အပိုင်း၁-မာက်စ်ဝါဒ နှင်.ဖြစ်တည်မှုဝါဒနှိုင်းယှဉ်လေ.လာခြင်းGeorge Novack’s Understanding History:Marxism Versus Existentialism
ဘာသာပြန် အပိုင်း(၁)
George Novack’s Understanding History: Marxism Versus Existentialism (ဘာသာပြန်)
ဂျော.ခ်ျ နိုဗက် ၏် သမိုင်းကို နားလည်ခြင်း--
မာက်စ်ဝါ ဒ နှင်. ဖြစ်တည်မှုဝါဒ နှိုင်းယှဉ်လေ.လာခြင်း (၁၉၇၂)
ဖြစ်တည်မှုဝါဒ နှင်. မာ.က်စ်ဝါဒကို ကျနော်တို.ခေတ်၏ အဘိဓမ္မာ သမားအတော်များများက အကျယ်တ၀ံ. ဆွေးနွေးခဲ့ကြပါတယ်။ ဖြစ်တည်မှုဝါဒက အနောက် ဥရောပနိုင်ငံတွေမှာ စတယ်။ ပထမဦးဆုံး ဥရောပမှာ ခေတ်စားတယ်။ သူ.ကြော်ကြားမှု က နောက်ပိုင်းမှာ အမေရိကန်နိုင်ငံသို. ကူး ဆက်လာပါတယ်။ မာ.က်စ် ၀ါဒကတော. ကွန်မြူနစ်စနစ်ရှိတဲ. နိုင်ငံ အားလုံး ၏ တရားဝင် သဘောတရားကိုယ်ထည်ပါ။ ဒီ.အပြင် ကမ္ဘာကြီးပေါ်မှာ ဖြစ်ဖြစ်ခဲ.သမျှ လူထုလှုပ်ရှားမှု တွေ ၊ လူနှင်. လူထုကို အခြေပြုတဲ. ပါတီနဲ. အသင်းအဖွဲ. တွေ အားလုံး၏ သဘောတရား လမ်းညွှန်အဖြစ် ခုထိ လက်ခံထားကြဆဲဖြစ်ပါတယ်။
လွန်ခဲ.သည်. နှစ် ၂၀ အတွင်း ဒီအတွေးအမြင် ကျောင်း၂ကျောင်း က ပုဂ္ဂိုလ်ကြီးငယ်တွေဟာ သူ.ကျောင်း ငါ.ကျောင်းစသဖြင်. အငြင်းပွား၊စကားရေလု စစ်ထိုးကြပါတယ်။ ဒီ ကျောင်း၂ကျောင်း က ကျောင်းထွက်တွေ တဖက်နဲ.တဖက် အကျယ်အကျယ် မငြိမ်းဖွယ်ဖြစ်ကြပြီဆိုလျှင်၊ ဝေဖန်သံ အကဲဆုံး အရပ်က ပြင်သစ်ပဲဖြစ်ပါတယ်။
သိကြတဲ. အတိုင်း နိုဘယ်ဆု ရသွားတဲ. စာတတ် စကားတတ် ယွန်းပေါ ဆတ်နှင်.သူ. လုပ်ဖေါ်ကိုင်ဖက်များ၊ သူ. သာဝကများ က ဖြစ်တည်မှုဝါဒကို ထူထောင်ခဲ.တာဖြစ်ပါတယ်။ သူတို.စတဲ. အချိန်ကိုပြန်ကြည်.လျှင်၊ဖြစ်တည်မှုသမားတွေဟာ မာက်စ် ၀ါဒ အားကောင်းနေဆဲမှာပဲ မာ.က်စ် အတွေးအခေါ်ကို ထိပ်တိုက်တိုး ယှဉ်ပြိုင်ချင်စိတ်နဲ.ပေါ်ပေါက်လာတဲ. အယူဖြစ်ပါတယ်။
ဖြစ်တည်မှုဝါဒကျောင်း စထောင်ခဲ.သူတွေဟာ အမေရိကနှင်. ယဉ်ကျေးမှု လုံးလုံးလျားလျား မတူတဲ. ဥရောပတိုက်နိုင်ငံ မှာ နေထိုင်ကြသူများဖြစ်တယ်။ ပြင်သစ်နိုင်ငံ ၏ ဆိုရှယ်လစ်ဇင်ဟာ အများသူငါ လူထုဘ၀ထဲမှာ နှစ်ပေါင်း ၁၀၀ ကျော်ကျော် အတော်ကြီးလွှမ်းမိုးခဲ.တယ်။ သူတို.ပါလီမန် မှာ ကွန်မြူနစ်တွေ ဆိုရှယ်လစ်တွေက ခုံအရေအတွက် စုစုပေါင်း၏ လေးပုံတပုံ ၂၅% ခန်. ၀င်နေရာယူနိုင်ထားခဲ.တယ်။ ကွန်မြူနစ်ခေါင်းဆောင်တွေ၊ ရာဒီကယ် အင်တဲလက်ကျူရယ်လို.ခေါ်တဲ. သဘောတရား အပြင်းထန်ဆုံး ခေါင်းအုပ်စု၊အသိဥာဏ်သမားတွေ နောက်မှာ (သူတို. နဲ. သိပ်မတူတဲ.) လူထုကြီးရှိတယ်။ ထိပ်ပိုင်းက လူနည်းစု လက်ဝဲ တွေမှာရှိတဲ. လူထု တာ ၀န်က မသေးလေဘူး။
ဒီတော. ပြင်းထန်တဲ. ရာဒစ်ကဲလ် ခေါင်းဆောင်တွေအပေါ် သူမတူတဲ.ဖိအားတွေဖြစ် ဖြစ်လာတယ်။
ဒီလိုအခြေအနေတွေကြောင်. ထိပ်ပိုင်းက လက်ဝဲဗြူရိုကရက် သမားတွေဖက်ကလည်း ရသလိုစင်ထိုးနိုင်မဲ. အခွင်.ဖြစ်လာတိုင်း ဒီအခွင်.ကိုယူတယ်။ မာက်စ်ချပေးတဲ. သဘောတရားလမ်း စီသို. တဖြေးဖြေး ဖြစ်ပေါ်ပြောင်းလဲမှု အဆင်.ဆင်. ကို ပဲ လိုအပ်ချက်တရပ်လို သူတို. တစင်ထောင်ပြောဆိုမှုတွေ ဖြစ်ပေါ်လာခဲ.တယ်။
ယွန်းပေါ ဆာ.ဒ်၏ ဖြစ်တည်မှု အယူမှာ ရှေ.နောက် မညီညွတ်မှုတွေရှိတယ်။ မိမိ ပြောပြီးသား၊ မိမိလက်နဲ.ရေးတဲ.အဆိုကို မိမိ ခြေနှင်.ပြန် ဖျက်တဲ. စကားလုံးတွေ၊ လွဲနေတဲ.သဘောထားတွေ ကို အထူးသဖြင်. ဆာ.ဒ် ရေးသားမှုတွေမှာတွေ.ရတယ်။
ဆာ.ဒ် ကျမ်းကိုးတဲ. ပုဂ္ဂိုလ်တွေ ကို ကြည်.လိုက်လျှင်၊ မာ.က်စ် ကို တမင် ဆန်.ကျင်ခဲ.သော၊ ရုပ်အမြင်မရှိသော မာတင်ဟေးဒက်ဂါ (Martin Heidegger)၊ အက်ဒ်မန်ဟတ်ဆား (Edmund Husserl) စတဲ.ဒဿန ဆရာတွေ ဖြစ်နေတာကို သွားတွေ.ရတယ်။ ဆာ.ဒ်ရေးခဲ.တဲ. ဖြစ်တည်နေခြင်းနှင်. ဘာမှ မဟုတ်ခြင်း (Being and Nothingness 1943 )၊ ရုပ်ဝါဒနှင်.တော်လှန်ရေး (Materialism and Revolution 1947) ဒီစာအုပ် ၂ အုပ်ကို ကြည်.ပါ။
ဆာ.ဒ် က ပြောပါတယ်။ သူဟာ မာ့က်စ်ပြုစုခဲ.တဲ. အနုလောမ ရုပ်ဝါဒကို အစားထိုးစရာအနေနဲ. ဒီစာအုပ်တွေရေးခဲ.တယ်လို.ပြောတယ်။
သိပ်မကြာပါဘူး။ ၁၉၆၀ မရောက်ခင် လေးမှာပဲ ဆာ.ဒ်ဟာ သူ မူလယူထားတဲ.လမ်းက ပြန်ကွေ.လျှောက်လာခဲ.ပြီး … ခုတော. မာက်စ်ဝါဒသာ အစစ်အမှန်ပ်ါလို.ပြောဆိုကာ ….အပြော သက်သက် နဲ. မာ.က်စ် အတွေးအမြင်တွေကို လူသိရှင်ကြား ထောက်ခံပြနေပါတယ်။ မကြာသေးခင်က သူ.အကြောင်းသူပြန်ရေးတဲ. ကိုယ်ရေး အထုပ္ပတိ မှာ ဆာဒ်က (မာ.က်စ်ဝါဒကို နောက်ပိုင်းသူ ပြန်ပွေ.ဖက်ရခြင်းကြောင်.) သူငါ ပုက္ကလဓိဌာန်စွဲမရှိတဲ. လောကထက် သာလွန်တဲ. ကိုယ်ပိုင်အစစ်အမှန်တရားတခုစီ သူ.ဆိုက်ရောက်လာပါတယ်လို.တောင် ဆိုလိုက်ပါသေးတယ်။
ဆာ.ဒ် နောက်ဆုံးရေးခဲ.တဲ.၊ (The Critique of Dialectical Reason 1960 ) အနုလုံပဋိလုံ ဆင်ခြင်မှုကို ဝေဖန်မှု လို. အမည်ရတဲ. ဒဿနကျမ်းကိုကြည်.။ ဒီစာအုပ်၏ ပထမခန်းဟာ နည်းကိုရှာဖွေခြင်း Search for a Method ဆိုတဲ. ခေါင်းစဉ်နဲ. အင်္ဂလိပ်ဘာသာဖြင်.ထွက်လာခဲ.တယ်။ သူ. “ နည်းကိုရှာဖွေခြင်း” ပထမ ခန်းမှာပဲ ဆာ.ဒ်က ….
…..ဖြစ်တည်မှုဆိုတာ နောက်ဆုံးတော. မာ.က်စ် ၀ါဒ ထဲ ဆင်းသက်လာတဲ.လက်အောက်ခံဆင်.ပွား။ မာ.က်စ် ၀ါဒက လှုံ.ဆော် ပေးလို.ဖြစ်ပေါ်လာတဲ.အရာ။ ဒီလို တဆင့်ခံ အခက်အလက်တခုက မူလ မာ.က်စ်ဝါဒကို ပိုဆန်းသစ် ပိုကြွယ်ဝလာစေဖို. အတွက်သာ ဖြစ်တည်မှုဝါဒဟာ ပေါ်ပေါက်ခဲ.ရတာာဖြစ်တယ် ….
လို. ရေးသားခဲ.တယ်။
သည်လိုနည်းနဲ. ၁၉၄၀ ကျော်နှစ်တွေမှာ ကားလ်မာ.က်စ် ၏ ဒိုင်လက်တစ် ရုပ်အမြင်ဟာ အမှားကြီးတရပ်ဖြစ်တယ်.. မာ.က်စ် ၀ါဒဟာ လူ.သားလွပ်လပ်မှုကို ရန်ပြုထားသည်. အတွေးအမြင်ပါလို. ကျယ်လောင်စွာ ရှုံချခဲ.သူကြီး၊ တနည်း ဖြစ်တည်မှုဝါဒရဲ. သဘောတရားဆရာကြီးဆာဒ်ဟာ ခုများတော. မာ.က်စ်ဝါဒနဲ. သူ.ဖြစ်တည်မှုကို လက်ထပ်ထိမ်းမြားပေးဖို. အဆိုတင်သွင်းနေပါတယ်။ ကဲ ...ဒါဆို သူ. အလိုအတိုင်း ဒီ ဒဿန ၂မျိုး (မာက်စ်အဘိဓမ္မာ နှင်. ဖြစ်တည် မှုဒဿန) ကို ဘယ်အတိုင်းအတာ အထိ ပေါင်းစပ်ပေးမှာလဲ။ ဒီ၂ခု လက်ထပ်ပေးစားလို.ဖြစ်လာတဲ. အရာကရော...မူလအဘိဓမ္မာတွေ နှင်. အတူတူ ရှင်သန်နိုင်ပါ.မလား …
ဒီဝါဒ ၂ခု ပေါင်းစပ်လိုက်ခြင်းအားဖြင်.၊ တစ်ခုစီက အကောင်းဆုံး ပွိံင်.တွေ ပါတဲ. အယူသစ်တခု ဘယ်လိုနည်းနဲ.မှ ဖြစ်မလာနိုင်ဘူးဆိုတာ ပြောဖို. ကျနော် ဒီဆောင်းပါး ကို အားထုတ်ရေးခဲ.ရတာ ဖြစ်တယ်။ အဓိက ရည်ရွယ်ချက်က တော့ … ရုန်းကန်နေရဆဲ လက်ရှိကမ္ဘာကြီးပေါ်က ဆန်.ကျင်ဖက်အတွေး အမြင် တွေဟာ အမှားအမှန်အဖြေရှာရေးမှာ ဘယ်လိုနည်းမှ ပေါင်းစပ်ပေးလို.မရဘူး၊ မတူတာတွေကို သဟဇာတ ဖြစ်အောင်လုပ်ပေးလို.မရဘူး။ မတူတာ၂ ခုကို အတင်းပေါင်းစပ်ပြီး ကောင်းတာလေးတွေချည်း စုကောက်သင်းကောက်ရွေးထည်.ထားတဲ. ဒဿနသစ် ဆိုတာ လုံးဝ ဖြစ်နိုင်ချေ လုံးဝမရှိဘူးဆိုတာကို ကျနော် အလေးထားပြောရပါလိမ်.မယ်။
နံမည်ကြီး အထင်ကရ ပြဿဒါးဆရာက ရေနဲ.မီးရောပြီး၊ လူတွေ မျက်စေ.လည်စေမဲ.၊ သို.သော် နှစ်ခြိုက် သဘောခွေ.စေမဲ. ရေစုံမီးစုံ တန်ခိုးပြနိုင်တယ်လို. တွေးမိလိမ်.မယ်။ အမှန်က ရေနဲ.မီးဆိုတာ တခု ပျောက်ပြယ် မှသာ နောက်တခု ဖြစ်ခွင်.ရှိတယ်။ ယှဉ်တွဲဖြစ်လို.ရတဲ. အမျိုးအစားတွေ မဟုတ်ပါဘူး။ မာ.က်စ်ဝါဒနဲ.ဖြစ်တည်မှုဝါဒဟာ ရေနဲ.မီး ဥပမာ အတိုင်းပဲ။ တခုဖြစ်ဖို. တခုက ပျက်ပေးမှ ရတယ်။
မာ.က်စ်ဝါဒနဲ.ဖြစ်တည်မှုဝါဒဟာ အခြေခံအရကို ရပ်တည်တဲ.နေရာ ကွဲတယ်။ ဒီတော့ …ဒဿန နဲ. လူမှုဗေဒအရေးအရာတွေက စလို. ကွဲလာလိုက်တာ အဆင်.မြင်.ကိုယ်ကျင်.အဘိဓမ္မာနဲ. နိုင်ငံရေး ပိုင်းတွေ အထိ ကွဲနေတုန်းပဲ။ ဒီလို အမျိုးအမယ်များလှတဲ.ပြဿနာရပ် အသီးသီး အပေါ်မှာ အခြေခံယူပုံယူနည်း လုံးလုံးမတူတဲ. ဒဿန ၂ ခုကို ပေးစားဖို.၊ အတူပေါင်းခိုင်းဖို.ဆိုတာ ဘယ်လိုနည်းနဲ.မှ မဖြစ်နိုင်ဘူး။
သူတို. ၂ခု ကို မပေါင်းအပ်ပဲ ပေါင်းကြည်.ပါ။ ပေါင်းစပ်လို.ရလာတဲ.အပိုင်းသစ်က ဘာမှ အထူးတလည် စွမ်းဆောင်နိုင်၊ တတ်နိုင်မှာမဟုတ်လေဘူး။ ဖြစ်တည်မှု ကျောင်းနဲ. မာက်စ် ကျောင်း၊ ဒီကျောင်း၂ခု အလွန်အရေးကြီး တဲ. ကိစ္စရပ်တွေမှာ ကျောခိုင်းသဘောကွဲလွဲမှု တွေကြောင်. ရထား တဲ.ရလဒ်တွေထက် ပိုထူးခြား၊ ပိုလုပ်နိုင်တာမျိုးလည်း ထပ်ထွက်လာမှာမဟုတ်ဘူး။
ဒီတော. ပထမဆုံး သဘာဝတ္ထသရုပ်မှန်လောက နဲ.သိပ္ပံအကြောင်း ခြင်းရာပေါ်မှာထားတဲ. ဆန်.ကျင်ဖက်အမြင်တွေကိုပဲ ပြန် စဉ်းစားကြမယ်။ ကမ္ဘာကြီးအကြောင်းကို စုံစမ်းထောက်လှမ်းဖို.၊ ကမ္ဘာကြီးကို သိဖို.၊လူသားတွေ ကြံသမျှ အားထုတ်မှု အားလုံးမှာ သရုပ်မှန်သဘာဝလောက ၏ ၀ိရောဓိတရား ကို နားလည်အောင်ကြံစည်တာထက် ပိုမြင်.မားတဲ.အားထုတ်မှု ဆိုတာမရှိနိုင်သေးဘူး။
သိပ္ပံနှင်. သရုပ်မှန်တရားပုံပန်းမကျခြင်း(Science And The Absurdity Of Reality)
ဖြစ်တည်မှုကျောင်း ကပြောပါတယ်။ စင်္ကြ၀ဋာ ကြီးဟာ ယုတ္တိကင်းတယ်လို. သူတို.က ဆိုတယ်။ မာ.က်စ်ကျောင်းသားတွေကတော. လောက ကြီးဟာ နိယာမတရားအရ ဖြစ်ပျက်နေတာလို. ပိုင်းဖြတ်တယ်။
ဖြစ်တည်မှုကျောင်း ထွက်တွေ ၏ သြကာသလောက၊သတ္တလောက ဆိုတာကိုပုံဖေါ်မှု ဟာ အပြောင်းအလဲဖြစ်စေ တဲ.ဓါတ်သဘောတွေပါတဲ. လူ.အတွေ.အကြုံ စက်ဝန်းထဲမှာပေါ်ကပဲ သူတို. အဆိုတွေကို တင်နေခြင်းဖြစ်တယ်။ သူတို.အဆိုအရ ကမ္ဘာကြီးပေါ်မှာ လူဟာ ဘာရည်ရွယ်ချက်မှ တိတိကျကျ မရှိပဲလူဖြစ်လာတယ်။ ကျေနပ်စရာကောင်းတဲ. အကြောင်းပြချက် မပါပဲ လူ.ဘ၀ကိုရခဲ.တယ်။ ဖြစ်တည်မှုသဘောကို ယုတ္တိ ယုတ္တာ သက်သေပြစရာ အကြောင်းမရှိဘူး။ ဒီလိုဖြစ်နေတာ အစီအစဉ်တကျလည်းမဟုတ်ဘူး။ လောကထဲမှာ ဖြစ်နေတာ၊ ရှိနေတာတွေဟာ၊ လိုအပ်ချက်မပါပဲ သူ.ဖာသာသူဖြစ်နေတယ် လို.ဆိုကြတယ်။
သူတို.ဆိုပုံကြီးက …ဖြစ်တည်မှုကို ဖြစ်နေတဲ.အတိုင်းပဲ၊ လူတွေက အရှိတရားအဖြစ်ခံယူရမယ်လို. ခံဓါတ် ကံဓါတ်နဲ. ဆိုနည်းဖြစ်တယ်။ (အပြုခံဓါတ်)နဲ. သက်သက်နဲ. ကသိကအောင်.ဖြစ်၊ ခံစားနေရသူတွေ၏ တွေ.ရှိပုံမျိုး၊ အော်သံမျိုးဖြစ်တယ်။
ကြည်.ပါဦး။ ဖြစ်တည်မှုနှင်. ဘာမှ မဟုတ်ခြင်း (Being and Nothingness 1943) မှာ ဆာဒ့်ရေးခဲ.တာက ဒီလိုပါ။
......လူသားအတွေ.အကြုံဆိုတာ သြကာသ လောက အဓိပ္ပါယ်မဲ. တည်ရှိပုံမျိုး နဲ. ထပ်တူထပ်မျှ အဓိပ္ပါယ်မရှိပြန်ဘူး...လို.သူကဆိုပါတယ်။
ဆာ.ဒ် ရဲ. မူးရစ်ဝေအော်ကလီဆန်ခြင်း စာအုပ် (Nausea) ထဲက ဇတ်ကောင်တဦးကလည်း အောက်ပါအတိုင်း ပြောပြန်တယ်။
….ကျနော်တို. မွေးဖွားလာခဲ.တာ ကမောက်ကမ၊ ဘာအဓိပ္ပါယ် မရှိ။ သေရတာလည်းကမောက်ကမ ဘာအဓိပ္ပါယ်မှ မရှိ။ ဘယ်ကရောက်လာမှန်းလည်းကျနော်တို.မသိ။ ဘာကြောင်. ဒီနေရာရောက်နေတယ်ဆိုတာလည်းမသိ။ ဘာအလုပ်လုပ်ရမယ်ဆိုတာလည်း မသိ၊ဘယ်ရောက်ဘယ်ပေါက်မယ်လည်းမသိ။ သတ္တ၀ါတကောင်ဟာ အကြောင်းမရှိပဲ သတ္တ၀ါဖြစ်လာရ၊ ပြီးတော. သူ. အားနည်းချက်နဲ.သူ ဒီသတ္တ၀ါဟာ ဘ၀ကို နေမြဲ ရွေ.မြဲ အင်နားရှားအတိုင်း ကုတ်ကပ်တွယ်နေကြတယ် …သေချိန်ကျတော.လည်း အခွင်.ကြုံ တိုက်ဆိုင်လို. သေရပြန်တယ်…….
ဆာ.ဒ် ပြောဆို ကြွေးကြော်နေသလို ကမ္ဘာကြီးဟာ ဘာအဓိပ္ပါယ်မှ မရှိတာမှန်ခဲ.လျှင်၊ ယတ္တိဗေဒနဲ.ချဉ်းကပ်တဲ.ဒဿန အတွေးအမြင် ပညာမှန်သမျှဟာ ဘယ်လိုလုပ်ပြီး ကမ္ဘာကြီးမှာ တိုးပေါက်နိုင်ပါတော.မလဲ။ ဒါဆို ဖြစ်တည်မှုဆိုတာကြီးကို ပြောပြောနေတဲ.ဒဿနကရော …သူရေးတာ သူ.ဖာသာသူ သူ.ခြေနဲ.ဖျက်၊ ၀ိရောဓိဖြစ်မနေလေဘူးလား။
ဒဿနဗေဒဟာ လှို.၀ှက်ဆန်းပြားတဲ. ဘာသာရေး နဲ. မူကွဲတယ်။ ဒဿနိကတွေ.ရှိမှုဆိုတာ အရှိတရား၊ မျက်မှောက်တရားကို မျက်ဝါးထင်ထင် မီးမောင်းထိုးပြပေးတဲ. လမ်းပြအလင်း၊ လူတွေကို ကူညီစဉ်းစားအဖြေရှာပေးတဲ. ကရိယာ။
ဆာဒ်.က ကမောက်ကမ လောကကြီးဟာ ဘယ်လိုမှ အဓိပ္ပါယ်မရှိဘူး လို. တဖက်မှာ တပြောတည်းပြောနေပြီး၊ နောက် တဖက်မှာတော. ကိုယ်ထောင်တဲ. အယူ အတွက် ဒီ ကမောက်ကမ လောကကြီးထဲမှာပဲ ဒဿနခြေကုပ်ခံတပ် ရှာနေတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါမလဲ…
ဆိုရန် ခီရာခက်ဂါ့ဒ် Soren Kierkegaard ကတော. ဒီလို ကြိုးစား ပြောခဲ.တယ်။ …..စိတ္တဇလည်းဖြစ်၊ဒဿနအခြေခံထားတဲ. လူ.အသိဥာဏ် ၏ တွေးသိနိုင်မှုက လွတ်ထွက်နေတဲ. ဘ၀၏အရှိတရား (reality of life) ဆိုတာကို စနစ်တကျ စဉ်းစားဖို. ဆိုတာဟာ လုံးဝ မဖြစ်နိုင်ဘူး။ ဒီ့အပြင်…တွေးနေဖို.တောင် မသင်.တော်တဲ.အရာ……လို. ဆိုတယ်။
နောက်တယောက် အဲလ်ဘတ်ကမူး Albert Camus က တော.ရှင်းရှင်းပြောတယ်။ ဖြစ်တည်မှု ၀ါဒီ တွေ တစင်ထောင်လျှက်၊ သူတို.ယူပုံယူနည်းကို ဒဿနကြီးတရပ်လို လိုက်ရှင်းလင်းနေကြတာတွေအားလုံးကို အပြတ်ငြင်းပယ်ခဲ.တယ်။ ကမူးက……
….ယုတ္တိကျပြီးသားအရာ ကို ယုတ္တိမကျပါဘူး လို. ကြိုးစားပမ်းစားရှင်းချက် ထုတ်နေကြတာတွေဟာမျှော်လင်.ချက် မဲ.နေပြီ.. ဆေးမတိုးနိုင်တော.ဘူး။ ဖြစ်တည်မှု၏ ကမောက်ကမ အဓိပ္ပါယ်မဲ.ခြင်းဆိုတာက နေစရာကိုနေပစ်လိုက်။ ခံစရာရှိခံပစ်လိုက်။ ဖီဆန်စရာရှိဖီဆန်လိုက်၊ ဆိုတဲ.သဘော။ သို.သော် ဖြစ်တည်မှု ဆိုတာ ကြီးကို ကျေနပ် မှုရသည်.အဆင်.အထိ ရှင်းလင်းချက်ထုတ်နေတဲ. အလုပ်ဖြစ်ကို မဖြစ်နိုင် …လို. ပြောခဲ.တယ်။
မည်သို.ပင်ဆိုစေ၊ ဖြစ်တည်မှု ကျောင်းထွက်တို.ဟာ သူတို.အယူအဆအတွက် ဒဿနဆိုင်ရာ သေကြောင်းကြံစီ မှု မျိုး(philosophical suicide) ကိုလည်း မလုပ်ချင်ကြပြန်ဘူး။ သူတို.နည်းသူတို.ဟန်နဲ. တဖက်မှာ ပိုပြီး ဆက်တိုးတိုး လာတာတွေ ပဲ တွေ.နေရတယ်။ သူတို.အပြောအရတော. ကမောက်ကမလောက ကို ရှင်းလင်းဖို.ဆိုပဲ။ သည်လိုနဲ. သူတို.ဟာ သူတို.၏ဖြစ်တည်မှု အတွေးအခေါ်တရပ်ကို အကြီးအကျယ် စမ်းတင်လျှက် မိုင်ကုန် ရွက်ဖွင်. ရေးသားပြောဆိုမှုတွေ လုပ်ခဲ.ကြတယ်။ ကမ္ဘာကြီးယုတ္တိမရှိဘူးလို.ပြောသူတွေ ကပဲ တဖက်မှာ ယုတ္တိမတန်တာတွေလုပ်နေကြတယ်။ သူတို.ယုတ္တိမဲ.မှု က တဖန် ယုတ္တိရှိနေပြန်တယ်။
(သူတို.အပြောအရ) အရာခပ်သိမ်းဟာ လူ.အလို မလိုက်ဘူး၊ ကိုယ့်ကိုဆန်.ကျင်ဖက်ပြုတယ်၊ ကိုယ်.ကို ရှေ.နောက်မညီစေတဲ. ၀ိရောဓိတွေချည်းဖြစ်စေတယ်ဆိုလျှင်၊ ထိုသူတို.၏ ဖြစ်တည်မှုဝါဒ ကျမှ ဘာကြောင်. ခြွင်းချက် ဖြစ်ပြီး အဓိပ္ပါယ်တွေ ရှိနေစေချင်ရတာလဲ။
သူတို.က ပြောပြန်တယ်။ သူတို.တာဝန်က ဘ၀၏ အဓိပ္ပါယ်မဲ.မှု ကို အဓိပ္ပါယ်ပေါ်လာအောင်ဖေါ်ပေးရတာပါ လို.ဆိုတယ်။ အနိမ်.ဆုံး အနေနဲ. နားလည်ရခက် နက်ရှိုင်းတဲ. စင်္ကြာဝဠာ ကြီးကို ကျနော်တို. လူ.စကား လူ. အလုပ်တွေ ကတဆင်. အဓိပ္ပါယ် ရှာပေးနေသူတွေပါ လို.ပြောကြတယ်။
လောဂျစ်ပါတဲ. သိပ္ပံနည်းကျ ရုပ်ဝါဒ Dialectical Materialism
လောဂျစ်ပါတဲ. သိပ္ပံနည်းကျ ရုပ်ဝါဒ
ဆိုတာကတော. အကြောင်းအရာတွေဟာ အကြောင်းအကျိုးတွေကြောင်.ဖြစ်နေရတယ်၊ ဒီလိုကြောင်းကျိုးဆက်သွယ်ချက် ကတဆင်. နိယာမဥပဒေသ အဖြစ် တိုးတက် ဖြစ်ပေါ်လာခဲ.တယ်။ ဒီနိယာမကို ယုတ္တိဗေဒနှင်. အပြည်.အ၀ ရှင်းလင်းပြနိုင် တဲ. လောဂျစ်အခြေခံရုပ်ဝါဒပါ။
လူ.သမိုင်း နှင်. သဘာဝတရား ကြောင်းကျိုးဆက်နွယ်လျှက် ယုတ္တိကျနေမှု ဟာ လှုပ်ရှားပြောင်းလဲနေတဲ. ရုပ်လောကနှင်.ပဲ တိုက်ရိုက်ငြိနေတယ်။ လူ.သမိုင်းဟာ ရုပ်ကမ္ဘာထဲမှာပဲ တည်ရှိတယ်။ စင်္ကြ၀ဠာထဲက ကောစမို အဖြစ်အပျက်တွေ ကြောင်. ကြောင်းကျိုးဆက်သွယ်မှု တွေ ဖြစ်လာတယ်။ တဖန်ကြောင်းကျိုး ဆက်စပ်နိယာမက မှ ဖြစ်ပေါ်ပြောင်းလဲ လာတဲ. အရာခပ်သိမ်း၏ အရည်အသွေး ကို ပိုင်းဖြတ်ပေးတယ်။ သြကာသလောက က အရင်စဖြစ်ထားတယ်။ သတ္တလောက နောက်ပိုင်းမှာ လိုက် ဖြစ်ပေးရတယ်။သတ္တလောကကြောင်. လူမှုလောက ဖြစ်ရပြန်တယ်။ တဖန် လူမှု လောကကြောင်. စိတ်ဝေဒနာ ပါဝင်တဲ.၊အာရုံသိမှုတွေဖြစ်လာရတယ်။
လူသား သမိုင်းကြောင်းတလျှောက်လုံးမှာ သည်နည်းနဲ.ပဲ ရုပ်ကမ္ဘာ နှင်. လူမှုပတ်ဝန်းကျင်ဟာ အချင်းချင်း အပြန်အလှန် ရိုက်ခတ်၊ အကျိုးပြု လာကြတယ်။သိပ္ပံ၏ ရည်ရွယ်ချက်က ပထမဆုံး ..အရေးကြီးတဲ. ကြောင်းကျိုး ချိတ်ဆက်မှုတွေ ကို ရှင်းလင်းစွာ ဖေါ်ထုတ်ပြမယ် ...ပြီးရင် လူ.အလုပ်(ကာယကံ ၀စီကံ မနောကံ) နှင်.လူပြုသော အမှုတွေကို ပဲ.ကိုင်ထိန်းကျောင်းပေးနိုင်မဲ. လောကနိယာမ ဥပဒေသများ အဖြစ် ရောက်အောင် သိပ္ပံက ၀န်ဆောင်ပေးနေရပါတယ်။
အပိုင်း(၁)၏နိ ဂုံး။ ဆက်ဖတ်ရန်။ ဘာသာပြန်ဆိုသူ(aasw)

No comments:
Post a Comment