သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Friday, January 20, 2012

တရားမျှတတဲ့ ရွေးကောက်ပွဲကြောင့် စီးပွားရေး အရေးယူခံရမှုတွေ လျော့ကျလာနိုင်


2012-01-20
လာမယ့် ဧပြီ ၁ ရက် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတပြီး ပွင့်လင်းမှု ရှိမယ်ဆိုရင် မြန်မာနိုင်ငံ အပေါ် အမေရိကန် ပြည်ထောင်စုရဲ့ ပိတ်ဆို့ အရေးယူမှု အဆင့်တွေ ပြန်လည် စဉ်းစားနိုင်တယ်လို့ အမေရိကန် အထက်လွှတ်တော် အမတ် Mr. John McCain က ဇန်န၀ါရီ ၁၉ ရက်က ပြောပါတယ်။
AFP
ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့ကို ရောက်ရှိနေသော အမေရိကန် အထက်လွှတ်တော် အမတ် Mr. John McCain (ယာ) နှင့် အမေရိကန် အထက်လွှတ်တော် အမတ် Mr. Joseph Lieberman (၀ဲ) တို့ကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ်။

အဲဒီလို ပြန်လည် စဉ်းစားပေးမယ့် အထဲမှာ ပိတ်ဆို့မှုတွေ အားလုံးကို ရုပ်သိမ်းပေးတာမျိုး၊ ဒါမှမဟုတ် တစ်စိတ် တစ်ပိုင်း လျှော့ပေးတာမျိုးတွေ ပါဝင်လိမ့်မယ်လို့ သူက ပြောပါတယ်။ Mr. John McCain နဲ့အတူ အခု ဗီယက်နမ်နိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် လွှတ်တော်အမတ် တစ်ဦး ဖြစ်သူ Mr. Joe Lieberman ကလည်း မြန်မာနိုင်ငံက လာမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ တရားမျှတ ပွင့်လင်းပြီး ဥပဒေ အတိုင်း လုပ်ဆောင်မယ် ဆိုရင် မိမိတို့ အမေရိကန် ပြည်ထောင်စုဘက်က တုံ့ပြန်မှု တချို့ ရလိမ့်မယ်လို့ ပြောပါတယ်။ အမေရိကန် သမ္မတ Mr. Barack Obama က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေကို အရေးပါတဲ့ ခြေလှမ်းတွေ အနေနဲ့ ပြောဆိုလိုက်ပြီးနောက် အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာ အစိုးရတို့ သံတမန်ရေး အဆင့်မြှင့်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

No comments:

Post a Comment