သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Saturday, January 28, 2012

မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် ချိတ်ဆက်၍ အရစ်ကျငွေချေ စနစ်ဖြင့် ပစ္စည်းများဝယ်ယူနိုင်

စုလှိုင်ထွန်း (MYANMAR TIME)

အတွဲ ၂၈ ၊ အမှတ် ၅၅၄ ( ၂၇ ၊ ၁ - ၂ ၊ ၂ ၊ ၂၀၁၂)
နေပြည်တော်ရှိ မြန်မာ့ရှေ့ဆောင်ဘဏ် နှင့်ချိတ်ဆက်၍ ပျဉ်းမနားမြို့ရှိ Sweet Villa Home Mart ၊ လင်း နှင့် လေဆာ ကွန်ပျူတာ ဆိုင်များ၊ ပြည့်ဖြိုး အီလက်ထရွန်းနစ်ဆိုင်၊ လန်းလန်းနှင့် နိုင်ဟိန်းစံ ဆိုင်ကယ်ဆိုင်များရှိ ပစ္စည်းများကို အရစ်ကျငွေချေစနစ်ဖြင့် ယခုလတွင် စတင်ဝယ်ယူသုံးစွဲနိုင်ပြီဟု သိရသည်။


"ဒီစနစ်ကို အရမ်းသဘောကျတယ်။ သုံးစွဲသူတွေလည်း ပစ္စည်းစုမိတယ်။ ကိုယ်လည်း ငွေပေါ်ကုန်ပစ္စည်းရောင်း နိုင်ပါတယ်။ နောက် ထပ်ဘဏ်တစ်ခုနဲ့လည်း ချိတ်ဆက်ဖို့အစီအစဉ်ရှိပါတယ်။ ၀ယ်ယူသူတွေ သိအောင်လည်း ကြေညာသွားမှာပါ။ ဘဏ်ကိုပေးရတဲ့ အတိုးနှုန်းကလည်း သက်သာလို့ အားလုံးအဆင်ပြေမယ့် အစီအစဉ်လေးပါ"ဟု Sweet Villa Home Mart မှ ဦးနေမျိုးမောင်က ပြောသည်။
ထိုသို့ ၀ယ်ယူသုံးစွဲနိုင်ရန် မြန်မာ့ ရှေ့ဆောင်ဘဏ်တွင် ဘဏ်စာရင်း ထားရှိရမည်ဖြစ်ပြီး မိမိကိုထောက်ခံမည့် တခြား ဘဏ်စာရင်းရှိ လူနှစ်ဦးလိုအပ် သည်ဟု သိရသည်။
ဝယ်ယူသည့် ကုန်ပစ္စည်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို လက်ငင်းငွေချေပေးရမည်ဖြစ်ပြီး ကျန် ရှိငွေကို တစ်နှစ် (သို့မဟုတ်)နှစ်နှစ် အတွင်း အတိုးနှုန်းခုနစ်ရာခိုင်နှုန်းဖြင့် ပေးချေသွားရမည် ဖြစ်သည်။
"အရစ်ကျစနစ်နဲ့ ၀ယ်ယူနေသူတွေက ခုချိန်ထိတော့ ဘဏ်ရဲ့လုပ်ငန်းခွဲဖြစ်တဲ့ ဟိုတယ်က၀န်ထမ်းတွေနဲ့ ဘဏ် ၀န်ထမ်းတွေ အားပေးနေကြပါတယ်။ ပြည်သူတွေသိဖို့ ဘဏ်ကလည်း သူတို့ ဘဏ်နဲ့ ချိတ်ဆက်ထားတဲ့ ဆိုင်တွေကို ဘဏ်မှာ ကြော်ငြာစာရွက် တွေပေးထားပါတယ်။ ကျွန်မတို့ဘက်ကလည်း အများသိအောင် လုပ်သွားဦးမှာပါ" ဟု လင်းကွန်ပျူတာမှ မန်နေဂျာမပြုံးက ပြောသည်။
မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် ချိတ်ဆက်ထားသည့် ဆိုင်များမှအကျိုး ဆောင်ခအဖြစ် ဘဏ်ကိုတစ်ရာခိုင်နှုန်း ပေးချေရမည်ဟု သိရသည်။
အဆိုပါ ဘဏ်မှ ကမ်းလှမ်းသည့်ဆိုင်များမှာ ယုံကြည်စိတ်ချရသော ဆိုင်အနေအထားနှင့် ဘဏ်၌ ငွေသွင်း၊ ထုတ် ပုံမှန်လုပ်ကိုင် နေသည့် ငွေစုရှင်များကိုသာ ရွေးချယ်ကမ်းလှမ်းခြင်းဖြစ်သည်။
"တစ်စုံတစ်ရာ လိမ်လည်မှုဖြစ်မယ်ဆို အာမခံပေးသူတွေကပဲ တာဝန်ယူရှင်း ပေးရမှာပါ။ ဆိုင်ကလည်းရှင်းပေးဖို့ မလိုဘူးလို့ သိရ ပါတယ်။ ဒီမှာကတော့ ဘဏ်နဲ့ ချိတ်ဆက် ၀ယ်ရောင်းလုပ်မယ့် ဆိုင်တွေကိုလည်း ဘဏ်ကပဲလိုက်လံကမ်းလှမ်း နေရတယ်လို့ ဆိုပါတယ်"ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မြန်မာ့ရှေ့ဆောင်ဘဏ်က အထက်ပါအရောင်းဆိုင်များနှင့် တရားဝင်စာချုပ်ထားသကဲ့သို့ တခြားဆိုင်များကိုလည်း ထပ်မံကမ်းလှမ်း ထားကြောင်း သိရသည်။
ယခုကဲ့သို့အရစ်ကျငွေချေစနစ်ဖြင့် ဘဏ်နှင့်ချိတ်ဆက်ဝယ်ယူနိုင်ခြင်းမှာ နေပြည်တော်တွင် ပထမဆုံးဖြစ်သည်ဟု သိရသည်။

No comments:

Post a Comment