သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Wednesday, January 18, 2012

ကြားဖြတ် ရွေးကောက်ပွဲမှာ တစညပါတီ နေရာ ၂၀ ခန့် ၀င်ပြိုင်မည်


2012-01-18
၂၀၁၀ ရွေးကောက်ပွဲမှာ ဒုတိယ အင်အား အများဆုံး ၀င်ပြိုင်ခဲ့တဲ့ တစည ခေါ် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ပါတီဟာ ဧပြီ ၁ ရက် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် နေရာ ၂၀ ခန့် ၀င်ပြိုင်မယ်လို့ သိရပါတယ်။
(Photo: AFP)
မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) ပါတီ ဌာနချုပ်တွင် စက်တင်ဘာ ၂၄ ရက်က ပါတီ ၂၂ နှစ်မြောက် အခမ်းအနား ကျင်းပစဉ် တက်ရောက်လာသော အဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)
အခု ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်ဆောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီ ပါတီက နေရာ အပြည့် ၀င်ပြိုင်မှာ ဖြစ်ပေမယ့် တစညပါတီ အတွက် စိန်ခေါ်မှု မရှိနိုင်ဘူးလို့ ပါတီ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးဟန်ရွှေက ပြောပါတယ်။ တစညပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ လွှတ်တော် သုံးရပ် အတွက် ကိုယ်စားလှယ် နေရာ ကိုးရာကျော် ၀င်ပြိုင်ခဲ့ပြီး ၆၄ နေရာ အနိုင်ရခဲ့ပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၄၈ ခု ရှိပေမယ့် နေရာ ၂၀ ကျော်ပဲ ၀င်ပြိုင်ရတာဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲရရှိခဲ့မှု၊ တစညပါတီ အပေါ် ပြည်သူတွေရဲ့ လက်ရှိ ထောက်ခံ အားပေးမှု စတဲ့ အခြေအနေ အပေါ် ချင့်ချိန်ပြီး ဆုံးဖြတ်ခဲ့တာ လို့လည်း ဦးဟန်ရွှေက ပြောပါတယ်။

No comments:

Post a Comment