သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Sunday, April 22, 2012

အရင်းရှင်နှင်.ဒီမိုကရေစီနိုင်ငံတော် NO BOURGEOISIE, NO DEMOCRACY

by Tharchit Zaw on Sunday, April 22, 2012 at 4:21pm ·

ကျွန်တော်တို.ဒီနေ.ဒီမိုကရေစီနိုင်ငံဆိုလျှင်အရင်းရှင်နှင်.တွဲမြင်တတ်ကြသည်မှာ
ထုံးတမ်းအစဉ်အလာလိုဖြစ်နေခဲ.ကြသည်၊ဒီမိုကရေစီနှင်.အရင်းရှင်သည်ဆက်
စပ်နေသည်မှာမှန်သော်လည်းလုံးလုံးကြီးတူညီမှုကားတော.မရှိခဲ.ပေ၊သို.ပေသည်
ဒီမိုကရေစီစနစ်တွင်အရင်းရှင်သည်မပါမဖြစ်ပါဝင်ခဲ.ရသည်.အနေအထားတရပ်
မှာတော.ရှိနေပါသည်၊ဒီနေရာမှာအချို.ကနိုင်ငံတနိင်ငံ၏ဖွံ.ဖြိုးတိုးတက်မှုတွင်စနစ်
အရင်အကောင်အထည်ဖော်ပြီးမှစီးပွါးရေးတိုးတက်အောင်လုပ်နိုင်သည်လို.တမျိုး၊
စိးပွါးရေးအခြေခံကောင်းပြီးမှစနစ်သစ်တရပ်ကိုဖြည်းဖြည်းချင်းအကောင်အထည်ဖော်
နိုင်သည်လို.တမျိုးငြင်းခုန်နေခဲ.ကြဆဲဖြစ်သည်၊


ကျွန်တော်.အမြင်ကတော.နိုင်ငံတနိုင်ငံရဲ.အနေအထားကိုလိုက်ရျိသာမတူညီသော
အခင်းအကျင်းဖြစ်တည်ဆောက်ရ်ျသွားကြလျှင်ပိုကောင်းပါသည်ဟုမြင်မိပါသည်၊
သို.ပေသော်ငြားဒီမိုကရေစီနှင်.အရင်းရှင်တို.သည်မဖြစ်မနေတွဲစပ်ရ်ျအလုပ်လုပ်ပေး
မှလဲဒီမိုကရေစီစနစ်ပိုမိုရှင်သန်နိုင်ပေသည်ကိုလဲမေ.ထားလို.မရပေ၊

1990 ခုနှစ်ကာလများအတွင်းကကွန်မြူနစ်စနစ်ချုပ်ငြိမ်ခဲ.ပြီးဆိုဗီယက်
ပြည်ထောင်စုကြီးပြိုကွဲသွားပြီးနောက်အများစုကအရင်းရှင်စနစ်ဘက်သို.ကူး
ပြောင်းလာခဲ.ကြသည်၊ထိုနှစ်မှစတင်ရ်ျအရင်းရှင်နှင်.ဒီမိုကရေစီတို.၏ဆက်စပ်
နေသောသဘောတရားများကိုလူအများကစိတ်ဝင်စားခဲ.ကြသည်၊

အရင်းရှင်စနစ်ဘက်ရပ်တည်ကြသူများပြောသည်မှာစီးပွါးရေးလွပ်လပ်မှုသည်
နိုင်ငံရေးလွပ်လပ်မှုဖြစ်ပေါ်လာပြီးတိုင်းပြည်တိုးတက်မှုအမှန်တကယ်ဖြစ်ပေါ်
လာစေပြီးပြည်သူ.ဘဝကိုတိုးတက်စေရ်ျပြည်သူအများကနှစ်သက်ကြရသည်
ဟုအခိုင်အမာဆိုကြလေသည်၊

စီးပွါးရေးလွပ်လပ်မှုနှင်.နိုင်ငံရေးလွပ်လပ်မှုတို.သည်အပြန်အလှန်အမှီသဟဲဖြစ်
ထွန်းစေပြီးလွပ်လပ်မှုသဘောတရားများကိုရင်.ကျက်စွာဖော်ဆောင်နိုင်သော
အဆင်.သို.ရောက်စေသည်မှာအမှန်ပင်ဖြစ်လေသည်၊1990 နောက်ပိုင်း
ရုရှားတို.အရင်းရှင်စနစ်ကိုမသိမသာစတင်ကျင်.သုံးခဲ.သည်။ဒီမိုကရေစီ
ကူးပြောင်းရေးကာလကိုဖြတ်ကျော်နေဆဲအချိန်လဲဖြစ်သည်၊သည်ကနေ.
ရုရှားတွင်အရင်းရှင်စနစ်ပိုမိုကောင်းမွန်ကာလုံခြုံမှုအာမခံပေးနိုင်သည်ကို
ပြည်သူများနှင်.အစိုးရကပါခြွင်းချက်မရှိယုံခဲ.ကြလေသည်၊

တရုတ်နိုင်ငံကျတော.တမျိုးတဖုံကွဲပြားပါလေသည်၊၊တ၇ုတ်သည်ကွန်မြူနစ်
ဝါဒကိုဗဟိုချုပ်ကိုင်မှုထားရှိခဲ.ကြပြီးအရင်းရှင်စနစ်ဘက်သို.လျှင်မြန်စွာကျယ်
ကျယ်ပြန်.ပြန်.ကူးပြောင်းခဲ.သောနိုင်ငံတခုဖြစ်သည်။နိုင်ငံရေးတိုးတက်မှုလက
္ခဏာတော်တော်များများတို.တွင်အပြောင်းအလဲများစွာကိုတရုတ်တို.ဆောင်၇ွက်နိုင်
ခဲ.လေသည်၊တရုတ်နိုင်ငံသည်အရင်းရှင်စီးပွါးရေးပုံစံတရပ်ကိုစတင်ခဲ.ကြပြီးနိုင်ငံ
ကိုစီးပွါးရေးဖြင်.ဖွံ.ဖြိုးတိုးတက်စေခဲ.သည်၊

ကမ္ဘာ.နိုင်ငံပေါင်း၂၀၀ကျော်အနက်တိုးတက်ခဲ.သောနိုင်ငံများ၏နိုင်ငံရေးနှင်.စီးပွါးရေး
စနစ်တို.၏အဆက်အစပ်ကိုပြန်ဆွဲထုတ်ကြည်.သောအခါအရင်းရှင်ဒီမိုကရေစီ၏အဆက်
အစပ်တို.ကောင်းစွာပေါ်လာလိမ်.မည်၊

အရင်းရှင်နိုင်ငံတိုင်းလည်းဒီမိုကရေစီနိုင်ငံလုံးလုံးမဟုတ်သလိုဒီမိုကရေစီနိုင်ငံအားလုံးသည်
လည်းအရင်းရှင်များမဟုတ်ကြသည်ကိုတွေ.ကြရသည်၊နိုင်ငံရေးသုတေသီများအဆိုအရ
၂၁ရာစုပိုင်းတွင်နိုင်ငံတိုင်းနီပါးမျှနိုင်ငံရေးဍ္ဍ်အရင်းရှင်ဒီမိုကေ၇စီစနစ်နှင်.စီးပွါးရေးဍ္ဍ်လွပ်
လပ်သောဈေးကွက်စီးပွါးရေးကိုပြောင်းလဲကျင်.သုံးလာနိုင်ဖွယ်ရှိသည်ဟုလည်းအခိုင်အမာ
ဆိုထားကြသည်၊

ဥပမာအားဖြင်.၁၉၆၀မှ၁၉၈၀ကာလပိုင်းများတွင်အာရှနှင်.အရှေ့တောင်အာရှနိုင်ငံများသည်
အရင်းရှင်စီးပွါးရေးကိုအခြေခံသောစီးပွါးရေးတရပ်တိုးတက်လာခဲ.ကြရသည်၊တိုးတက်နှုန်းလဲ
မြင်.မားခဲ.ကြသည်။တချိန်တည်းမှာလဲအာဏာရှင်စနစ်ကိုလည်းစွန်.ခွာလိုခြင်းသိတ်မရှိခဲ.ကြ၊
တောင်ကိုရီးယား၊တိုင်ပေ၊အင်ဒိုနီးရှား၊စင်ကာပူနှင်.မလေးရှားတို.တွင်၎င်းပုံစံဖြင်.
မြင်တွေ.နိုင်ပါသည်၊

1973 မှ 1990 ကာလတဝိုက်က ချီလီနိုင်ငံတွင်ဗိုလ်ချုပ်ကြီးပီနိုရှေးကရက်စက်ကြမ်းတမ်း
စွာအုပ်စိုးခဲ.ဖူးသည်၊သို.သော်လည်းနိုဘယ်ဆုရှင်မီတန်ဖရိုက်မန်းလ်(တချိန်ကအမေရိကန်
စီးပွါးရေးပညာရှင်)ကဦးဆောင်ရ်ျချီလီနိုင်ငံကိုစီးပွါးရေးတစုံတရာအတိုင်းအတာအထိတိုးတက်
အောင်ဆောင်ရွက်နိုင်ခဲ.သည်၊တရုတ်နိုင်ငံတွင်လည်းနိုင်ငံရေးတွင်ကွန်မြူနစ်စနစ်ကိုစွန်.လွုတ်
ခြင်းမရှိပဲစီးပွါးရေးတိုးတက်မှုများကောင်းစွာရရှိအောင်ဆောင်၇ွက်နိုင်ခဲ.သည်၊

ဤနေရာတွင်တရုတ်တို.၏တိုးတက်များပြားလှသောလူဦးရေအချိုးအစားကိုလည်းထည်.
တွက်သင်.ပေသည်၊များပြားလှသောလူဦးရေအောက်မှာပုဂ္ဂလိကတဦးချင်းစီးပွါးရေးဖြစ်
ထွန်းမှုအားကောင်းမွန်လှသော်ကြောင်.၎င်း၊ပြည်ပနိုင်ငံများတွင်ရောက်ရှိနေသောတရုတ်
နိုင်ငံသားတို.မှမိခင်ပြည်မကြီးကိုအပြန်အလှန်ထောက်ပံ.ခြင်းအားဖြင်.၎င်းအကျိုးပြုခဲ.
ကြရ်ျသာတရုတ်စီးပွါးေ၇းအလျင်အမြန်တိုးတက်လာခဲ.ခြင်းလည်းဖြစ်သည်၊

ဤသို.အာဏာ၇ှင်နှင်.တွဲဖက်ရ်ျစီးပွါးရေးတိုးတက်လာခဲ.ကြသော်နိုင်ငံများမှာအရေအတွက်
အားဖြင်.များများစားစားတော.မရှိလှပေ၊အနည်းငယ်လောက်သာရှိခဲ.ကြသည်၊ဒါကလည်း
တိုင်းပြည်ကိုငြိမ်သက်အောင်ထိန်းသိမ်းစေမှုကအနဲအများလည်းပါဝင်နေသောကြောင်.
လည်းဖြစ်သည်

၂၀ရာစုနှောင်းပိုင်းတွင်ကားအရင်းရှင်မဟုတ်သောနိုင်ငံများတွင်ဒီမိုကရေစီကိုမြင်တွေ.နိုင်ရန်
မလွယ်ကူလှသည်ကိုတွေ.ရပါသည်၊အရင်းရှင်နှင်.ဒီမိုကရေစီသည်တကယ်တော.ခေါင်းနှင်.
ပန်းပမာပင်နိးကပ်မှန်းမသိနီးကပ်ခဲ.လေသည်၊
ဤနေရာတွင်လစ်ဘရယ်ဒီမိုကရေစီ၏အခန်းကိုအနည်းငယ်တင်ပြလိုသည်၊လစ်ဘရယ်ဒီမိုက
ရေစီသည်ရွေးကောက်ပွဲတို.ဖြင်.ယှဉ်ပြိုင်ရပြီးပြည်သူတို.၏လွပ်လပ်ခွင်.ကိုပိုမိုစေသည်။
သမိုင်းတလျှောက်မှာလစ်ဘရယ်ဒီမိုကရေစီတို.ကြီးထွားမြန်ဆန်လာသည်ကိုလည်းတွေ.နိုင်
ပါသည်၊

အဂ်လန်နိုင်ငံတွင်စတင်ဖွံ.ဖြိုးလာခဲ.ပြီး၎င်းမှတဆင်.အနောက်ဥရောပသို.ပျံ.နှံ.သွားခဲ.သည်၊
အမေရိကန်တွင်လည်းတချိန်တည်းဍ္ဍ်အရင်းရှင်ဝါဒထွန်းကားသွားပြီးစီးပွါရေးစနစ်သစ်အဖြစ်
ကူးပြောင်းအသုံးပြုလာခဲ.ကြသည်၊စီးပွါးရေးလွပ်လပ်မှုနှင်.ဝါဒနှင်.လစ်ဘရယ်ဒီမိုကရေစီဝါ
ဒတို.ပူးပေါင်းနိုင်မှုသည်တိုက်ဆိုင်မှုတရပ်မဟုတ်၊ကားမတ်စ်နှင်.နောက်လူများကောင်းစွာ
သတိထားမိသောအရာလည်းဖြစ်ပါသည်၊

အရင်းရှင်ဝါဒသည်စွန်.ဦးတီထွင်သူများနှင်.စီးပွါးေ၇းသမားတို.၏အရာဖြစ်ကြပြီးထိုစဉ်ကဘူဇွာ
လို.လည်းခေါ်ခဲ.ကြသည်၊ဘူဇွာများသည်လူလတ်တန်းစားများဖြစ်ကြသည်၊အစိုးရပါလီမန်တွင်
အင်အားကောင်းကောင်းဖြင်.ပါဝင်ခဲ.ကြသည်၊လူလတ်တန်းစားနိုင်ငံသားများအများဆုံးပါဝင်
ခဲ.ကြပြီးစီးပွါးရေးနှင်.တဥိးချင်းလွပ်လပ်မှုတို.အပိုင်းတွင်ကျယ်ပြန်.စွာပါဝင်လာခဲ.ကြသည်၊

ရလဒ်အဖြစ်အရင်းရှင်စနစ်သည်ဒီမိုကရေစီကိုဖြစ်ပေါ်စေပြီးအရင်းရှင်စနစ်မှဘူဇွာများကအရင်း
ရှင်လူမှုအဖွဲ.အစည်းတရပ်ပေါ်ထွန်းလာကာစီးပွါးရေးလွပ်လပ်မှု၊နိုင်ငံရေးလွပ်လပ်မှုတို.ကိုပိုမို
တိုးတက်ဖွံ.ဖြိုးလာစေခဲ.ပါသည်၊ဒီနေရာမှာဒီမိုကရေစီကြီးထွားဖွံ.ဖြိုးတိုးတက်ပေါ်ထွန်းစေဖို.
အတွက်လူလတ်တန်းစားတရပ်(ဘူဇွာ)မရှိမဖြစ်လိုအပ်ပါသည်၊
အချုပ်အားဖြင်.ဆိုသောဘူဇွာမရှိလျှင်ဒီမိုကရေစီမဖြစ်ထွန်းနိုင်သေးလို.ဆိုလို.ရနိုင်ပါသည်၊

ကျွန်တော်တို.နိုင်ငံသည်လည်းယခုအခါဒီမိုကရေစီစနစ်သို.ပြောင်းလဲသွားလာနေသည်.အချိန်
လည်းဖြစ်ပါသည်၊လတ်တလောလိုနေသည်ကစီးပွါးရေးပြန်လည်ထူထောင်ရေးပင်ဖြစ်ပါသည်
နိုင်ငံတွင်လူလတ်တန်းစားစီးပွါးရေးတရပ်ဖြစ်ထွန်းပေါ်ပေါက်လာစေဖို.အရေးကြီးပါသည်၊
စီးပွါးေ၇းကိုလွပ်လပ်ပြီးကျယ်ပြန်.သောဈေးကွက်စီးပွါးရေးတရပ်ပေါ်ထွန်းလာဖို.အရေးကြီး
ပါသည်၊ကျွန်တော်တို.နိုင်ငံစီးပွါးရေးစနစ်သည်ကြိုးနီစနစ်ထဲမှရုန်းမထွက်နိုင်ကြသေးပါ၊
နိုင်ငံသားတွေအတွက်စီးပွါးရေးလွယ်ကူစွာလုပ်ကိုင်နိုင်စေဖို.စနစ်ကျနတဲ.ဥပဒေထား
ရှိဖို.လိုပါသည်၊သို.သော်တင်းကျပ်လွန်းတဲ.အခွန်ပြငှန်းချက်မျိုးတွေကိုရှောင်စေချင်ပါသည်၊
လွပ်လပ်တဲ.ဈေးကွက်စီးပွါးရေးတရပ်ကိုအကောင်အထည်ဖော်ဖို.အတွက်နှစ်များစွာထပ်
စောင်.ရအုန်းမည်ဖြစ်ပါသည်၊

နိုင်ငံတနိုင်ငံစီးပွါးရေးအောင်မြင်ဖြစ်ထွန်းစေဖို.အစိုးရပိုင်းကမဖြစ်မနေဆောင်၇ွက်ပေး
ရသည်.အရာများရှိပါသည်၊ခိုင်မာသောငွေကြေးစနစ်တရပ်ပေါ်ထွန်းရေး၊လျှပ်စစ်စွမ်း
အားကိုမဖြစ်မနေတိုးမြှင်.ထုတ်ဝေရေး၊လျှင်မြန်သောဆက်သွယ်ရေးစနစ်ထားရှိရေး၊
နိုင်ငံတကာဘဏ်စနစ်များချိတ်ဆက်ထားရှိရေး၊စစ်မှန်သောနိုင်ငံသားကဒ်ရရှိရေး၊လုပ်ငန်း
ခွင်မြန်ဆန်လည်ပတ်နိုင်စေရန်အစိုးရငှာနများမှမှန်မှန်ကန်ကန်ဆောင်ရွက်ပေးရေး၊နှင်.
လတ်တလောနိုင်ငံသားများအတွက်အခွန်စီးကြပ်များလျော.ပေါ.ကောက်ခံရေးစသည်တို.
ပင်ဖြစ်ပါသည်၊
ဒီနေရာမှာစစ်မှန်သောနိုင်ငံသားအဖြစ်ရရှိရေးကလည်းအထူးပင်အရေးကြီးလှပါတယ်၊ဖွံဖြိုး
တက်တဲ.နိင်ငံတခုမှာနိုင်ငံသားတဦးရဲံ.တန်ဖိုးနှငု.ရပိုင်ခွင်.တို.အများကြီးပါဝင်ပတ်
်သက်နေပါတယ်။၎င်းအပေါ်အမှီပြုရင်းသာစီးပွါးရေးအခွင်.အလမ်းဆိုတာဖြစ်ပေါ်လာ
ပါတယ်၊မြန်မာပြည်မှာရောထွေးနေတဲ.ုစစ်မှန်တဲ.နိုင်ငံသားအဖြစ်ဝင်ရောက်ရေးမှာပြသ၁နာ
ပေါင်းများစွာရှိနေပါသေးတယ်၊ဒါဟာစစ်မှန်တဲ.နိုင်ငံသားတွေအတွက်အခွင်.အလမ်းဆုံးရှုံးမှုကို
ဖြစ်ပေါ်စေပါတယ်။ဒါကြောင်.အစိုးရအနေနဲ.ထိရောက်စွာကိုင်တွယ်ဖြေရှင်းရမယ်.အပိုင်းပါ၊
ဒါကဆောင်းပါးရဲ.သီးသန်.အနေနဲ.တင်ပြပေးချင်းပါ၊

တကယ်တော.တိုင်းပြည်စီးပွါးရေးလျှင်မြန်စွာတိုးတက်ရေးအတွက်လူလတ်တန်းစားစီးပွါးရေး
စွန်.ဦးလုပ်လိုတဲ.ဘူဂီတွေများများလိုအပ်ပါတယ်ဆိုတာကိုဒီဆောင်းပါးမှာအဓိကဖော်ပြချင်တာပါ၊



သားချစ်ဇော်
ကိုးကားချက်၊။။GOVERNMENT,CAPITALISM AND DEMOCRACY

No comments:

Post a Comment