သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Sunday, January 22, 2012

ချင်းတောင်ရှိမြေပေါ်မြေအောက် သယံဇာတများဖြင့် အနာဂါတ်ကို ပုံဖော်ကြည့်သည်(ခိုနှုမ်းထုန်)

 (ဇလပ်နီ)။ မြန်မာနိုင်ငံအတွင်း အဆင်းရဲဆုံးပြည်နယ်ဟု သတ်မှတ်ခံရသည့် ချင်းပြည်နယ်သည် အပေါ်ယံအမြင်အားဖြင့်မူ နုံချာ ဆင်းရဲနေသည်ဟု ဆိုရမှာပါ။ အခေါက်သည် ရုပ်ဆင်းမလှ သော်လည်း အနှစ်မှာမူ ပျစ်ချွဲနေသည်ဟု ပြောချင်သည်။

ချင်းတောင်သည် မြေပေါ်မြေအောက် သယံဇာတများဖြင့် ပြည့်စုံကုံလုံနေပြီး မိမိဘာသာ ၀မ်းကျောင်း ရပ်တည်နိုင် ကြောင်း သို့သော် တာဝန်ရှိသူတွေက စေတနာအပြည့်ဖြင့် လုပ်ယူမှသာ ဖြစ်နိုင်တာပါ။
ချင်းပြည်နယ်အတွင်း တီးတိန်မြို့နယ် မြွေတောင်၊ ဖလမ်းမြို့နယ် ပါမွန်ချောင်း၊ ကန်ပက်လက်မြို့နယ် ရင်ကွဲတောင် ဒေသ များတွင် အနာဂါတ်ချင်းတောင်ကို အလှတန်ဆာဆင်မြန်းမည့် အဖိုးတန်မြေ အောက် သယံဇာတများရှိနေသည်ကိုမူ သတိ ချပ်ရပါမည်။
ဖလမ်းမြို့နယ် ပါမွန်ချောင်းဒေသတ၀ိုက်တွင် သတ္တုရိုင်းသိုက် ဖြစ်ထွန်းမှုရှိကြောင်း ခရိုမိုက်နှင့် သံရောရာ သတ္တုရိုင်း အမျိုးအစားဖြစ်ပြီး ခရိုက်မိုက် သတ္တုရိုင်းဖြစ်ထွန်းမှုကို ပင်ရင်းနှင့် ကြွင်းစုသိုက် (ရွေ့မျောတုံး)၊ သံသတ္တု ရိုင်းဖြစ်ထွန်းမှုကို ပင်ရင်းသိုက်နှင့် ကြွင်းစုသိုက် ( ရွေ့မျောတုံး) အနေဖြင့် တွေ့ရှိရသည်ဟု သိရသည်။


အလားတူ ကန်ပက်လက်မြို့နယ် ရင်ကွဲတောင်ဒေသတ၀ိုက်တွင်လည်း သတ္တုရိုင်းသိုက် ဖြစ်ထွန်းမှုရှိ နေပြီး ကြေးနီ၊ နီကယ် နှင့် ခရိုမိုက်ရောရာ သတ္တုရိုင်းသိုက် အမျိုးအစားနှင့် နီကယ် သတ္တုရိုင်းသိုက် အမျိုးအစားတို့ ဖြစ်ကြောင်း သိရပြန် သည်။
လက်ရှိ အစိုးရ သတ္တုတွင်း ၀န်ကြီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓါတ်သတ္တုရှာဖွေရေးဦးစီးဌာနမှ တာဝန်ရှိ ကွင်းဆင်း အဖွဲ့ နှစ်ဖွဲ့က အဆိုပါ မြို့နယ်များသို့ ၃၀ ဇူလိုင် ၂၀၁၁ ရက်နေ့မှ ၁၅ စက်တင်ဘာ ၂၀၁၁ ရက်နေ့အထိ ကွင်းဆင်း လေ့လာမှုအရ ဖော်ထုတ်နိုင်ခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။
ဓါတ်ခွဲအဖြေနှင့် တန်ချိန်တွက်ချက်မှုများအရ ဖလမ်းမြို့နယ် ပါမွန်ချောင်းတ၀ိုက်တွင် ပျမ်းမျှ ခရိုမိုက် ( Cr) ၂၉. ၁၃ %  နှင့်  သံ ( Fe) ၁၂. ၆၃ % ပါဝင်သည့်  သ – ၃ အဆင့် ခရိုက်မိုက် သတ္တုရိုင်း တန်ချိန် ၁၃၃၀ မက်ထရစ်တန်နှင့် ပျမ်းမျှ သံ ( Fe) ၃၃.၃၉ % နှင့် ခရိုမိုက် ( Cr) ၁၂.၂၂% ပါဝင်သည့်  သ – ၃ အဆင့် သံသတ္တုရိုင်းတန်ချိန် ၆၇၀ မက်ထရစ်တန် အား တွေ့ရှိဖော်ထုတ်ခဲ့ကြ ခြင်းဖြစ်သည်။
ကန်ပက်လက်မြို့နယ် ရင်ကွဲတောင်ဒေသတွင်လည်း ပျမ်းမျှ ကြေးနီ (Cu) ၀.၉၈%၊ နီကယ် (Ni) ၀. ၂၆% နှင့် ခရိုမိုက် ( Cr) ၀. ၁၃% ပါဝင်သော သ – ၃ အဆင့် ကြေးနီ၊ နီကယ် ၊ ခရိုက်မိုက် ရောရာ သတ္တုရိုင်းတန်ချိန် ၂၈၀၀ မက်ထရစ် တန် ချိန် နှင့် ပျမ်းမျှ နီကယ် ၀.၄၄% ပါဝင်သည့် သ – ၃ အဆင့် နီကယ် သတ္တုရိုင်းတန်ချိန် ၁၃၉၀၀ မက်ထရစ်တန် ဖော် ထုတ် ခဲ့ကြသည်။
လေ့လာချက်များအရ အဆိုပါ ဒေသတွင် မြေအောက်အနက်ပိုင်းအထိ တူးဖော်နိုင်ပါက သေချာမှု အဆင့် – ၂ အထိ တိုးမြှင့်တွက်ချက်နိုင်ပြီး ယခုထက် အလားအလာကောင်းသည့် သတ္တုတူးဖော်မှု လုပ်ငန်းများ ဆောင်ရွက်နိုင် မည်ဖြစ် သည်။
ချင်းပြည်နယ်မြောက်ပိုင်းတီးတိန်မြို့နယ်မြွေတောင်ဒေသတွင် လည်း နီကယ်သတ္တုရိုင်းတန်ချိန် ၄၄. ၈၉ သန်းရှိပြီး ၄င်းမှ ပျမ်းမျှနီကယ် ၁. ၄၈ %ပါဝင်သည့် နီကယ် သတ္တုသိုက် ပမာဏ တန်ချိန် ၃၆ သန်းရှိကြောင်း အမှတ် (၃) သတ္တုတွင်း လုပ်ငန်းနှင့်  တရုတ်နိုင်ငံမှ Kingbao Mining Ltd တို့မှ ဖော်ထုတ်ခဲ့ကြသည်။
ယင်းကိစ္စနှင့် ပါတ်သက်ပြီး ပထမအကြိမ် အမျိုးသားလွှတ်တော်ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး ကာလ  ၂၅ နေ့မြောက် ၂၆ စက်တင်ဘာ ၂၀၁၁  ရက်နေ့တွင် ချင်းပြည်နယ် ဖလမ်းမြို့နယ်မှ လွှတ်တော်ကိုယ်စား လှယ် ဦး ဇုံလှယ်ထန်းက ယခုလိုမေးမြန်းခဲ့သည်။
“ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီကာလ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သက်တမ်းကာလတွင် မြန်မာပြည်၏ တခုတည်းသော ခရိုမိုက် သတ္တုသိုက်ကို ချင်းပြည်နယ် မြွေတောင်တွင် တွေ့ရှိရပြီး ခရိုမိုက် သတ္တုတန်ချိန် သန်းပေါင်း ၈၀၀၀ နှင့် နီကယ်တန်ချိန် သန်းပေါင်း ၁၀၀ ရှိသည်ဟု ကြေညာခဲ့ကြောင်း ယင်းအပေါ် လက်ရှိ တူးဖော်မှုအခြေအနေနှင့် အလား အလာကို သိရှိလိုပါသည်”
ယင်းမေးမြန်းချက်ကို သတ္တုတွင်း ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးသိန်းထိုက်က ဖြေကြားရာမှာ “ သတ္တုတွင်း ၀န်ကြီးဌာန၊ မြန်မာ ဓါတ်သတ္တု တိုးချဲ့လုပ်ကိုင်ရေး ကော်ပိုရေးရှင်းဟာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် မြွေတောင် ဒေသတွင် ၁၉၆၅- ၁၉၆၆ ခုနှစ်၊ ဘူမိဗေဒလေ့လာရေး နဲ့ ဓါတ်သတ္တု ရှာဖွေရေးဦးစီးဌာနဟာ ၁၉၇၃၊ ၁၉၈၂ နဲ့ ၁၉၉၉ ခုနှစ်တွေမှာ ခရိုမိုက်စမ်းသပ်တိုင်းတာ ရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ရာမှာ နီကယ် သတ္တုရိုင်းကို ကျယ်ပြန့်စွာ တွေ့ရှိ ပေမဲ့ ခရိုမိုက်ဟာ အကွက်လိုက် သာ ဖြစ်ထွန်းမှုရှိတာကို တွေ့ရှိရတယ် ”
ဆက်လက်ပြီး “ ချင်းပြည်နယ် မြွေတောင်၊ ဝေဘူလတောင်၊ ဟားခါးလေး၊ နတ်တောင်၊ ဘိုပီဘွန်း၊ မ၀ယ်လွတ်၊ မောင် တော် – နှမတော်၊ ဖလမ်းတို့တွင် ခရိုမိုက်ဖြစ်ထွန်းမှု (၈) နေရာ ဖော်ထုတ်နိုင်ခဲ့ပြီး ချင်းပြည်နယ်မှာ နီကယ် သတ္တုရိုင်း တန်ချိန် ၁၁၀. ၅၇ သန်းနဲ့ ခရိုမိုက်တန်ချိန် ၃၈၁၀၀ ခန့် သတ္တုရိုင်း ဖြစ်ထွန်းမှုရှိကြောင်း တွက်ချက် မှတ်တမ်းတင် ထားတယ်” ဟု ဖြေကြားခဲ့ သည်။
ထို့အပြင် မြွေတောင်၏ အနောက်ဖက် ဝေဘူလ – ပါမွန်ချောင်းဒေသတွင် ခရိုမိုက်ရှာဖွေစမ်းသပ် တိုင်းတာရေး လုပ်ငန်း များကို ၃၀ ဇူလိုင် ၂၀၁၁ ရက်နေ့မှ စပြီး ဆောင်ရွက်ခဲ့ရာမှာ မြွေတောင် ဒေသတွင် နီကယ် သတ္တုရိုင်း တူးဖော်ထုတ် လုပ်နိုင်ရေးအတွက် လျှပ်စစ်ဓါတ်အား လုံလောက် စွာရရှိပါက နိုင်ငံခြားရင်းနှီးမြှူပ်နှံမှုဖြင့် ဆောင်ရွက်သွားနိုင်မည့် အလား အလာကောင်းများရှိသည်ဟု ဖြေကြားကြောင်း ၂၇၊ ၉၊ ၂၀၁၁ ရက်နေ့ ကြေးမုံသတင်းစာ စာမျက်နှာ ၆၊ ကော်လံ – ၁ တွင် ဖော်ပြထားသည်။
ထိုသို့ ဆိုလျှင် ချင်းပြည်နယ်တွင် ရေအားလျှပ်စစ်ဓါတ်အား ရရှိရေးအတွက် သဘာဝ ရင်းမြစ်တွေရှိနေ ကြောင်း မတူပီ မြို့ နယ်ရှိ ဘုံတလာ ရေတံခွန်ကြီးက အချက်ပေးနေသည်။
မြေပေါ် မြေအောက်သယံဇာတ ပေါကြွယ်ရာ ချင်းတောင်၏ အနာဂါတ်ပုံဖော်ပြီး စိတ်ကူးနဲ့မှန်းဆ ကြည့်တိုင်း ချင်းတောင် ၏ ပုံလွှာကားချပ်သည် ရောင်စုံ မီးများထွန်းလင်းထားသည့်ညမရှိတဲ့  ပန်းမြိုင် ဥယာဉ်ကြီးနှယ်၊ ယင်း ဥယာဉ်ကြီး အလယ် တွင် ချင်းပြည်သူအားလုံး အေးချမ်းသာယာစွာ လမ်း လျှောက်နေကြသည်။
အဆိုပါ ပန်းဥယာဉ်ကြီး ဘယ်တော့ဖြစ်တည် လာမည့်အရေး အားလုံးမှာ တာဝန်ရှိနေသလို မဝေးဆုံးသော တချိန်ကို ချင်းပြည်သူတွေအားလုံး မျှော်လင့်စောင့် စားနေကြသည်။

No comments:

Post a Comment