သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Wednesday, December 14, 2011

ဖြူနုရှင်းသန့် ၀င်းဖန့်ဖန့် အသားအရေ

ဖြူနုရှင်းသန့် ၀င်းဖန့်ဖန့် အသားအရေ

 
အလှအပကို အရေးပေး ဂရုစိုက်လာတဲ့ ခေတ်ကြီးမှာ အသားအရောင်ဟာ အရေးကြီးတဲ့ကဏ္ဍက ပါဝင်လို့နေပါတယ်။ တောက်ပစိုပြေတဲ့ အသားအရေဟာ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက် တစ်ခုလိုပါပဲ။ အသားအရေ ညိုမည်း ညစ်နွမ်းနေလို့ စိတ်ညစ်နေသူတွေလည်း ထိရောက်တဲ့ ကုထုံးလေးတွေနဲ့ လှပစိုပြေတဲ့ အသားအရေကို ပြောင်းလဲနိုင်ပါပြီ။ စမ်းကြည့်ကြရအောင်နော်..။

Diet and drink
နေ့စဉ်နေ့တိုင်း အစိမ်းရောင် အသီးအရွက်တွေ၊ သစ်သီးတွေ များများစားပြီး ရေလည်း များများ သောက်မယ်ဆိုရင် သင့်အသားအရေဟာ အံ့သြဖွယ်ရာ ကောင်းလောက်အောင် စိုပြေတောက်ပလာမှာပါ။

Proper Care
ညအိပ်ရာ ၀င်ခါနီးတိုင်းမှာ မျက်နှာကို သေချာစွာ သန့်စင်ပါ။ Toner နဲ့ Moisturize ကို သေချာစွာ အသုံးပြုပေးပါ။
Read more>>

Exfoliation process
 အရေပြားဟာ နေ့စဉ်နေ့တိုင်း အန္တရာယ်ရှိနိုင်တဲ့ အရာတွေနဲ့ ထိတွေ့နေရပါတယ်။ အရေပြားရဲ့ အပေါ်ယံ အလွှာမှာလည်း ဆဲလ်အသေတွေက တဖြည်းဖြည်း စုပုံလို့နေပါတယ်။ ဒီဆဲလ်အသေတွေကို ဖယ်ရှားပေးရုံနဲ့ ရှင်းသန့်ကြည်လင်တဲ့ အသားအရေကို ရရှိနိုင်ပါတယ်။ သင့်အသားအရေနဲ့ သင့်တော်မယ့် Facial Scrub ကောင်းကောင်းကို တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်သုံးပေးပါ။

Proper makeup
လှပတဲ့ အသားအရေဖြစ်ဖို့ သင့်အသားအရေနဲ့ လိုက်ဖက်တဲ့ မိတ်ကပ် ကောင်းကောင်းလည်း လိုပါတယ်။ မိတ်ကပ်နဲ့ Concealerကို ရွေးချယ်ရာမှာ သင့်အသားအရောင်ထက် တစ်ဆင့် ပိုလင်းတဲ့အရောင်ကို ရွေးချယ်ပါ။ ပန်းရောင်၊ အနီရောင်နဲ့ အညိုရောင် နှုတ်ခမ်းနီတွေကလည်း သင့်အသားအရေကို ပိုမို ၀င်းပလာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

Workout habits
တက်ကြွတဲ့ လူနေမှုပုံစံနဲ့ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း ကလည်း သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အသားအရေ စိုပြေလှပစေပါတယ်။


Good mind
အကောင်းမြင် စိတ်ထား၊ ချိုမြိန်တဲ့အပြုံးနဲ့ နွေးထွေးတဲ့ နှလုံးသားဟာ သင့်ကို အလှဆုံးဖြစ်အောင် စွမ်းဆောင်ပေးနိုင်မှာပါ။


ဘေးထွက်ဆိုးကျိုး မရှိတဲ့ သဘာဝနည်းလမ်းကောင်းလေးတွေကလည်း အသားအရေ ဖြူဝင်းလာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

  • နနွင်းမှုန့်နှင့် လိမ္မော်ရည်ကို သမအောင်ရောမွှေပြီး မျက်နှာအနှံ့ လိမ်းပေးပါ။ မိနစ် ၂၀ ခန့် ကြာသောအခါမှ မျက်နှာသစ်ပါ။
  • ဒိန်နှင့် သခွားသီးရည်ကို သေချာစွာရောမွှေပြီး မျက်နှာပေါ်တွင် သုတ်လိမ်းပေးရတဲ့ နည်းပါ။ ၃-၄ ရက်ခန့် ဆက်တိုက် လုပ်ရမှာဖြစ်ပါတယ်။
  • နို့ရည်သည် နုပျိုလှပခြင်းကို ဂရုစိုက် ထိန်းသိမ်းသည့် နည်းလမ်းများထဲမှ ကျန်းမာရေး အတွက်လည်း သင့်တော်သော နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ မကျိုချက်ရသေးသော နွားနို့အနည်းငယ်ကို အရေပြားပေါ်တွင် ညင်သာစွာ ပွတ်လိမ်းပေးပါ။ အတန်ငယ်ကြာလျှင် မျက်နှာသစ်ပေးပါ။ သန့်ရှင်းဖြူဝင်းတဲ့ အသားအရေကို ရရှိမှာဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ အလှအပဗဟုသုတ အတိုအထွာလေးတွေကို Facebook က Myanmar Sky Link Page မှာ ဖော်ပြပေးသွားမှာပါ သူငယ်ချင်းတို့ရေ..။ ဒါကြောင့် Facebook Page ကို Like ပေးထားရင် ပိုအဆင်ပြေမှာပါ။ ပို့စ်တွေ ဘယ်ဘက်က Facebook Like Box မှာလည်း Like လုပ်လို့ ရပါတယ်ရှင်။ Facebook မှာ Like ပေးထားရင် ပို့စ်အသစ်တင်တိုင်း သိနိုင်ပါတယ် သူငယ်ချင်းတို့ရေ..  Thx A Lot !!!
ပို့စ်ကို ကူးယူဖော်ပြမယ်ဆိုရင် 
Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com    မှ ကူးယူဖော်ပြပါသည်

No comments:

Post a Comment