သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Friday, September 2, 2011

ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရိုက်ကူးထားသည့် The Lady ဇာတ်ကားပိုစတာကို အမေရိကန် နာမည်ကျော် အနုပညာရှင် Shepard Fairey က ဖန်တီးပေးခဲ့

ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရိုက်ကူးထားသည့် The Lady ဇာတ်ကားပိုစတာကို အမေရိကန် နာမည်ကျော် အနုပညာရှင် Shepard Fairey က ဖန်တီးပေးခဲ့

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြောင်းကို ရိုက်ကူးထားသော ဒါရိုက်တာ Luc Besson ၏ “The Lady” ဇာတ်ကားသစ်အတွက် ပိုစတာကို အမေရိကန် ခေတ်သစ် အနုပညာရှင် Shepard Fairey က ဖန်တီးပေးလိုက်ပြီ ဖြစ်သည်။ ပိုစတာ၏ ပုံရိပ်သည် Fairey ယခင်က လုပ်ဆောင်ခဲ့ဖူးသော ဒေါ်အောင်ဆန်းစုကြည်၏ ပန်းချီကို အခြေခံထားသော်လည်း ယခုဇာတ်ကားတွင် အဓိက နိုင်ငံရေး သမားအဖြစ် သရုပ်ဆောင်ထားသည့် မင်းသမီး Michelle Yeoh အား ကိုယ်စားပြုနိုင်ရန် ပြောင်းလဲပေးထားသည်ဟု ဆိုသည်။



Fairey ဖန်တီးခဲ့သော ဒေါ်အောင်ဆန်းစုကြည်ပုံ




မင်းသမီး မစ်ရှယ်ယိုးပုံဖြင့် ရေးဆွဲထားသော The Lady ဇာတ်ကားပိုစတာ


Fairey ဖန်တီးခဲ့သော အမေရိကန်သမ္မတ အိုဘားမားပုံ


ပိုစတာအတွက် ဒီဇိုင်းထုတ်ပေးရန် အလုပ်အပ်နှံခြင်း ခံရပြီးနောက် ဇာတ်ကားကို အထောက်အကူ ဖြစ်စေလိုသည့် စိတ်ဖိစီးမှု ခံစားခဲ့ရ သည်ဟု ဒီဇိုင်းဆရာ Fairey က လော့စ်အင်ဂျလိစ်တိုင်းမ် သတင်းစာသို့ ပြောကြားသည်။ Fairey သည် ၂၀၀၈ အမေရိကန်ရွေးကောက်ပွဲ ကာလတွင် ဘားရက် အိုဘားမား၏ ပုံရိပ်ဒီဇိုင်းကို ဖန်တီးပေးခဲ့သူ ဖြစ်သည်။

The Lady ဇာတ်ကားကို လာမည့်လ တိုရန်တို ရုပ်ရှင်ပွဲတော်တွင် ကနဦး ပြသမည် ဖြစ်သည်။ လာမည့် အောက်တိုဘာ ၂၇ တွင်လည်း ရောမ ရုပ်ရှင် ပွဲတော်ကို ပြသဖွင့်လှစ်ပေးဦးမည် ဖြစ်သည်။

ဒါရိုက်တာ Luc Besson ၏ The Lady ဇာတ်ကားသည် “အင်္ဂလန်သို့ ပြန်ကာ မကျန်းမာသော ခင်ပွန်းကို ပြုစုမလား (သို့) မြန်မာနိုင်ငံတွင် ဒီမိုကရေစီအတွက် ဆက်၍ တိုက်ပွဲဝင်မလား” ဆိုသည်ကို ရွေးချယ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဘဝနှင့် ပုဂ္ဂိုလ်ရေးဘဝကို ပုံဖေါ်ရိုက်ကူးထားခြင်း ဖြစ်ပြီး နာမည်ကျော် အာရှသူ မင်းသမီး Michelle Yeoh က သရုပ်ဆောင်ထားခြင်းဖြစ်သည်။
Translated by : ရဲဘုန်းမင်း

No comments:

Post a Comment