သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Wednesday, June 22, 2011

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ ( ကျော်သူ)

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
ဇွန် ၂၂၊ ၂၀၁၁


ဂါရဝတရား
     မျိုးဆက်သစ်ကလေးငယ်များ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အင်္ဂလိပ်စာသင်တန်းကို လာရောက်တက်ရောက်ကြရာတွင် တပျော်တပါး ဝမ်းသာအားရ ကြည်နူးမှုအပြည့်ဖြင့် နံနက် ၇း၀၀ နာရီ အချိန်ကတည်းက လာရောက်ကြသည်။ သုခအဟာရ စားသောက်ဆိုင်တွင် စားသောက်သူ စားသောက်၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ခြံဝင်းအတွင်း ဆော့ကစား၊ ဘဘ ဦးသုခကျောက်ရုပ်ပတ်ပတ်လည်တွင် စိန်ပြေးတန်း ကစားသူက ကစား၊ ဘဘဦးသုခ ကျောက်တိုင်ရှိ စာသားတချို့ကိုဖတ်သူက ဖတ်နှင့် ကလေးဘာသာဘာဝ ပျော်ပါးလျက်ရှိနေကြသည်။
         

        ထိုအချိန်တွင် ကျွန်တော်က ကလေးငယ်များအား ခေါ်ယူကာ ဘဘဦးသုခ၏ ဂုဏ်ပုဒ်၊ ဘဘ ဦးသုခ၏ စွမ်းရည်၊ ဘဘဦးသုခ၏ လူသားချင်းစာနာစိတ်၊ ဘဘဦးသုခ၏ ဘာသာတရားကို ကိုင်းရှိုင်းမှု၊ ဘဘဦးသုခ၏ အနုပညာစွမ်းပကားတို့နှင့် ဘဘဦးသုခကြောင့် ယခုလို သားတို့သမီးတို့ ပညာရေး၊ အများပြည်သူတို့၏ နာရေး/ အခမဲ့ ကျန်မာရေးကုသပေးမှုများကို ပြုလုပ်နိုင်ခဲ့ကြောင့်ကို ကလေးငယ်များအား စိတ်ဝင်စားအောင် ပြောကြားပေးခဲ့သည်။
       ထိုနေ့မှစ၍ နောက်တနေ့ မနက်စောစော ၇း၀၀ နာရီခန့်တွင် ကျွန်တော်ရုံးပြင်ပတွင် အဆောက်အဦအား မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးနေစဉ် အင်္ဂလိပ်စာသင်တန်းသို့ တက်ရောက်ရန် လာကြသော ကလေးငယ်များရောက်ရှိလာသည်။ သူတို့အချင်းချင်း ယမန်နေ့က လာရောက်ခြင်း မရှိသော ကလေးငယ် သူငယ်ချင်းများအား တီးတိုးပြောဆိုကြသည်ကို မြင်တွေ့ခဲ့ရသည်။ ထို့နောက် ယင်း ကလေးငယ်တို့သည် ဘဘဦးသုခ၏ ကျောက်တိုင်ရှေ့သို့ သွားရောက်ကြကာ လက်အုပ်ချီမိုး၍ ဂါရဝပြုကာ စာသင်ခန်းအတွင်းသို့ ဝင်ရောက်သွားကြသည်ကို ကျွန်တော်မှတ်တမ်းဓာတ်ပုံရိုက်ရှိကာ မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့ရပါသည်။         

 
      ဘဘဦးသုခသည် ကျွန်တော်၏ အများပြည်သူ၏ ကျေးဇူးရှင်ဆရာတပါးလည်း ဖြစ်သည်။ ဘဘ ဦးသုခကြောင့် ကျွန်တော် လူမှုရေးလုပ်ငန်း၊ ဘာသာရေးလုပ်ငန်းများကို နိုင်ငံတော်အတွက် အများပြည်သူအတွက် ဖေးမကူညီ ပံ့ပိုးမှုစိတ်ဓာတ်များ မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ ဘဘဦးသုခ၏ လူသားများအပေါ် ထားရှိသည့် မေတ္တာ၊ ဂရုဏာ၊ ဥပေက္ခာ၊ မုဒိတာ စသော မျိုးစေ့များအား သေတပန် သက်တဆုံး ထိန်းသိမ်း၊ ကျင့်သုံး၊ ကာကွယ်၊ ပေးဆပ်သွားမည်ဖြစ်သည်။
အမေစုမွေးနေ့ မင်္ဂလာပွဲ
19.6.2011, (6:30 p.m), အမေ့ခြံထဲ အမေ့မွေးနေ့  မှတ်မှတ်ရရ ကြည်နူးစရာ ပုံရိပ်များ ... ... ...

 
 
 
 
 
 
 
 
 
 
 
 
 
 
 

မွေးနေ့တူတို့၏ဒါန

         ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့နှင့် မွေးနေ့တူ ဇွန်လ ၁၉ ရက်နေ့ဖွား မွေးနေ့ရှင်များ ယနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ထူးခြားစွာ လာရောက်ကုသိုလ်ဒါန ပြုခဲ့ကြသည်။ 

 
      မောင်ခွန်မင်းသန့် အသက် ၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်) ကို နှစ်စဉ်နှစ်တိုင်း လာရောက်လှူဒါန်းမှုများ ပြုလုပ်ခဲ့ရာ ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက် ၅း၀၀ နာရီအချိန်၌ လာရောက်ကာ နို့စိမ်းခေါက်ဆွဲ ချက်ပြုတ်ပြီး ဘုန်းကြီးကျောင်းသို့ အာရုံဆွမ်းဆက်ကပ် လှူဒါန်းကာ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဘုရားဆင်းတုတော်အား ဆွမ်းဆက်ကပ်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ဝန်ထမ်းများ၊ လုပ်အားပေး အသင်းသူ/သားများ၊ သုခကုသိုလ်ဖြစ် ဆေးခန်းသို့ လာရောက်ကုသသော လူနာများ၊ လူနာရှင်များ အပါအဝင် လူဦးရေ ၂၅၀ ခန့်အား ဒါနပြုလုပ် ကျွေးမွေး လှူဒါန်းခဲ့သည်။ ထို့အပြင် ဦးတင်ထွန်းအောင်၏ မွေးနေ့အတွက် ဇနီးဖြစ်သူ ဒေါ်ဝင်းညွှန့်နွယ်တို့ကလည်း အလှူငွေကျပ် ၁ သိန်း၊ သမီးငယ်လေး မအိမ့်မှူးခင် ကလည်း အသက် ၅ နှစ်မြောက် မွေးနေ့အလှူအဖြစ် အလှူငွေကျပ် ၁ သိန်းနှင့် ဒေါ်အေးမြင့်ဟန် အသက် ၄၀ နှစ်ပြည့် မွေးနေ့အလှူအဖြစ် အလှူငွေကျပ် ၁ သိန်းတို့အား နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ အသီးသီးလာရောက် လှူဒါန်းခဲ့ကြသည်။

 
  လှူဒါန်းမှုအစုစုတို့အတွက် တိုင်းပြည်၏ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း၏သမီး ပြည်သူ့ဘက်သား ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး၊ ဘာသာသာသနာအကျိုး စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်း ပို့သပေးလိုက်ပါသည်။

No comments:

Post a Comment