သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Friday, February 3, 2012

ရိုဟင်ဂျာ ဒုက္ခသည် စခန်းများတွင် ရာသီဥတု ကြောင်း ဖြစ်တတ်သော ရောဂါများ ဖြန့်ပွါး

ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 02 ရက် 2012 ခုနှစ် ကောစ်ဘဇား သတင်း - ကုလားတန် သတင်းဌာန

ဘင်္ဂါလာဒေးရှ် နိုင်ငံ၊ ကောစ်ဘဇားခရိုင်၊ အူကီယာမြို့ရှိ  တရားမ၀င် ကူတူဖါလောင် ရိုဟင်ဂျာ ဒုက္ခသည် စခန်း နှင့် တဲခ်နာဖ်မြို့ရှိ တရားမ၀င် လေဒါ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတို့တွင် ရာသီဥတုကြောင်း ဖြစ် တတ်သောရောဂါများ - ရေကျောက်၊ အဆုပ်ရောင်ရောဂါ နှင့် ၀က်သတ်ရောဂါ - ဖြန့်ပွါးနေကြောင်း ဒုက္ခသည် လူကြီးတဦး၏ပြောပြချက်အရ သိရသည်။
 ဒုက္ခသည်စခန်းရှိ ကလေးများသည် ရာသီဥတုကြောင်း ဖြစ်တတ်သောရောဂါများ - ရေကျောက်၊ အဆုပ်ရောင်ရောဂါ နှင့် ၀က်သတ်ရောဂါ - ခံစားနေပုံ
ဒုက္ခသည်စခန်းရှိ ကလေးများသည် ရာသီဥတုကြောင်း ဖြစ်တတ်သောရောဂါများ - ရေကျောက်၊ အဆုပ်ရောင်ရောဂါ နှင့် ၀က်သတ်ရောဂါ - ခံစားနေပုံ
၂၀၁၂ ခုနှစ်၊ ဇန်နိုဝါရီ အလယ် မှစ၍ ဒုက္ခသည်စခန်းရှိ ကလေးသူငယ်များနှင့် အမျိုးသမီးတချို့သည် ရေ ကျောက် နှင့် ၀က်သတ်ရောဂါ ဖြစ်ပွါးနေကြောင်း၊ ရောဂါ ဖြစ်ပွါးသော ဒုက္ခသည်များသည် နယ်ခြားမဲ့ ဆရာဝန် များအသင်း၏ ဆေးခန်းတွင် သွားရောက် ဆေးကုသနေကြောင်း ၎င်းဒုက္ခသည်လူကြီး မှ ဆက်လက် ပြောပြ သည်။

အသက် ၅ နှစ် မှ ၇ နှစ် အရွယ်ရှိ ဒုက္ခသည် ကလေးများမှာ ရာသီဥတုကြောင်း ဖြစ်တတ်သော ရောဂါ အများ အပြား ခံစားနေကြောင်း သိရသည်။

ဒုက္ခသည်များနေထိုင်သည့် တဲများလည်း ပလာစတိတ်၊ ချုံပုတ် နှင့် သစ်ကိုင်းများဖြင့် တည်ဆောက် ထားသော ကြောင်း လေအေး တိုက်ခိုက်မှုကို မကာကွယ် နိုင်သည့်ပြင် တရားမ၀င် ကူတူဖါလောင် ရိုဟင်ဂျာ ဒုက္ခသည် စခန်းသည် တောင်ကုန်းနှင့် မြေပြင်ပေါ်တွင် တည်ရှိနေသောကြောင်း လေ အေးလှိုင်းများ အမြဲဖြတ်သွား နေလေ့ ရှိသည်။ ၎င်းပြင် ဒုက္ခသည်များတွင် အနွေးထည်များ မရှိသည့်အတွက် အအေးဒဏ်ကို မခံနိုင်သည့် အတွက် ဒုက္ခသည်ကလေးများတွင်  အဆုတ်ရောင်ရောဂါ နှင့် အအေးမိနှာစေးခြင်းများဖြစ် ပေါ်နေကြောင်း စခန်းအတွင်းရှိ ဆေးဝန်ထမ်းတဦး၏ ပြောပြချက်အရ သိရသည်။
အရေပြားရောဂါဖြင့် ဒုက္ခသည် ကလေးတဦး
အရေပြားရောဂါဖြင့် ဒုက္ခသည် ကလေးတဦး
ထိုနည်းတူ ဒုက္ခသည် ၁၂၀၀၀ ကျော်ရှိသည့် အစိုးရ အသိအမှတ်မပြုသော လေဒါ ဒုက္ခသည်စခန်းတွင်လည်း ရာသီဥတုကြောင်း ဖြစ်တတ်သော ရောဂါ အများ အပြား ခံစားနေကြောင်း မူဆလင်အိတ် (Muslim Aids, NGO)တွင် အလုပ်လုပ်နေသော ၀န်ထမ်း၏ ပြောပြချက်အရ သိရသည်။

တရားမ၀င် ကူတူဖါလောင် ရိုဟင်ဂျာ ဒုက္ခသည်စခန်း တွင် ဒုက္ခသည် ၄၀၀၀၀ ကျော် နှင့် တရားမ၀င် လေဒါ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွင် ၁၂၀၀၀ ကျော်တို့ နေထိုင်လျက်ရှိပြီး၊ ၎င်းတို့ကို ဘင်္ဂါလာဒေးရှ် အစိုးရ နှင့် ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးများ မှ အသိအမှတ် မပြုသည့်အတွက် သူတို့၏ စားဝတ် နေရေး အတွက် သူတို့နည်း သူတို့ဟန်ဖြင့် လုပ်ကိုင်စားသောက်နေကြောင်း သိရသည်။

No comments:

Post a Comment