သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Wednesday, December 14, 2011

Ohh….ဗောက်တွေ…..ဘယ်လိုလုပ်ရပါ့ !!!

Ohh….ဗောက်တွေ…..ဘယ်လိုလုပ်ရပါ့ !!!

    

“ခေါင်းက ယားလိုက်တာ …. ဆံပင်မှာ အဖြူဖတ်တွေ အများကြီးပဲ” ဆိုပြီး စိတ်ညစ်ရတဲ့ဗောက်ပြဿနာဟာ လူတော်တော်များများ မှာဖြစ်နေတဲ့ အရေပြားပြဿနာ တစ်မျိုးပါ။ ဒါပေမဲ့ မပူပါနဲ့။ ဗောက်ကိုနိုင်တဲ့ ဆေးစွမ်းကောင်းလေးတွေနဲ့ နည်းလမ်းကောင်းလေးတွေ အများကြီးရှိပါတယ်။ ဘယ်လိုတွေကြောင့် ဗောက်ဖြစ်လာရသလဲ၊ ဗောက်တွေကို ဘယ်လို အနိုင်ယူ ရမလဲဆိုတာ လေ့လာကြစို့..  Let's go !!!!
Read more>>


    



ဘာကြောင့် ဗောက်တွေဖြစ်လာရတာလဲ ??
- ဗောက်ဟာ မှိုတစ်မျိုးကြောင့် ဖြစ်လာတာပါ။
- အဲ့ဒီမှိုဟာ အရေပြားပေါ်က အဆီတွေကိုစားသုံးပြီး အသက်ရှင်ပါတယ်။
- ခေါင်းလျှော်ရည်တစ်ချို့မှာပါတဲ့ အဆိပ်အတောက်တချို့ကြောင့်လည်း ဦးရေပြားမှာ မှိုစွဲနိုင်ပါတယ်။

ဗောက်တွေကို ဘယ်လိုအနိုင်ယူရမလဲ ??
Don’t Worry,Be Happy !!!  
- ဗောက်တွေကြောင့် စိတ်ညစ်မနေပါနဲ့။
- စိတ်ဖိစီးမှုများရင် ကိုယ်ခံအားကို ထိခိုက်စေလို့ ဗောက်အပါအ၀င် တခြားရောဂါတွေကိုပါ ဖိတ်ခေါ်နေသလိုပါပဲ။
- ဒါကြောင့် ခုချက်ချင်း စိတ်ကို ဖြေလျှော့လိုက်တော့နော်..။
- ဒါဟာ သင့်ကို နှောက်ယှက်နေတဲ့ ဗောက်တွေကို တွန်းထုတ်ဖို့ အစပျိုးလိုက်တာပါပဲ။
Eat A Healthy, Balanced Diet   
- ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာတွေဟာ ဦးရေပြားကျန်းမာရေးကိုလည်း ကောင်းမွန်စေတယ်လေ။
- ဇင့်ဓာတ်၊ Omega-3 fatty acid, Vitamim E  နဲ့ Vitamin B အုပ်စုတွေ များများပါဝင်တဲ့ အစားအစာတွေကို များများစားသုံးပေးပါ။
- အချိုနဲ့  တဆေး အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကြဉ်ပါ။
- ဘယ်အာဟာရဓာတ်တွေအတွက် ဘယ်အစားအစာတွေကို စားသုံးရမယ်ဆိုတာကို သဘာဝရဲ့ အာဟာရ မှာ ဖတ်ရှုနိုင်ပါတယ်နော်။

Limit Your Use OF Hair Styling Products
- Hair Spray, Mousse နဲ့Hair Gel တွေဟာ အခန့်မသင့်ရင် ဗောက်ပြသနာကို ပိုမိုဆိုးဝါး စေနိုင်တယ်လေ။
- တကယ်လို့ သင်ဟာ ဆံပင်အတွက် ပစ္စည်းသစ် တစ်ခုခုကို ပြောင်းသုံးပြီးမှ ဗောက်တွေ ဖြစ်လာတယ် (သို့မဟုတ် ) ပိုဆိုးလာတယ် ဆိုရင်တော့ အဲဒီပစ္စည်းကို ဆက်မသုံးပါနဲ့တော့။
-Tea Tree Oil သို့မဟုတ် သဘာဝ ဆေးဘက်ဝင် ပစ္စည်းများနဲ့ ဖော်စပ်ထားတဲ့ ထုတ်ကုန်တွေကိုတော့ သုံးစွဲနိုင်တယ်နော်။

Wash your hair regularly
- ဗောက်တွေဟာ အဆီများတဲ့ ဦးရေပြားနဲ့ ဆံပင်တွေကြောင့် ပိုဆိုး သွားနိုင်ပါတယ်။
- ဒါကြောင့် ခေါင်းကိုမှန်မှန် လျှော်ပေးဖို့လိုတယ်နော်။
- ခေါင်းလျှော်တဲ့အခါ  (Anti dandruff shampoo ကိုအသုံးပြုပြီး)  ဦးရေပြားကို နှိပ်နှယ်ပေးပါ။
- ပြီးတော့ ရေဆေးချပြီး ခေါင်းကို နောက်တစ်ကြိမ် ထပ်လျှော်ပါ။
- ပထမ တစ်ကြိမ် ခေါင်းလျှော်တဲ့အခါ ဦးရေပြားက စီးကပ်နေတဲ့ အဆီတွေကို ပြိုကွဲသွားစေပြီး ကျန်ရှိနေတဲ့ အဆီတွေနဲ့ အညစ်အကြေး အားလုံး သန့်စင်သွားဖို့ ဒုတိယအကြိမ် ထပ်လျှော်ရတာပါ။
- ဒါပေမယ့် Anti Dandruff Shampoo တွေရဲ့ အသုံးပြုပုံတွေက မတူညီလို့ အသုံးပြုပုံ လမ်းညွှန်ချက်ကို အရင်ဆုံးဖတ်ကြည့်ပြီး အဲဒီအတိုင်း လိုက်နာတာ အကောင်းဆုံးပါပဲ။
- အစိုးရိမ်လွန်ပြီးတော့လည်း အရမ်းပြင်းတဲ့ခေါင်းလျှော်ရည်တွေနဲ့ ခေါင်းကို ခဏခဏတော့ မလျှော်လိုက်ပါနဲ့။
- ဦးရေပြား ဒဏ်ဖြစ်ပြီး ဗောက်ပြသနာလည်း ပိုဆိုးနိုင်လို့ပါပဲ။

Use Antidandruff shampoo
- ခေါင်းလျှော်တိုင်း Antidandruff shampoo ကို အသုံးပြုပါ။
- တကယ်လို့ Antidandruff shampoo သုံးပြီး ပိုဆိုးလာရင် အဲဒါကို ဆက်မသုံးပါနဲ့တော့။
- Antidandruff shampoo တံဆိပ်တစ်မျိုးမျိုးကို စွဲသုံးပြီး ဗောက်တွေ မသက်သာရင်လည်း နောက်တံဆိပ်တစ်မျိုးကို ပြောင်းသုံးပါ။
- အခြေအနေ အရမ်းဆိုးရင်တော့အရေပြား ဆရာဝန်နဲ့ ပြသသင့်ပါပြီ။


May be due to allergy
- သင်ဟာ ဓာတ်မတည့်ခြင်းတွေ ခဏခဏဖြစ်တတ်တဲ့သူလား။
- ဒါဆိုရင်တော့ သင့်ရဲ့ဗောက်ပြသနာဟာ ဓာတ်မတည့်ခြင်းကြောင့် ဖြစ်ဖို့များတယ်နော်။
- သင်အသုံးပြုတဲ့ ဆံပင်အလှပြင်ပစ္စည်းတွေကို ပြန်စစ်ဆေးကြည့်ပါ။
 - အပျော့စားပစ္စည်းများကိုသာ အသုံးပြုပါ။

See dermatologist if problem persists
- တကယ်လို့ သင်ဟာ ဗောက်တွေပျောက်ကင်းဖို့ နည်းလမ်းမျိုးစုံ သုံးကြည့်ပြီး မအောင်မြင်ဘူး ပိုဆိုးလာတယ် ဆိုရင်တော့ အရေပြားအထူးကုဆရာဝန်နဲ့ ပြသပါ။

General tips for dandruff
       
   သတိပြုစရာလေးတွေကတော့....
- ခေါင်းယားတယ်ဆိုပြီး ခေါင်းကို အရမ်းမကုတ်ပါနဲ့။ ဦးရေပြားတွေကို ဒဏ်ဖြစ်စေနိုင်တယ်နော်။
- အဖြူရောင် ဗောက်ဖတ်တွေ အင်္ကျီပေါ်ကျလာခဲ့ရင် မမြင်ရအောင် အရောင်ဖျော့ဖျော့ အင်္ကျီတွေကိုသာ ရွေးချယ်ဝတ်ဆင်ပါ။

Natural tips for dandruff    
- Vinegar (ရှာလကာရည်) ၃ ဇွန်းနဲ့ ရေ ၇ ဇွန်းကိုရောမွှေပါ။ အိပ်ရာဝင်ခါနီးမှာ ဦးရေပြားပေါ်သို့ သုတ်လိမ်းပေးပါ။ မနက် အိပ်ရာက ထတဲ့အခါ ခေါင်းလျှော်ရည် အပျော့စား ၊ ဆံပင်ပျော့ဆေး တို့ကိုသုံးပြီး ရေနွေးလေးနဲ့ ခေါင်းလျှော်နော်။   
- ရှောက်သီး၊ သံပုရာသီး၊ သံပရိုသီး တစ်မျိုးမျိုးရဲ့အရည် လ္ဘက်ရည်တစ်ဖန်ခွက်စာနဲ့ ရောတစ်ခွက်ကို ရောလိုက်ပါ။ ပြီးတော့ ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ပေါ်ကို ဖြည်းဖြည်းလောင်းချပြီး ၅ မိနစ်ကြာတဲ့အခါ ရေဆေးချလိုက်ရုံပဲ။ ဗောက်လည်း ပျောက်တဲ့အပြင် ဆံပင်တွေလည်း နူးညံ့စေတဲ့ နည်းလေးပါပဲ။
- သံလွင်ဆီနဲ့ မက်မွန်ဆီကို ဆတူရောမွှေပြီး ဦးရေပြားကို သုတ်လိမ်းပါ။ ခဏကြာတဲ့အခါ ခေါင်းလျှော်လိုက်ပါ။ ပျော့ဆေးလည်း သုံးပေးဖို့ မမေ့နဲ့နော်။

ကဲ.. သင်ကြောက်နေတဲ့ ဗောက်တွေကို လွယ်လွယ်လေးနဲ့ အနိုင်ယူနိုင်ပြီနော်.. Don't Worry., Be Happy !!!
ကျန်းမာရေးနဲ့ အလှအပဗဟုသုတ အတိုအထွာလေးတွေကို Facebook က Myanmar Sky Link Page မှာ ဖော်ပြပေးသွားမှာပါ သူငယ်ချင်းတို့ရေ..။ ဒါကြောင့် Facebook Page ကို Like ပေးထားရင် ပိုအဆင်ပြေမှာပါ။ ပို့စ်တွေ ဘယ်ဘက်က Facebook Like Box မှာလည်း Like လုပ်လို့ ရပါတယ်ရှင်။ Facebook မှာ Like ပေးထားရင် ပို့စ်အသစ်တင်တိုင်း သိနိုင်ပါတယ် သူငယ်ချင်းတို့ရေ..  Thx A Lot !!!
ပို့စ်ကို ကူးယူဖော်ပြမယ်ဆိုရင် 
Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com    မှ ကူးယူဖော်ပြပါသည်

No comments:

Post a Comment