သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Tuesday, May 24, 2011

လူ့အခွင့်အရေးနေ့ (တံဆိပ်ခေါင်းများ) ဦးအုန်းကျော်


လူ့အခွင့်အရေးနေ့ (တံဆိပ်ခေါင်းများ)
ဦးအုန်းကျော်
မေ ၁၀၊ ၂၀၁၁
‘‘တို့နိုင်ငံဟာ ၁၉၄၈ ဇန္န၀ါရီလ (၄) ရက်နေ့မှာ လွတ်လပ်ရေးရခဲ့တယ်။ အဲဒီနှစ်ထဲမှာဘဲ ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့တယ်။ အဖွဲ့ဝင်ဖြစ်ရတဲ့ ရက်စွဲအတိအကျကတော့ ၁၉၄၈၊ ဧပြီလ (၁၉) ရက်နေ့၊ အဖွဲ့ဝင်နိုင်ငံနံပါတ်က - ၅၈။ အဲဒါတွေကိုတော့ ... ငါ့တူသိပြီးသားပါကွာ။ ဒါပေမယ့် အဲ့ဒီကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ကြီးရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်း (The Universal Declaration of Human Rights) နဲ့ လူ့အခွင့်အရေးနေ့ (Human Rights Day) အကြောင်းကတော့ ငါ့တူအနေနဲ့ နဲနဲစိမ်းနေလိမ့်မယ်။ ကြားဖူး ချင်မှတောင် ကြားဖူးမယ်။’’

‘‘ဟုတ်တယ်ဦးလေးရ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကြားဖူတာတောင် သိပ်မကြာလှသေးပါဘူး။ အဲဒါကလဲ internet တွေထဲမှာ ပါ ပါလာလို့ ပါ။ ပြည်ပက Website တွေထဲမှာလဲ မကြာ မကြာတွေ့နေရလို့ပါ။ မကြားဖူး တာကို အပြစ်မတင်ပါနဲ့ ဦးလေးရာ။ ကျောင်းမှာကော၊ တက္က သိုလ်ကောလိပ်တွေမှာကော၊ ဘယ်မှာသင်ရ လို့တုန်း။ မဂ္ဂဇင်းတွေ - စာစောင်တွေမှာကော ဘယ်မှာ ဖတ်ရလို့တုံး။ ရှင်းရှင်းပြောရရင် ဘယ် လိုအချက်တွေပါ မှနဲ့ ရေရေရာရာ ဂဃနဏ မသိပါဘူးဦးလေးရာ။’’
‘‘တို့ကိုအုပ်ချုပ်တဲ့ ဒီစစ်အစိုးရတွေရဲ့အောက်မှာ အဲ့ဒီလူ့အခွင့်အရေး (Human Rights) ဆိုတဲ့ စကားလုံးကို မင်းတို့၊ ငါတို့တတွေ ကြား တောင် မကြားဖူးရလေအောင် တမင်တကာအညှိုးကြီးကြီးနဲ့ လုပ်ထားတာ ကွ။ မွေး ကထဲကပါလာတဲ့ မွေးရာပါ လူ့အခွင့်အရေးတွေ လူတိုင်းမှာ ရှိနေပါတယ်ဆိုတကို မသိအောင် လုပ်ထားတာ ကွ။’’
‘‘ဟုတ်တယ်နော် ... လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ဖြန့်ဝေတဲ့လူငယ်တွေ၊ အဖွဲ့အ စည်းတွေကိုလဲ နှိပ်ကွပ်တယ်ဆိုတဲ့ သတင်းတွေ ကျနော်တို့လဲ ကြားပါတယ်။”
‘‘အေး .. တကမ္ဘာလုံးမှာတော့ ဒို့နိုင်ငံနဲ့ တခြားစီဘဲ။ ငယ်ငယ်ကလေးထဲက အဲ့ဒီလူ့အခွင့်အရေးဆိုတာကို သိအောင်၊ နားလည်အောင်၊ ကြားဖူးနားဝရှိအောင် ကျောင်းတွေမှာသင်ပေးကြတယ်။ ပြောပြ - ဖတ်ပြ- ဖြန့်ဝေ - ပညာပေးကြတယ်။ ကလေးတွေနားလည်အောင် ဘယ်လို ဘယ်လိုပြောပါဆိုတဲ့ လက်စွဲစာအုပ် ကလေးေ တွတောင်ရှိသေးတယ်။ အဲ့ဒီလူ့အခွင့်အရေး ကြေညာစာတမ်းကို ကမ္ဘာပေါ်မှာ ရှိရှိ သမျှ ဘာသာစကားပေါင်း စုံနဲ့ ဘာသာပြန်ပြီး (မသိတဲ့သူ တယောက်မှ မရှိရလေအောင်) ဖြန့်ဝေကြ - ဟောပြောကြတယ်။ ကမ္ဘာ့စံချိန် တင်စာရင်းများ (Guinness World Records) ထဲမှာဆိုရင် အများဆုံးဘာသာပြန်ခံရသော မှတ်တမ်း (The Most Translated Document) အ ဖြစ်နဲ့တောင် စာရင်းသွင်းခံထားရတယ်။’’

‘‘ဟာ ဒါဆိုရင် ကျနော်တို့ ခုချိန်ထိမသိသေးဘဲ ယောင်ဝါးဝါးဖြစ်နေတာ ရှက်စရာကြီးပေါ့နော်။’’
‘‘ဟဲ ဟဲ၊ မင်းရှက်တတ်ရင်ပေါ့လေ။ အဲဒီလောက် တကမ္ဘာလုံး ရှိရှိသမျှ လူအပေါင်း (လှည်းနေ လှေအောင်း - မြင်းေ ဇာင်းမကျန်) အားလုံး သိကြတာကို မင်းတို့ ငါတို့တွေ ခု ဒီအရွယ်ကြီးတွေ ရောက်တဲ့အထိ၊ မသိသေး တာ၊ မဖတ်ဘူးသေးတာ နာသကွာ’’
‘‘ဒါနဲ့ ဟိုတလောကတော့ မြန်မာ့လူ့အခွင့်အရေးနေ့အဖြစ် ကိုဖုန်းမော်ကျဆုံးတဲ့ (မတ်လ ၁၃ ရက်) ကို သတ်မှတ်ပြီး ကျင်းပတဲ့အကြောင်းတော့ Internet တွေမှာ တွေ့လိုက်မိသေးတယ်။’’
‘‘အေး ဦးလေးလဲ တွေ့လိုက်မိပါတယ်။ ဒါပေမယ့် တကမ္ဘာလုံးက သတ်မှတ်ထားတဲ့ လူ့အခွင့်အရေးနေ့ကတော့ ဒီဇင်ဘာ ၁၀ ရက်နေ့ကွ။ အဲဒီကြေညာစာတမ်းကို အတည်ပြုခဲ့တဲ့ ၁၉၄၈၊ ဒီဇင်ဘာ ၁၀ ရက်ကို အထိမ်း အမှတ်ယူထားတာပေါ့ကွာ’’
‘‘အဲ့ဒီကြေညာစာတမ်းကို ဘယ်သူရေးတာလဲဟင်’’
‘‘နိုင်ငံတကာပညာရှင်တွေ ဆွေးနွေးတိုင်ပင်ပြီး ရေးကြတာကွ။ ဒို့အာရှတိုက်ကဆိုရင် တရုတ်ပြည်ကတောင်ပါေ သးတယ်။ တက်တက်ကြွကြွ လုပ်ခဲ့ကြတဲ့ သူတွေထဲမှာဆိုရင်လဲ အဲဒီတုန်းက အမေရိကန်သမတ ရုစဗဲ့ရဲ့မိန်းမ (Eleanor Roosevelt) ဆိုရင် ထင်ရှားတယ်။ အဲဒီကြေညာစာတမ်းမှာ စုစုပေါင်း အပိုဒ် ၃၀ ပါတယ်။ ဟောဒီမှာ မင်းတို့အတွက် ဦးလေး အဆင်သင့် ကော်ပီတွေကူးထား တယ်။ ယူသွားပြီး အေးအေးဆေးဆေး စိမ်ပြေနပြေဖ တ်ကြ၊ ဆွေးနွေးကြပေါ့ကွာ။ ဗမာလိုကော၊ အင်္ဂလိပ်လို မူရင်းကော’’
‘‘ဗမာလိုက ဘယ်သူပြန်တာလဲဟင်’’
‘‘အဲ့ဒါတော့ ဦးလေးလဲမသိဘူးကွ။ မင်းတို့လူငယ်တွေ ရှာဖွေပြီး သုတေသနလုပ်ကြည့်ပေါ့ကွာ။ သိရင်လဲ ဦးလေးကို ပြန်ပြောဦး။ ဦးလေးလဲ မှတ်ထားရတာပေါ့။’’
‘‘ဟုတ်ကဲ့ပါ ဦးလေး”
‘‘ဒီနေ့တော့ အပိုဒ်နံပါတ် (၂၀) ကို ငါ့တူကို ဖတ်ပြရမယ်။ သေသေချာချာ နားထောင်နော်။ ဗမာလိုကော အင်္ဂလိပ်လိုကော။

♦ အပိုဒ် ၂၀
(၁) လူတိုင်းတွင် လွတ်လပ်အေးချမ်းစွာ စုဝေးနိုင်ခွင့်နှင့် ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။
(၂) မည်သူကိုမျှ အဖွဲ့အစည်းတခုသို့ဝင်စေရန် အတင်းအကြပ်မပြုရ။

♦ Article 20
(1)  Everyone has the right to freedom of peaceful assembly and association.
(2)  No one may be compelled to belong to an association.

‘‘ဟာ ကောင်းလိုက်တာ ဦးလေးရာ။ ကျနော်တို့မှာ အဲ့ဒီအခွင့်အရေးတွေ ဘယ်တော့များမှ ရပါ့မလဲ။’’
‘‘ဒါတောင် တပိုဒ်ထဲဘဲရှိသေးတာ ငါ့တူ။ အပိုဒ် ၃၀ စလုံးကို ဖတ်ပြီးရင် အဲဒီအထဲက ဘယ်အခွင့်အရေးတွေရှိေ နပြီလဲဆိုတာ ... မင်းသိလာ လိမ့်မယ်။’’
‘‘အဲ့ဒီအခါကျရင် ဘာအခွင့်အရေးမှ မရှိဘူးဆိုတာ တွေ့ရတော့မယ်ဆိုပါတော့ ... ဒီလိုလား။’’
‘‘အဲ့ဒါတော့ မင်းဘာသာမင်း သိလာလိမ့်မပေါ့ကွာ။ ဒီနေ့တော့ တံဆိပ်ခေါင်းတွေအကြောင်း ဆက်ကြဦးစို့။ တကမ္ဘာလုံးက ပလူပျံအောင် ထုတ်နေပေမယ့် ဒို့နိုင်ငံကတော့ တလုံးမှ မထုတ်ခဲ့ပါဘူးကွာ။’’
‘‘တကယ်လား ဦးလေးရာ။ ကုလသမဂ္ဂနဲ့ပတ်သက်တာတွေတာ့ ထုတ်နေသားဘဲ မဟုတ်လား’’
‘‘အေး ...ကြိုကြား၊ ကြိုးကြားထုတ်နေတာတွေတော့ရှိပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေး (Human Rights) နဲ့ပတ်သက်တာကိုတော့ တခု မှ မထုတ်ခဲ့ဘူးကွာ။ ဒီလူ့အခွင့်အရေးဆိုတာကို နားထဲ သံရည်ပူလောင်းထည့်ခံရ သလို .. အခံရခက်တယ်ထင်ပါရဲ့။ အာဏာရှင်နိုင်ငံ တွေ လူ့အခွင့်အရေးချိုးဖောက်တဲ့နေရာမှာ နာမည်ကြီး တဲ့နိုင် ငံတွေကတောင် (ဟန်ပြလေးဖြစ်ဖြစ်) တလုံးတလေ ထုတ်ကြသေးတယ်။ တို့နိုင်ငံကတော့ လုံးဝဆို လုံးဝ ဘဲ။’’
‘‘လူ့အခွင့်အရေးဆိုတဲ့ နာမည်တောင် မကြားချင်ဘူးဆိုတဲ့ သဘောပေါ့နော်။’’
‘‘သူတို့မကြားချင်တဲ့အပြင် မင်းတို့၊ ငါတို့ ကြားသွားမှာကိုလဲ သိပ်ကြောက်နေတာကွ။ တို့အာရှတိုက် က နိုင်ငံခေါင်းဆောင် အချို့ ကလဲ ဒီမိုက ရေစီနဲ့ လူ့အခွင့်အရေးဟာ အာရှတိုက်သားတွေအတွက် ပုံတူကူးချ ဘို့ မလိုဘူး ...လိုလို (အသံတွေပစ်နေတာ) ငါ့တူလဲ ကြားမှာပေါ့။
တရုတ်ပြည်က ထိပ်ဆုံးကပေါ့ကွာ။
အဲ့ဒါကိုကြည့်ရင် အာဏာရှင်လုပ်ချင်နေတဲ့ကောင်တွေက ဒီစကားလုံးတွေကို အရမ်းမုန်းနေတာ မင်းသိသာေ လာက်ပြီပေါ့ကွာ။ ကဲ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (United Nations Human Rights Council - UNHCR) ရဲ့ အထိမ်းအမှတ်တံဆိပ် (logo)။ အပြာရောင်မီးတောက်ကလေးနဲ့။ ဒီမှာကြည့်ပါဦး။

UNHCR

 
‘ကဲ ! မင်းတို့ခေတ်ရောက်ရင် ဘယ်လိုဒီဇိုင်းကလေးနဲ့ထုတ်ရင်ကောင်းမလဲ စဉ်းစားထားပေါ့ကွာနော်။’’
‘‘သြစတြေးလျကထုတ်တဲ့၊ နှင်းဆီပန်းနဲ့ သံဆူးကြိုး ဒီဇိုင်းလေးကို ကျနော်အကြိုက်ဆုံးဘဲ။ ကျနော်တို့က ဗုဒ္ဓဘာသာနိုင်ငံဆိုတော့ ကြာပန်း ကလေးနဲ့ သံဆူးကြိုး ဒီဇိုင်းလေး လုပ်လိုက်ရင် မကောင်းဘူးလား။’’
‘‘ဟာ ... ကောင်းလိုက်တဲ့ အကြံလေးပါလားကွာ’’

ၾသစေၾတးလ်
 

♦ ♦ ♦
၁၉၅၈ (၁၀ နှစ်မြောက်အထိမ်းအမှတ်ထုတ် တံဆိပ်ခေါင်းများ)

အင်ဒိုနီးရှား

သီရိလင်္ကာ

ဗီယက်နမ်

ပါကစ္စတန်

မလေးရှား


လာအို

ဂျပန်

၁၉၆၈ (၂၀ နှစ်မြောက်အထိမ်းအမှတ်ထုတ် တံဆိပ်ခေါင်းများ)

တောင်ကိုရီးယား

အိန္ဒိယ

ဟောင်ကောင်

ယိုးဒယား

ဂျာမဏီ

ကမ္ဗောဒီးယား


ဘရူနိုင်း

လာအို


၁၉၇၈ (၃၀ နှစ်မြောက်အထိမ်းအမှတ်ထုတ် တံဆိပ်ခေါင်းများ)

နီပေါ

အနှစ် ၃၅ နှစ် UN


၁၉၈၈ (၄၀ နှစ်မြောက်အထိမ်းအမှတ်ထုတ် တံဆိပ်ခေါင်းများ)

ဖိလစ်ပိုင်


၁၉၉၈ (၅၀ နှစ်မြောက်အထိမ်းအမှတ်ထုတ် တံဆိပ်ခေါင်းများ)

ၾသစေၾတးလ်

နီပေါ

၁၉၇၃ ယိုးဒယား

  Next >

3 comments:

  1. လာလည် ဖတ်ရှုသွားပါတယ် ။ မရှင်းတာလေး မေးထားခဲ့ပါရစေ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ (United Nations Human Rights Council-UNHCR) နဲ့ ( United Nations High Commissioner for Refugees- UNHCR ) ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး တို့ ဘယ်လိုကွာခြား သလဲဆိုတာပါ။ ဖတ်ခွင့်ရတာ ကျေးဇူပါ။..

    ReplyDelete
  2. UNHCR နဲ.UNHRC ကွာခြားပါသည် ၊
    UNITED NATION HIGHT COMMISSIONER FOR RUFUGEES သည် ဒုတိယကမ္ဘာစစ်ပြီးသည်.နောက်မှာပေါ်ပေါက်လာတဲ.အဖွဲ.အစည်းတရပ်ဖြစ်ပါသည်။
    ပထမဦးဆုံးဆုံး IRO ဆိုတဲ.အမည်နဲ.ဖွဲ.စည်းခဲ.တာဖြစ်ပြီးကမ္ဘာစစ်အပြီးပေါ်ပေါက်လာတဲ.ဘာသာရေး
    ဖိနှိပ်မှု၊လူမျိုးရေးသတ်ဖြတ်မှုများ၊နိုင်ငံေ၇းကြောင်.ဘဝလုံခြုံမှုမရှိသည်.နိုင်ငံရေးသမားများ၊သဘာဝဘေးဒဏ် ကြောင်.အတိဒုက္ခရောက်နေသောလူများအားကူညီမှုပေးသည်.အဖွဲ.အစည်းကြီးဖြစ်ပါသည်၊
    အဲဒီနောက်အဖွဲ.အစည်းကြီးကိုUNHCR သို.ပြောင်းလဲပြင်ဆင်ဖွဲ.စည်းလိုက်ပါတယ်။နောက်သုံးနှစ်လောက်အကြာမှာအကူအညီပေးမှုကိုရပ်ဆိုင်းပြီးအဖွဲ.အစည်းကိုဖျက်သိမ်းဖို.ကြိုးစားခဲ.ပေမယ်.ကမ္ဘာပေါ်မှာလူမှုဒုက္ခခံစားမှုအများအပြား၇ှိနေပြီးအကူအညီဆက် တောင်းခံမှုတွေရှိနေသေးတဲ.အတွက်ဒီနေ.အချိန်အထိရပ်တည်ထားဆဲပင်ဖြစ်ပါသည်၊
    ဒါပေမယ်.UNHCRသည်လူတိုင်းကိုတော.အကူအညီမပေးနိုင်ပါ။ဘာသာေ၇း၊လူမျိုးရေး၊နိုင်ငံရေးဖိနှိပ်ခံနေရ သောလူသားများကိုသာဦးစားပေးပြီးတတိယနိုင်ငံလို.ခေါ်တဲ.ရွေု.ပြောင်းနေရာချထားခွင်.ပေးတဲ.နိုင်ငံတွေကိုခွဲဝေပြီးပြန်လည်နေရာချထားပေးတဲ.အဖွဲ.အစည်းဖြစ်ပါတယ်။
    UNHRC OR UNCHR သည်လည်း၁၉၄၆ ဝန်းကျင်လောက်မှာပင်ပေါ်ပေါက်ခဲ.တဲ.အဖွဲ.အစည်းကြီးလို.သိရပါတယ်၊ဒီအဖွဲ.အစည်းကတော.လူတန်းစားအနိမ်.အမြင်.မရှိစေရေး၊လူဖြူလူမည်းခွဲခြားမှုကြောင်.အခွင်.အရေးဆုံးရှုံးနေတဲ.သူများ၊မိန်းမ၊ယောကျာင်္းတန်းတူတူညီတဲ.အခွင်.အရေးရရှိစေရေး၊အာဏာရှင်တို.ကြောင်.လူ.အခွင်.အရေးဆုံးရှုံးနစ်နာမှုများကိုစောင်.ကြည်.ဝေဖန်ပြီးအကူအညီပေးနေတဲ.အဖွဲ.အစည်းဖြစ်ပါတယ်။သူကတော.တတိယနိုင်ငံပြောင်းရွေု.အခြေချခွင်.ကိုတော.မလုပ်ပေးပါဘူး၊လူ.အခွင်.အရေးမပြည်.တဲ.နိုင်ငံတွေကိုဖိအားပေးပြီး၊လိုက်နာမှုမရှိရင်အပြစ်ပေးအရေးယူခံရ အောင်ထောက်ခံပေးပါတယ်၊ဥပမာစီးပွါးရေးပိတ်ဆို.အရေးယူဒဏ်ခတ်ရေးစတဲ.ဖိအားမျိုးတွေပေါ.၊အပြည်.အ
    စံကိုတော.သူ.ဆိုင်ရာဝက်ဘ်ဆိုဒ်မှာရှာကြည်.ရင်ရမှာပါ၊

    ReplyDelete
  3. ရှင်းပြပေးတဲ့ အတွက်ကျေးဇူးပါ ခင်ဗျား,,

    ReplyDelete