Saturday, 06 October 2012 08:34
ပြုပြင်ပြောင်းလဲရေးခေတ်သစ်မှ တစ်မူ ထူးခြားလှသည့် ဒီမိုကရေစီရောင်းရင်းနှစ်ဦး
Written by အောင်ကျော်စိုး
ခု
ဖော်ပြပါဆောင်းပါးမှာ နာမည်ကျော် အမေရိကန် သတင်းစာ တစ်စောင်ဖြစ်သော
နယူးယောက်တိုင်းမ်၏ ပင်တိုင်ဆောင်းပါးရှင် Bill Keller အင်တာဗျူး တစ်ပုဒ်
အနက်မှ အချို့ကို မှီငြမ်း ကောက်နုတ် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ Bill
Keller သည် သမ္မတ ဦးသိန်းစိန်၏ သမိုင်းဝင် အမေရိကန်ပြည်ထောင်စု ခရီးစဉ်တွင်
၎င်းကို သွားရောက်တွေ့ဆုံ၍ မေးခွန်း အတော်များများ မေးမြန်း ခဲ့သလို
တစ်ချိန်တည်း မှာပင် အဆိုပါ နိုင်ငံသို့ရောက်ရှိနေခဲ့သည့်
ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။
သမ္မတကြီး
ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စိန်ခေါ်မှုများကို ရင်ဆိုင်ရင်း
မတူညီသည်များကို ဘေးချိတ်ပြီး တူညီသည်များကို အပေးအယူ မျှစွာဖြင့်
တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် လုပ်ကိုင်ဆောင်ရွက်နေမှုအပေါ် Bill
Keller က 'The Burmese Odd Cople' ဟူသောခေါင်းစဉ်ဖြင့် ရေးသားခဲ့သည့်
ဆောင်းပါးကို 'ပြုပြင်ပြောင်းလဲရေး ခေတ်သစ်မှ တစ်မူ ထူးခြားသည့် ဒီမိုကရေစီ
ရောင်းရင်းနှစ်ဦး' ဟု ဆီလျော်အောင် မြန်မာမှု ပြုလိုက်ပါသည်။
မြန်မာပြည်၏ ဂိုဘာချော့ဗ်နှင့် နယ်လ်ဆင် မင်ဒဲလား
၂၀၁၀ ပြည့်နှစ်နောက်ပိုင်း မြန်မာနိုင်ငံ၏ ကံကြမ္မာ အလှည့် အပြောင်းမှာ အံ့အားသင့်လောက် စရာကောင်းအောင် ကောင်းမွန်လှ သည်ဟုပင် ဆို၍ ရပါသည်။ အကြောင်းမှာ အဆိုပါ အလှည့်အပြောင်းက လူကြိုက်များ ထင်ရှားသည့် ကမ္ဘာ့ခေါင်းဆောင်ကြီး နှစ်ဦးဖြစ်သော နယ်လ်ဆင် မင်ဒဲလား(တောင်အာဖရိက)နှင့် မီခေးလ် ဂိုဘာချော့ဗ်(ရုရှား) ကဲ့သို့သော ပုဂ္ဂိုလ်နှစ်ဦးကိုပါ တစ်ပြိုင်တည်း ထွက်ပေါ်အောင် ဖန်တီး ပေးလိုက်နိုင်ခြင်းကြောင့် ပင်ဖြစ်ပါသည်။ နယ်လ်ဆင် မင်ဒဲလားနှင့် တူသူမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး ဂိုဘာချော့ဗ်ကြီးနှင့် တူသူမှာ ပြုပြင်ပြောင်းလဲရေး သမ္မတကြီး ဦးသိန်းစိန်ပင်ဖြစ်သည်။ သူတို့ နှစ်ဦးကို ဤမျှလောက်သော ပုဂ္ဂိုလ်မျိုးများနှင့် နှိုင်းယှဉ် လောက်စရာ လိုသလောဟု မေးလာလျှင် နှိုင်းယှဉ်ရန် လျော်ကန် သင့်မြတ်လှပါ သည်ဟုပင် ဖြေရ ပါလိမ့်မည်။
အတိုက်အခံ
ခေါင်းဆောင်တစ်ဦး အဖြစ် နှစ်ပေါင်း ၂၀ ကျော်ကြာ ရပ်တည်ခဲ့သူ
ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏
သမီးဖြစ်ပြီး အများပြည်သူ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေးနှင့် အများပြည်သူ
လွတ်လပ်မှု ရှိရေးတို့အတွက် ကိုယ်ပိုင် လွတ်လပ်ခွင့် များကို လက်လွတ်ခံကာ
၁၅ နှစ်ခန့်မျှ နေအိမ် အကျယ်ချုပ် ကျခံခဲ့သည်။ နိုင်ငံတကာမှ ဒီမိုကရေစီရေး
လှုပ်ရှားသူများနှင့် ကမ္ဘာ့ခေါင်းဆောင် အများစု(အထူးသဖြင့်
အနောက်ကမ္ဘာနိုင်ငံ ခေါင်းဆောင်များ)၏ ထောက်ခံမှုများ ရရှိထားသူ
ဒေါ်အောင်ဆန်းစုကြည် ကို ကြိုက်နှစ်သက် သူများက 'တိုင်းပြည်ကို
ဦးဆောင်ဖို့မွေးဖွားလာသူ' တစ်ဦးအဖြစ် ရည်ညွှန်းကြသည်။ အောက်စဖို့ဒ်
တက္ကသိုလ် ထွက်၊ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်၊ ဘာသာစကား သုံးလေးမျိုး
ပြောတတ်သူ အစရှိသည် တို့ကလည်း ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦး၏ ပြယုဂ်ကို
ပိုမိုရွှန်းလဲ့ တောက်ပြောင် စေသည်။
![](http://www.thevoicemyanmar.com/2/images/_mg_4542.jpg)
သမ္မတကြီးဦးသိန်းစိန်၏
အထင်ရှားဆုံးပြယုဂ်မှာ 'ရိုးသားမှု' ပင် ဖြစ်သည်။ ၂၀၁၁ ခုနှစ် မတ်လ သမ္မတ
အဖြစ် ရွေးချယ် တင်မြှောက် ခြင်းခံရချိန်က တောင်ကိုရီးယား သတင်းစာ အချို့က
'Mr.Clean- ဦးသန့်ရှင်း' ဟုပင် တင်စား ရေးသား ခဲ့ကြသည်။ ဧရာဝတီမြစ်ဝ
ကျွန်းပေါ်ဒေသ ဟိုင်းကြီးကျွန်း အနီးရှိ ကျေးရွာလေး တစ်ခု၌ မွေးဖွား
ကြီးပြင်းခဲ့သူ ဖြစ်ပြီး မိဘများမှာ တောင်သူ လယ်သမားများ ဖြစ်ကြသည်။ Bill
Keller နှင့် ပြုလုပ်သော အင်တာဗျူးတွင် "ကျွန်တော် ဟာ အညတရ ဘဝက လာတာပါ" ဟု
စတင်ပြောဆိုသည်။
![](http://www.thevoicemyanmar.com/2/images/asean-us-5.jpg)
အထက်တန်းကျောင်း
မဆိုထားဘိ၊ အလယ်တန်းကျောင်းပင် မရှိသော အဆိုပါ ကျေးရွာလေးတွင် မူလတန်း
အောင်သောအခါ ရွာနှင့် မိုင်ပေါင်း ၄၀ မှ ၅၀ ခန့် ဝေးကွာသည့် နေရာတွင်
ရှိသည့် အလယ်တန်း ကျောင်း၌ သုံးနှစ်ခန့် တက်ခဲ့ရသည်။ ထို့နောက်
ပုသိမ်မြို့တွင် သုံးနှစ်ခန့် ကျောင်းတက် ခဲ့ရသည်။ ကျောင်းပြီးသောအခါ
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဝင်ရောက် ဖြေဆိုရာ အောင်မြင်ခဲ့သည်။
ဗိုလ်လောင်း
သင်တန်းတွင် လေးနှစ် တက်ရောက် ခဲ့ပြီးနောက် ဝိဇ္ဇာဘွဲ့ ရရှိကာ
ဒုဗိုလ်ဖြစ်လာသည်။ မြန်မာနိုင်ငံကို နှစ်ကာလ ကြာမြင့်စွာ ပိတ်ဆို့ အရေးယူ
ထားခဲ့သော အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂ အပါအဝင် နိုင်ငံတကာမှ လေ့လာ
စောင့်ကြည့် သူများအား အံ့အား သင့်စေခဲ့သည့် အချက်မှာ သမ္မတကြီး
ဦးသိန်းစိန်သည် တိုင်းပြည်ကို တင်းကျပ်စွာ အုပ်ချုပ်သည့် တပ်မတော်(စစ်ဘက်)
အစိုးရမှ ထွက်ပေါ် လာသည့် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ဖြစ်သည့်တိုင်
အချိန်ကာလတို အတွင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်
ပြောင်းလဲမှုများကို ဆက်တိုက် လုပ်ဆောင်ပြနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။
သို့သော် ပုဂ္ဂိုလ်ရေး သမိုင်း ကြောင်းကို ပြန်ကြည့်မည် ဆိုပါက
ဦးသိန်းစိန်သည် နာမည်ကောင်း တစ်လုံးကို အစဉ်အဆက် ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။
တူညီသော အမြင်များ
ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် မတူညီသော နောက်ခံ သမိုင်းကြောင်းများနှင့် လူမှုဘဝများကို ဖြတ်သန်း ခဲ့သော်ငြား တိုင်းပြည် ကောင်းစားရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အပေါ်၌ တူညီသော အမြင်များ ရှိကြသည်။ ယင်းမှာ စစ်အာဏာရှင် စနစ်သည် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်မှုကို ဆိုးဆိုးရွားရွား ထိခိုက်စေသည် ဟူသော အချက် ဖြစ်သည်။ ထို့ပြင် တိုင်းပြည် ခိုင်မာ တောင့်တင်းရေးနှင့် မြန်မာနိုင်ငံက ပေးထားသော ကတိများ အတိုင်း အမှန်တကယ် ဖြစ်အောင် အကောင် အထည်ဖော် ဆောင်ရွက်ရေး ဟူသည့် ကိစ္စမှာ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် အချို့၏ ပုဂ္ဂိုလ်ရေး အရည်အသွေးများ ပေါ်တွင် မူတည်မှု မရှိဘဲ အင်စတီကျူးရှင်းကြီးများနှင့် ဒီမိုကရေစီ အလေ့အထ၊ ဒီမိုကရေစီ ယဉ်ကျေးမှု ဖော်ဆောင်နိုင်မှု အပေါ်တွင်သာ မူတည် သည်ဟူသော အချက်ကို ၎င်းတို့ နှစ်ဦးစလုံးက တူညီစွာ နားလည် သဘောပေါက် ထားသည်မှာ အားရ ကျေနပ်စရာပင်ဖြစ်သည်။
အဆိုပါ အမြင်များမှာ ခေါင်းဆောင်ပိုင်းများ အတွက် မရှိမဖြစ် လိုအပ် ပြီး လက်တွေ့ကျသည့် အမြင်များဟုလည်း ဆိုနိုင်ပါသည်။
![](http://www.thevoicemyanmar.com/2/images/_mg_5464%20colro.jpg)
ဒေါ်အောင်ဆန်းစုကြည်နှင့်
ပတ်သက်၍ မှတ်သားစရာ အကောင်းဆုံးသော အချက်တစ်ခုမှာ ဒီမိုကရေစီရေး၊
လူ့အခွင့်အရေး ဆိုင်ရာ ပြယုဂ် ဖြစ်ခြင်းနှင့် နိုင်ငံရေးသမား
တစ်ဦးဖြစ်ရခြင်း ဟူသည့် အနေအထား နှစ်မျိုး ကွဲပြား ခြားနားပုံကို
အချိန်တိုတွင်း လျင်မြန်စွာ နားလည် သဘောပေါက် နိုင်ခြင်းပင် ဖြစ်သည်။
အတိုက်အခံ နိုင်ငံရေး သမား အားလုံး တရားမျှတမှု မရှိသည်ကိုသာ မြင်လေ့
ရှိကြသော်လည်း စေ့စပ် ညှိနှိုင်းမှုများ၏ ကောင်းကွက်ကို တွေ့မြင်နိုင်သူမှာ
အနည်းငယ် သာရှိသည် မဟုတ်ပါလော။ တစ်ချိန်က တောင်အာဖရိကမှ ဒီမိုကရေစီ
ခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားသည် နှစ်ပေါင်း ၂၇ နှစ်ခန့် အကျဉ်းထောင်တွင်
ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသည်။ သို့သော် ထိုသို့ ၂၇ နှစ်တိတိ ဖမ်းဆီး
အကျဉ်းကျ ခံရုံဖြင့် တောင်အာဖရိက နိုင်ငံကို ကယ်တင်မှု မပြုနိုင်ပေ။
မစ္စတာ
မင်ဒဲလားသည် ၂၇ နှစ် အကျဉ်းကျ ခံခဲ့မှုနှင့် အကျဉ်းထောင်မှ
လွတ်မြောက်ပြီးနောက် အာဏာ ခွဲဝေရေး ဆိုင်ရာ စေ့စပ် ညှိနှိုင်းမှုများ
ပြုလုပ်မှု နှစ်ခု ပေါင်းမှသာ တောင် အာဖရိကနိုင်ငံကို ကယ်တင်
နိုင်ခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သည် နေအိမ် အကျယ်ချုပ်မှ
လွတ်မြောက်ပြီးနောက် အချိန်တို ကာလ ပိုင်း အတွင်းမှာပင် မိမိနှင့်
မိမိ၏နိုင်ငံရေး ပါတီ အနေအထားနှင့် ရှုပ်ထွေး နက်နဲ လှသော မြန်မာ့နိုင်ငံရေး
အခြေအနေကို ကောင်းစွာ နားလည် သဘောပေါက် ခဲ့သူဖြစ်သည်။ ထို့ကြောင့်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ကို ကြားဖြတ် ရွေးကောက်ပွဲသို့
ဝင်ရောက် ယှဉ်ပြိုင်စေသည်။
သို့အတွက်ကြောင့်
ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး
မြန်မာနိုင်ငံ၏ တရားဝင် နိုင်ငံရေး စီးကြောင်းထဲသို့ ရောက်ရှိလာသည်။
သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သော အစိုးရ အဖွဲ့အတွက် သူမအနေဖြင့် တာဝန်
ခံယူ၍ ပူးပေါင်း လုပ်ကိုင် ပေးနိုင်သည်များကို ကမ်းလှမ်းခဲ့ကာ
နှစ်ဦးနှစ်ဖက် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ယူသည်။ မြန်မာနိုင်ငံ
စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ဧရာမ အဟန့်အတားကြီးများ ဖြစ်နေသည့်
စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရေး အတွက် အမေရိကန်
ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂတို့ကို တစ်ဖက်တစ်လမ်းမှ နေ၍ ဆော်သြပေးသည်။
ဒီမိုကရေစီ
ဖော်ဆောင်ရေးနှင့် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရာ၌ အတိတ်ဆီက ဒဏ်ရာ
ဒဏ်ချက်များအတွက် လက်တုံ့ပြန်မှုများ လုံးဝ မရှိနိုင် ဟူသော အချက်ကို
စစ်တပ်ဘက်က လက်သင့် ခံလာအောင် လုပ်ကိုင်ရန် လိုအပ်ပုံကို ထုတ်ဖော်ပြောဆို
လာသည်။ မြန်မာနိုင်ငံ ပြန်လည် ထူထောင်ရေးတွင် မည်သည့် ကိစ္စက အန္တရာယ် တစ်ရပ်
သဖွယ် ဖြစ်လာ နိုင်သနည်းဟု မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က အနိုင်
ရယူလိုသူများ၊ ရန်လိုသူများကို အန္တရာယ်များ စာရင်းတွင် ထိပ်ဆုံး၌
ထားရှိထားကြောင်း ပြောဆိုသည်။
ဗိုလ်ချုပ်မှူးကြီး၏ ပရိုဂရမ်
သူတို့ နှစ်ဦး စလုံး၏ သမိုင်းဝင် အမေရိကန်ပြည်ထောင်စု ခရီးစဉ် တွင် သမ္မတကြီး ဦးသိန်းစိန်ထက် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် အစိုးရ အရာရှိကြီးများ၊ ကွန်ဂရက် လွှတ်တော် အမတ်များ သာမက ပြည်သူများကပါ ပို၍ သောင်းသောင်းဖြဖြကြိုဆိုကြသည်မှာ နားလည်ပေး၍ ရနိုင်သော အကြောင်းကိစ္စ တစ်ခုပင် ဖြစ်သည်။ သို့သော် သမ္မတကြီး ဦးသိန်းစိန်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ရပ်များနှင့် ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းများကို အာရပ် ကမ္ဘာနိုင်ငံများနှင့် မတူဘဲ သွေးထွက် သံယိုဖြစ်မှု၊ ဆူပူ အကြမ်းဖက်မှုများ မရှိအောင် လုပ်ကိုင်ပြနိုင် ခဲ့သည့် အတွက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်လာသော နိုင်ငံ ခေါင်းဆောင်များ၊ ပညာရှင်များနှင့် လေ့လာ စောင့်ကြည့်သူများ၏ ကောင်းချီးသြဘာပေးခြင်းကို ခံခဲ့ရပါသည်။ သူသည် တစ်နှစ်ခွဲခန့်မျှသာ ရှိသော သမ္မတ သက်တမ်းအတွင်း နိုင်ငံရေး အကျဉ်းသား အမြောက်အမြားကို လွှတ်ပေးခြင်း၊ အတိုက်အခံ အင်အားစုများ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်လာအောင် ကောင်းစွာ စည်းရုံးခြင်း၊ ပညာရှင်များ ပါဝင်သည့် 'မင်းတိုင်ပင်အဖွဲ့' ကဲ့သို့သော အသိုင်း အ၀ိုင်းတစ်ခုကို ထူထောင်ခြင်း၊ အနောက်နိုင်ငံ ဆက်ဆံရေးတွင် လိုက်လျောပေးမှုများ ပြုလုပ်ခြင်း တို့ကို လုပ်ကိုင် ခဲ့သဖြင့် ကမ္ဘာ့အသိုင်း အဝိုင်း တစ်ခုလုံး၏ ချီးမွမ်း ပြောဆိုမှုကို ရရှိခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ
သမ္မတကြီး ဦးသိန်းစိန်သည် မိမိတို့နှင့် အတူ အလုပ်တွဲ လုပ်၍ ရနိုင်သော
ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် အဘယ့်ကြောင့် ဤမျှ
မြန်ဆန်စွာ အပြောင်း အလဲများ ဖြစ်ပေါ်ရသနည်း။ ယခင် အတိတ်တုန်းက
ပြောင်းလဲမှုများ မပြုလုပ်ဘဲ အဘယ့်ကြောင့် ယခုမှ လုပ်ဆောင် ရသနည်း။ ပိတ်ဆို့
အရေးယူမှု များကြောင့်လော၊ သို့မဟုတ် အာရပ်နွေဦး တော်လှန်ရေး ကြောင့်လော
ဟူသည့် မေးခွန်းများမှာ ပြည်တွင်း၊ ပြည်ပမှ လေ့လာ စောင့်ကြည့်သူများ အထူး
စိတ်ဝင်စားကြသည့် မေးခွန်းများပင် ဖြစ်သည်။ "အစပိုင်း ကတည်းက ပြည်သူတွေ
ဒီမိုကရေစီ စနစ်ကို လိုလား တောင့်တလျက် ရှိတယ် ဆိုတာကို ကျွန်တော်တို့
သိထားခဲ့ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ အပြောင်းအလဲတွေကို ရုတ်ခြည်း
ဖော်ဆောင်ပေးမှု မပြုချင်ခဲ့ပါဘူး။ လူ့အဖွဲ့အစည်း တစ်ခုလုံး အတွက်
အန္တရာယ်ဖြစ်မှာ စိုးလို့ပါ။ ကျွန်တော်တို့ တိုင်းပြည်က ပြုပြင်
ပြောင်းလဲမှုတွေဟာ တဖြည်းဖြည်းချင်းနဲ့ ပုံမှန် လုပ်ဆောင် ခဲ့ရတာပါ။
ဒါပေမဲ့
ကျွန်တော်တို့ အကောင်အထည် ဖော်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်သူတွေက
အလိုရှိလို့။ အာရပ်နွေဦး တော်လှန်ရေး ဒါမှမဟုတ် တခြားကိစ္စ တစ်ခုခုကြောင့်
လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး" ဟု သမ္မတကြီးက ပြောဆိုသည်။ မြန်မာစစ်ဘက်
ဗိုလ်ချုပ်ကြီးများသည် အမေရိကန်နှင့် အနောက်၏ ပိတ်ဆို့ အရေးယူမှုများကြောင့်
ပြုပြင် ပြောင်းလဲရေး ဘက်သို့ ဦးတည်ခဲ့ခြင်း ဟုတ်၊ မဟုတ် မေးမြန်းမှုနှင့်
ပတ်သက်၍ 'မဟုတ်ပါ' ဟု ငြင်းဆိုပြီး ယခင် စစ်ဘက် ခေါင်းဆောင် များအနေဖြင့်
ယခုကဲ့သို့ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်များ လုပ်ကိုင်ရန်
ဆယ်စုနှစ် ၂ ခုတာမျှ အချိန်ယူကာ အစီအစဉ် ရေးဆွဲ ခဲ့ခြင်းသာ ဖြစ်သည်ဟု
ရှင်းပြသည်။ Asia Society တွင်ပြုလုပ်သော ဖိုရမ်၌ လည်း သမ္မတကြီးက အလားတူ
အဖြေမျိုးပေးသည်။ "မော်တော် ကားတစ်စီးကို နှိုင်းယှဉ် ဆင်ခြင်စရာ
တစ်ခုအနေနဲ့ ကျွန်တော် ပြောလို ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ
အသွင်ကူးပြောင်းမှုဟာ အရှိန် ပြင်းပြင်း မောင်းပြီး ရုတ်တရက်
ပြန်ကွေ့လို့ရတဲ့ မော်တော်ကားလို မဟုတ်ပါဘူး။ အဲဒီ အသွင်ကူးပြောင်းမှု
ဖြစ်စဉ် ပေါ်ပေါက်လာဖို့ ဆယ်စုနှစ် ၂ ခုလောက် ကျွန်တော်တို့ အချိန်ယူ
ခဲ့ရပါတယ်" ။
သမ္မတကြီး၏ ရှင်းလင်း ဖြေကြားချက်ကို ကြည့်မည် ဆိုပါက လက်ရှိ နိုင်ငံတကာ အသိုင်းအဝိုင်းအား များစွာ အံ့အားသင့်စေပြီး ကမ္ဘာ့ ခေါင်းဆောင်များ အားလုံး နီးပါးက ချီးမွမ်း ကြိုဆိုကြသည် အထိ ဖြစ်ခဲ့သော လက်ရှိ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲမှုများနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ် တို့မှာ ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ယခုအငြိမ်းစား) ဦးဆောင်သည့် တပ်မတော် အစိုးရ လက်ထက် ကတည်းက အပီအပြင် ရေးဆွဲထားသည့် ပရိုဂရမ်(Programme)၊ တစ်နည်းအားဖြင့် အစီအစဉ်ဟု ဆို၍ ရနိုင်ပါသည်။
သမ္မတကြီး၏ ရှင်းလင်း ဖြေကြားချက်ကို ကြည့်မည် ဆိုပါက လက်ရှိ နိုင်ငံတကာ အသိုင်းအဝိုင်းအား များစွာ အံ့အားသင့်စေပြီး ကမ္ဘာ့ ခေါင်းဆောင်များ အားလုံး နီးပါးက ချီးမွမ်း ကြိုဆိုကြသည် အထိ ဖြစ်ခဲ့သော လက်ရှိ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲမှုများနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ် တို့မှာ ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ယခုအငြိမ်းစား) ဦးဆောင်သည့် တပ်မတော် အစိုးရ လက်ထက် ကတည်းက အပီအပြင် ရေးဆွဲထားသည့် ပရိုဂရမ်(Programme)၊ တစ်နည်းအားဖြင့် အစီအစဉ်ဟု ဆို၍ ရနိုင်ပါသည်။
အဆိုပါ
ပရိုဂရမ် မည်မျှ အတိုင်းအတာ အထိ အောင်မြင်နိုင်မည်၊ ဖြစ်ထွန်းနိုင်မည်၊
မည်မျှ အတိုင်းအတာအထိ တာရှည် ခံနိုင်မည် ဟူသည်မှာ ဒီမိုကရေစီ လက်တွဲဖော်
နှစ်ဦးဖြစ်သည့် သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့
နှစ်ဦး သာမက မြန်မာ့နိုင်ငံရေးတွင် ထဲထဲဝင်ဝင် ပါဝင် ပတ်သက် နေသူများ
အားလုံး အပေါ်တွင် များစွာ မူတည်နေသည်မှာ ငြင်း၍ရမည် မဟုတ်ပါ။ Georgetown
University မှ ပညာရှင် ဒေးဗစ်စတိန်းဘဂ် က ယခုအချိန်သည်
နာကြည်းမုန်းတီးမှုများ ရှိနေသော မြန်မာတို့ အနေဖြင့် စစ်မှန်သော တရားမျှတမှု
ရရှိရန် အမေရိကန် ကွန်ဂရက်ကို အားကိုး နေမှု မပြုတော့ဘဲ မိမိ အစိုးရကိုသာ
အားကိုးရမည့် အချိန်သမယပင် ဖြစ်ကြောင်း အကြံပြု ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ကမူ လတ်တလော အခြေအနေများနှင့် ပတ်သက်၍ယခုလို
နိဂုံးချုပ်ပြောဆို သည်။ "လက်ရှိအချိန်ဟာ ကျွန်မတို့ အနေနဲ့
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နေတဲ့ အချိန်လို့ ထင်ပါတယ်"။
No comments:
Post a Comment