သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Friday, September 2, 2011

မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို စက်တင်ဘာ ၁၅ ရက်နေ့ ကျင်းပမည်

မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို စက်တင်ဘာ ၁၅ ရက်နေ့ ကျင်းပမည်


ယခုလ ၁၅ ရက်နေ့တွင် ကျရောက်တော့မည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အား မြန်မာနိုင်ငံတွင်ပါ ကျင်းပသွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က  မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စတာ သောမတ်အိုပေား ကွင်တားနားနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူများရွေးချယ်ခဲ့သည့် အရပ်သားအစိုးရ ပေါ်ပေါက်လာခြင်းသည် မှန်ကန်သည့် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ပာု မစ္စတာကွင်တားနားက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအစိုးရသစ်အနေနှင့် ကျန်ရှိနေသေးသည့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်အတွင်းရှိ ကိုယ်စားလှယ်များ အဆိုများ၊ မေးခွန်းများကို လွတ်လပ်စွာ တင်သွင်းခွင့် ရရှိရေး၊ အခြေခံဥပဒေအရ အပ်နှင်းထားသည့် အခွင့်အာဏာများအား အသုံးပြု၍ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ၎င်းက အကြံပြု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ဒီမိုကရေစီနေ့ကျင်းပခြင်းမှာ ကောင်းမွန်သည့် အပေါင်းလက္ခဏာ ဆောင်ကြောင်း၊ ယခုကဲ့သို့ ဒီမိုကရေစီနေ့အဖြစ် ကျင်းပရုံဖြင့် နိုင်ငံအတွင်း ဒီမိုကရေစီရရှိသွားမည်မပာုတ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ အနေနှင့် စစ်မှန်သည့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရန် ဆိုသည်မှာ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများမှာ အားကောင်းနေရမည်ဖြစ်ပြီး တရားမျှတမှုရှိသည့် ရွေးကောက်ပွဲ ဖြစ်လာနိုင် စေရန် လိုအပ်ကြောင်း၊ အစိုးရနှင့် ပြည်သူများ ကျရာအခန်းက နားလည်မှု ရှိရှိ လက်တွဲဖော်ဆောင်၍ တိုင်းပြည်တိုးတက်ရေး ရှေးရှုသွားရန် မျှော်လင့်ကြောင်း ပြောကြားသွားခဲ့သည်။

ရဲဘုန်းမင်း

No comments:

Post a Comment