NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နှစ်ပေါင်း ၂၀ ကျော် လွတ်တော်ပြင်ပ နိုင်ငံရေးနဲ့  ပြည်သူ့အကျိုး ကို သယ်ပိုးခဲ့ပြီး အခုတော့ လွတ်တော်နိုင်ငံရေးနဲ့   ပြည်သူ့တာဝန်တွေကို ဆက်ထမ်းဆောင်သွားမယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။  ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် ဒီကနေ့ ဖေဖော်ဝါရီ  ၂၃ ရက်နဲ့ ၂၄ ရက်  (၂ )ရက်ကြာ ကချင်ပြည်နယ်ကို ပါတီစည်းရုံးရေးအဖြစ် သွားနေစဉ်အတွင်း  ကချင်လူထုကို အခုလိုပြောလိုက်တာပါ၊

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်း မြစ်ကြီးနားကိုလေယဉ်နဲ့ ရောက်ခဲ့ပြီး  မြစ်ကြီးနားကနေ နမ္မတီးကို သွားကာ  နမ္မတီးလူထုနဲ့ တွေ့ပါတယ်။ နေ့လည်ပိုင်းမှာ မိုးကောင်းမြို့ကို ရောက်လာခဲ့ပြီး မိုးကောင်း မြို့ခံတွေကို  ဒေါ်အောင်ဆန်းစုကြည်က မိန်ခွန်းပြောပါတယ်။
NLD ဟာ  ၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ ပါတီ ဖြစ်ပြီး ပြည်သူ့တာဝန်တွေကို လွတ်တော် နိုင်ငံရေးနဲ့ ထမ်းဆောင်ခွင့်မရခဲ့ပေမယ့် ပါတီရဲ့ ရပ်တည်ချက်တွေကို ခိုင်ခိုင်မာမာနဲ့ ဆက်လုပ်ခဲ့ တာတွေရှင်းပြခဲ့သလို အခုတော့ မြန်မာနိုင်ငံမှာ လွတ်တော်တရပ်ရှိလာပြီမို့ လွတ်တော်နိုင်ငံရေးနဲ့  ပြည်သူ့ အကျိုးကို ဆက်လုပ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က  မိုးကောင်း မြို့ခံတွေကို ပြောခဲ့ပါတယ်။
တခါ အမျိးသားဒီမိုကရေစီအဖွဲချုပ်ဟာ လက်ရှိမှာ နိုင်ငံရေးတွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင် နေတာ မဟုတ်သေးပေမယ့် လူထုရဲ့ ထောက်ခံမှုနဲ့ ရပ်တည်နေတာဖြစ်ကာ နိုင်ငံရေးတွေ ဆက်လုပ်နိုင်တာ ဖြစ်တယ် လို့လည်း ပြောပါ တယ်။ ဒါ့အပြင် ပင်လုံစိတ်ဓါတ်နဲ့အတူ  ဒေသတွင်းငြိမ်းချမ်းရေးတွေကို NLD က ကြိုးစား လုပ်ဆောင် မယ်ဆိုတာနဲ့ အတူ ဒေသဆိုင်ရာဖြွံ့ဖိုးရေး  ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍ မြင့်မား လာရေးတွေကို NLD က ကြိုးစားရာမှာ လူထုက လည်း ကူညီဖို့ တိုက်တွန်းသွားပါတယ်။
အခု မိုးကောင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  လူထုကိုစကားပြောဖို့ နေရာမှာ မြိုနယ်အားကာစားကွင်း ခွင့်ပြုချက်မရလို့  ရပ်ကွက်အားကစားကွင်းထဲမှာ လုပ်ခဲ့ရတဲ့ အခက်အခဲရှိခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်ကပြောပါတယ်။ ဒေသခံ အများအပြားက လမ်းတလျောက် ဒေါ်အောင်ဆန်း စုကြည်ကို ကြိုဆိုခဲ့ကြပါတယ်၊ ဒီကနေ့ ညနေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မိုးကောင်းကနေ မြစ်ကြီးနားကို ပြန်ခဲ့ပြီး မြစ်ကြီးနားမှာ တိုင်းရင်းသားခေါင်းဆောင်တချိုနဲ့ ညစာအတူစားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်ကို  သွားတာ ဒါတတိယအကြိမ်ဖြစ်ပြီး  ၁၉၈၉ နှစ်က တကြိမ် ၂၀၀၃ မှာ တကြိမ် သွားခဲ့ဖူးပါတယ်။