သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Friday, February 3, 2012

ရန်ကုန်မြို့၏ လေထုထဲတွင် အမှုန်ထုပမာဏ သတ်မှတ်စံနှုန်းထက် ပိုမိုများပြားနေ

ရွှေရည်စောမြင့်( myanmar time)

အတွဲ ၂၈ ၊ အမှတ် ၅၅၅ ( ၃ - ၉ ၊ ၂ ၊ ၂၀၁၂)

ကွန်ကရစ်လမ်းများကြောင့်လည်း လေထုတွင်း အမှုန်ပမာဏ များပြားစေသည်။
ဓာတ်ပုံ-ကောင်းထက်
ရန်ကုန်မြို့၏ လေထုထဲတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတ်မှတ်ထားသော လေထုထဲတွင်ပါဝင်သော အမှုန် (Pm10) ပမာဏတစ်ကုဗ မီတာလျှင် ၅၀ မိုက်ခရိုဂရမ်ထက် ပိုမို များပြားစွာ ရှိနေသော်လည်း အခြား ဓာတ်ငွေ့ပမာဏမှာမူ သတ်မှတ်စံနှုန်း အောက်တွင်သာ ရှိနေသေးသည့်အတွက် လေထုအရည်အသွေး ကောင်းနေသေးသည်ကို လေထုတိုင်းတာချက်များအရ တွေ့ရှိရ သည်ဟု ကျန်းမာရေး ၀န်ကြီးဌာန လုပ်ငန်းဝင်ကျန်းမာရေး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကြည်လွင်ဦးကိုပြောသည်။
လေထုတိုင်းတာခြင်းကို ဒုတိယ အကြိမ်အဖြစ် ယခုနှစ်ဇန်န၀ါရီလမှ စတင်ခါ ရန်ကုန်မြို့တွင်း နေရာသုံး နေရာ ဖြစ်သည့် ကျိုက္ကဆံ လူနေရပ်ကွက်၊ အလုံလုပ်ငန်းဝင် ကျန်းမာရေးဌာနရုံးနှင့် လှိုင်သာယာ စက်မှုဇုန်တို့တွင် တိုင်းတာ ရေးကိရိယာများဖြင့် တိုင်းတာနေသည်ဟု ၎င်းကပြောသည်။
"ကျွန်တော်တို့ဆီမှာက လေထုတိုင်း တာတဲ့အခါမှာ ကိုယ်ပိုင်စံနှုန်းဆိုတာ မရှိပါဘူး။ လုပ်လည်းမလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် WHO စံနှုန်းကိုပဲယူရပါတယ်။ သူ့ရဲ့ စံနှုန်းအရဆိုရင် ကျွန်တော်တို့ တိုင်းတဲ့အခါမှာ သတ်မှတ်ထားတဲ့ နှုန်းထက် ကျော်နေတာကိုတွေ့ ရတာပါ" ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့၏ လေထုထဲတွင် အမှုန် ပမာဏမှာ တစ်ကုဗမီတာလျှင် ၇၀ မိုက် ခရိုဂရမ်ခန့်အထိရှိနေသည်ကို တွေ့ရသည်ဟု ၎င်းကပြောသည်။
"တခြားဓာတ်ငွေ့တွေကတော့ သတ်မှတ်စံနှုန်းအောက်မှာပဲရှိပါတယ်" ဟု ဒေါက်တာကြည်လွင်ဦးက ဆိုသည်။
"လေထုထဲမှာတော့ ဒီပြင်ဓာတ်ငွေ့တွေ ရှိသေးတာပေါ့။ ဒါပေမယ့်ဌာနမှာက ပစ္စည်းနဲ့ လူအင်အားတွေ လိုပါသေးတယ်။ ယခုလက်ရှိ တိုင်းထွာချက်တွေအရ ရန်ကုန်မြို့မှာ လေထုအရည် သွေးကောင်းသေးတယ်လို့ ပြောလို့ရတယ်။ လေထုအရည်အသွေးညံ့လာရင် တော့ ပြည်သူလူထုကိုအသိပေးမှာပါ" ဟု ၎င်းကပြောသည်။
"ကျွန်တော်တို့ လုပ်ငန်းဝင်ကျန်းမာ ရေးဌာနက ၂၀၀၈-၀၉ ခုနှစ်တုန်းက ရန်ကုန်မြို့ရဲ့ နေရာသုံးနေရာကို လေထု အရည်အသွေးနဲ့ ပတ်သက်ပြီး နှစ်လုံးပေါက် လေထုထဲက အမှုန်ပမာဏ၊ နိုက်ထရိုဂျင် အောက်ဆိုဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ်တွေကို ပထမအကြိမ် အဖြစ် တိုင်းတာခဲ့ ဖူးပါတယ်။ အဲဒီတုန်းကလည်း လေထုထဲမှာအမှုန်တွေ များနေတာကို တွေ့ခဲ့ရပါတယ်"ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တွင် ကွန်ကရစ်လမ်းများ ပိုမိုများပြားလာကာ ကွန်ကရစ်လမ်းများသည် ကားများသွားပါက အမှုန်များ ထွက်ရှိတတ်သဖြင့် အဆိုပါအချက်မှာ လည်း လေထုတွင်းဖုန်မှုန့်များပြားနေမှု ၏ အကြောင်းရင်းတစ်ချက်ဖြစ်သည်ဟု လုပ်ငန်းဝင်ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသန်းထွန်း က ပြောသည်။
လေထုတွင်းတွင် အမှုန်အမွှားပမာ ဏာများပြားနေပါက အရေပြားနှင့် မျက်စိများ ယားယံခြင်း၊ အမြင်မှုန်ဝါးခြင်း၊ အသက်ရှူမ၀ခြင်း၊ အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါများ၊ အဆုတ်ကင်ဆာနှင့် ကလေးသူငယ်များ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဟု နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဒေါက်တာမျိုးမင်းက ပြောသည်။

No comments:

Post a Comment