သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Tuesday, February 7, 2012

ပြည်သူများ နိုင်ငံရေးအသိအမြင်၊ ဗဟုသုတ ကြွယ်ဝစေရန် ၀က်ဘ်ဆိုက်သစ်လွှင့်တင်

ဇော်ဝင်းသန်း (MYANMAR TIME)

အတွဲ ၂၈ ၊ အမှတ် ၅၅၆ ( ၁၀ - ၁၆ ၊ ၂ ၊ ၂၀၁၂)
ပြည်သူလူထုအကြား နိုင်ငံရေးအသိအမြင်၊ ဗဟုသုတ ကြွယ်ဝလာစေရန်နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်ပြီး www.myanmar affairs.com ၀က်ဘ်ဆိုက်အား EcoDev ခေါ် စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံသည့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ကိုယ်စားပြုအဖွဲ့မှ လွှင့်တင်လိုက်ပြီ ဖြစ်သည်။


"ကျွန်တော်တို့ EcoDev အနေနဲ့ ၁၉၉၄ လောက် ကတည်းကစပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ အစည်းတွေနဲ့ ပူးတွဲပြီး ဆောင်ရွက်ပါတယ်။ အဲဒီတုန်းကတည်းက Civil Society လို့ ခေါ်တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းဖွံ့ဖြိုး တိုးတက်မှုကို အရမ်းစိတ်ဝင်စားပါတယ်။ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးရေးအတွက်သာမက ဒီမိုကရေစီထွန်းကားရေး အတွက်ပါ အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းအနေနဲ့ပါ မြင်တဲ့အတွက် ဒီအရပ်ဘက် လူ့အဖွဲ့အစည်း တိုးတက်ရေးကိုလည်း ကျွန်တော်တို့ အာရုံစိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ အဓိက ဆောင်ရွက်တဲ့လုပ်ငန်းကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေဖြစ် ပါတယ်။ ၁၉၉၇၊ ၁၉၉၈ ခုနှစ်လောက်က ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့နဲ့အတူ မကွေးမြို့၊ ကျောက်ပန်း တောင်း၊ ချောက်တွေက ကျေးရွာတွေမှာ စပြီး အကောင်အထည် ဖော်ဖြစ်ခဲ့ပါတယ်။ အဲဒီလိုလုပ်နေရင်း အတွေ့အကြုံ တွေလည်း ရလာပါတယ်။ အဓိက စိုက်ပျိုးရေးစီမံကိန်း လေးတွေ ဆောင်ရွက်ပေးနေရင်းကနေ ဒီ အောက်ခြေ အဖွဲ့အစည်းလေးတွေကို သူတို့ရဲ့ စွမ်းဆောင်ရည် မြင့်တက်အောင် လုပ်ပေးရင် သူတို့ရဲ့ လူမှုစီးပွားရေး တိုးတက်ရုံသာမက သူတို့ရဲ့ ဒီမိုကရေစီ ဖြစ်ထွန်းရေးကိုပါ အထောက်အကူဖြစ်တာ သွားတွေ့ပါတယ်။ ကျွန်တော်တို့ Community Governance လို့ခေါ်တဲ့ ပြည်သူတွေ ပါဝင်အုပ်ချုပ်ရေးဆိုတဲ့ ကဏ္ဍကိုပါ အထောက်အကူပြုတာကိုပါ တွေ့ခဲ့ပါတယ်"ဟု EcoDev အဖွဲ့မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းမျိုးသူက အဆိုပါ ၀က်ဘ်ဆိုက် မိတ်ဆက်ပွဲတွင် ပြောသည်။
"ကျွန်တော်တို့ လုပ်ခဲ့တဲ့စီမံကိန်းတွေက နေရာအနှံ့မှာပါ။ စခဲ့တာက အညာဒေသမှာပါ။ နောက် နိုင်ငံတကာ မိတ်ဆွေ အင်န်ဂျီအို တွေကလည်း ဖိတ်ခေါ်တဲ့အတွက် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် အစရှိ သဖြင့် မြန်မာပြည်အနှံ့အပြားမှာ ကျွန်တော်တို့ အကောင်အထည်ဖော်ခဲ့တဲ့အတွက်၊ ပြည်နယ်နဲ့ တိုင်း တွေမှာလည်း ကျွန်တော်တို့နဲ့ခင်မင်တဲ့ မိတ်ဆွေ၊ အသိ အကျွမ်းတွေ ရှိနေတဲ့အတွက် ကျွန်တော်တို့ လူမှုရေး စစ်တမ်းတွေလုပ်တဲ့အခါမှာ တော်တော်လေး အဆင်ပြေပြေ လုပ်နိုင်ခဲ့ပါတယ်။ ၂၀၁၀ အပြောင်းအလဲဖြစ်လာတော့ ကျွန်တော်တို့ ပုံမှန်လုပ်နေတဲ့ စီးပွားရေး၊ လူမှုရေး စစ်တမ်းတွေ အပြင် Public Opinion လို့ ခေါ်တဲ့ ပြည်သူ့အမြင် စစ်တမ်းလေးလုပ်ရင် မကောင်း ဘူးလားလို့ အကြံလေးရလာပါတယ်။ ကျွန်တော်တို့ လုပ်ပေးနေတဲ့ စစ်တမ်းတွေက နိုင်ငံတော်အစိုးရ စီမံကိန်းတွေ၊ ကုလသမဂ္ဂရဲ့ စီမံကိန်းတွေ၊ မိတ်ဆွေ အင်န်ဂျီအိုတွေအတွက် လုပ်ပေးရတာပါ။ ဒါကြောင့် ၂၀၁၀ မှာ ဒီအစီအစဉ်လေးကို စဖြစ်ပါတယ်။ အဓိက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အတွက် အဲဒီကနေ ကွဲထွက်ပြီး Myanmar Affairs ၀က်ဘ်ဆိုက် စပြီး လုပ်ဖြစ်သွားပါတယ်"ဟု ဦးဝင်းမျိုးသူက ပြောသည်။
"အဓိကရည်ရွယ်ချက်က ပြည်သူတွေ ဘာတွေ လိုအပ်သလဲ၊ ပြည်သူတွေဘယ်လိုခံစားလဲ၊ ဘယ်လို တွေ့ကြုံလဲ၊ ဘယ်လိုမြင်တယ် ဆိုတာကို ကျွန်တော်တို့က နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး ဆောင်ရွက်သူတွေကို ပြောပြနိုင်ရင် ကျွန်တော်တို့ နိုင်ငံရေးဖြစ်စဉ်တိုးတက်မှု အထောက်အကူပြုမလား၊ နောက် သက်ဆိုင်ရာ မဲဆန္ဒ နယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေက ဒီအချက် အလက်တွေကို အခြေခံပြီး မူဝါဒချမှတ်တာတွေ၊ စည်းရုံးရေးတွေမှာအထောက်အကူဖြစ်ဖို့ ရည်ရွယ်ပြီး ဒီ ၀က်ဘ်ဆိုက်ကိုလုပ်ဖြစ်တာပါ"ဟု ၎င်းကပြောသည်။
"ဒုတိယအချက်က မြန်မာနိုင်ငံမှာ နိုင်ငံရေးဆိုတာ တီကောင်ဆားပက်ထားသလို ကြောက်ပြီး မပြောရဲ မဆိုရဲ ဖြစ်ကြပါတယ်။ ဒါကြောင့် ဒီလိုလေးပြောင်းပြီး ပြောပြလိုက်ရင် ပြည်သူတွေအကြား နိုင်ငံရေးစိတ်ဝင် စားမှု၊ ကိုယ့်လိုအပ်ချက်ကို စနစ်တကျ တင်ပြတဲ့အလေ့ အကျင့်လေးတွေ ပြုစုပျိုးထောင်ပြီးသား ဖြစ်လာမလားလို့ ကျွန်တော်တို့ ရည်ရွယ် ဆောင်ရွက်ရတာ ဖြစ်ပါ တယ်"ဟု ၎င်းက ဆက်ပြောသည်။
ပြည်သူ့အမြင် စစ်တမ်းအား ၂၀၁၀၊ နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီကတည်းက စတင်ကောက်ခဲ့ ပြီး ၀က်ဘ်ဆိုက်တင်ရန် ကနဦး ကြိုးစားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မတင်နိုင်ခဲ့၍ နီးစပ်ရာ စိတ်ဝင်စားတဲ့သူများကိုသာ ဖြန့်ဝေပေးခဲ့ရကြောင်း သိရသည်။

No comments:

Post a Comment