သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Sunday, June 3, 2012

တွေးမိတွေးရာ

by Bo K Nyein on Saturday, May 26, 2012 at 12:32am ·

ဆောင်းပါးတစ်ပုဒ်ရေးနေတာ .. မထင်မှတ်ပဲ .. ကိုယ်တွေ့မှတ်တမ်းတစ်အုပ်မှာ ဗကပ တွေနဲ့ တိုက်တဲ့ သိန္ဒီတံတားတိုက်ပွဲ နဲ့ ပဲခူးရိုးမ ပေါ်က ဖြတ်-လေး-ဖြတ် အကြောင်းတွေပြန်ဖတ်မိ နေတာနဲ့ အင်တာနက် တောင်မတက်ကြည့်မိဖူး။

ခဏလေး အတွင်းမှာ ကမ္ဘာကြီးက တိုးတက်မှုတွေမြန်လိုက်တာ

စာရေးသူစိတ်ဝင်စားတဲ့ ဖြစ်စဉ်တွေဆက်တိုက် ဒီရက်ပိုင်းတွေ အတွင်းမှာ ဖြစ်ခဲ့ရတယ်

လူတွေအများစု က တော့စိတ်ဝင်စားကြမှာ မဟုတ်ဖူး။ Space X ဆိုတဲ့ Private Company က ပထမဆုံးအကြိမ် Rocket ကိုအောင်မြင်စွာ လွှတ်တင်နိုင်ပြီ Space Station နဲ့ ချိပ်မိသွားပြီ်။ ဒါဟာ နောက်လာမဲ့ Space Age Capitalism ရဲ့ အစပဲ


Space ဆိုက အကုန်အကျများတာကြောင့် NASA လို အစိုးရ အေဂျင်စီတွေကပဲ တာဝန်ယူ လွှတ်ကြရတယ်။ Private Company တွေက Contractors တွေအနေနဲ့ပဲ ရပ်တည်ကြရတယ်။အခုက အစိုးရ လက်က ပုဂ္ဂလိက လက်ထဲ Space Industry ရောက်သွားတာ။ စာရေးသူတို့ သက်တမ်းမှာတော့ မှီမယ် မထင်ဖူး။

ဒါပေမ့ ဒါဟာ Capitalism ရဲ့ အချိုးအပြောင်း တဂွေ့ပဲ။

Capitalism ရဲ့ အဓိက အားသာချက် က Marxism လို ဘောင်ခပ်ထားတာမရှိဖူး။
Marxism က Marx ရဲ့ ဟောကြားချက်တွေက သွေဖယ်ရင် ဒါ ဖေါက်ပြန်တယ် ဆိုပြီး အစွပ်အစွဲခံရရော။

Capitalism ရဲ့ အသက်က (အမြတ်) နဲ့ တွန်းအားက Competition ပဲ။
ဒါကြောင့် ရေလို အပေါက်ရှာ ထွက်မှာပဲ။ ထွက်ခွင့်ရှိတယ်။
ဒါကြောင့် vertical – Command and Control Capitalism ကနေ Horizontal Globalization .. Distributed model ကို ခုန်ကူးသွားခဲ့တယ်။

ဘာသာရေး အယူသီးမှုတွေကြောင့် ကမ္ဘာကြီး မှာ resource ပြဿနာ ဟာကြီးထွားလာပြီ။
Population Growth ကို ဘုရားအလိုကျ ဆိုပြီး နိုင်ငံရေးသမားတွေက မကိုင်တွယ်ရဲကြဖူး။
ဥပမာ ဖီလီပိုင် မှာ Population Growth ကို Agriculture growth က မလိုက်နိုင်တော့ Food Import ကများလာတယ်
ပါကစ္စတန် ဟာ ကမ္ဘာမှာ လူဦးရေတိုးပွားမှု အများဆုံးနိုင်ငံ။

Capitalism မှာ Supply & Demand ပဲ။
မမျှတ တာနဲ့ Speculators တွေဝင်လာတာပဲ
ဒါကြောင့် Australia က အချမ်းသာဆုံး သူဌေးမကြီးဟာ 29 Billions နဲ့ ကမ္ဘာ့အချမ်းသာဆုံး မိန်းမဖြစ်သွားပြီ
သူ က mining companies တွေပိုင်တယ်လေ။ တရုတ်ကြီးကျေးဇူး
Food ကို Speculate လုပ်တာတော့ သဘောမတူဖူး
ဆင်းရဲသားတွေ ဒုက္ခရောက် ၊ ငတ်ရင် ကမ္ဘာမှာ ဆူကြလိမ့်မယ်
လွန်ခဲ့တဲ့ ၃နှစ်လောက် ဆန်ဈေးတွေတက်သွားတယ် မဟုတ်လား
Speculators တွေကိုတော့ မုန်းမှမုန်း

ကမ္ဘာကြီးမှာ လူတွေကသာများလာတာ resource က Finite numbers ပဲရှိတယ်. ဒါကြောင့် imbalance ဖြစ်လာရတယ်
ဒါကြောင့် စာရေးသူ အထင်ကတော့ natural resources တွေကို နီးစပ်တဲ့ Asteriod တို့လို space elements တွေစီမှာ Mining လုပ်ပြီး Space Colonization လုပ်ကိုလုပ်ရတော့မယ်
ဒီမှာ Space Age Capitalism ပေါ်လာမှာပဲ။ next move for Capitalism ပဲ။ ဒီမှာ Have and Have-not နိုင်ငံတွေ ပေါ်လာမှာပဲ။
ဒါကြောင့် တရုတ်က Space မှာဖိ Invest လုပ်နေတာ။ Military aspect လည်းပါပါတယ်
၂၁ ရာစုခေတ်မှာ network centric warfare ကိုရှောင်လို့မှ မရပဲ။
ဒီတော့ Space Private Sector ကအရေးကြီးလာမယ်။ ဒါက အစပဲ

နောင် Space technology တိုးတက်လာရင် Geo-Synchronous Satellites တွေမြို့ ကြီးတွေအပေါ် တည်ဆောက်ပြီး Sun က Energy Transfer လုပ်နိုင်လာမယ်။ Electricity အတွက်။ ဒါဆို အာရပ်တွေ ခွေးဖြစ်ပြီ။
Petrol dollars တွေပြတ်ပြီး ငတ်သေကြမှ ဘာသာရေးအစွန်းရောက်တဲ့ Wahhabism ကို export မလုပ်နိုင်တော့မှာ
Near Earth transportation ကို Private Sector က တာဝန်ယူပြီး NASA က Long range space exploration projects တွေကိုပဲ Focus လုပ်သင့်တယ်

လူငယ်လေးတွေ ကိုသိစေချင်လို့ပါ။

Coming Centuries တွေဟာ ASIAN Centuries တွေပဲ
China – Korea and Japan တွေ့တာ သိပ်အားရတယ်။ အချင်းချင်း FTA ရရင် အစပဲ
ဒီက တဆင့် ASEAN Plus နဲ့ ပေါင်းမိရင် ASIAN POWER လာဖြစ်ကြမယ်။
TPP ကတော့ ရှိမှာပေါ့။ ဒါက အပြိုင်သွားမှာပဲ။ လောလောဆယ် ဂျပန်ကပဲ စိတ်ဝင်စားပုံရတယ်။

စာရေးသူက Nationalist ဖြစ်တာကြောင့် Pan Asian Power ကိုသိပ်အားရတယ်။
အခု ဥရောပ က အဖြူတွေ အထူးသဖြင့် တချိန် က COLONIST တွေ မကြာခင် ခွေးဖြစ်တော့မယ်။
နောက်လ ရွေးကောက်ပွဲမှာ Greece မှာ ဘာအတွေ့အကြုံမှ မရှိတဲ့ Populist – Socialist တက်လာဖို့များတယ်
ဂရိ ဆိုတဲ့ ငပျင်းတွေ အသက်ရှင်နိုင်ဖို့ EU နဲ IMF က Euro 300 Billion ပန့်ပိုးထားရတာ။
ဒါကို အသုံးမလျော့ချင်တဲ့ ဆိုရှယ်လစ် ငပေါတက်လာရင် တိုင်းပြည် ငါးပါးမှောက်လိမ့်မယ်။
ဒါဆို Greece ဟာ Euro Zone ကထွက်ရလိမ့်မယ်
နောက်ဆက်တွဲ Spain Portugal Ireland  နဲ့ Italy ပါ ပြဿနာတက်ရင် ပွဲပြီးသွားပြီ

ဒီလို Contagion ကိုကြောက်ကြတာ။
Spain မှာ Banks တွေပြဿနာ တက်နေပြီ။
လောလောဆယ် စပိန်က စတုတ္ထအကြီးဆုံး ဘဏ် Bankia ကိုအစိုးရက ၀င်ကယ်လိုက်ရတာ ယူရို ၁၂ -၁၉ ဘီလျံလိုမယ်ပြောနေကြတယ်။
စပိန် လူမျိုး ၁၀% ကဒီဘဏ်မှာ ငွေတွေအပ်နှံ ထားတာကြောင့် အစိုးရက ၀င်ကယ်ရတာ။ Bank run မဖြစ်ရအောင်
စိပိန်အစိုးရ မှာ ငွေချေးဖို့ အင်အားမရှိဖူး။
စပိန်က လောလော ဆယ် recession ရောက်နေတယ်

ပြီးရင် Portugal ပြီးရင် Italy ကလည်း ယိုင်တိယိုင်တိုင် ပဲရှိတယ်။

ဒီလို Southern Europe က နိုင်ငံတွေ ကို အသုံးလွန်ပြီး စည်းကမ်းမရှိ တာကြောင့် EU က၀င်ကယ်ရတော့
Northern Europe ကနိုင်ငံတွေကပဲ တာဝန်ခံရမှာ ကြောင့် မလိုလားဖူး

အခု ပြင်သစ်က ဆိုရှယ်လစ် ငပေါက Stimulus အတွက် (ငွေ) ထပ်ခြေးရမယ်တဲ့
အရင် အကြွေးတွေ ကိုတောင် မလျော့နိုင်ပဲ နိုင်ငံတွေက ဒိထက် သုံးမယ်ဆိုရင် ဘယ် ခြေးလို့လောက်မှာလဲ

ခြေးဖို့ အတွက် ပြင်သစ် က Euro Bond ဆိုတာကို ထုတ်စေချင်တယ်။
အသုံးကြီးတဲ့ တိုင်းပြည်တွေက တာဝန်မဲ့ သုံးဖြုံး ကြလို့ ပြန်မစပ်နိုင်ရင် ဘယ်သူကပေးရမှာလဲ

ဂျာမဏီ ကပဲ အဓိကတာဝန် ခံရမှာ
သုံးမရတဲ့ ငပေါတွေ အသုံး ကြမ်းရင် German Tax Payers တွေက ကြောကော့အောင် ပြန်ပေးရမှာ

Political Integration မရှိပဲ Monetary Integration လုပ်ချင်ကြတာ။

ဒါကြောင့် Germany က austerity ကိုတွန်းနေချိန်မှာ France က Growth နံမည်တပ်ထားတဲ့ ငွေချေးပြီး Stimulus အတွက်သုံးမှာ

ပြဿနာ က Stimulus ဆိုပြီးငွေတွေရရတာနဲ့ ဗျူရိုကရက်တွေက ဆော်ပလော်တီးလိုက်ကြရော

Obama က 800 Billion Stimulus သုံးရင် လူတွေအလုပ်ရပြီး အလုပ်လက်မဲ့ % ကျမယ်လို့ ဂတိပေးပေမဲ့ ဘာမှာ သိပ်မထူုးပါဖူး
ဘာကြောင့်လဲ

regulation တအားတင်းတော့ SME တွေအသက်မရှူနိုင်ဖူး။ နိုင်ငံတိုင်းမှာ သူတို့က အလုပ်ပေးတာပဲ

တဖြည်းဖြည်း Company တွေထွက်ပြေး ၊ Fail ဖြစ် တော့ လုပ်ငန်းတွေကျ ၊ စီးပွားရေးကျပေါ့

Solyndra လို Solar Power Company ကို အစိုးရက $535 Millions Loan Gurantee ပေးခဲ့တယ်။ သမ္မတအိုဘာမား က photo Ops အတွက် သန်း၅၃၅ ကို ဖြုန်းပစ်တယ် လို့စွပ်စွဲတဲ့သူတွေက စွပ်စွဲတယ်။ သမ္မတ Bush လက်ထက်က risk များတယ်ဆိုပြီး မပေးဖူး။ Solyndra ကို Invest လုပ်တဲ့သူတွေက Obama Campaign ကိုငွေလှူ တဲ့ အတွက် ငွေချေးတာလို့ စွပ်စွဲကြပြီး Crony Capitalism ဆိုပြီးပြောတဲ့ သူ တွေရှိတယ်။ အစိုးရဆိုတာ စီးပွားရေးနားမလည်တာကြောင့် ၀င် မရှုပ်သင့်ဖူးလို့တားတဲ့ သူတွေရှိတယ်။

နောက် NYC က multi-millions dollars homes တွေမှာနေတဲ့ သန်းကြွယ်သူဌေးတွေကို Stimulus ပိုက်စံထဲက ဘိုင်စကယ်ဦးထုပ်တွေ အလကားလိုက်ဝေတယ်။

GSA လို့ခေါ်တဲ့ အစိုးရရုံးကလူတွေက ကုမ္ပဏီတွေကို ဒဏ်အမျိုးမျိုးရိုက်ပြီး Las Vegas မှာ စည်းဝေးပွဲဆိုပြီး ပါတီလုပ်လိုက်ကြတာ ဒေါ်လာ ၈၀၀,၀၀၀ (ရှစ်သိန်း) ဖြုန်းပစ်လိုက်ကြတယ်။

ဘယ်အစိုးရ မဆို ကိုယ်ရှာထားတဲ့ ငွေ မဟုတ်ပဲ အစိုးရ ပိုက်ဆံဆိုရင် ဖြုန်းဖို့ရာ ၀န်မလေးကြဖူး။

ဆိုရှယ်လစ်တွေက Tax and Spend ဆိုတဲ့ အတွေ;အခေါ်က မထွက်နိုင်ကြဖူး

ဒါကြောင့် EU ဆိုတာ အနှေး နဲ့ အမြန် ဒေ၀ါလီ ခံရတော့ မှာ

EU ပြဿနာ က မကြာခင် အမေရိကားရဲ့ စီးပွးရေးကို ထခိုက်လာစရာရှိတယ်။

စီးပွားရေး မကောင်းပဲ ဘယ်သမ္မတ မှာ အရွေးမခံ ရဖူး

အဆိုးထဲ က အကောင်းလို့ပဲ ပြောရမယ် ထင်တယ်

My 2c

No comments:

Post a Comment