သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Thursday, September 1, 2011

လွတ်ငြိမ်းချမ်းသာခွင့် အလားအလာ ကောင်းကြောင်း သမတရဲ့ အကြံပေး ပြောကြား

လွတ်ငြိမ်းချမ်းသာခွင့် အလားအလာ ကောင်းကြောင်း သမတရဲ့ အကြံပေး ပြောကြား

2011-08-31
နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ပြည်ပရောက် မြန်မာတွေ ပြန်လာရေး လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ့် အစီအစဉ်ဟာ အကောင်အထည် ပေါ်လာဖို့ အလားအလာ ကောင်းကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောပါတယ်။
(Photo: AFP/MRTV 4)
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV 4)
အဲဒီ အစီအစဉ်နဲ့ ပတ်သက်ပြီး ပြည်သူ့ လွှတ်တော်ရဲ့ အတည်ပြု ဆုံးဖြတ်ချက်ကို သမ္မတထံ တင်ပြဖို့် အတွက် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီဝင် ပြည်ထောင်စု ဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို ကိုယ်တိုင် တာဝန်ယူသွားတာ ဖြစ်လို့ အခုလို ရှုမြင်တာ ဖြစ်ကြောင်း ဦးကိုကိုလှိုင်က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးကိုကိုလှိုင်နဲ့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်း ထားတာကို နားဆင်နိုင်ပါတယ်။

No comments:

Post a Comment