ပြီပေါ့

သခင်ဘတင် (ခ) ဂိုရှယ်ကို အပြစ်ပေးတဲ့အနေနဲ့ …အိမ်နိမ့်စံဘ၀မှာနေရတုန်း..ဂိုရှယ်မိန်မ ရတာမဟုတ်လား…. ဂိုရှယ်စာတန်းဟာ ကုလားပြည်မှာရေးတဲ့..စာတန်းရဲ့ အဆက်လို့ပြောလို့မရဖူး လား … Intellectually ဂိုရှယ်ဟာ…သခင်သန်ူထွန်းနဲ့..ပိုတော်တယ်လို့…ပြောကြတာပဲ..မှားတယ်မှန် တယ်တော့..ဦးရောသားချစ်တို့..(မသိ) နိုင်ပါဖူး….သခင်သန်းထွန်းနောက်ဆုံးနေ့မှာပါတဲ့…အခြေခံလူ တန်းစားဘယ်နှစ်ခုရှိသလဲ..(ငြင်း) ကြရာမှတော့… မှတ်မိသလောက်…(ဂိုရှယ်) က..(ဥါဏ်) သာ တယ်လို့..ခံစားရတယ်…မော်ရဲ့ရေးသားချက်တွေနဲ့..(ယှဉ်) ..ဖတ်မှာ..အဓိပ္ပါယ်ပိုရှိတယ်… Notes တွေပြန်ရှာရင်ရပါမယ်…

သားချစ်ကဒီလိုရေးလာပြန်သေးတယ်…

ကိုဘိုဘိုရေးရမှာ ဖဆဆိုရှယ်အကွဲအပြဲအပြဲကြောင်. ဦးနေဝင်းအာဏာ သိမ်းခဲ.ရရတယ်ဆို တာပါ ထည် .တေယ်ဆိုတာရယ်၊ ဗကပကအာဏာသိမ်းမှုကိုလက်မခံလို.ပြည်တွင်းစစ်မီးဟာကြာရှည်ခဲ.တာပါ
သားချစ်ရေ…သားချစ်ခုလို…မဟားတရားတွေ… (စွပ်စွဲ) လာတာကို…အထူးပဲကျေးဇူးတင်ပါတယ်….သားချစ် Guardian ဦးစိန်ဝင်းရဲ့ အကွဲအပြဲဇာတ်လမ်းကိုဖတ်ဖူးမှာပါ… ဖဆပလကွဲတာက ၁၉၅၈..ဧပြီလနဲ့ အောက်တို ဘာလကြား…၁၉၆၀ မှာ ဦးနုကရွေးကောက်ပွဲနိုင်ပြီး..၀န်ကြီးချုပ်ဖြစ်လာရတယ်…ရွေးကောက်ပွဲမှာ စစ်တပ်က ဘယ်ဖက်မှမပါရဆိုပြီး..ဗိုလ်နေ၀င်းအသံကောင်းဟစ်လိုက်တယ်…. ဗိုလ်မောင်မောင်တို့လို့..(ယူနစ်) စစ်ဗိုလ် တွေက တည်မြဲဖက်က၀င်ပါလို့ဆိုပြီး Monkey Point ရေတပ်စခန်းမှာ ခေါ်ဖြုတ်တယ်….မဖြုတ်ခင်… အစည်း တစ်ခုမှာ.. ဗိုလ်မောင် မောင် အထွက်မှာ ကိုကြီးနု…စိတ်မပူနဲ့..ဒီကောင်တွေ..(မသိ)..သေးဖူး… ကျနော်ကြည့် ရှင်းလိုက်မယ်ဆိုပြီး. .ဦးနုကို ..(အယုံ) သွင်း နိုင်ခဲ့တယ်… ဗိုလ်ချုပ်အောင်ကြီးကို ..ဦးနုက..ယုံလည်းယုံတယ် ..ချစ်လည်းချစ်တယ်.. ဒါ ကြောင့်..ဗိုလ်မှူးချုပ်အောင်ကြီးကို ထားထားပြီး…ဦးကျော်ငြိမ်းကို ချစ်တဲ့.. ဗိုလ်မှူး ချုပ်မောင်မောင်ကို အရင် (စ) ဖယ်လိုက်တာ… ပြီးမှ…သံအမတ်တွေ…ပေးပြီး…နှစ်သိမ့်လိုက်တာ….
ဦးနုကို ဒီလို..လှည့်စားနိုင်လို့…အာဏါသိမ်းတော့…ဦးနုက..ဗိုလ်နေ၀င်း..(သိ) ရဲ့လား…ဗိုလ်နေ၀င်းသိရင်ပြီး သွားမှာပဲထင်ပြီး စိတ်ချလက်ချ..အိပ်ပျော်သွားတယ်လို့ ..ဦးဝင်းရဲ့သား..ဦးတင်မောင်ဝင်းရဲ့..စာအုပ်မှာရေးပြခဲ့ ..ပါတယ်… ဦးဝင်းက..ဦးနု..အားကိုးရတဲ့…ပထစ၀န်ကြီးလေ…အရင်ကာကွယ်ရေးဝန်ကြီးလုပ်ဖူးပြီး စစ်ဦးစီးချုပ် ရဲ့ လုပ်ပိုင်ခွင့်တွေကို ထိန်းချုပ်ဖို့..ကြိုးစားခဲ့ဖူးတဲ့..နိုင်ငံရေးသမားကြီးပါ..ဦးတင်မောင်ဝင်းက PDP လူငယ်… နံမည်ကြီး..နိုင်ငံရေးသမား..တဦးပါ….
ပထစအစိုးရတက်လာတော့..ဦးဗိုလ်..သခင်ဆိုပြီး…(ကွဲ) (ပြဲ) ကြပြီး အချင်းချင်းစော်လိုက်ကြတာ….
ဦးရေးတဲ့..စစ်တပ်နဲ့နိုင်ငံရေးဆိုတာ ဖတ်ဖူးမှာပါ…ဗိုလ်ချုပ်နေ၀င်းဟာ နိုင်ငံရေး..အကွက်တွေ…(ကျွမ်း) ကျင် တဲ့ (စစ်ဗိုလ်) …. ကွန်မြူနစ်စစ်ဗိုလ်တွေ…ခေါင်းမထောင်နိုင်အောင်….(ကစား) သွားတာ… သူ့တပ်ရင်း..(၄) ကိုအသေပိုင်အောင်ကိုင်ပြီး… (အား) ယူသွားခဲ့တာ…. ဗိုလ်မှူးချုပ်ကျော်ဇော်ကို လွှပ်ပေးထားပြီး..ဗိုလ်မှူးချုပ် အောင်ကြီးနဲ့..လှည့်ရန်တိုက်ပေးထားတာ… တပ်ထဲမှာ…ဗိုလ်ဇေယျ..ဗိုလ်ရဲထွဋ်..ဗိုလ်ကျော်ဇော်….(၃) ဦးကို ဗိုလ်နေ၀င်းတစ်ယောက်ထဲနဲ….အနိုင်..ကိုင်သွားနိုင်တယ်မဟုတ်ဖူးလား…ကိုကြည်းမြင့်ကို ဗိုလ်နေ၀င်းပြောပေး လို ထောင်ကလွပ်လာပြီး ကွန်မြူနစ်အရင့်မာကြီးတစ်ယောက်ကို စစ်တိုင်းမှူးကသူ့အိမ်ပေါ်တင်ထားတာ ဗိုလ် နေ၀င်း..(မသိ) ပဲနေမလား… ဗိုလ်ကျော်ဇော်ကလည်း…ဒီလောက် naïve ဖြစ်ရသလား… ဗိုလ်နေ၀င်းက.. အဆင်း..ရပ်ကြည့်နေရုံပဲ….. တွန်းတောင်မတွန်းရပါဖူး…
ဗိုလ်ကျော်ဇော်..ဗိုလ်ဇေယျ…ဗိုလ်ရဲထွဋ်..သူတို့တပ်တွေကို …ဗိုလ်နေ၀င်း…တပ်ရင်း..(၄) ကိုကိုင်နိုင်သလို ..ဘာကြောင့် ..မကိုင်နိုင်ကြတာလဲ…. မေးစရာရှိပါတယ်…. တဖက်ကလည်း…ဗိုလ်နေ၀င်းဟာ .ဂျပန်ခေတ် ကတည်းက (ယူနစ်) စစ်ဗိုလ်တွေရဲ့..ခေါင်းဆောင်ဖြစ်ခဲ့ရတယ်….ဗိုလ်ဇေယျလည်း.. ဗိုလ်နေ၀င်းနဲ့ပြည်တွင်းသူ ပုန်လုပ်ဖို့ အတူလာကြတာပဲ..ဘာကြောင့်..ဗိုလ်နေ၀င်းက…ယူနစ်တွေရဲ့ ဆရာ.. ခေါင်းဆောင်ဖြစ်ခဲ့ရတာလဲ ..ဘာကြောင့် ဗိုလ်ဇေယျ…ဦးမဆောင်နိုင်သလဲ…ဗိုလ်ဇေယျက တက္ကသိုလ်သမဂ္ဂကပါလာတဲ့ခေါင်းဆောင် Leadership မှာ ဗိုလ်ဇေယျ ခမြာ..ဗိုလ်နေ၀င်း..ဖင်နားတောင်..မကပ်နိုင်ဖူး…
ကွန်မြူနစ်တွေကဗိုလ်ဇေယျကို..တပ်ထဲမှာ..အားယူတယ်… ဆိုရှယ်လစ်တွေက ဗိုလ်နေ၀င်းကိုအားယူတယ်… ဆရာချစ်ကြောင့် ရဲဘော် (၃) ကျိပ်တွေက ကွန်မြူနစ်တွေနဲ့ နီးတယ်…ယူနစ်ဗိုလ်တွေက ပြည်တွင်းသူပုန်အုပ်စု ကလာတာကြောင့် ဆိုရှယ်လစ်တွေနဲ့..နီးတယ်… ဒါ..factional politics ရဲ့ .သဘာဝအားပြိုင်ကြတာပဲ…
ဗိုလ်နေ၀င်း ကဗိုလ်လက်ျာနဲ့..အဆေးမကပ်ဖူး..ဗိုလ်လက်ျာက ကွန်မြူနစ်တွေထက်..ကုရင်စစ်ဗိုလ်တွေနဲ့ ပိုနီးတယ်… ဖဆပလမှာ ကွန်မြူနစ်နဲ့ဆိုရှယ်လစ်အားပြိုင်နေကြရပေမဲ့… စစ်တပ်ထဲမှာ ကရင်နဲ့..တော်လှန်ရေး စစ်ဗိုလ်တွေ..အားပြိုင်နေကြရတယ်…. အင်္ဂလိပ်က two wings army ဆိုပြီး ကရင်တွေက ၈၀% အုပ်စီး ထား တယ်… ဒါကြောင့် ဦးကျော်ငြိမ်းပြည်ထဲရေးဝန်ကြီးဖြစ်တော့ UMP (စစ်ရဲ) ကိုအားချဲ့ရတာ…ဦးကျော်ငြိမ်း Madras မှာ TB ဆေးသွားကုနေတုန်းဗိုလ်လက်ျာက..UMP မှာ ကရင်စစ်ဗိုလ်တွေခန့်ပစ်လိုက်တယ်…. ဗိုလ်လက်ျာကိုဘာကြောင့် လက်ဝဲညီညွပ်ရေးစစ်ဗိုလ်တွေကဖယ်ပေးပါ…ဗိုလ်နေ၀င်း- ဗိုလ်ဇေယျ ဦးနုကြိုက် သူကို ကာကွယ်ရေးဝန်ကြီးခန့်ပါလို့ပြောရလဲဆိုတာ ခင်လက်ျာရဲ့ စာအုပ်မှာလည်း မပါဖူး..ကရင်တပ်ကိုလက် နက်မပေးပါနဲ့ဆိုတာကိုပေးလို့….ဗိုလ်လက်ျာ..ပြုတ်တာ… ဦးသုဝေအသက်ရှင်နေပါသေးတယ်… သူကောင်း ကောင်း (သိ) ပါတယ်… ဗိုလ်လက်ျာက ကွန်မြူနစ်ပါတီရဲ့ ..Founder..ပဲ…ဗိုလ်နေ၀င်းနဲလည်း..အဆေးမကပ်.. ဘာကြောင့် ကွန်မြူနစ်တွေ..(ဆွဲ) ..မစားနိုင်လဲ… ကွန်မြူနစ်စစ်ဗိုလ်တွေ..စည်းရုံးရေး..ညံ့..လို့လား
BIA က..BDA အပြောင်းမှာ ဗိုလ်နေ၀င်းကဗိုလ်ချုပ်အောင်ဆန်းကို ရဲဘော် (၃) ကျိပ်တွေ ဂျပန်မှာ စစ်သင်တန်း ကောင်းကောင်းတက်ခဲ့ရတာမဟုတ်… ဆိုလို့…ဗိုလ်ချုပ်အောင်ဆန်းက …အေး…သင်တန်းပြန်တက်စေဆိုလို့ ရဲဘော် (၃) ကျိပ်တွေ…Commanding Post တွေလွပ်ကုန်ပြီး .ယူနစ်ဗိုလ်တွေလက်ထဲ…တပ်တွေရောက်ကုန် ရတယ်… နောက်ဗိုလ်ချုပ်အောင်ဆန်းက..ပညာအရည်အချင်းနဲ့ (စစ်) ချတော့..ဗိုလ်ဘ၀က other ranks ကို ပြန်မဆင်းချင်ကြတာကြောင့်… ရဲဘော် (၃) ကျိပ်တွေ စစ်တပ်ကထွက်သွားကြရတယ်…. BDA အစမှာ ဗိုလ်နေ ၀င်းက ဂျပန်ဖွဲ့စည်းပုံအရ Commander-in-chief ဖြစ်တယ်… ဗိုလ်ချုပ်က စစ်ဝန်ကြီး..ဗိုလ်စကြ်ာက ဒုဝန်ကြီး ..ဗိုလ်လက်ျာ insignificant post တစ်ခုရတယ်..ရဲဘော် (၃) ကျိပ်ဝင်တွေက… ဗိုလ်နေ၀င်းလက်ထဲတပ်ကိုပုံမ အပ်ဖို့..ဗိုလ်လက်ျာကတဆင့်ပြောခိုင်းလို့….ဗိုလ်နေင်းကို ရန်ကုန်ပြန်ခေါ်ပြီး Chief-of-staff ပြန်ပေးပြီး HQ ဌါန ချုပ်ကိုထူထောင်ခိုင်းရတာ…. ဗိုလ်မောင်မောင် MPS လို့ခေါ်တဲ့ HQ ဖွဲ့တော့ ဒီဂျပန်ခေတ် experience ကိုယူ သုံးရတာပဲ….
Prof Mary Callahan ရဲ့..စာအုပ်ကို..ဖတ်ကြည့်ကြပါ…. သိပ်ကောင်းပါတယ်…
အဆုံးမတော့ ကွန်မြူနစ်တွေဖက်မှာ…ဗိုလ်ဇေယျ…ဗိုလ်ကျော်ဇော်…ဗိုလ်ရဲထွဋ်..ရှိတယ်…ဗိုလ်လက်ျာကို ဆွဲစားတတ်ရင်..နဲတဲ့ ..(အား) မှမဟုတ်တာ…
ဗိုလ်စကြိာုက..ကရင်စစ်ဗိုလ်နဲ့ဆက်လို့..ကင်ပေတိုင်ရန်ရှာတာနဲ့ အစောကြီး ဂျပန်ကို စစ်သံမှူးအဖြစ်..ပို့ထားရ တယ်။
ဂျပန်ပြန်တွေက ဟီးရိုးတွေပဲ…ကွန်မြူနစ်တွေက… (၃) ဦး..ဆိုရှယ်လစ်တွေဖက်မှာ ဗိုလ်နေ၀င်း (၁) ယောက် ထဲ….
ဗိုလ်နေ၀င်းဖြစ်စေ… ဗိုလ်ဇေယျဖြစ်စေ…ဗိုလ်လက်ျာနေရာ ၀န်ကြီးချုပ်ရွေးပါဆိုတော့ ..ဦးကျော်ငြိမ်းက ဗိုလ်နေ၀င်းကို ..Push လုပ်တယ်…
ဦးသိန်းဖေမြင့်က ..လက်ဝဲညီညွပ်ရေးအတွင်းရေးမှူးအနေနဲ့ပါလာပြီး… (၃) ရက်ပေးမယ်..ဆုံးဖြတ်ပါဆိုတော့.. ဦးနုကစစ်ဗိုလ်တစ်ယောက်ဖျောက်ချိပ်လာကတည်းက ကျွှဲအမြီးတိုနေတာ ….(၃) ရက်မလိုဖူး….ဘယ်သူမှ.. မပေးဖူးဆိုပြီး… မောင်းထုတ်လိုက်တယ်….
ဒီမှာ ဗိုလ်လက်ျာက ဗိုလ်ဖေယျကိုခေါ်လာပြီး တပ်ထဲမှာဗိုလ်နေ၀င်းကို မကြိုက်ကြပါဖူးဆိုပြီး ဗိုလ်ဇေယျက တိပ်တိပ်လာ own lobby လုပ်တော့..ဦးနုကစိတ်ဆိုးပြီး မရဖူးပြောလိုက်တယ်…..
ဒါကတော့…principle ..မရှိတာရော… ကလိန်ကကျစ်ကြတာရော….ပါသွားတာပေါ့…
ဒီမှာ ..ဦးနုက …ဦးကျော်ငြိမ်းကို ချက်ချင်းဖုံးဆက်ပြောတော့….ဦးကျော်ငြိမ်းက..အောင်ပြီ..ဆိုပြီး ..ဗိုလ်နေ၀င်း ကိုပြောတော့ ..ဗိုလ်နေ၀င်းကတက်တွင်းလက်ဝဲညီညွပ်ရေးဗိုလ်တွေခေါ်ပြီး (ချဲ)..မှ အားလုံးက.. ဘာဖြစ်မှန်း ..မသိကြဖူး..နောက်ဆုံး.မှ..ဗိုလ်ဇေယျက..၀န်ခံ..တော့… စစ်ဗိုလ်တွေအားလုံး…ဗိုလ်နေ၀င်းဖက်ပါသွားကြတာ ပါ… အမေရိကားမှာ ဗိုလ်မှူးကြီးချစ်မြိုင်နဲ့ (၃) နာရီလောက်..Interview (၂) ခါလုပ်ခဲ့လို့..(သိ) ရတာပါ…Col ချစ်မြိုင်က တပ်ရင်း (၃) ရဲ့..2IC…ဒုတပ်ရင်းမှူး..တပ်ရင်မှူး ဗိုလ်ရဲထွဋ်ထက်…သြဇာရှိတယ်…Col ချစ်မြိုင်သာ သစ္စာမရှိခဲ့ရင်… အစိုးရပြုတ်တယ်….. ဦး.စစ်တပ်နဲ့နိုင်ငံရေးမှာ အသေးစိပ်ရေးပြခဲ့ပါတယ်….အင်းစိန်တိုက်ပွဲမှာ လည်း တောင်ငူကဆင်းလာတဲ့ ကရင်တပ်ရင်းကို…တပ်ရင်း (၃)ကပဲခူးနားက တံတားကိုမကျော်နိုင်လို့ အင်းစိန် မကျ ရတာပါ.. သားချစ်ဇော်ရေ….စစ်တပ်ရဲ့.ရာဇ၀င်လည်း…ဖတ်ပြီးမှပြောပါ…. တကယ်တော့.. ဗိုလ်ချစ်မြိုင် ကတကယ်..ဟီးရိုးပါ… အင်းစိန်မှာကွန်မြူနစ်တွေ ..ကူညီခဲ့ကြလို့လဲ….စစ်တပ်ဟာ ကွန်မြူနစ်နဲ့ လည်းတိုက် ရတယ်….ဗိုလ်နေ၀င်းစစ်ဦးစီးချုပ်ဖြစ်တော့ ..အင်အား..၂၀၀၀ ပဲကျန်တယ်…over all..ကွန်မြူနစ်တွေ… တော်တော့်ကို ..အသုံးမကျလို့…စစ်မနိုင်တာပါ….
ဗိုလ်ချုပ်နေ၀င်းဟာ စစ်တိုက်တော်တဲ့..ဗိုလ်ချုပ်မဟုတ်ဖူး…. ဗိုလ်ချုပ်အောင်ဆန်းလည်း.. စစ်တိုက်ရတာ မှ ..မဟုတ်တာ…. ဗိုလ်ချုပ်အောင်ဆန်းတို့တော်တာက leadership….ဗိုလ်ချုပ်နေ၀င်းတော်တာလည်း.. leadership ….
D Day မှာ ဘာကြောင့် ..General Eisenhower ကို overall commander ရွေးရသလဲ…leadership ကြောင့် မဟုတ်ဖူးလား…. Marshall က Logistics တော်တယ်…Patton ကို Battle of the Burges မှာမှ 3rd Div နဲ့တိုက် ရတာ…. Patton ကို Distraction အတက်..Fake Army ကိုဦးဆောင်ခိုင်းထားတယ်လေ….
ဗိုလ်ချုပ်နေ၀င်းကတစ်ယောက်ထဲ…ကွန်မြူနစ်ဗိုလ်ချုပ် (၃) ယောက် ..ဥါဏ်မမှီခဲ့ကြပါဖူး….ဗိုလ်ချုပ်နေ၀င်းကို အထောက်အကူပေးထားတာက… ဗိုလ်မောင်မောင်…ဗိုလ်အောင်ကြိး.နဲ့။။..ဗိုလ်အောင်ရွှေ…
အမှန်အတိုင်း..(မြင်) တတ်ရင်လေ..ဗိုလ်နေ၀င်းက…ကွန်မြူနစ်ဗိုလ်ချုပ်တွေကို (အရုပ်) ကလေးတွေလို (ကစား) သွာတာပါ….
နိုင်ငံရေးမှာ ဥိးကျော်ငြိမ်းနဲ့ သခင်သန်းထွန်းတို့..ဥါဏ်ချင်းပြိုင်ကြရသလို …စစ်တပ်ထဲမှာ…ဗိုလ်နေ၀င်း..နဲ့ ..ဗိုလ်ဇေယျ..ဗိုလ်ကျော်ဇော်…ဗိုလ်ရဲထွဋ်တို့ပြိုင်ကြရတယ်…. (၃) ယောက်လုံး…leadership မှာ… နိုင်ငံရေးအကွက်မှာ ..ဗိုလ်နေ၀င်း..ခြေဖျား..မမှီိကြပါဖူး…ဒါ..Facts..ပါပဲ

စစ်တိုက်တော်ပါ တယ်ဆိုတဲ့ ဗိုလ်ချုပ်ကျော်ဇော်က သခင်သန်းထွန်းအမိန့်ကို ဖီဆန်ပြီး တောမခို ခဲ့ဖူး… ဗိုလ်ချုပ်အောင်ဆန်းကို ကွန်မြူနစ်တွေ..(ဆဲ) လို့…အစာမကျေဖူး…..
ဗိုလ်ချုပ်နေ၀င်းက…အင်းစိန်မှာရော…တရုတ်ဖြူကိုတိုက်တော့ကော ဗိုလ်ကျော်ဇော်ကို…. ရဲရဲကြီး..(ခိုင်း) ရဲတယ်…. ဗိုလ်ကျော်ဇော် အနောက်မြောက်ကို..တောခိုတော့…. တပ်ပေးမကိုင်ခိုင်းဖူး….သခင်သန်းထွန်းရဲ့ အညှိုးတွေက သက် ရောက်နေတုန်း…နံမည်ကျော်ဗိုလ်ချုပ်ကြီး…ကတုတ်ကျင်းတူးတဲ့ သုတေသန.research ..လုပ်နေရတယ်… ဒါ..Leadership လို့ခေါ်ပါတယ်…သားချစ်ဇော်ရေ….

No comments:

Post a Comment