သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Sunday, February 5, 2012

'ကန်'စစ်တပ်အင်အား အာရှဒေသသို့ တိုးချဲ့လာ


(အေအက်ဖ်ပီ)
အောင်သာလင်း ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၅၅ ( ၃ - ၉ ၊ ၂ ၊ ၂၀၁၂)
ဝါရှင်တန် - အမေရိကန်ပြည်ထောင် စုသည် ၎င်း၏ စစ်တပ်အင်အားကို အာရှဒေသအတွင်း တိုးချဲ့ဖြန့်ကြက်လျက်ရှိရာ ဖိလစ်ပိုင် စသော မဟာမိတ် နိုင်ငံများကလည်း လက်ကမ်းကြိုဆိုလျက် ရှိသည်။
တရုတ်နိုင်ငံက ၎င်း၏တပ်ဖွဲ့အင်အားကို လျင်မြန်စွာဖွဲ့စည်းတည်ဆောက် နေချိန်တွင် အမေရိကန်သမ္မတအိုဘားမားကလည်း နိုင်ငံတွင်းအသုံးစရိတ် ခြိုးခြံချွေတာနေချိန်မှာပင် အရှေ့အာရှ ဒေသအတွင်း အမေရိကန်စစ်တပ် ဆက်လက်စိုးမိုးရေးကို ပထမဦးစားပေး အဖြစ်ဆောင်ရွက်သွားမည်ဟု အတိ အလင်း ကြေညာထားပြီးဖြစ်သည်။
အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံမှ ၀ါရင့် တာဝန်ရှိပုဂ္ဂိုလ်များ နှစ်ရက်ကြာဆွေး နွေးပြီးနောက် နှစ်နိုင်ငံလုံခြုံရေးကို တိုးချဲ့ ပူးပေါင်း ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ ကြသည်။


ဖိလစ်ပိုင်သည် တောင်တရုတ် ပင်လယ်အရေးအခင်းနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံနှင့် အပြင်းအထန်အငြင်း ပွားနေဆဲ ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်နှင့် ပူးတွဲ၍ စစ်ရေးလေ့ကျင့်မှုများကို ပိုမို ပြုလုပ်သွားရန်နှင့် အမေရိကန်တပ်ဖွဲ့ များကိုလည်း နိုင်ငံတွင်းတိုးချဲ့ထားရှိရန် အစီအစဉ်ရှိနေကြောင်း ဖိလစ်ပိုင်နိုင်ငံ ခြားရေးဝန်ကြီး အဲလ်ဘတ်ဒဲလ်ရိုဆေးရီး ယိုးက ဆိုသည်။
သမ္မတအိုဘားမား ဩစတြေးလျ နိုင်ငံသို့ ရောက်ရှိစဉ် ဩစတြေးလျ မြောက်ပိုင်းဒါဝင်၌ ၂၀၁၆ - ၁၇ ခုနှစ် မတိုင်မီ အမေရိကန် မရိန်း(ကမ်းတက်) တပ်သား ၂ယ၅၀၀ ဖြန့်ကြက်ရန် ကတိပေး ပြီးနောက် နှစ်လအကြာအတွင်း ယင်း အကူအညီများ ရရှိခဲ့ခြင်း ဖြစ်သည်။
အမေရိကန်၏ သက်တမ်းရှည်မဟာ မိတ်ဖြစ်ခဲ့သော စင်ကာပူနိုင်ငံ၌လည်း အမေရိကန် ကမ်းတက်တိုက်ပွဲဝင် ရေ ယာဉ်များ ဖြန့်ကြက်ရန်စီစဉ်ထားသည်။
ယင်းအစီအစဉ်များမှာ အမေရိကန် စစ်ရေးစီမံကိန်းရေးဆွဲသူများ၏ မဟာဗျူဟာ (အမြဲအခြေစိုက်စခန်းများ၏ ဘဏ္ဍာရေးနှင့် နိုင်ငံရေးအရ ကုန်ကျ စရိတ်မရှိဘဲ အန္တရာယ်ဇုန်နယ်မြေများသို့ မိမိ၏စစ်အင်အားဖြင့် ပိုမိုနီးကပ်စွာ စောင့်ကြည့်တုံ့ပြန်ရေး)ပင် ဖြစ်သည်။
အမေရိကန်အနေဖြင့် ဂျပန်နှင့် တောင်ကိုရီးယားတွင် ဖြန့်ကြက်ထား သည့် တပ်သား ၈၅ယ၀၀၀ ထက်ပို၍ အာရှပစိတ်ဖိတ်ဒေသ၌ စစ်အခြေစိုက် စခန်းများ ထပ်မံတည်ဆောက်ရန် စိတ်ကူးမရှိပါကြောင်း ပစိဖိတ်ရေတပ်စခန်း ဌာနချုပ်အကြီးအကဲ ရေတပ်ဗိုလ်ချုပ် ကြီး ရောဘတ်ဝီလ်လတ်က ပြောသည်။
အာရှပစိဖိတ်ဒေသအတွင်း ယခင်က ရှိခဲ့သည့် မိမိတို့၏ မိတ်ဆွေနိုင်ငံများနှင့် ပိုမိုခိုင်မာစွာ လက်တွဲဆောင်ရွက်ရန် လိုအပ်လာ၍ ပြန်လည်ချိန်ညှိချင့်တွက် နေခြင်းသာ ဖြစ်သည်ဟု အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးဂျွန်ကာဘီ ကလည်း ပြောကြားသည်။
အသုံးစရိတ်လျှော့ချရေး အစီအစဉ် အရ စစ်သားအင်အားတစ်သိန်းခန့် ပြန်လည်ရုပ်သိမ်းမည့် အစီအစဉ်ကို ဇန်န၀ါရီလ ၂၆ ရက်တွင် ပင်တဂွန်က ကြေညာခဲ့သည်။
အမေရိကန်လွှတ်တော်တွင်လည်း အပြင်းအထန် အငြင်းပွားဖွယ်ရှိနေသည့် ယင်းတပ်အင်အားလျှော့ချရေး အစီအစဉ်တွင် ဥရောပမှ တပ်မဟာနှစ်ခု ရုပ်သိမ်းရေးနှင့် ကုန်တင်ဂျက်လေ ယာဉ်များ၊ ခရူဇာစစ်သင်္ဘောကြီးများကို တဖြည်းဖြည်းလျှော့ချအသုံးပြုရေး၊ သို့ မဟုတ် လုံးဝအနားပေးရေး၊ နောက်ဆုံး ရေချသည့် ခေတ်မီအိုဟိုင်းယိုးနျူကလီးယား ရေငုပ်သင်္ဘော ရုပ်သိမ်းရေးများ ပါဝင် နေသည်။
အမေရိကန်၏ ခေတ်မီလက်နက်ဒီဇိုင်း များ ထုတ်လုပ်ရေးရန်ပုံငွေဖြင့် စူပါ စတဲ့လ် ဗုံးကြဲလေယာဉ်များ တည်ဆောက်ရန် အဓိက ထားသည့်အပြင် လေကြောင်းနှင့် သင်္ဘောရေဒါစနစ်များ အဆင့်မြှင့်ရေးနှင့် ခရုစ်ဒုံးကျည်များ ပိုမိုပစ်လွှတ်နိုင်ရန်အတွက် တိုက်ခိုက်ရေး ဗာဂျီးနီးယားအမျိုးအစား ရေငုပ် သင်္ဘောဒီဇိုင်းထုတ်လုပ်ရေးကိုလည်း ဦးတည်ထားသည်။
တရုတ်သည် ဂျပန်၊ ဖိလစ်ပိုင်၊ ဗီယက် နမ်တို့နှင့် ပိုင်နက်ဆိုင်ရာအငြင်းပွားမှု ပိုမိုပြင်းထန်လာရာ အိမ်နီးချင်းအာရှ နိုင်ငံများက တရုတ်နိုင်ငံအား ရန်လိုသူ အဖြစ် စွပ်စွဲပြောဆိုလာကြသည်။
တရုတ်နိုင်ငံကမူ မိမိတို့၏ ဖွံ့ဖြိုးမှုသည် သဘာဝအလျောက်သာဖြစ်၍ မည်သည့်နိုင်ငံကိုမျှ ခြိမ်းခြောက်နေခြင်း မဟုတ်ကြောင်း၊ အမေရိကန်သည် ပဋိပက္ခများ ပိုမိုမဖန်တီးရန် သတိပြုဖို့လို အပ်နေကြောင်းဖြင့် ထပ်တလဲလဲသတိ ပေးထားသည်။ တရုတ်နိုင်ငံကို ကြောက်စရာနိုင်ငံ အဖြစ် အမေရိကန်က ထုတ်ဖော်ပြော ဆိုလေ့ မရှိပေ။
ဒုတိယကမ္ဘာစစ်ပြီးခေတ် အာရှဒေသတွင်း အမေရိကန်၏ အလွန် များပြားသည့် ကာကွယ်ရေးဆိုင်ရာ ရင်းနှီး မြှုပ်နှံခဲ့မှုများကြောင့် တရုတ်နိုင်ငံ အနေဖြင့် ပြည်တွင်းဖွံ့ဖြိုးတိုးတက်မှုကို အထူးအာရုံစိုက်၍ တိုးတက်ဆောင်ရွက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်ဟု အမေရိကန် တာဝန်ရှိသူတို့က ဆိုသည်။
အမေရိကန်၏ ပစိဖိတ်ရေတပ်စခန်း ဌာနချုပ်၏ ရည်မှန်းသည့် အကျိုးတရားနှင့် အမေရိကန်ပြည်ထောင်စုက ထားရှိသည့် မျှော်မှန်း ချက်မှာ အာရှပစိဖိတ် ဒေသကြီးကို လုံခြုံတည်ငြိမ်ပြီး ချမ်းသာဝ ပြောသည့် ကမ္ဘာ့ဒေသကြီးတစ်ခုဖြစ် တည်လာရေးသာ ဖြစ်သည်ဟု အမေရိ ကန်ရေတပ်ဗိုလ်ချုပ်ကြီး ရောဘတ်ဝီလ်လတ်က ပြောကြားသည်။

No comments:

Post a Comment