သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Sunday, December 25, 2011


ကြိုတင်မဲကို အမှန်ကန်ဆုံးဖြစ်အောင် လုပ်မည်

 
လာမည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် ကြိုတင်မဲကိစ္စ အပါအဝင် အမှန်ကန်ဆုံး ဖြစ်စေရန် ဆောင်ရွက်မည်ဟု  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက ဒေါ်အောင်ဆန်းစုကြည်အားပြောဆိုလိုက်သည်။
ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သော အမျီုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ဦးတင်အေး ဦးဆောင်သော ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
Read more>>
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပါတီအပြီးသတ် မှတ်ပုံတင်ရေး အတွက် ဦးတင်အေးနှင့် ယနေ့နံနက် ၁၀ နာရီခန့်က တွေ့ဆုံရာတွင် ထိုသို့ပြောဆိုခြင်း ဖြစ်ကြောင်း NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီသို့ပြောသည်။
“ကြိုတင်မဲကိစ္စကိုပြောတော့ သူက အကောင်းဆုံး အမှန်ကန်ဆုံးဖြစ်အောင် လုပ်ရမှာက သူ့တာဝန်ပါလို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။
၂ နာရီခန့် ကြာမြင့်သည့် အဆိုပါတွေ့ဆုံမှုတွင် နိုင်ငံကောင်းကျိုးအတွက် အတူတကွ ၀ိုင်းဝန်းလုပ်ဆောင်ကြရန်၊ တိုင်းပြည်စီးပွားရေး ကောင်းမွန်မှ နိုင်ငံရေးလည်း ကောင်းမွန်မည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ဦးတင်အေးက ပြောဆိုကြောင်း ဦးဉာဏ်ဝင်းက ဆက်လက်ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း လာမည့် ရွေးကောက်ပွဲတွင် မှန်မှန်ကန်ကန် ဆောင်ရွက်မည်ဟု ပြောဆိုသည့်အတွက် ကျေးဇူးတင်ကြောင်း၊ ပါတီအချင်းချင်းလည်း ကူညီဆောင်ရွက်ရန် တိုက်တွန်းကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် အချိန်ကာလကို လွှတ်တော်ကသာ သတ်မှတ်နိုင်မည်ဖြစ်သည့်အတွက် မည်သည့်အချိန်တွင် ကျင်းပမည်ဆိုသည်ကိုမူ မပြောနိုင်သေးကြောင်း ဦးတင်အေးက ပြောသည်ဟု သိရသည်။
ပထမဆုံး အကြိမ်တွေ့ဆုံမှုတွင် ဦးတင်အေးက ရင်းနှီးဖော်ရွေစွာ ပြောဆိုပြီး ၎င်း၏ အယူအဆများကိုလည်း ပွင့်လင်းစွာ ပြောဆိုသည်ကိုတွေ့ရကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်သည့် NLD အဖွဲ့ဝင်များသည် နေပြည်တော်ရှိ ရွိုင်ယယ်နေပြည်တော် ဟိုတယ်တွင် ခေတ္တတည်းခိုပြီး ယနေ့ညနေ ၄ နာရီခန့်တွင် ရန်ကုန်မြို့သို့ ထွက်ခွာမည်ဟု သိရသည်။
လက်ရှိသမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အာဏရ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီသည် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြိုတင်မဲများဖြင့် ပြိုင်ဘက်ပါတီများကို အနိုင်ရရှိခဲ့သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်လာကာ ရွေးကောက်ကော်မရှင်၌ တရားစွဲဆိုမှုများ နိုင်ငံအနှံအပြားတွင် ဖြစ်ပွားခဲ့သည်။

No comments:

Post a Comment