သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Friday, February 17, 2012

မြန်မာနိုင်ငံကို ပြန်ထောက်ပံ့တော့မယ် ကမ္ဘာ့ဘဏ် ပြော

2012-02-16

မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးတွေကို အားပေးကူညီဖို့ ပြန်လည်ထိတွေ့ ဆက်ဆံတော့မှာဖြစ်ပြီး ထောက်ပံ့ကူညီမှုတွေ ပြန်ပေးတော့မယ်လို့ ကမ္ဘာ့ဘဏ်က ပြောလိုက်ပါတယ်။

ကမ္ဘာ့ဘဏ် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒု ဥက္ကဋ္ဌ Mrs. Pamela Cox က တိုင်းပြည်ရဲ့ အခြေခံစီးပွားရေး အဆောက်အအုံတွေနဲ့ ဘဏ္ဍာရေး ကဏ္ဍအခြေအနေကို လေ့လာသုံးသပ်ဖို့ ကျွမ်းကျင်သူတွေ စေလွှတ်မှာဖြစ်ကြောင်း၊ လူထုအတွက် သုံးစွဲတဲ့ငွေတွေ လိုရာရောက်မရောက်၊ ထိရောက်မှုရှိမရှိ စတဲ့ အစိုးရ အသုံးစရိတ်တွေကို လေ့လာဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကြာသပတေးနေ့က ပြောဆိုပါတယ်။


ဒါပေမယ့် ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာအစိုးရကို ဘဏ္ဍာရေး ထောက်ပံ့မှုတွေ ပေးဦးမှာတော့ မဟုတ်ဘဲ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေအပေါ် မြန်မာပြည်က တင်ရှိနေတဲ့ အကြွေးတွေ အပြေအလည် ပေးဆပ်ပြီးမှသာ နောက်ထပ် ငွေချေးနိုင်မှာလို့ ဆိုပါတယ်။

မြန်မာအစိုးရရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့အရေးယူမှုတချို့ကို ပြန်ဖွင့်ပေးလိုက်ရာမှာ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေရဲ့ နည်းပညာ ထောက်ပံ့မှုတွေလည်း ပါဝင်ခဲ့ပါတယ်။

No comments:

Post a Comment