သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Tuesday, January 17, 2012

ရွေးကောက်ပွဲမှာ မဲထည့်ဖို့ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော


2012-01-17
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် အန်အယ်လ်ဒီ မြို့နယ် စည်းရုံးရေး ကော်မတီ ရုံးဖွင့်ပွဲ အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ မြန်မာ့ဂုဏ်ရည်လမ်းမှာ ပြုလုပ်ရာ လူ ၂၀၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သော ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် အန်အယ်လ်ဒီ မြို့နယ် စည်းရုံးရေး ကော်မတီ ရုံးဖွင့်ပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာစဉ်။
မြန်မာ့ဂုဏ်ရည်လမ်းအပြည့် တက်ရောက်လာတဲ့ လူထုကို အန်အယ်လ်ဒီ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမှာ မဲထည့်ဖို့ အရေးကြီးကြောင်း ပြောသွားပါတယ်။ “ကိုယ်ကလည်း မဲမထည့်ဘူး၊ ဂရုမစိုက်ဘူး၊ ငါနဲ့မဆိုင်ဘူး ဒီရွေးကောက်ပွဲဆိုပြီးတော့ နောက်တော့မှ ဒီကိုယ်စားလှယ် ဘာပြုလို့ ဘာမှမလုပ်လဲလို့ ပြောလို့ရှိရင်တော့ ဒါဟာ တာဝန်မဲ့တဲ့စိတ်ဓါတ်လို့ ကျွန်မ မြင်ပါတယ်။ ” အခမ်းအနားကို အန်အယ်လ်ဒီ နာယက အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ တက်ရောက်ပြီး ဦးတင်ဦးက အမှာစကား ပြောတယ်လို့ မင်္ဂလာတောင်ညွန့် မြို့နယ် အန်အယ်လ်ဒီ စည်း ဥက္ကဋ္ဌ ဦးခင်လှိုင်က ပြောပါတယ်။ အခမ်းအနားကို ဇန်န၀ါရီ ၁၃ ရက်က အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုမြအေး၊ ကိုပြုံးချို၊ ကိုစိုးထွန်းတို့လည်း တက်ရောက်ကြပါတယ်။ ဧပြီ ၁ ရက် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ မင်္ဂလာတောင်ညွန့် မြို့နယ်က ပါဝင် ယှဉ်ပြိုင်မယ့် ပါတီ ၇ ပါတီ ရှိတယ်လို့ မင်္ဂလာတောင်ညွန့် မြို့နယ် အန်အယ်လ်ဒီ ပါတီ ကိုယ်စားလှယ် မဖြူဖြူသင်းက ပြောပါတယ်။ “ခုနစ်ပါတီလောက် ရှိမယ် ပြောတယ်။ အဘ ဦးသုဝေ ပါမယ်။ နောက်ပြီးတော့ ကော့ကရိတ် ဦးသိန်းညွန့်တို့ ပါတီက ရှိမယ်။ တစ်သီး ပုဂ္ဂလ နှစ်ယောက် ရှိမယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ ရှိမယ်။ တစည ရှိမယ်။ အန်အယ်လ်ဒီပါဆိုတော့ ခုနစ်ဖွဲ့ပေါ့” ဒီအတောအတွင်း အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်လောင်း ၂၂ ဦးရဲ့ အမည်စာရင်းကို ဒီကနေ့ ဆက်လက် ထုတ်ပြန်ပါတယ်။ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ကိုယ်စားလှယ်တွေဟာ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းစတဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ ၀င်ရောက် ယှဉ်ပြိုင်ကြပါမယ်။

No comments:

Post a Comment