သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Tuesday, December 11, 2012

တို.ဗမာ သာကီမျိုးဟာမို.(ဖြိုးဖြိုးသာ)


""တကောင်းအဘိရာဇာတို.ဗမာသာကီမျိုးဟာမို.မညှိုးဂုဏ်တေဇာ""
ဒါလေးကိုကျွန်တော်တို.ကြားဖူးနေကြတာကြာပါပြီ၊ဒါပေမယ်.ပါးစပ်၇ာဇဝင်လောက်
နဲ.တင် သီချင်းလောက်နဲ.တင်ပဲ သိနေကြတာများပါတယ်၊အဲဒါနဲ.ပတ်သက်လို.မြန်မာ

တွေဟာသကျ သာကီမျိုးတွေလို.လဲ တင်စားခေါ်ဝေါ်လေ.ရှိကြပါတယ်၊ဘုရားမျိုးနွယ်
တော်ပေါ.ဗျာ၊(တနည်းဆိုရရင်)

ဒါပေမယ်.ရာဇဝင်လာတွေကိုသိကြသလားဆိုတော.အင်း အဲ လောက် နဲ.သာပြိးသွားကြ
တာများတယ်၊ရှေ့းလူကြီးတွေဆီကလဲ အတိအကျမသိခဲ.တော.နောက်လူတွေလဲ ဒီလို
ပဲရောလိုက်သွားကြတာများပါတယ်

တကောင်းတည်ထောင်ပုံကိုပြောရရင် ဂေါတမမပွင်.ခင်နှစ်ပေါင်း၃၀၀လောက်ကအချိန်မှာ
ကပ္ပိလဝတ်၊ဒေဝဒဟ၊ကောလိယဆိုတဲ.သာကီဝင်၃ပြည်ထောင်ဆိုတာရှိတယ်၊နေရာက
အိန္ဒိယပြည်မြောက်ပိုင်းမှာ ဂင်္ဂါမြစ်ကမ်းဘက်၊အဲဒီဘက်ဘက်မှာဗာရာဏသီပြည်ဆိုတာ
ရှိပါတယ်၊


အဲဒီဗာရာဏသီပြည်ကနေမြောက်ဘက်မိုင်၁၀၀ခန်.အကွာလောက်ဟိမဝန္တာတောင်တန်းများ
ပေါ်မှာ ခုနက ၃ပြည်ထောင်ကတည်ရှိနေခဲ.ပါတယ်၊ဥပမာပြရရင် မြန်မာပြည်အထက်ပိုင်း
မေမြို.လို နေရာမျိုးပေါ.ဗျာ၊

သာကီဝင်ဆိုတဲ.အမျိုးဆိုတာသာကီဝင်တွေကလွဲပြီးတခြားအမျိုးတွေကိုလက်ထပ်ထိမ်းမြား
လေ.မရှိကြပါဘူး၊ဒါကအိန္ဒိယခေတ် ယဉ်ကျေးမှုတလျှောက်လုံးရှိနေတဲ.အမျိုးဇာတ်ခွဲခြား
မှုတခုလို.ပြောမယ်ဆိုလဲပြောလို.ရပါတယ်၊

ယနေ.အချိန်ထိလဲအိန္ဒိယမှာဇာတ်နိမ်.ဇာတ်မြင်.ခွဲခြားထားတဲ.အယူအဆတွေကျန်နေပါသေး
တယ်၊ဥပမာဗြဟ္မဏအမျိုးဆိုလဲ သူတို.အချင်းချင်းပဲလက်ဆက်လေ.ရှိကြတယ်၊ဒါပေမယ်.တ
ခြားအမျိုးအနွယ်တွေမတူတဲ.သူတွေနဲ.ထိမ်းမြားခဲ.ရင်လည်းဒါကိုမျိုးနွယ်စစ်စစ်အဖြစ်သတ်
မှတ်လေ.မရှိပါဘူး၊

အဲလိုနဲ.ကောသလတိုင်း၊ပဉ္စာလတိုင်း ကိုအစိုးရတဲ.မင်းများက သာကီဝင်အမျိုးတွေဆီကနေ
အမျိုးသမီးတောင်းကြတယ်၊ဒါကဘု၇င်စနစ်တွေမှာတွေ.၇လေ.ရှိတဲ.လက်ထပ်ထိမ်းမြားဖို.
အတွက်တိုင်းတပါးပြည်နယ်က တောင်းဆိုမှုတွေပေါ.ဗျာ၊ဟိုတုန်းက ဒါတွေက မပေးရင်စစ်
မက်ဖြစ်ပွါးတဲ.အခြေအနေထိကိုရောက်နိုင်တဲ.အနေအထားတွေပေါ.ဗျာ

ဒီလိုနဲ.သာကီဝင်အမျိုးတွေကလဲမပေးကြဘူး၊ငြင်းလိုက်ကြတယ်၊အဲဒါနဲ.ပဲ စစ်မက်ဖြစ်ပွါးကြပါ
တယ်၊စစ်ဖြစ်တော.ကောသလ၊ပဉ္စာလတိုင်းက နိုင်သွားတယ်၊အဲဒီခေတ်က သာကီဝင်အမျိုး
တွေက လူနဲစု အသွင်လောက်ပဲရှိကြပါတယ်၊ဒါကြောင်.စစ်တိုက်ရင်ရှုံးတာများတယ်၊ဒီလိုနဲ.
သာကီဝင်များဟာ ၃ဖြာခွဲထွက်ပြိးနေရာဒေသ ပျက်ပြားသွားခဲ.ကြရတယ်

အဲဒီ၃ဖြာကွဲတဲ.အထဲက တဖွဲ.ကမြန်မာပြည်ဘက်ရောက်လာတယ်လို.ဆိုကြတယ်၊ပြီးတော.
တကောင်းကိုတည်ထောင်တယ်၊ပထမတကောင်းကိုတည်ထောင်တာက အဘိရာဇာဆိုတဲ.မင်း
ကတည်ထောင်ခဲ.ပါတယ်၊အဲဒီမင်းပြေးလာတော.သူနဲ.အတူပါလာတာက ဟိန္ဒူဘာသာရေးပဲဖြစ်
နိုင်ပါတယ်

ဘာလို.လဲဆိုတော.ဗုဒ္ဒမပွင်.ခင် ၃၀၀လောက်ကတည်းကဆိုတော.၊ဟိန္ဒူဘာသာဆိုတာ
အဲဒိတုန်းကဘာသာတခုအနေနဲ.တော.မပေါ်သေးဘူးသူတို.ကဗြဟ္မာတွေကိုကိုးကွယ်တဲ.အချိန်
့ပဲပေါ.၊ဟိန္ဒူတွေကဗြဟ္မာတွေကိုကိုးကွယ်ကြတာများပါတယ်၊အဲဒါကြောင်.မြန်မာအစတကောင်း
ကဆိုတာဟာ အဲဒီခေတ် ၃ပြည်ထောင်ပျက်ပြီးရောက်လာကြသူများပဲဖြစ်ပါတယ်၊

သူတို.တွေကသာကီဝင်မင်းမျိုးတွေပါ၊သာကီဝင်နိုင်ငံတွေဆိုတာက ယခုလက်ရှိနီပေါနိုင်ငံဖြစ်နေ
တာကိုလဲတွေ.ရပါတယ်၊နီပေါနိုင်ငံမှာလဲ နီပေါလူမျိုးနဲ.ဂေါရခါးလူမျိုးရယ်လို.ထင်ထင်ရှားရှား ၂မျိုး
ရှိပါတယ်၊အဲဒါအပြင်လည်းချက်သရီးလို.ခေါ်တဲ. လူမျိုးလည်းရှိသေးတယ်၊ဒါပေမယ်.သူတို.တွေက
မထင်ရှားကြပါဘူး၊ အဲဒီချက်သရီးတွေဟာလဲ သာကီဝင်အဆက်အနွယ်ပဲ၊မြန်မာလူမျိုးတို.အနွယ်လို.
ပြောလို.ရတယ်။သူတို.ဆီမှာလဲ သင်္ကြန်ဆိုတာရှိတယ်၊မြန်မာပြည်အတိုင်းပဲပေါ.၊

ဒါကမြန်မာပြည်ရှေးအခေါ် ဗြဟ္မာ ဆိုတဲ.အခေါ်ကနေပြောင်းလဲဆင်းသက်လာပုံလေးကိုပြောချင်
တာပါ၊အဲဒီတော.အဲဒီကတည်းကသကျသာကီဝင်ဆိုပြိးမြန်မာလူမျိုးတွေကိုတင်စားခေါ်ဝေါ်ခဲ.ကြ
တာကိုပြောချင်လို.ပါ၊ဒါကဗုဒ္ဒမပွင်.မီလက်ထက်လောက်တုန်းကကိုပြောချင်တာပါ၊

တခါဗုဒ္ဒဘာသာဘယ်လိုကျရောက်လာတုန်းဆိုတော.ခုနက သုံးပြည်ထောင်ကကွဲလာကြတဲ.
သာကီဝင်မင်းတွေဟာပထမတကောင်းတည်ထောင်ပြိးစအချိန်ပေါ.၊အဲဒီလိုပဲ ကပိလဝတ်ပြည်
မှာလဲခုနကကွဲလာကြတဲ.သာကီဝင်မင်းတွေပြန်လည်စုမိပြီးတိုင်းပြည်တည်ထောင်လာခဲ.ကြ
တယ်၊ အဲဒီမှာပဲ သိဒ္ဒတ္ထဆိုတဲ.မင်းသားကနေ ဘု၇ားဖြစ်လာခဲ.တယ်၊

အဲဒီဘုရားလက်ထက်မှာခုနကသာကီဝင်မင်းမျိုးထဲကပဲကောသလတိုင်းကဘုရင်နဲ.မဟာနမ်
နှင်.ရတဲ.ကျွန်မသမီးတယောက်ရှိတယ်၊အဲဒီ ကနေ ထပ်မွေးဖွားလာတဲ.သားတော် ဝိဋ္ဋုဋ္ဋူပဆို
တာရှိတယ်၊သူက သူ.ကိုယ်သူသာကီဝင်မင်းမျိုးထင်ပြီး သူ.မိခင်ဘက်ကအမျိုးအနွယ်တွေဆီ
ကိုသွားရကနေ အမျိုးဇာတ်ခွဲခြားမှုကိုခံလိုက်ရတဲ.အတွက်စိတ်နာပြီးသူရှင်ဘု၇င်ဖြစ်တော.သာ
ကီဝင်တိုင်းပြည်ကိုတခါစစ်ပြန်တိုက်ခဲ.တယ်

အဲဒီမှာလည်းသာကီဝင်တွေရှူံးကြတော.သုံးဖြာထပ်ကွဲတယ်၊အဲဒိအထဲကနေ ကွဲလာတဲ.အစုတစု
ဟာတကောင်းဘက်ကိုထပ်ပြေးလာပြန်တယ်၊အဲဒိအချိန်မှာပဲ ခုနကဘုရားမပွင်.ခင်ကရောက်လာ
တဲ.တကောင်းဘက်ရောက်နေကြတဲ.ရှင်ဘု၇င်တွေဟာလည်းတကောင်းကိုတည်ထောင်လာခဲ.
ကြတာသုံးဆယ်.သုံးဆယ်ရောက်နေပြီ၊အဲဒိမှာ ပထမတကောင်းကရှင်ဘုရင်တွေကလဲတိုင်းပြည်
ပျက်ပြားနေလို.ဘု၇င်ကတိမ်းေ၇ှာင်းရာကနေ ရှင်ဘု၇င်ကွယ်လွန်တော. မိဖုရားကြီးနာဂဇိန်ဆိုတာ
ကျန်ခဲ.တယ်

အဲဒီလိုနဲ.ဒုတိယစစ်ရှုံ့းလို.ပြေးလာတဲ.စစ်ပြေးသာကီဝင်မင်းသားဓဇရာဇာမင်း နဲ.တွေ.ပြိးသာကီဝင်
မင်းသားဆိုတာသိတော.သာကီဝင်အနွယ်အချင်းချင်းပဲထပ်မံလက်ဆက်ခဲ.ကြတယ်၊ဒုတိယပြေးလာ
တဲ.ဓဇရာဇာမင်းလက်ထက်ကျတော.ဗုဒ္ဒအယူဝါဒပါပါလာခဲ.တာပေါ.၊အဲဒီတော.ကျမှဗုဒ္ဒဘာသာဖြစ်
တည်ရှိလာခဲ.တာလို.ရာဇဝင်များကဆိုပါတယ်၊ဒါပေမယ်. တကယ်.ဗုဒ္ဒဘာသာဖြစ်လာတာကျတော.
သီရိဓမ္မာသောကမင်းကြီး(အသောက)လက်ထက်မှာပိုပြီးစည်ပင်လာခဲ.တာပါပဲ

အဲဒီအသောကမင်းဆိုတာကလည်းသာကီဝင်မင်းထဲကထွက်ပြေးလာတဲ.အစုတခုထဲကပဲ၊သူတို.ကမောရိ
ယအရပ်ကိုရောက်ပြီးမောရိယနိုင်ငံဆိုတာဖြစ်လာခဲ.တယ်၊အဲဒိမောရိယမင်းမျိုးထဲကပဲစန္ဒဂုတ်ဆိုတဲ.ရှင်
ဘုရင်ပေါ်လာတယ်၊အဲဒီစန္ဒဂုတ်၇ဲ.သားတော်ဗိမ္ဒုသာရမင်းသားတော်ကနေဖွားမြင်လာတာက သီရိဓမ္မာသော
ကမင်းလို.အသိများတဲ.အသောကမင်းကြီးစြဖ်လာတာပါပဲ၊

အဲဒီတော.ပြန်ချုပ်ရရင် တကောင်းနိုင်ငံကိုနှစ်ကြိမ်တည်ထောင်ခဲ.တယ်၊ မင်းဆက်ပေါင်း ၅၀ရှိခဲ.တယ်
အဲဒိကနေမှသရေခေတ္တရာခေတ်(ပျူ)၊ ပြီးတော.ပုဂံ၊ပုဂံကနေ မြင်းစိုင်း၊ပင်းယ။စစ်ကိုင်း၊အင်းဝ၊ကုန်းဘောင်
ဆိုပြိးဖြစ်လာခဲ.ကြတာပါပဲ၊ အဲဒါကြောင်.တို.ဗမာသီချင်းကိုစတော. ကုလားမြန်မာအဓိကရုဏ်းအပြီးမှာသခင်
ဘသောင်း နဲ.ဝိုင်အမ်ဘီဆရာတင်တို. ၂ယောက်ပေါင်းပြိးရေးခဲ့ကြတဲ.သီချင်းတကောင်းအဘိ၇ာဇာဆိုတာ
အဲဒိကနေ ဖြစ်လာတာကိုပြောချင်တာပါပဲ၊

ကဲဒါပါပဲ၊ ကျွန်တော်သာကီဝင်နဲ.ပတ်သက်လို.ရှင်းမယ်လို.ကိုကတိခံထားလို.ဒီစာကိုရေးဖြစ်တာပါပဲ

စာကိုးတွေကတော. တကောင်းနဲ.သာကီဝင် မင်းများကိုဆက်စပ်ပေးခဲ.တဲ.ကျမ်းတွေက ၁၇၇၅က
ပြုစုခဲ.တဲ.တကောင်းရာဇဝင်၊၁၇၈၅ကပြုစုခဲ.တဲ.ပုဂံရာဇဝင်၊၁၈၂၉မှာပြုစုထားတဲ.မှန်နန်းရာဇဝင်
မှာတကောင်းနဲ.သာကီဝင်မင်းများကိုအကြောင်းကိုလဲဆက်စပ်ဖော်ပြထားကြပါတယ်။အဲဒါတွေကို

ရှာဖတ်စေချင်တယ်
တခါ ရွေုပြည်ဦးဘတင်ဟောတဲ.အကြောင်းအရာတွေထဲမှာလဲဒါတွေကိုဆက်စပ်ဖော်ပြထားပါတယ်၊


No comments:

Post a Comment