သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Friday, December 24, 2010

စွဲမြဲမှတ်သားထား၍ ဝေးစွာရှောင်ကြဉ် အပ်သည့် ဒုစရိုက်ဆယ်ပါး

ဗုဒ္ဓတားမြစ်တော်မူခဲ့တဲ့ ဆိုးညစ်မှု အကုသိုလ်တရား ဒုစရိုက် ဆယ်ပါးကို မှတ်မိလွယ်အောင် ကဗျာလေးနဲ့ တင်ပြပေးလိုက်ပါတယ်။ ကျွန်တော်ငယ်ငယ်က မှတ်သားဖူးခဲ့တာလေး ဖြစ်ပါတယ်။ မကောင်းမှုတွေ ဆိုတာဟာ သိထားပေမယ့် လုပ်မိတတ်လို့ ကျွန်တော်တို့ အထူးသတိပြုကြရပါမယ်။ ချိုသော အသီးရဲ့ အစေ့ကို စိုက်မှ ချိုသောအသီးကို ရတယ်ဆိုတဲ့ ကံ ကံ၏အကျိုးကို mmDailyNews ပရိသတ်များ သိပြီးသား ဖြစ်မှာပါ။
ကာယကံ ၃ ပါး
(၁) ပါဏာတိပါတ = သူ့အသက်ကို သတ်ခြင်း

(၂) အဒိန္နာဒါန = သူ့ဥစ္စာကို ခိုးခြင်း

(၃) ကာမေသုမိစ္ဆာစာရ = သူတစ်ပါး သားမယား သမီးပျိုကို ပြစ်မှားကျူးလွန်ခြင်း
(မိန်းမက သဘောတူသည့် တိုင်အောင် ကျူးလွန်သောယောက်ျားသည် ကာမေသုမိစ္ဆာစာရကံ ထိုက်ပါသည်)

ဝစီကံ ၄ ပါး
(၄) မုသာဝါဒ = မဟုတ်မမှန် လိမ်လည်ပြောဆိုခြင်း

(၅) ပိသုဏ၀ါစာ = ကုန်းချောခြင်း

(၆) ဖရုသ၀ါစာ = ရုန့်ရင်းကြမ်းတမ်းသော စကားဆိုခြင်း

(၇) သမ္ဖပ္ပလာပ၀ါစာ = သိမ်ဖျင်း အကျိုးမဲ့သော စကားဆိုခြင်း

မနောကံ ၃ ပါး
(၈) အဘိဇ္ဈာ = သူ့တစ်ပါးဥစ္စာကို ကိုယ့်ပိုင်ဖြစ်စေလိုသော မတော်ဆန္ဒ ထားခြင်း
(ထိုသူကဲ့သို့သော စည်းစိမ်မျိုး မိမိလည်း လိုချင်သည်ဟု စိတ်ညွှတ်လျင် အဘိဇ္ဈာ အကုသိုလ် မထိုက်)

(၉) ဗျာပါဒ = သူတစ်ပါးကို သေကြေပျက်စီးပါစေဟု စိတ်စေတနာ ပြုခြင်း

(၁၀) မိစ္ဆာဒိဌိ = လွဲမှားသော အယူရှိခြင်း

ဆယ်ခုစလုံး စွဲမြဲမှတ်မိစေရန် ကဗျာနှင့် တွဲ၍ တင်ပြအပ်ပါသည်။

သက်သတ် ၊ ခိုးမှု ၊ ကာမေသု သုံးခု ကာယကံ။
လိမ်ပြော ၊ ကုန်းချော ၊ စိတ်ကြမ်းပြော ၊ ဖျင်းပြောလေးတန် ၀စီကံ။
သူ့ဥစ္စာကို ကိုယ့်ဟာဖြစ်စေ ၊ သေစေစိတ်ထား ၊ ယူမှားဒိဌိ စိတ်တွင်ငြိ ၊ တြိမနောကံ။


No comments:

Post a Comment