သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Thursday, August 25, 2011

ဒုတိယရေနက် ဆိပ်ကမ်း ပုသိမ်မြို့ ဖြစ်တော့မည်(RFA)

ဒုတိယရေနက် ဆိပ်ကမ်း ပုသိမ်မြို့ ဖြစ်တော့မည်

2011-08-24
ဧရာဝတီတိုင်း ပုသိမ်မြို့ ဆိပ်ကမ်းကို ရေနက်ဆိပ်ကမ်း အဖြစ် မကြာခင် ဆောက်လုပ်ဖို့ အတွက် ထိုင်းကုမ္ပဏီ တခုနဲ့ မြန်မာ အစိုးရတို့ ဆွေးနွေးပြီးပြီလို့ သိရပါတယ်။
အဲဒီထိုင်း ကုမ္ပဏီက တည်ဆောက်ရေး လုပ်ငန်း အတွက် ဒီတပတ် အတွင်း ပုသိမ်ကို လာရောက်မယ်လို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က ပြောပါတယ်။ ဒါကြောင့် တနင်္သာရီတိုင်းမှာ ဆောက်လုပ်နေတဲ့ ထားဝယ် ရေနက်ဆိပ်ကမ်း ပြီးရင် ပုသိမ်ဆိပ်ကမ်းဟာ မြန်မာနိုင်ငံမှာ နိုင်ငံခြား အကူအညီနဲ့  ဆောက်လုပ်မယ့် ဒုတိယ ရေနက်ဆိပ်ကမ်း ဖြစ်လာမယ်လို့ သိရပါတယ်။ ပုသိမ်ဆိပ်ကမ်းကို တန်ချိန် ၇ ထောင် ကနေ ၁ သောင်း အထိ သင်္ဘောကြီးတွေ ဝင်ထွက် သွားလာနိုင်အောင် ပုသိမ် နဲ့ ပမ္မဝတီ ဆိပ်ကမ်းကြားမှာ ရှိတဲ့ ကျောက်တန်းကြီးကို ဖြိုဖျက်ပစ်လိမ့်မယ်လို့ အစိုးရ အဖွဲ့တွင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်

No comments:

Post a Comment