သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Friday, June 10, 2011

ဆယ်.ကိုး ဂျွန်မွေးမေမေ

အမေ...
ဒုက္ခကိုခါးစီးထားသူ
အမေ...
အမှောင်ကမ္ဘာကိုအလင်းဆောင်ချင်သူ
အမေ...
အတ္တကိုသင်းဂြိုလ်ထားသူ
အမေ...
အားတွေကိုစုစည်းတတ်သူ
အမေ...
အာဏာရှင်အန်တုဝံ.သူ
အမေ...
အဟိံသလမ်းကိုင်စွဲထားသူ


အမေ...
ပညာကိုဖြန်.ဝေပေးသူ
အမေ...
အဘရဲ.ခြေရာထပ်တူနင်းဝံ.သူ
အမေ...
ငြိမ်းချမ်းရေးလမ်းခင်းချင်သူ
အမေ...
အမှန်တရားအတွက်အကြောက်တရားမရှိသူ

သည်ကမ္ဘာမြေအတွက်အမေ.အသက်ရှည်ဖို.လိုတယ်
သည်ကမ္ဘာမြေအတွက်အမေ.ကျန်းမာနေဖို.လိုတယ်
သည်ကမ္ဘာမြေအတွက်အမေ.ခွန်အားတွေရှိနေဖို.လိုတယ်
အမေ.နား သည်သားကြီးတွေဝိုင်းရံနေပြီ
အမေ.နား သည်သမီးငယ်တွေအားဖြည်.နေပြီ
အမေ.နားသည် သံဃာတွေမေတ္တာပို.နေပြီ
ဆယ်.ကိုး ဂျွန် ဟာကမ္ဘာကြီးနဲ.ထပ်တူကျပြီ
ဆယ်.ကိုး ဂျွန် ဟာမြန်မာ.မြေမှာကမ္ဗည်းတင်ပြီ၊
ဆယ်.ကိုး ဂျွန် ဟာအာဏာရှင်ကိုတုပ်နှောင်ပြီ၊

သည်လောကတခွင်လုံး ဆယ်.ကိုး ဂျွန်အော်သံကြီး
အုံးအုံးကြွက်မြင်.တက်နေပြီ၊
ဒီဆယ်.ကိုး ဂျွန်လှုံ.နှိုးသံကြား
ထလိုက်တော.ဗမာပြည်ရေ
ရောင်နီလဲလင်းလာပြီ
နေခြည်လဲဖြာလာပြီ
ရွေုဝါရောင်လဲသန်းလာပြီ
ခွပ်ဒေါင်းပျိုလဲတွန်သံပြန်ပြီ
အရောင်စုံအတောင်ကိုဖွင်.လို.
တို.တတွေကကြိုးစုံဖို.
ဆယ်.ကိုး ဂျွန် သည် အမေနဲ.အတူ
စုစည်းကာညီနောင်ဖွားတို.
တွဲညီညီလက်ကိုစွဲရင်း
ဒီမိုကရေစီပန်းတိုင်စီသို.
လှမ်းတက်ပါစို.လေး၊

(သားချစ်)

No comments:

Post a Comment