သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Monday, January 23, 2012

ချောင်းနေတဲ့ နဂါး ပုန်းနေတဲ့ ကျား(ပေါ်ပြူလာ)ဂျာနယ်

Posted by AF in ဆောင်းပါးများ

Share
ကျွန်တော် ကံကောင်းတယ်လို့ ပြောရမှာက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ‘ပေကျင်း’မှာ ကျင်းပ ခဲ့တဲ့ ၈-၈-၂ဝဝ၈ ခုနှစ် ကမ္ဘာ့အို လံပစ်ပွဲတော်ကြီး ကျင်းပခါနီး ရက် သတ္တပတ်အလိုမှာ ‘ပေကျင်း’ သို့ ရောက်ရှိနေပြီး အားကစားပွဲ အစီအစဉ်တွေကျင်းပဖို့ ပြင်ဆင်နေမှု အသေးစိတ်ကို ကြည့်ရှုလေ့လာခွင့် ရခဲ့တာပါပဲ။ အဲဒီလိုပဲ ၂ဝ၁ဝ ပြည့်နှစ်၊ အောက်တိုဘာ ၂၃ ရက်မှာ အိန္ဒိယနိုင်ငံ  နယူးဒေလီမြို့မှာ ကျင်းပတဲ့ ၇၂ နိုင်ငံပါဝင်သော ဓနသဟာယအားကစားပွဲတော် ကာလအတွင်းမှာလည်း နယူးဒေလီမှာ ရောက်ရှိနေခဲ့ပြန်ပါတယ်။ တကယ်တော့ ဒီအားကစားပွဲကြီး နှစ်ပွဲစလုံးက သူတို့နိုင်ငံရဲ့ ဥစ္စာဓနကြွယ်ဝမှု၊ ခေတ်မီမှု၊ နည်းစနစ်ကျမှု၊ လုံခြုံစိတ်ချရမှု စတာတွေ ကို နိုင်ငံတကာမှာ ထုတ်ပြကြွားဝါခြင်း တစ်မျိုးပဲဖြစ်ပါတယ်။ ဒီပွဲနှစ်ပွဲ ကျင်းပတဲ့ အားကစားရွာတွေ၊ အား ကစားကွင်းတွေကို လေ့လာခွင့်ရခဲ့ တာလည်း ဒီနိုင်ငံနှစ်ခုရဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ရောက်ရှိနေမှုကို သေချာပေါက်ကိုယ်တွေ့ မျက်မြင်တွေ့မြင် သိရှိရခြင်းပဲဖြစ်ပါတယ်။
အိန္ဒိယစီးပွားရေး တိုးတက်မှုနှုန်းက အခုနှစ်မှာ ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးချဲ့မယ်လို့ဆိုတယ်။ ဒီအတိုင်းဆိုရင် လာမယ့်ဆယ်စုနှစ်နှစ်ခုအတွင်း အိန္ဒိယဟာ နိုင်ငံတိုင်းအပေါ် လျင်မြန်တဲ့နှုန်းထားနဲ့ ကျော်တက်သွားမှာ သချာတယ်။ ကျိန်းသေတာက လက်ရှိဖွံ့ဖြိုးမှုနှုန်းထား ကောင်းနေတာကြောင့် ၂ဝ၁၃ မှာ တရုတ်ကို အမီ လိုက်နိုင်မယ်လို့ စီးပွားရေး ပညာရှင်တွေက တွက်ပြထားကြလေရဲ့။ အိန္ဒိယက တရုတ်ကို စီးပွားရေးအရ ကျော်တက်နိုင်မယ့် အကြောင်းက နှစ်ချက်ရှိတယ်။ တစ်ချက်ကလူဦးရေ (Demograph) ပဲ။ တရုတ်က တစ်အိမ်ထောင် တစ်ယောက်ပဲမွေးရမယ်ဆိုတဲ့ မူဝါဒကြောင့် တရုတ်လုပ်သားအင်အားစုဟာ မကြာခင် အသက်အရွယ်ကြီးရင့်လာကြပြီး လုပ်နိုင်ကိုင်နိုင်စွမ်းသူ ဦးရေလျော့ရဲလာလိမ့်မယ်။ အိန္ဒိယမှာတော့ ဒီပြဿနာမရှိဘူး။ အသက်ကြီးသူ လူဦးရေနဲ့ လူငယ်ဦးရေ အချိုးအစားက ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်နေတယ်။ အာရှတစ်ခုလုံးရဲ့ စီးပွားရေးကို အထောက်အကူပြုခဲ့တဲ့ လူဦးရေခွဲတမ်း ((Demograph  Dividend) အိန္ဒိယမှာ ရှိနေပြီလို့ ဆိုပါတယ်။ ဒုတိယအချက်ကတော့ အိန္ဒိယနိုင်ငံရဲ့ သက်တမ်းရင့်ကျက်နေပြီဖြစ်တဲ့ဒီမိုကရေစီစနစ်ပါပဲ။



အိန္ဒိယမှာပုဂ္ဂလိကကဏ္ဍကသိပ်အရှိန် ကောင်းနေတယ်။အိန္ဒိယနိုင်ငံရဲ့ အရင်းရှင်ဝါဒကို မောင်းနှင်သူတွေဟာ သန်းပေါင်းများစွာသော စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေပဲ။ အိန္ဒိယကုမ္ပဏီ တော်တော်များများ ဟာအစိုးရရဲ့ အကူအညီကို အားမကိုးဘဲ တီထွင်ဖန်တီးနိုင်စွမ်းတွေ ရှိကြတယ်။ လျှို့ဝှက် တာတွေ၊ ဆင်ဆာတွေမရှိတဲ့အတွက် အကြံကောင်းဥာဏ်ကောင်းတွေ လွတ်လွတ်လပ်လပ် စီးဆင်းနေတယ်။ ဒါကြောင့် တစ်ဦးချင်းကို အခြေခံတဲ့ အိန္ဒိယစနစ်က အစိုးရထိန်းချုပ်မှုရှိတဲ့ တရုတ်စီးပွားရေးထက် ပိုသွက်လက်နေတာအမှန် ပါ ပဲ။ အသိပညာကို အခြေခံတဲ့ စီးပွားရေး (Knowledge  Intensive)  အနေနဲ့ အရှိန်အဟုန်ရလာတဲ့ အိန္ဒိယက တရုတ်ထက် ရေရှည်မှာ ပိုပြီးအကဲသာနေပါတယ်။
၂ဝဝ၃ ခုနှစ် ဇူလိုင်လမှာ မက်ဆာချုးဆက် နည်းပညာတက္ကသိုလ်နဲ့ ဟားဗတ်တက္ကသိုလ်တို့က ပညာရှင် ‘ယာရှင်ယွမ်’နဲ့ ‘တရွန်ခါနာ’တို့ရဲ့ တွက်ချက်မှုအရ ကမ္ဘာပေါ်မှာ အကောင်းဆုံးကုမ္ပဏီ ၂ဝဝ ထဲမှာ အိန္ဒိယကုမ္ပဏီ ၁၃ ခုနဲ့ တရုတ် ကုမ္ပဏီ ၄ ခုပါတာတွေ့ရပါတယ်။ အိန္ဒိယက ပိုမိုပွင့်လင်းထင်သာ မြင်သာတဲ့ စီးပွားရေး အဆောက်အအုံတွေရှိတယ်လို့ သူတို့က ကောက်ချက်ချပြကြတယ်။
တရုတ်ရဲ့ နိုင်ငံတကာ ကုန်သွယ်မှုကြီးထွားနှုန်းက ၁၉၇၈ မှာ ဒေါ်လာ ၂ဝ ဒသမ ၆ ဘီလျံက နေ ၂ဝဝ၄ မှာ ၁ ဒသမ ၁၅ ထရီ လျံထိဖြစ်လာတာ အဆပေါင်း ၅၅ ဆ တိုးလာတာပဲ။ ဗြိတိန်နဲ့အမေရိကတို့ ၁၈ ရာစုနဲ့ ၁၉ ရာစုတွေမှာ ဖန်တီးခဲ့တဲ့ ကမ္ဘာ့စီးပွားရေးထက် အဆမတန်များပြားခဲ့တယ်။ ကမ္ဘာ ပေါ်က ရှိရှိသမျှ ကစား စရာတွေထဲ မှာ ၇ဝ ရာခိုင်နှုန်းကို တရုတ်က လုပ်ပေးတယ်။ စက်ဘီးဆို ၃/၅၊ ဖိနပ်က ၁/၂၊ တရုတ်မှာလုပ်တာ ချည်းပဲ။ ကမ္ဘာ့မိုက်ကရိုဝေ့ဖ်မီးဖို ထွက်နှုန်းရဲ့တစ်ဝက်၊ ရုပ်မြင်သံကြား ရဲ့ ၁/၃၊ ပန်းကန်ဆေးစက် ၁/၄၊ ရေခဲသေတ္တာ ၁/၅ တွေက တရုတ် မှာလုပ်တာချည်းပဲ။ ၁၉၉၂ ခုနှစ်မှာ တိန့်ရှောင်ဖိန်ရဲ့ တောင်ပိုင်း ဒေသခရီးစဉ်ပြီးတာနဲ့ စီးပွားရေးတံခါးဖွင့်ဝါဒစတော့တာပဲ။ အဲဒီအချိန် ကစပြီး တရုတ်ပြည်ကို နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစခဲ့တယ်။
အိန္ဒိယက လစ်ဘရယ်ဘောဂ ဗေဒပညာရှင်တွေက အစိုးရရဲ့လုပ် နည်းလုပ်ဟန်ဟောင်းတွေကို ဝေဖန်လာတယ်။ နိုင်ငံရေး အကြောင်းပြချက်မျိုးစုံနဲ့ လိုင်စင်ချမပေး တဲ့ လုပ်ငန်းတွေကို ဖွင့်ခွင့်ပြန်တောင်းတယ်။ အသေးစားအလုပ်ရုံ ၈ဝဝကို ပြန်ထူထောင်တယ်။ ကစားစရာ၊ အဝတ်အထည်၊ ပန်းကန်ခွက်ယောက်၊ ဇွန်း၊ ခက်ရင်း၊ ဓားနဲ့ အိမ်သုံးလျှပ် စစ်ပစ္စည်းစက်ရုံတွေပေါ့။ အဟန့်အ တားဖြစ်စေတဲ့ အလုပ်သမားဥပဒေ တွေကို ပြင်တယ်။ ၁၉၈၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့မှာ ဝန် ကြီးချုပ် အင်ဒီရာဂန္ဒီသာအလုပ်ကြံ မခံရရင် ဒီလောက်ဖြစ်ထွန်းလာမှာ မဟုတ်ဘူး။ သူ့သား ရာဂျစ်ဂန္ဒီဝန် ကြီးချုပ်နေရာဆက်ခံတော့ အသက် ၄၁ နှစ်ပဲရှိသေးတယ်။ သူက ဂျက် လေယာဉ်မောင်းတဲ့ လေယာဉ်မှူးပဲ။ အိန္ဒိယနိုင်ငံရေးထဲက လူတွေထက် သူက ကွန်ပျူတာသိပ္ပံအကြောင်းပိုသိတယ်။ ကွန်ပျူတာကကမ္ဘာကို ပြောင်းလဲ နေတာ သူသိတယ်။ သူ့မိခင်လက်ထက်တုန်းက ကွန်ပျူတာတင်သွင်းမှုကို ပိတ်ထားခဲ့တယ်။ သူက ပြန်ဖွင့်ခဲ့တယ်။ သူတို့နိုင်ငံက အရင်ကတံခါးပိတ်စီးပွား  ရေးလုပ်ခဲ့ကြတာ။ သူနဲ့သူ့အကြံပေးတွေက ပြန်ဖွင့်ကြတယ်။ ၁၉၈ဝခုနှစ်တွေက ဘာမှမသိကြသေးတဲ့  ITကို ဝန်ကြီးချုပ်သစ်က စတင်မိတ်ဆက်ပေးခဲ့တယ်။ ပညာတတ်အိန္ဒိယ လူငယ်တွေရဲ့ ကြိုးပမ်းမှုနဲ့ နေ့ချင်း  ညချင်း တိုးတက်လာတာနိုင်ငံရဲ့ တစ်ခုတည်းသော အကြီးဆုံးနိုင်ငံ ခြားငွေရှာနိုင်တဲ့လုပ်ငန်းကြီးဖြစ်ပါ တယ်။ ၁၉၉ဝ မှာ  IT ပစ္စည်းရောင်း ရငွေက ဘီလျံတစ်ဝက်ရခဲ့တာပါ။ ၂ဝဝ၈ ခုနှစ်၊ မတ်လ ၃၁ ရက်ကျ တော့ အဆ ၁၂ဝ တိုးပြီး ၆၃ ဘီလျံထိ ရလာတယ်။ ၁၉၉ဝ ခုနှစ် တွေမှာ ၅ဝ က ၆ဝ ရာခိုင်နှုန်းတိုး ခဲ့တယ်။ လက်ရှိ ဆယ်စုနှစ်များမှာ တော့ ၃ဝ ကနေ ၄ဝ ရာခိုင်နှုန်း တိုးနေဆဲပဲ။ အမေရိကက  ITလုပ် ငန်း ၁၇ ရာခိုင်နှုန်းပဲတိုးတော့ အိန္ဒိယက အမေရိကထက် နှစ်ဆ ပိုနေတယ်။
IT ထုတ်ကုန်တွေက ၁၉၉ဝ မှာ ဒေါ်လာ ၁၅ဝ သန်းကနေ ၂ဝဝ၈ မှာ ဒေါ်လာ ၄ဝ ဘီလျံဖြစ် လာတယ်။ ပြည်သူအများစုလည်း အလုပ်တွေရခဲ့တယ်။ ၂ဝဝ၂ မတ် လမှာ  ITပညာရှင် ၅၂၂ဝဝဝ မွေး ထုတ်ပေးခဲ့တယ်။  ITပညာရှင်တွေ ထဲက ၇၆ ရာခိုင်နှုန်းက ဘွဲ့ရတွေ ပဲ။ အဲဒီထဲက ၆၂ ရာခိုင်နှုန်းက သာမန်ဘွဲ့၊ ကျန်တာတွေက မဟာ ဘွဲ့တွေ။
အိန္ဒိယပညာရေးကလည်း သိပ်တိုးတက်ပါတယ်။ နှစ် ၂ဝ အ တွင်း သာမန်ဘွဲ့ရ ၁ ဒသမ ၅ သန်းနဲ့ အင်ဂျင်နီယာဘွဲ့ရ ၁၆၁ဝဝဝ ကို နှစ်စဉ်မွေးထုတ်ပေးနိုင်ခဲ့တယ်။
ITစက်ရုံတွေရဲ့ မူလပထမ ဇာတိမြေကတော့ ‘ဘန်ဂလို’ ပဲ။ ‘ဒက်ကန့်’ကုန်းပြင်မြင့်ရဲ့ အလယ် ဗဟိုက ပေ ၅ဝဝဝ အမြင့်မှာရှိတဲ့မြို့ ဟာ ရာသီဥတုကောင်းတယ်။ နွေမှာ သိပ်မပူဘူး။ ဆောင်းမှာ အေးမြမြ။ ပတ်ဝန်းကျင်မှာက ဖုန်သိပ်မရှိဘူး။ ဒီမြို့မှာ နာမည်ကျော် အိန္ဒိယသိပံတက္ကသိုလ်နဲ့ အုပ်ချုပ်မှုပညာ တက္ကသိုလ်လည်း ရှိတယ်။ အစိုးရ စက်မှုတက္ကသိုလ် ၈ ခု၊ ပုဂ္ဂလိက စက်မှုတက္ကသိုလ် ၉၃ ကျောင်းလည်း ရှိတယ်။
၂ဝဝ၅ ခုနှစ်မှာ IT နဲ့ဆက်စပ်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီ ၁၂၅ဝ ရှိလာတယ်။ ကမ္ဘာပေါ်က အကြီးဆုံးကုမ္ပဏီ ၁ဝဝဝ ထဲမှာ အိန္ဒိယ  ITကုမ္ပဏီ ၂၆၆ ခုလည်း အပါအဝင် ပဲ။
တိန့်ရှောင်ဖိန်က ‘ကျောက်တုံးတွေ စမ်းနင်းပြီး မြစ်ကိုကူးရတယ်’လို့ ပြောခဲ့ဖူးတယ်။ တရုတ်ကွန်မြူ နစ်ပါတီရဲ့ နိုင်ငံရေးနဲ့စီးပွားရေးပါဝါ ကို အလွဲသုံးစားသုံးမှုတွေကို သူက ပြုပြင်ခဲ့တယ်။ နိုင်ငံပိုင်စက်ရုံတွေကို ပုဂ္ဂလိကပိုင်လုပ်ငန်းတွေအဖြစ် စမ်း သပ်ရင်း ပြုပြင်ပြောင်းလဲခဲ့တယ်။ ဖြည်းဖြည်းချင်း တစ်လှမ်းပြီးတစ်လှမ်း စမ်းလုပ်တာပဲ။ အခုဆိုရင် တရုတ်ကွန်မြူနစ်ပါတီထဲကို အရင်းရှင်တွေက လွတ်လွတ်လပ်လပ်ဝင်လို့ ရလာပြီ။ ထင်ရှားတဲ့ပုဂ္ဂလိကလုပ် ငန်းရှင်တော်တော်များများ ဟာ အမျိုးသားပြည်သူ့ ကွန်ဂရက်အဖွဲ့ဝင် တွေဖြစ်လာကြပြီ။ ၂ဝဝ၂ နိုဝင်ဘာ မှာ ကျင်းပတဲ့ ၁၆ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီရဲ့ အမျိုးသား ကွန်ဂရက်မှာ သမ္မတကျန်ဇီမင်းက ခပ်ပြတ်ပြတ်ပြောခဲ့တယ်။
”ပုဂ္ဂလိကအခန်းကဏ္ဍဟာ တရုတ်ပြည်အနာဂတ်ရဲ့ အရေးကြီး တဲ့ အစိတ်အပိုင်းပဲ။ ပြည်သူနဲ့ နိုင်ငံ အတွက် ကောင်းတာဖြစ်စေမယ့် အရာအားလုံးကို ကျွန်တော်တို့ ရို သေရမယ်။ အကာအကွယ်ပေးရမယ်။ ပုဂ္ဂလိကပိုင်ဆိုင်မှုကို ကာကွယ်တဲ့ ဥပဒေစနစ်ကို ဖော်ဆောင်ရမယ်”လို့ ပြောတယ်။ ပါတီအနေနဲ့ ပစ္စည်းမဲ့ လူတန်းစားကို သာမက ပြည်သူအများစုရဲ့ စည်းစိမ်ဥစ္စာတွေ ကိုပါ ကာကွယ်စောင့်ရှောက်ပေးရ မယ်လို့ ဆိုပါတယ်။
အိန္ဒိယမှာကျတော့ ၁၉၉၁က လုပ်ခဲ့တဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုရဲ့ အကျိုးဆက်ကို အခုခံစားနေရတာပါပဲ။ အိန္ဒိယမှာက အပြည့်အဝ ဈေးကွက်စီးပွားရေး စနစ်ကတည်းက ရှိခဲ့တယ်။ ဒါပေမဲ့ ၁၉၅၁ က ၁၉၉၁ ကြား နှစ် ၄ဝ လုံးလုံး စီးပွားရေး တိုးတက်မှုနှုန်းက နှေးကွေးခဲ့တယ်။ အိန္ဒိယက ကုန်ကြမ်းပစ္စည်းတွေလည်း သဘာဝသယံဇာတအနေနဲ့ ပေါကြွယ်ခဲ့တယ်။ ဆန်၊ ဂျုံ၊ ဝါဂွမ်း၊ ဆေးရွက်ကြီး၊ အဝတ်အထည်၊ ဟင်းခတ်အမွှေးအကြိုင်၊ မဲနယ်၊ ကျောက်သံပတ္တမြားစသဖြင့်။ မဂို ခေတ် အိန္ဒိယဟာ ဒါတွေနဲ့ ချမ်းသာကြွယ်ဝခဲ့တာပဲ။ ၁၇ ရာစုနဲ့ ၁၈ ရာစုတွေမှာ ကြွယ်ဝတဲ့ကုန်သည်တွေ အများကြီးရှိခဲ့တယ်။ ၁၇၁၇ မှာ ဗြိတိသျှ အင်ပါယာအောက် ရောက်ခဲ့တယ်။ ဒါပေမဲ့ ရထားလမ်း မိုင်ပေါင်း ၄၅ဝဝဝ အရှည်ဖောက်ပြီး နိုင်ငံအတွင်း ကုန်သွယ်မှုက အ ဆက်မပြတ်ခဲ့ဘူး။ ၁၉၄၆ မှာ စက်ရုံ ၂၉ ရုံကနေ အဝတ်အထည်၊ ဂုန်လျှော်၊ သံမဏိ၊ သကြား၊ ဟင်းရွက်ဆီ၊ လက်ဖက်ခြောက်၊ စက္ကူ၊ ဆေးရွက်ကြီး၊ မီးခြစ်၊ စက်ဘီး၊ ဘတ်သီးစသဖြင့် ထုတ်လုပ်နိုင်ခဲ့ တယ်။ စက်ရုံအများစုက ပုဂ္ဂလိက ပိုင်ပဲ။ ဒါပေမဲ့ နိုင်ငံရေးမတည်ငြိမ် လို့ နှစ် ၄ဝ လုံးခေတ်နောက်ကျပြီး ဆင်းရဲခဲ့ရတယ်။
အများစုဝေဖန်ကြတာကတော့ ပထမဆုံးဝန်ကြီးချုပ် ‘နေရူး’ ဖော်ဆောင်တဲ့ ဆိုဗီယက်ပုံစံ ဗဟိုစီမံချက်ကိုပဲ။ နိုင်ငံပိုင်စက်ရုံတွေကို အားပေးပြီး ပုဂ္ဂလိကအခန်းကဏ္ဍ ကို မှေးမှိန်အောင်လုပ်ခဲ့လို့ပဲ။ စီးပွားရေး ပေါ်လစီတစ်ခုခုလုပ်မယ်ကြံတိုင်း နိုင်ငံရေးပါတီအချင်းချင်း သဘော ထားကွဲလွဲကြ၊ ငြင်းခုန်ကြနဲ့ အလုပ်က မဖြစ်ခဲ့ဘူး။
လယ်သမားတွေဆိုရင်လည်း သူတို့ငွေပေါ်ဖို့သာကြည့်ပြီး စီမံကိန်း သီးနှံတွေ မစိုက်ချင်ကြဘူး။ တစ်ခါ တလေကျပြန်တော့လည်း အစိုးရက အတင်းစိုက်ခိုင်းတာတွေ စိုက် ရင်း လယ်သမားတွေ အကျိုးပျက် စီးတာမျိုးလည်း ရှိတတ်တာပဲ။ ၁၉၆၂ နဲ့ ၁၉၆၅ တို့မှာ တရုတ်နဲ့ ပါကစ္စတန်တို့ စစ်ဖြစ်ခဲ့ရတယ်။ ၁၉၆၅ နဲ့ ၁၉၆၆ ကျတော့ မိုးခေါင် တယ်။ ဒီအခါ စီးပွားရေး ဒလဟော ကျသွားတယ်။ နိုင်ငံခြားငွေ ကုန် သွားတယ်။ စစ်စရိတ်တွေ ကုန်တာ က တစ်မျိုး၊ မိုးခေါင်လို့ သီးနှံမထွက် တာ တစ်မျိုးတို့ကြောင့် စီးပွားရေး  ကပ်ဆိုက်တာ ဖြစ်တယ်။ ဒါတွေ အပြင် အစိုးရရဲ့အကျိုးမရှိတဲ့ အသုံး စရိတ်တွေကလည်း ဝင်ထောင်း သေးရဲ့။ ထုံးစံအတိုင်း အခွန်အ ကောက်တွေ တိုးကောက်တော့ ပို ပြဿနာရှုပ်ကုန်တာပေါ့။
၁၉၆ဝ ပြည့်နှစ်များမှာ ဘောဂ ဗေဒပညာရှင်တွေသာမက အစိုးရ အဖွဲ့ထဲက စီမံကိန်းရေးဆွဲသူတွေပါ အစိုးရရဲ့ ပေါ်လစီတွေ မှားနေပြီ ဆိုတာ ထောက်ပြကြတယ်။ နောက်ပိုင်းမှာ ကွန်ဂရက်ပါတီ နှစ်ခြမ်းကွဲသွားတယ်။ ၁၈လလုံးလုံး အိန္ဒိယကွန်မြူနစ်ပါတီအကူအညီနဲ့ အင်ဒီရာဂန္ဒီက အုပ်ချုပ်ခဲ့တယ်။ အဲဒီမှာတင် စက်မှုလုပ်ငန်း အကြီးစားတွေနဲ့ ကွန်ဂရက်ပါတီတို့ရဲ့ ဆက်သွယ်မှုက လုံးဝပြတ်တောက် သွားတာပဲ။ အင်ဒီရာဂန္ဒီက ပုဂ္ဂလိကပိုင် ကျောက်မီးသွေးစက်ရုံ၊ ဆီသန့်စက်ရုံတွေကို ပြည်သူပိုင်သိမ်း တယ်။ ပုဂ္ဂလိကဘဏ် ၈၆ ရာခိုင် နှုန်း၊ အထည်စက်ရုံ ၂၉ ရုံတို့က အရှုံးကြီးရှုံးကြတယ်။ ဒီလိုနဲ့ စီးပွား ရေးလောကမှာ ရှုပ်ထွေးကုန်တယ်။ ဥပမာ- စီးပွားရေးဘဏ်ခွဲတွေ ကျေး လက်နဲ့ မြို့ငယ်တွေမှာ ထောင်ချီ ဖွင့်ကြ၊ ပြဿနာတွေတက်ကြ။ ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေကလည်း ကမောက်ကမတွေချည်းပဲ။ ၁၉၅၇ နဲ့ ၁၉၆ဝ ကြားက တိုးတက်နှုန်း ၃ ဒသမ ၄၃ ရာခိုင်နှုန်းဟာ ၁၉၆၆ နဲ့ ၁၉၇၅ ကြားမှာ ၃ ဒသမ ၁၅ ရာခိုင်နှုန်းထိ ကျသွားတယ်။ ဒါကို ပြန်ကျားကန်ဖို့ လုပ်ငန်းလိုင်စင်တွေ အစိုးရက ပြန်ချပေးတယ်။ ဒါပေမဲ့ လေးနှစ်အတွင်း လက်တစ်ဆုပ်စာ လောက်ပဲ အကျိုးအမြတ်ရခဲ့တယ်။
၁၉၉၁မှာ အီရတ်က ကူဝိတ် ကို ကျူးကျော်သိမ်းပိုက်တဲ့အချိန် မှာ နဂိုက ယဲ့ယဲ့ပဲရှိတော့တဲ့ အိန္ဒိ ယက လူမွဲစာရင်းဝင်လုဆဲဆဲဖြစ် သွားတယ်။ ရေနံစိမ်းဈေးက တစ် စည်ကို ၁၈ ဒေါ်လာကနေ ၃၁ ဒေါ်လာအထိ တက်သွားတာကိုး။ ကူဝိတ်နဲ့ အီရတ်မှာ သွားအလုပ် လုပ်နေကြတဲ့ အိန္ဒိယအလုပ်သမား ၂ဝဝဝဝဝ ကလည်း ပြည်တော်ပြန် လာကြပြီး သူတို့ဆီက နှစ်စဉ်ရနေ တဲ့ ဒေါ်လာ ၄ ဒသမ ၂ ဘီလျံ မရတော့ဘူးပေါ့။ နိုင်ငံတကာဘဏ်တွေက အိန္ဒိယကို နှစ်တိုချေးတာတွေ ဆက်မပေးတော့ဘူး။
စီးပွားရေးရာ အထူးကိုယ်စားလှယ် ‘မွန်တက်ဆင်း’က ရာဂျစ် ဂန္ဒီဆီကို စီးပွားရေးပြုပြင်ရေး စီမံ ချက်တင်တယ်။ နောက်ထပ် ၆ လ က ၈ လကြာရင် ကျင်းပမယ့် ရွေးကောက်ပွဲနောက်ပိုင်းထိ သူက အချိန်ဆွဲပစ်လိုက်တယ်။ ရွေး ကောက်ပွဲမှာသူမနိုင်ဘူး။ ‘ဗီပီဆင်’ တက်လာတယ်။ ‘မွန်တက်ဆင်း’ က စီမံချက်ထပ်တင်တယ်။ ဒါပေ မဲ့ ‘ဗီပီဆင်’က ပယ်ချခဲ့တယ်။ နောက်လူ ‘ချန်ဒရာရှက်ကယ်’ တက်လာတယ်။ သူ့ရဲ့ နောက်ခံ ပါတီကလည်း အင်အားမရှိဘူး။ နောက်ထပ်လေးလ အိမ်စောင့် အစိုးရအုပ်ချုပ်ခဲ့တယ်။ နောက်လမှာ ရာဂျစ်ဂန္ဒီလည်း အလုပ်ကြံ ခံရပြန် တယ်။
စီးပွားရေးအကျပ်အတည်းက ပိုနက်ရှိုင်းလာတယ်။ ငွေကြေးဖောင်း ပွမှု ၁၃ ရာခိုင်နှုန်းထိ တက်လာ တယ်။ နိုင်ငံခြားအရန်ငွေက ၁ ဒသမ ၁ ဘီလျံပဲ ကျန်တော့တယ်။
၁၉၉၁ ဇွန်လမှာ ကွန်ဂရက်ပါ တီ ပြန်အနိုင်ရလာပြီး ဝန်ကြီးချုပ်က ‘နာရာဆင်ယာရောင်း’ဖြစ်ပါတယ်။ အစိုးရ အသုံးစရိတ်လျှော့ချပြီး နိုင်ငံ ရဲ့ စီးပွားရေးကို ပြန်မတ်ဖို့ လုပ် တယ်။ အဟန့်အတားဖြစ်စေတဲ့ ဥပဒေတွေကိုပြင်တယ်။ ကျောက် တုံးတွေစမ်းနင်းပြီး ဂင်္ဂါကို ကူးတဲ့ ပုံစံမျိုး စလုပ်နေပြီ။
ဂျပန်နိုင်ငံက ‘ဆူဇူကီး’ ကုမ္ပဏီ နဲ့  ၁၉၉၇ မှာ အိန္ဒိယ တို့ပေါင်းပြီး ‘မာရူတီ’ကားစထုတ်တယ်။ အိန္ဒိယ ဝါရင့်စက်မှုလုပ်ငန်း ရှင်တွေကလည်း ‘တာတာ’ကားထုတ်ယတ်။ ထုတ် လုပ်ရေးက ဘန်ဂလိုမှာ။ နိုင်ငံတ ကာလေဆိပ်ကို စင်ကာပူလေ ကြောင်းနဲ့ တာတာကပေါင်းပြီး လေ ကြောင်းကုမ္ပဏီထောင်တယ်။ ဒါက နိုင်ငံခြားနဲ့ စီးပွားရေး လမ်းစဖွင့်တာ တွေပဲ။
၁၉၉၂ မှာ ဆူဇူကီး ၈ဝဝ က အိန္ဒိယမှာ မာရူတီ ၈ဝဝ အနေနဲ့ ကားစဖြစ်ပါတယ်။ အိန္ဒိယစီးပွားရေး ပြုပြင်ပြောင်းလဲမှု အစိတ်အပိုင်းအစ တစ်စစီဟာ ၂ဝဝ၃ ခုနှစ်ကျမှ ပေါင်း စပ်မိပြီး အကောင်အထည် ပေါ်လာ တယ်။ ၂ဝဝ၃ က ၂ဝဝ၈ ကြားမှာ ဂျီဒီပီတိုးနှုန်းက ၈ ဒသမ ၉ ထိ တက်လာတယ်။ ပြည်သူတွေ အလုပ်အကိုင်ရနှုန်းလည်း သိပ်ပြီး ကို တိုးလာတယ်။ ၁၉၉၃ က ၂ဝဝဝ ကြားမှာ ၂၂ ရာခိုင်နှုန်းထိ တိုးလာ တယ်။
အရင်ဘဏ္ဍာရေးဝန်ကြီး ‘မန်မို ဟန်ဆင်း’ ၂ဝဝ၄ မှာဝန်ကြီးချုပ် ဖြစ်လာတဲ့ အချိန်ကျတော့ ရှယ်ယာ ဈေးကွက်တွေ ဆက်ဖွင့်ပေးခဲ့တယ်။ ၂ဝဝ၇ ခုနှစ်မှာ အိန္ဒိယရှယ်ယာ ဈေးကွက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုက ၂ဝ ဒသမ ၈ ဘီလျံထိရှိလာ တယ်။ နိုင်ငံခြားတိုက်ရိုက် ရင်းနှီး မြှုပ်နှံသူတွေက အိန္ဒိယပြည်သူ တွေကို သူတို့ရဲ့ ရှယ်ယာတွေ ရောင်းခွင့်ပြုလိုက်တယ်။ ဒါကြောင့် အိန္ဒိယပြည်သူတွေလည်း အကျိုး အမြတ်တွေ အများကြီး ခံစားကြရ တာပေါ့။
ဟိန်းလတ်

No comments:

Post a Comment