သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Friday, March 18, 2016

ကမ္ဘာအကျော်ကြားဆုံး ကွန်ပြူတာ ဟက်ကာများအကြောင်း





Hacker လို့ဆိုလိုက်တာနှင့် Anonymous မျက်နှာဖုံးများကို ၀တ်ဆင်ထားသော မျက်နှာဖုံးပိုင်ရှင်များကို မျက်စိထဲ ပြေးမြင်မိမည် ဖြစ်သည်။ (အပြစ်ရှာအလစ်ချောင်းပေါ့လေ ခိခိ)Hacker ဆိုသည်မှာ System စံနစ်တစ်ခုအတွင်းသို့ ထိုးဖောက် ၀င်ရောက်နိုင်သူများကို ခေါ်ဆိုနိုင်ပါသည်။ ကမ္ဘာပေါ်တွင် ပြီးပြည့်စုံသည့် စံနစ်ဆိုသည်မှာ ကမ္ဘာကြီးပျက်စီးသည့်တိုင်အောင် ရှိမည်မဟုတ်ချေ၊ System တိုင်းတွင် အားနည်းချက်များရှိနေမည် ဖြစ်သည်။ Hacker များသည် ထိုအားနည်းချက်များကို စူးစမ်းရှာဖွေလေ့လာပြီး ထိုးဖောက်ရန် ကြိုးစားနေသူများဖြစ်သည်။ Hacker တစ်ယောက်ဖြစ်ရန် လွယ်ကူပါသလားဟုမေးလာလျှင်တော့ ပျင်းရိသောသူများအတွက် Hacker တစ်ယောက်ဖြစ်ရန် ခက်ပြီး ကြိုးစားနေသူများအတွက် Hacker တစ်ယောက်ဖြစ်ရန် အခက်အခဲမရှိနိုင်ပေ။ အမြဲ တစိုက်မတ်မတ်နှင့် ကြိုးစားအားထုတ်မည်ဆိုပါက တနေ့တွင် Hacker ကောင်းတစ်ယောက်ဖြစ်မည်ဆိုတာကို အာမခံဝံ့ပါသည်။


1) Jonathan James

Jonathan James သည် အသက် ၁၆ နှစ်အရွယ်တွင် အမေရိကန်နိုင်ငံရှိ Defense Threat Reduction Agency 
၏ ကွန်ပြူတာ ကွန်ယက် စံနစ်ထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့သည်။ DTRA Server ပေါ်တွင် Backdoor ကို Install လုပ်ခဲ့ပြီး ကွန်ယက်အတွင်းရှိ ကွန်ပြူတာများအားလုံးကို ထိန်းချူပ်နိုင်ခဲ့သည်။ ထို့အပြင် ထို ကွန်ယက်စံနစ်၏ Username , Password နှင့် အခြားသော အရေးကြီးသော အချက်အလက်များကို ရယူခဲ့သည်။ NASA ၏ ကွန်ပြူတာ ကွန်ယက်စံနစ်အတွင်းသို့လည်း ဖောက်ထွင်း ၀င်ရောက်ခဲ့ပြီး Software အချို့နှင့် အာကာသဆိုင်ရာ မှတ်တမ်းများနှင့် အချက်အလက်များကို ရယူခဲ့သည်။ ထို ဖောက်ထွင်းမှူ့များအတွက် ရဲတပ်ဖွဲ့မှ ခြေရာခံမိခဲ့ပြီး တရားစွဲဆိုခဲ့သည်။ သို့သော် ထိုအချိန်တွင် Jonathan James သည် အသက် ၁၈ နှစ်မပြည့်သေးသည့်အတွက် နေအိမ်အကျယ်ချူပ် ၆ လ နှင့် ဖောက်ထွင်းမှူ့များအတွက် တောင်းပန်သည့် ပြစ်ဒဏ်သာ ကျခံခဲ့ရသည်။ ၂၀၀၇ ခုနှစ်တွင် TJX ၏ မှတ်တမ်းတစ်ခုတွင် သူတို့၏ ကွန်ပြူတာ ကွန်ယက်စံနစ်များသည် ဖောက်ထွင်းခံခဲ့ရပြီး အချက်အလက်အချို့ပေါက်ကြားခဲ့သည်ဟု ဖော်ပြပါရှိပါသည်။ ထိုနောက် သံသယရှိသူများစာရင်းတွင် Jonathan James ကို ထည့်သွင်းထားခဲ့သည်။ မည်သည့် သက်သေမျှမရှိသော်လည်း သံသယ စာရင်းတွင် Jonathan James သည် ထည့်သွင်းခံခဲ့ရသည်။ Jonathan James သည် စိတ်ဖိတ်စီမှူ့များကြောင့်တစ်ကြောင်း ကွန်ယက်များ ဖောက်ထွင်းမှူ့တွင် မပါဝင်သည်ကို သက်သေပြသည့်အနေဖြင့် တစ်ကြောင်း ၂၀၀၈ ခုနှစ်တွင် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။





2) Kevin Poulsen

Kevin Poulsen သည် ဂိုဏ်းဖွဲ့လှူပ်ရှားသော Hacker တစ်ယောက် ဖြစ်သည်။ သူ၏ ဂိုဏ်းသည် လော့စ်အဂျလိန်းပြည်နယ်ရှိ ရေဒီယိုနှင့် ဖုန်းလိုင်းများကို ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ ရဲဌာနများ၏ ရေဒီယိုပြန်ကြားရေးစံနစ်များကို တိုက်ခိုက်ခဲ့ပြီး အယောင်ဆောင် ရေဒီယို ပြန်ကြားရေးစံနစ်ကို ဖန်တီးခဲ့သည်။ ထိုကဲ့သို့သော ဆိုက်ဘာ ရာဇ၀တ်မှူ့များကြောင်း တရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ် အပြစ်ပေးခံခဲ့ရသည်။ ထောင်မှ လွှတ်ပြီးနောက်တွင် Hacking ကို စွန့်လွှတ်ခဲ့ပြီး ဂျာနယ်လစ် ဘ၀ဖြင့်အသက်မွေးခဲ့သည်။ ယခုအခါ သူသည် Wired News ၏ စီနီယာ အယ်ဒီတာ တစ်ဦးအဖြစ် ရပ်တည်နေပြီ ဖြစ်သည်။

3) Nahshon Even-Chaim
.
Nahshon Even-Chaim ကို Phoenix ဟုလည်း လူသိများ ထင်ရှားကျော်ကြားသူ ဖြစ်သည်။ Nahshon Even-Chaim ပါဝင်သည့် The Realm ဟု ခေါ်သော ဟက်ကာအဖွဲ့သည် အခြားသော ဟက်ကာအဖွဲ့များထက် အထူးပင် ထင်ရှားသော ဟက်ကာအဖွဲ့ဖြစ်သည်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် အခြေစိုက်သော အဖွဲ့ဖြစ်သည်။ ၁၉၈၀ ခုနှစ်တွင် Nahshon Even-Chaim ကို အချက်အလက်များကို ကြားဖြတ်ဖမ်းယူခြင်း ကွန်ယက်စံနစ်များထဲသို့ ထိုးဖောက်ဝင်ရောက်ခြင်း စသည့် ဆိုက်ဘာရာဇ၀တ်မှူ့များဖြင့် ရဲများမှ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ဖမ်းဆီးထိန်းသိမ်းမခံရခင် တိုက်ခိုက်ခဲ့သော ပစ်မှတ်များမှာ - ကယ်လီဖိုးနီးယားရှိ သိပ္ပံသုတေသန တက္ကသိုလ် ၊ NASA ၊ Execucom , Wisconsin-Madison and Purdue ရှိ တက္ကသိုလ်များ စသည့်တို့ဖြစ်သည်။ ထောင်မှ လွတ်ပြီးသည့် နောက်တွင်လည်း မီဒီယာများ၏ အာရုံစိုက်မှူ့ခံနေရဆဲဖြစ်သည်။


4) Adrian Lamo

Adrian Lamo သည် အခြေအနေအပေါ်မူတည်ပြီး အကောင်းနှင့် အဆိုးကို လုပ်ကိုင်သည့် Grey Hat Hacker တစ်ယောက်ဖြစ်သည်။ Adrian Lamo သည် Yahoo Microsoft and The New York Times တို့ကဲ့သို့ ကြီးမားသော ကုမ္ပဏီများကို ဖောက်ထွင်း တိုက်ခိုက်ခဲ့သည်။ Adrian Lamo ကို ဖမ်းဆီးခံရချိန်တွင် ၎င်းမှ အချက်အလက်များကို ခိုးယူလိုမှူ့အတွက် ဖောက်ထွင်းခဲ့ခြင်းမဟုတ်ဘဲ လုံခြုံရေးအားနည်းချက်များကို ဖော်ပြလိုသည့်အတွက်သာ ဖောက်ထွင်းခဲ့ခြင်း
 ဖြစ်ကြောင်း တရားရုံးတွင် လျှောက်လဲချက် ပေးခဲ့သည်။ သို့သော် ဖောက်ထွင်းမှူ့များအတွက် အမေရိကန်ဒေါ်လာ ၆၅၀၀၀ ဒဏ်ကြေးငွေနှင့် လေ့ကျင့်ရေးစခန်းတွင်
 ၆ လ နေထိုင်ရင် ပြစ်ဒဏ်ပေးခံရသည်။ Adrian Lamo သည် ၂၀၀၉ ခုနှစ်မှ စတင်ပြီး Wikileaks စာမျက်နှာ
တွင် ဖော်ပြခြင်း ခံခဲ့ရသည်။ သူသည် အမေရိကန် အရှာရှိတစ်ဦး၏ အလွဲသုံးစားပြုလုပ်နေမှူ့များကို ဖော်ထုတ်
ခဲ့သည်။

5) Kevin Mitnick

Kevin Mitnick သည် ဆိုက်ဘာ ရာဇ၀တ်မှူ့ပေါင်း မြောက်များစွာကို ကျူးလွန်ထားပြီး ရဲတပ်ဖွဲ့မှ အလိုရှိနေသော ဟက်ကာ စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။ သူ၏ ပထမဆုံး ဆိုက်ဘာ တိုက်ခိုက်မှူ့မှာ လော့အဂျလိန်းစ် ပြည်နယ်ရှိ ဘတ်စ်ကား ပြေးဆွဲနေသော စံနစ်တစ်ခုအား ထိုးဖောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အသက် ၁၆ နှစ်အရွယ်မှာပင် ကွန်ပြူတာပေါင်း များစွာကို ထိုးဖောက်တိုက်ခိုက်ခဲ့ပြီး Software ပေါင်း များစွာကို ခိုးယူခဲ့သည်။ သူ၏ တိုက်ခိုက်မှူ့များသည် ငယ်စဉ်ကတည်းကပင် ရပ်တန့်မှူ့မရှိဘဲ ဆက်တိုက်ဆိုသလို တိုက်ခိုက်မှူ့များ ပြုလုပ်ခဲ့သည်။ သူသည် ကွန်ယက်ပေါင်း မြောက်များစွာကို တိုက်ခိုက်ခဲ့ပြီး ပုံတူပွားထားသည် ဖုန်းများကို အသုံးပြုပြီး သူ၏ တည်နေရာကို ခြေရာခံမမိစေရန် ရှောင်ရှားခဲ့သည်။ သို့သော် ရာဇ၀တ်ဘေး ပြေးမလွတ်ဆိုသကဲ့သို့ ၁၉၉၅ ခုနှစ်တွင် Kevin Mitnick ကို ဖမ်းဆီးရမိခဲ့ပြီး ဆိုက်ဘာရာဇ၀တ်မှူ့များအတွက် ထောင်ဒဏ် ၄ နှစ်ကျခံစေရန် ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။ ထောင်အတွင်း အကျဉ်းချခံနေရစဉ်တွင်း Kevin Mitnick သည် တိုက်ပိတ်ပြစ်ဒဏ်ပါ ရရှိခဲ့သည်။ ရရှိခဲ့သည့်အကြောင်းရင်းမှာ Kevin Mitnick သည် လေချွှန်စံနစ်ကို အသုံးပြုပြီး Phone Systems များ၏ NORAD Codes ကို အသက်ဝင်စေကာ Nuclear System များကို နှိုးထအောင် ပြုလုပ်နိုင်သည်ဟု တရားသူကြီးများက ထင်မြင်ယူဆခဲ့သည့်အတွက် ဖြစ်သည်။ Kevin Mitnick သည် ထောင်မှ လွတ်ပြီးနောက် Mitnick Security Consulting LLC ဟု ခေါ်သော ကုမ္ပဏီတစ်ခုကို ထူထောင်ပြီး စီးပွားရေးဆိုင်ရာ ကုမ္ပဏီများကို ဟက်ကာများ၏ ထိုးဖောက်ခြင်းမှ ကာကွယ်ပေးနေခဲ့သည်။ သူသည် အခြားသော နည်းပညာဆိုင်ရာ လုံခြုံရေးကုမ္ပဏီများ၏ အကြီးအကဲအဖြစ်လည်း တာဝန်ထမ်းဆောင်လျှက်ရှိပါသည်။

6) Albert Gonzales

Albert Gonzales သည် ဆိုက်ဘာတိုက်ခိုက်မှူ့ပေါင်း မြောက်များစွာကို ကျူးလွန်ခဲ့သည့် ထင်ရှားသော ဟက်ကာတစ်ဦးဖြစ်သည်။ Albert Gonzales သည် “Shadowcrew” ဟု ခေါ်သော ဆိုက်ဘာအဖွဲ့တစ်ခုကို ထူထောင်ခဲ့သူလည်း ဖြစ်သည်။ Online Members ၄၀၀၀ ကျော်ရှိပြီး 1.5 မီလီယံပမာဏခန့်ရှိသော Credit Cards Numbers များ Debit Cards Numbers များ ATM Cards Numbers များ စသည်တို့ကို ခိုးယူနိုင်ခဲ့သည်။ ၎င်း တို့အဖွဲ့သည် Online Members များအား Credit Cards များအား မည်ကဲ့သို့ ရောင်းချနိုင်သည် စာရွက်စာတမ်းအတုများ မည်ကဲ့သို့ပြုလုပ်နိုင်သည် စသည်တို့ကို သင်ကြားပေးခဲ့သည်။ ၂၀၀၅ ခုနှစ် နှစ်လယ်ပိုင်းလောက်မှစတင်ပြီး ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းလောက်အတွင်းတွင် TJX Group ၏ ကွန်ယက်အတွင်း ထိုးဖောက်ဝင်ရောက်ခဲ့ပြီး 45 မီလီယံ ပမာဏရှိသော အချက်အလက်များကို ခိုးယူခဲ့သည်။ အတော်လေးကို အန္တရာယ်ရှိသော ဟက်ကာတစ်ယောက်ဟု ဆိုမည်ဆိုလျှင် မှားမည် မထင်ပါ။ Albert Gonzales ကို ၂၀၀၈ ခုနှစ်တွင် ဖမ်းဆီးရမိခဲ့ပြီး ဆိုက်ဘာ ရာဇ၀တ်မှူ့ပေါင်း များစွာဖြင့် စွဲချက်တင်ခဲ့ပြီး ထောင်ဒဏ်အပြစ်ပေးခံခဲ့ရပါသည်။ ၂၀၂၅ နှစ်ကုန်ပိုင်းတွင် ပြန်လည် လွတ်မြောက်လာဖွယ် ရှိပါသည်။ Albert Gonzales သည် အဖမ်းမခံရခင်
 ဆိုက်ဘာတိုက်ခိုက်မှူ့များမှ ရရှိသော ငွေများဖြင့် ဟိုတယ်များ ဇိမ်ခန်းများတွင် ပျော်ပါးခဲ့ပြီး သူ၏ မွေးနေ့အတွက် အမေရိကန်ဒေါ်လာ 75000 အကုန်အကျခံကာ ကျင်းပခဲ့သည်။ မင်းသားတစ်ပါးအလား နေထိုင်သွားခဲ့သော ဟက်ကာတစ်ဦးဖြစ်သည်။


7) Gary McKinnon

Gary McKinnon ကို မီဒီယာများက “Biggest Computer Hack of All Time” ဟုတင်စား ခေါ်ဝေါ်ကြပြီး ကမ္ဘာ့အန္တရာယ်အရှိဆုံး ဟက်ကာစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။ Gary McKinnon သည် အမေရိကန်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာသုံး ကွန်ပြူတာ ကွန်ယက်စံနစ်ထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး အချက်အလက်များ Softwares များ ဖိုင်များကို ဖျက်ဆီးပစ်ခဲ့သည်။ ဒါကြောင့်လည်း ကမ္ဘာ့အန္တရာယ်အရှိဆုံး ဟက်ကာများ စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုစစ်ဘက်ဆိုင်ရာ ကွန်ယက်ထဲကို ထိုးဖောက်ဝင်ရောက်ပြီး အချက်အလက်များကို ဖျက်ဆီးပစ်ဖို့ဆိုတာ တော်ရုံသတ္တိနဲ့တော့မရပါဘူး။ Gary McKinnon ကို ကျွှန်တော့်အနေနဲ့ ဟက်ကာအရောင်ဆိုးပေးရရင် Suicide Hacker ထဲမှာ ထည့်သွင်းမိမယ်ထင်တယ်။ သူ၏ ထိုးဖောက်တိုက်ခိုက်မှူ့များကို ပြန်လည်ပြင်ဆင်ရန်အတွက် အမေရိကန်အစိုးရမှ အမေရိကန်ဒေါ်လာ 70000 အကုန်အကျခံ ပြန်လည် ပြုပြင်ခဲ့ရသည်။ သူ၏ တိုက်ခိုက်မှူ့ကြောင့် ကွန်ပြူတာပေါင်း ထောင်ပေါင်းများစွာ အသုံးပြုလို့မရဖြစ်ခဲ့ပြီး အမေရိကန်အစိုးရ ထိပ်တန်းအရာရှိကြီးများ၏ အချက်အလက်များလည်း ပေါက်ကြားခဲ့သည်။ Gary McKinnon ကို ၂၀၀၂ ခုနှစ်တွင် ဆိုက်ဘာ ရာဇ၀တ်မှူ့ပေါင်းများစွာဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါသည်။

8) Michael Demon Calce

Michael Demon Calce သည်လည်း ကျော်ကြားလှသော ဟက်ကာများထဲမှ တစ်ဦးအပါအ၀င်ဖြစ်သည်။ ၂၀၀၀ ခုနှစ်များတွင် Yahoo သည် အထူးပင် ထင်ရှားလှသော Search Engine တစ်ခုဖြစ်ခဲ့သည်။ Michael Demon Calce ၏ ပစ်မှတ်မှာ ထင်ရှားလှသော ကုမ္ပဏီများကို တိုက်ခိုက်ရန်ဖြစ်သည်။ ထို့ကြောင့် Yahoo , ebay , Amazon , Dell , CNN နှင့် အခြားထင်ရှားသော Server ပေါင်း မြောက်များစွာကို တိုက်ခိုက်ခဲ့ပြီး အချိန်အတော်ကြာ Server Shut Down ဖြစ်စေခဲ့ပါတယ်။ Michael Demon Calce ၏ အချက်အလက်များကို အင်တာနက် Chat Forum တစ်ခုတွင် ရှာဖွေတွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းမှူ့များကြောင့် နောက်ယောင်ခံမိခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ထို့နောက် ကနေဒါတရားရုံးမှ ပြစ်မှူ့ထင်ရှားသည့်အတွက် ခြေချူပ် ၈ လ စောင့်ကြည့်ကာလ တစ်နှစ် ငွေပြစ်ဒဏ်နှင့် အင်တာနက်အသုံးပြုခွင့် ကန့်သတ်ချက် စသည့် ပြစ်ဒဏ်များ ကျခံခဲ့ရသည်။ Michael Demon Calce ၏ ထိုးနှက်ချက်များကြောင့် အမေရိကန်နိုင်ငံရှိ စီးပွားရေး ဆာဗာများမှာ ပျက်စီးဆုံးရှူံးခဲ့ရပြီး ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းများကြောင့် အမေရိကန်ဒေါ်လာ မီလီယံခန့် ပမာဏရှိမည်ဟု ပညာရှင်များက ခန့်မှန်းသုံးသပ်ထားကြပါတယ်

9) Jeanson James Ancheta

Jeanson James Ancheta သည် hijacking နှင့် botnets များကို အသုံးပြုပြီး တိုက်ခိုက်ခဲ့သည့် ပထမဆုံးသော ဟက်ကာ ဖြစ်သည်။ ဟက်ကာများသည် Botnets များကို မကြာခဏ အသုံးပြုပြီး တိုက်ခိုက်တတ်ကြပါတယ်။ Jeanson James Ancheta သည် သူ၏ Botnets များကို ဂိမ်းများအတွင်း ထည့်သွင်းပေါင်းစပ်ပြီး အသုံးပြုသူများကို သူ၏ ထိန်းချူပ်မှူ့အောက် ရောက်ရှိအောင် လုပ်ဆောင်ခဲ့ပါတယ်။ Jeanson James Ancheta သည် Botnets ဆာဗာများ ဌာရမ်းခြင်း ရောင်းချခြင်း စသည်တရားမ၀င် လုပ်ငန်းများကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။ ထို့အပြင် Botnets များကို အသုံးပြုပြီး Websites အချို့ကိုလည်း တိုက်ခိုက်မှူ့များ ပြုလုပ်ခဲ့ပါသေးတယ်။ Jeanson James Ancheta ကို ၂၀၀၅ ခုနှစ်တွင် ဖမ်းဆီးရမိခဲ့ပြီး အမျိုးမျိုးသော ဆိုက်ဘာရာဇ၀တ်မှူ့များအတွက် ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ် သူစီးနေသောကားကို အသိမ်းခံရခြင်း ဆိုက်ဘာတိုက်ခိုက်မှူ့များမှ ရရှိထားသော ငွေကြေးအားလုံးကို ဒဏ်ကြေးအဖြစ်သတ်မှတ်ခြင်း စသည့် ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရပါသည်။

10) Chad Davis

Chad Davis သည် ဆိုက်ဘာရာဇ၀တ်မှူ့ အများဆုံးဖြင့် ဆွဲချက်တင်ခြင်း ခံရသော ဟက်ကာတစ်ဦးဖြစ်သည်။ Chad Davis ၏ အကြီးမားဆုံးတိုက်ခိုက်မှူ့မှာ အမေရိကန် အိမ်ဖြူတော် Website ၏ မူရင်းစာမျက်နှာကို ပြောင်းလဲပစ်ခဲ့ခြင်း ဖြစ်သည်။ Chad Davis ၏ ဟက်ကာအဖွဲ့အမည်မှာ “GlobalHell” ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များသည် GlobalHell အဖွဲ့ဝင်များကို စတင်ဖမ်းဆီးခဲ့သည်။ ထို့နောက်တွင် Chad Davis သည် သူ၏ အဖွဲ့ဝင်များကို ဖမ်းဆီးခြင်းအား လက်စားချေသောအားဖြင့် အမေရိကန် စစ်ဘက်ဆိုင်ရာ Website တစ်ခုကို တိုက်ခိုက်ခဲ့ပြီး Website ၏ မူလစာမျက်နှာတွင် “GlobalHell Will Not Die” ဟူသော စာတမ်းပါ စာတစ်စောင်အား ရေးထားပစ်ခဲ့သည်။ Chad Davis ကို ဆိုက်ဘာရာဇ၀တ်မှူ့ပေါင်းများစွာဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြစ်မှူ့ထင်ရှားသည့်အတွက် ထောင်ဒဏ် ၆ လ ၊ သုံးနှစ် စောင့်ကြည့်ကာလ နှင့် ကွန်ပြူတာအသုံးပြုခွင့် ပိတ်ပင်ခြင်း စသည့် ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရသည်။ ယခုအခါ Chad Davis သည် နည်းပညာလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ကုမ္ပဏီများအား ဟက်ကာများတိုက်ခိုက်မှူ့မှ ကာကွယ်ပေးသော Security Professional တစ်ဦးအဖြစ် ရပ်တည်လျှက် ရှိပါသည်။

System များအားလုံးသည် ပြည့်စုံသော စံနစ်ဟူ၍ မရှိပေ။ အားနည်းချက်ဆိုသည်မှာ တစ်နေရာမဟုတ်တစ်နေရာတွင် ရှိနေမည်ဖြစ်သည်။ အားနည်းချက်များသည် စံနစ်ကြောင့် ဖြစ်ပေါ်တတ်သလို လူတို့၏ မှားယွင်းစွာ ထိန်းချူပ်မှူ့များကြောင့်လည်း ဖြစ်ပေါ်တတ်ပါတယ်။ ဟက်ကာများသည် ထိုအားနည်းချက်များကို စူးစမ်းရှာဖွေ တိုက်ခိုက်လေ့ရှိကြပါသည်။ ကမ္ဘာ့ထိပ်တန်း ဟက်ကာများသည် ယနေ့အချိန်တွင် များစွာ ပေါ်ထွက်လာလျှက်ရှိပါသည်။ သူ့ထက်သူ လူစွမ်းကောင်းဆိုသည့်အတိုင်း အစွမ်းထက်ဟက်ကာများလည်း နေ့စဉ်နှင့်အမျှ ပေါ်ပေါက်လာလျှက်ရှိပါတယ်။ စံနစ်တစ်ခုအတွင်းသို့ ထိုးဖောက်ဝင်ရောက်ခြင်း နည်းပညာကို အသုံးပြုပြီး လိမ်လည်လှည့်ဖြားခြင်း စသည်တို့သည် ဆိုက်ဘာ ရာဇ၀တ်မှူ့များဖြစ်သည်။ ရာဇ၀တ်ဘေးဆိုသည်မှာ ပြေးမလွတ်နိုင်ချေ။ နည်းပညာများ တိုးတက်ထွန်းကားလာသည်နှင့်အမျှ ခြေရာခံလိုက်နိုင်သည့် စံနစ်များလည်း အထူးပင် ကောင်းမွန်လာလျှက်ရှိသည်။ ထို့ကြောင့် မည်မျှပင်တော်သည့် ဟက်ကာဖြစ်စေကာမှူ့ ရာဇ၀တ်ဘေး ပြေးမလွတ်နိုင်ချေ။ စာချစ်သူများအနေဖြင့် ကမ္ဘာ့ထိပ်တန်း ဟက်ကာများအကြောင်းကို ဗဟုသုတရစေခြင်း အကျိုးငှာ တင်ဆက်လိုက်ရပါတယ်ခင်ဗျာ။

Ref: - ကိုရီချင် (MEHN Team)
Posted:Myartko Orange

No comments:

Post a Comment