သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Monday, December 26, 2011

ပါတီညီလာခံတွင် မိန်ကြားသည့် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌကြီး ဦးနေ၀င်း၏မိန့်ခွန်း

- ပါတီညီလာခံတွင် မိန်ကြားသည့် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌကြီး ဦးနေ၀င်း၏မိန့်ခွန်း
-ရန်ကုန်သား
-၂၆-၁၂-၂၀၁၁





နိဒါးန်း
ဆရာကြီး ဦးသန်းထွန်း၏ "မအရအောင် သမိုင်းကိုလော့ပါ" ဟု အဆိုအရ ဦးနေ၀င်း၏ နောက်ဆုံးမိန့်ခွန်းကို မဖတ်မှီ -
--ဟစ်တိုင်သူ့ အတွေးအမြင်မှ ဖိုးသောကြာ၏ နံမည်ကြီးပြီးအလုပ်ဖြစ်ဖို့လိုသည်။
-- ၀င်းဇော်၏် ၈၈၈၈ကျဆုံးရသည့် အကြောင်းရင်းနှင့်
--အမှတ်တရကဏ္ဍမှ ဦးချစ်လှိုင်၏ တခါကမဆလပါတီ။
ကို ဖတ်ရှုပြီးမှ ဦးနေ၀င်း၏ နောက်ဆုံးမိန့်ခွန်းကိုဖတ်ကြည့်လျှင် ၈လေးလုံးသမိုင်းမှန်ကို ကိုယ်ပိုင်စဉ်းစား ဥာဏ်ဖြင့် ဖေါ်ထုတ်နိုင်မည်ဟု ယူဆပြီး အသုံးချနိုင်ငံရေး သားကောင်အဖြစ်မှ ရှောင်ရှားနိုင်မည်ဟ မျှော်လင့်ပါသည်။


ရန်ကုန်သား



----------------------------------


၁၉၈၈ ခု၊ ဇူလိုင်လ ၂၃ ရက် (စနေနေ့)၊ ရန်ကုန်မြို့ ကျိက်ကဆံကွင်း ဆရာစံ ခန်းမတွင်ကျင်းပသော မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ အရေးပေါ် ပါတီ ညီလာခံတွင် မိန်ကြားသည့် မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌကြီး ဦးနေ၀င်း၏မိန့်ခွန်း


ပါတီညီလာခံ ကိုယ်စားလှယ်များခင်ဗျာ၊ အထူးအရေးပေါ် ညီလာခံ ခေါ်ရတဲ့ အကြောင်း မှာ ဒီညီလာခံမှာ တင်ပြဆွေးနွေး အတည်ပြုပြီး လုပ်ငန်း အဖြစ် အကောင်အထည် ဖေါ်ရမယ့် အချက်တွေကို တင်ပြပါမည်။

တင်ပြတဲ့အထဲမှာ အခြားဖေါ်ပြသင့်တဲ့အချက်တွေကိုတင်ပြပါမည်။
တင်ပြတဲ့အထဲမှာ အခြားဖေါ်ပြသင့်တဲ့အချက် အလက်များလည်းပါ ပါလိမ့်မည်။


၁၉၈၈ ခုနှစ်၊ မတ်လနှင့် ဇွန်လများမှာ ဖြစ်ပျက်ခဲ့တဲ့ သွေးထွက်သံယို အရေးအခင်းများဟာ အစိုးရအဖွဲ့နဲ့ ထိုအဖွဲ့ကို ဦးဆောင်နေတဲ့ ပါတီကို ပါအယုံအကြည် ကင်းမဲ့နေတာကို ထို ရုန်းရင်းဆန်ခတ်တွင် ကိုယ်တိုင်ပါဝင် သူများနှင့် နောက်မှ အားပေးနေသူများက ပြလိုက်တယ်လို့ ယူဆပါတယ်။

တစ်တိုင်းပြည်လုံးလူထုအနေနဲ့ဒီယုံကြည်မှု့ကင်းမဲ့သူဘက်က အများစုလား၊ အနည်းစုလား ဆိုတာကို ဆန်းစစ်ဖို့လိုပါလိမ့်မယ်။ တစ်ပါတီစနစ် သို့မဟုတ် ပါတီစုံစနစ် ဆိုတဲ့ စနစ်နှစ်ခုမှဘယ်စနစ်ကို ရွေးပါသလဲလို့ တစ်ပြည်လုံး လူထုဆနခံယူပွဲ ကျင်းပရင်းဆန်းစစ်မှု့ အဖြေပေါ်နိုင်မည်ဟု ယူဆတာကြောင့် တစ်ပြည်လုံး လူထုဆနခံယူပွဲ ကျင်းပပေးပါရန်ယခု ညီလာခံသို့တင်ပြပါသည်။



ပါတီစုံစနစ်ဘက်မဲသာလျှင် လက်ရှိအဖွဲ့စည်းပုံ အခြေခံရပ်မှ အခန်း (၁)၊ အပိုဒ် (၁၁) ပါ နိုင်ငံတော်၏ တစ်ခုတည်းသော ပါတီသည်မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ပါတီဖြစ်၇်ျ နိုင်ငံတော်ကို ဦးဆောင်သည် ဆိုသည့်စာပိုဒ်ကို ပါတီစုံစနစ်နှင့် ကိုက်ညီသော စာသားများဖြင့် အစားထိုးမည်။

တစ်ပြည်လုံး လူထုဆနခံယူပွဲကျင်းပရာမှာမဲပေးရာတွင် အဆင်ပြေမှု့၊ မဲပြားများ ထုတ်လုပ်ရေးပြည့်စုံမှု့ စသည်တို့ကို စီစဉ်ရန် သင့်တော် သည့်အချိန်လိုအပ်ပါသည်။

အကြမ်းဖျင်းပြောရရင် စက်တင်ဘာလကုန်အထိသာ သတ်မှတ်သင့်ပါသည်။ ဖြစ်နိုင်လျှင် အဲ့ဒီရက်ထက် စောပြီးကျင်းပ ပေးသင့်ပါသည်။
ဆန္ဒခံယူပွဲပြီးရ်ျ ပါတီစုံစနစ်ဘက်ကမဲသာလျှင် အမြန်ဆုံးပါလီမာန်အသစ်ရွေးကောက်ပွဲကျင်းပပေးရပါမယ်။
နိုင်ငံသား စစ်စစ်တို့ဖြင့် ဖွဲ့စည်းထား သောပါတီများ၊ အဖွဲ့စည်းများနှင့် နိုင်ငံသားတစ်ဦးချင်းတစ်သီးပုဂ္ဂလတို့ တွင်ရွေးကောက်ပွဲကြီးကြပ်ရေးအဖွဲ့ထံတွင်မှတ်ပုံ တင်ကြရပါမည်။

မှတ်ပုံတင်ရက်နောက်ဆုံး နေ့ကိုသတ်မှတ်ရပါမည်။ မှတ်ပုံတင်ရက်နောက်ဆုံးနေ့ သတ်မှတ်ရေး တစ်ဦးချင်း တစ်သီးပုဂ္ဂလတို့ကို ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပေးသင့် မပေးသင့်ဆိုသည့်လုပ်ငန်းများကို ရွေးကောက်ပွဲကြီးကြပ်ရေး အဖွဲ့သည် ပါဝင်ယှဉ်ပြိုင်မည့်အဖွဲ့များ နှင့်ညှိနှိုင်း ဆောင်ရွက်သင့်ပါသည်။

ထိုမှတ်ပုံတင်ကန့်သတ်ရက်ကုန်ဆုံးပြီး နောက်လွှတ်တော်သစ် ကိုယ်စားလှယ်များ ရွေးကောက်ပွဲကျင်းပရက်ကို ရွေးကောက်ပွဲ ကြီးကြပ်ရေး အဖွဲ့သည်မှတ်ပုံတင်ပြီး အဖွဲ့အစည်းများနှင့် ညှိနှိုင်းသတ်မှတ်သင့် ပါသည်။


ရွေးကောက်ပွဲရက်ကို အမြန်ဆုံးသတ်မှတ်နိုင်က အားလုံးအတွက် အကောင်းဆုံး ကျေနပ်မှု့ကို ရလိမ့်မည်ဟု ကျွန်တော့် အယူအဆကို တင်ပြ ပါသည်။ ထိုရွေးကောက်ပွဲမှ တင်မြှောက်လိုက်သောလွှတ်တော် သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားလိုအပ်သည့် ဥပဒေများကို မိမိတို့အဖွဲ့ အလျောက်ရေး ကိုယ်စားလှယ်များ လွှတ်တော်မှ ထပ်ဆင့် ရွေးကောက်ဖွဲ့စည်းလိုက်သော ကွတ်ကဲနိုင်သည် အထိ လက်ရှိ တာဝန်ယူထားသည့် အဖွဲအစည်း အစိုးရအဖွဲ့ကသောင်းကနင်း ကစဥ့်ကလျား မဖြစ်ရအောင် တာဝန်ယူပေးပါရန် မေတ္တာ ရပ်ခံပါသည်။

တစ်ပါတီစနစ်ကိုပဲ လူထူအများစုက ဆနပြုကြလို့ရှိရင်တော့ လက်ရှိပါတီနှင့်အဖွဲ့အစည်းများက ပြုပြင်ထားသည့်အချက်များ နှင့်ဆက်လက် လက်ခံထားသည့် စည်းကမ်းများနှင့် အညီ ဆက်လက်ဦးဆောင်သွားရပါမည်။

အဲဒီလို လက်ရှိပါတီက အဲဒီလိုလက်ရှိပါတီကပဲ ဦးဆောင်သွားတဲ့ အခါမှာ ကျွန်တော့်ရဲ့အခန်းကို အထူး ဖေါ်ပြလိုပါတယ်။ ကျွန်တော်ဟာမတ်လ၊ ဇွန်လ များအတွင်းက စိတ်မချမ်းမြေ့စရာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေအတွက် သွယ်ဝိုက်သောနည်းဖြင့်တာဝန်မကင်း သူဟု ယူဆတာကတစ်ကြောင်း၊ အသက်အရွယ်လည်း ထောက်လာတာ တစ်ကြောင်း တို့ကြောင့် ပါတီဥက္ကဌ တာဝန်နဲ့ပါတီဝင်အဖြစ်မှ ထွက်ခွင့် ပေးကြပါလို့ ပါတီဝင်တွေကိုမေတ္တာရပ်ခံလိုပါတယ်။

ပါတီဝင်အဖြစ်မှ ထွက်ခွင့် ပြုနိုင်ရန် ပါတီဝင်တို့စောင့်ထိန်းလိုက်နာရမယ့် စည်းကမ်းမျာပါ အပိုဒ်ခွဲ (ဂ) ကိုပြင်ရပါမယ်။ ပြင်ပေးကြပါဟု မေတာရပ်ခံအပ်ပါတယ်။ စည်းကမ်းကိုမပြင်လိုကြလျှင်လည်း အထူးခြွင်းချက် အဖြစ် ထိုညီလာခံက ဆောင်ရွက်ပေးပါရန် မေတာရပ်ခံပါသည်။

အရင်ကကျွန်တော်အနားယူလိုရ်ျ ဥက္ကဌတာဝန်ကထွက်ဖို့ပြောတိုင်း တိုင်ပင်ဖေါ် တိုင်ပင်ဖက် လုပ်ဖေါ်ကိုင်ဖက်တွေက တားကြသဖြင့် နိုင်ငံရေး သံသရာအတွင်းမှာ စိတ်မချမ်းသာဘဲနှင့် တ၀ဲဝဲလည် ကျင်လည်နေခဲ့ ရပါတယ်။ ယခုအခ်ါတိုင်ပင်ဖေါ် တိုင်ပင်ဖက်တွေကပါ ထွက်ခွင့်သူတို့ပါ ကျွန်တော်နှင့် တစ်ချိန်တည်း ထွက်ပါရစေတော့ဆိုပြီး ကျွန်တော့်လက်ထဲအပ်ထားကြပါတယ်။

သူတို့ဆိုတာက (၁) ဦးစန်းယု၊
(၂) ဦးအေးကို၊
(၃) ၊ (၄) ဦးထွန်းတင်၊
(၅) ဦးကျော်ထင်တို့ပါပဲ၊
အခြားပါတီကထွက်လိုသူတွေ လူကြီးပိုင်း တာဝန်ကြီးကြီးယူရတဲ့ တော်တော်များများရှိပါတယ်။

အဲ့ဒီပဂ္ဂိုလ်တွေကိုကိုလည်းယူပြီး လိုတာဝန်တွေကို လက်လွှဲပြီးတဲ့အခါ သူတို့ဆန္ဒကို ထိုညီလာခံထားကြောင်း အဆုံးအဖြတ်ပေးထားစေချင်ပါတယ်။
ထွက်လိုသူတွေ ထိုညီလာခံ ကျင်းပနေခိုက် အချိန်မီထွက်စာပြောလိုပါတယ်။

အားလုံးကို အတိုချံးပြီး ပြန်ပြောရရင်တော့
(က) တစ်ပါတီစန်၊ ပါတီစုံစနစ်ဆိုတဲ့စနစ်နှစ်ခုတည်းမှဘယ်စနစ်ကိုနိုင်ငံတော် လူထုအများစုက ရွေးသလဲဆိုတာကို တစ်တိုင်းပြည်လုံး ရွေးကောက်ပွဲ ကျင်းပပြီးအဆုံး အဖြတ်ယူဖို့ ညီလာခံကို တင်ပြပါတယ်။

(ခ) ပါတီစုံစနစ်ကိုအများစုက ထောက်ခံရင် အထက်က ကျွန်တော်ပြောခဲ့တဲ့ ပါတီစုံစနစ်နှင့် ပတ်သက်ပြီး အချက်အလက်တွေနှင့်အညီ ဆောင်ရွက်သွား ရပါမည်။

(ဂ) တစ်ပါတီ စနစ်ကို လူအများစုက ထောက်ခံလျှင်လည်း ကျွန်တော်တို့အနားယူချင်သူ၊ ထွက်ချင်သူတွေရဲ့ ဆနကိုလိုက်ရောကာ ထွက်ခွင့်ပေးပြီး ကျန်တဲ့ ပါတီဝင်တွေက နိုင်ငံတော်တာဝန်ကို ဆက်လက်ထမ်း ဆောင်ကြပါ၊

(ဃ) ကျွန်တော်နှင့်အတူ ထွက်လိုသူတွေဆနကိုလိုက်လျှောာကပါ၊

(င) ပါတီစုံစနစ် သို့မဟုတ် တစ်ပါတီစနစ်ဆိုတဲ့စနစ် နှစ်စနစ်တည်းမှ ဘယ်စနစ်ကိုပဲ လူထုကထောက်ခံ ထောက်ခံ ကျွန်တော်တော့နိုင်ငံရေး လောကက ထွက်ပြီး နိုင်ငံရေးကိုကျောခိုင်း တော့မည်ဆိုတာကြေညာရင်း လိုပ်ပါတယ်။

ဒါကတော့ ညီလာခံနဲ့ပတ်သက်လို့ ကျွန်တော်ပြောပြီး ပြီ သို့သော်လည်း လက်ငင်းဖြစ်ပျက်နေတဲ့အခြေနေ တောင်ကြီးမှာဖြစ်ပျက်တဲ့ကိစ္စ၊ ပြည်မြို့မှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေဟာ အတုမြင်အတတ်သင် ဆိုသလိုစည်းမဲ့ ကမ်းမဲ့လုပ်ချင်တိုင်း လုပ်လို့ရတယ် ဆိုတဲ့အယူအဆများ ရှိနေကြသလား မပြောတတ်ဘူး။


လွန်ခဲ့တဲ့လ ရန်ကုန်မှာ ဖြစ်ပျက်တဲ့ အခြေအနေအရပ်ရပ်ကို နေသွေးထွက်သံယို မဖြစ်ရအောင် ထိန်းထိန်း သိမ်းသိမ်း လုပ်ဖို့လို့ကျွန်တော်ပြောခဲ့ပါတယ်။

စီစဉ်ပေးတယ်လို့ဖြစ်ပျက်လာတဲ့ အကြောင်း အရာတွေဟာ ကျွန်တော်တို့လုပ်ရတာလည်း မဟုတ်၊ ဖြစ်ပျက်တဲ့ကိစ္စဟာ အရပ်သားနဲ့ကျောင်းသား ရည်ဆိုင် တစ်ဆိုင်မှာ အရပ်သားနဲ့ ကောင်းသားဖြစ်အနေနဲ့ တာဝန်အရ ၀င်ပြီးတော့ မဆောင်ရွက်လို့လအစိုးရတာဝန်ရှိသူတွေကြောင့် ၀င်ဆောင်ရွက်ရတယ်။
ဆောင်ရွက်တော့ ဘာအဖြေပေါ်သလဲ၊
ကျောင်းသားနဲ့ အရပ်သား ရန်ဖြစ်တာဟာ ပျောက်သွားပြီးတော့ အစိုးရနဲ့ကျောင်းသား ထိပ်တိုက်တွေ့တယ်၊
အဲဒါကြောင့်မို့လို့ နောင်ကို ဒါမျိုးမဖြစ်အောင် ရှောင်ရအောင် ဆိုပြီးတော့ အမျိုးမျိုးကျွန်တော်တို့လုပ်ကြပါတယ်။

အခုပြည်မှာဖြစ်ပျက်ခဲ့တဲ့ အရေးအခင်းဟာ (၁၆)ရက်နေကကစပြီး (၁၇)ရက်နေ့မှာ ကျွန်တော်တို့သိရပါတယ်။
(၁၇)ရက်နေက သိပြီးတဲ့ နောက်မှာ ရဲတို့၊ ကောင်စီတို့နဲ့ပဲ ထိန်းလို့နိုင်လိမ့်မယ်လို့ ထင်တယ်။ မျှော်လင့်ခဲ့တယ်။
စောစောက ကျွန်တော်ပြောခဲ့တဲ့ သွေးထွက်သံယိုတွေ မဖြစ်အောင်ဆိုတဲ့အထဲမှာ တပ်မတော်ကို ဟိုအသေးအဖွဲကလေးလည်းသုံး၊ ဒီအသေးအဖွဲကလေးလည်းသုံး ဆိုတာမျိုးမဖြစ်ရအောင် တကယ်လိုတဲ့ အခါမှာ သုံးဆိုပြီတော့ ကျွန်တော်မသိဘဲနဲ့ တပ်မတော်ကိုမသုံးပါနဲ့၊ ကျွန်တော်ပြောထားတယ်၊
အဲဒါကြောင့်မို့လို့ ပြည်မြို့ကိစ္စဟာ အေးမသွား ဘဲနဲ့ ရောင့်တက်လာကြတယ်။

ဒါကြောင့်မို့လို့ မနေ့ကတော့ ကိုင်း ... စစ်တပ်ဝင်ပေတော့ ဆိုပြီးတော့ ကျွန်တော်ခွင့်ပြုလိုက်တယ်။
အဲဒီတော့ စောစောက ကျွန်တော်ပြောထားတာရှိတယ်။ ကျွန်တော်နိုင်ငံရေးကအနားယူတော့မယ်။

အနားယူတော့မယ် ဆိုပေမယ့်လို့ နောင်အဖွဲ့ အစည်းတွေ တာဝန်အပြည့် ကွပ်ကဲနိုင်တဲ့အထိတော့ ကျွန်တော်တို့နိုင်ငံကို မပျက်စီးရအောင်၊ ကသောင်းကနင်းမဖြစ်ရအောင် ဆက်ထိန်း ရပါလိမ့်မယ်။အဲဒီထိန်းတဲ့အထဲမှာ တိုင်းပြည်တပြည်လုံး လူထုကို ကျွန်တော်သိစေချင်တယ်။

နောင်ကိုလူစုလူဝေးနဲ့ ဆူဆူပူပူလုပ်လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး။ အဲဒီတော့ နောင်ကို ဆူဆူပူပူလုပ်မယ်ဆိုရင်တော့ စစ်တပ်ကိုသုံး လို့ရှိရင်တော့ အဲဒါဆူတဲ့လူတွေမသက်သာဘူးသာ မှတ်ပေတော့လို့ ကျွန်တော် ဒီကနေပြောပါတယ်။

လူစုလူဝေးရှေ့မှာ ကျွန်တော်စကားပြောတာ ယခုအကြိမ်ဟာနောက်ဆုံးအကြိမ်ဖြစ်နိုင်တာမို့ ညီလာခံနှင့် ပတ်သက်သည့် အချက်အလက်တွေ တင်ပြပြီးတဲ့နောက် ကျောင်းသားများ ကျွန်တော်နှင့် တော်လှန်ရေးကောင်စီတဖွဲ့လုံးအပေါ် အထင်လွဲနေသည့် အဖြစ်အပျက်တခုကို တင်ပြပါရစေ။

ကျွန်တော်တင်ပြတာကို မှန်ကြောင်းသက်သေအထောက်အထားများတင်ပြပါမယ်။
--ပထမအထောက်အထား ဗိုလ်ချုပ်အောင်ကြီး ၁၉၈၈ခု၊ မေလ (၉) ရက်နေ့စွဲ ဖြင့်ရေးသည့် စာတမ်းစာမျက်နှာ (၂၄) ဒုတိယစာကြောင်းမှစရ်ျပါသော တရားခံဖြစ်ရတဲ့ ဗိုလ်အောင်ကြီးဆိုသူဟာ ဗိုလ်မှူးကြီး လှဟန်နဲ့ ဗိုလချုပ်အိမ်လိုက်အသွား ပါမောက်ခချုပ် ဆရာကြီးဦးကာ ခေတ်တရွှေ့နေတဲ့ အင်းလျားကန်ဟိုတယ်နားက တထပ်တိုက်ကလေးမှာ ဆရာကြီးဦးကာကို ဦးလှဟန်ကသမဂ်ဂကိုလည်း ဖြိုဖို့အမိန့်ရတယ်လို့ ပြောတာထပ်ကြားရတော့ အရဲစွန့်ပြီး ဗိုလ်ကျော်စိုးရှိရာ အသံလွင့် ရုံးကို တယ်လီဖုန်းဆက်ပြီး အဲဒီကိစ်စကို ရပ်ထားပေးပါ။

ဗိုလ်ချုပ်ကို ကျွန်တော်ပြောပါ့မယ်ဆိုပြီး၊ ဟိုရောက်တော့လည်း ဗိုလ်ချုပ်ကို ဘာမှမပြောဘဲ မလိမ့် တပတ်နည်းနဲ့ ထားခဲ့သူဖြစ်ပါတယ် ဆိုတဲ့ အချက်၊ ဒါသူရေးထားတဲ့အထဲက ဒါပထမအချက်။

--သက်သေခံဒုတိယ သက်သေအထောက်အထားက ဒီကိစ်စနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကိုခေါ်ပြီး၊ သူတို့သိတာတွေကိုအမှန်အတိုင်း ရေးကြပါလို့ ပြောတဲ့အခါကျတော့ ဗိုလ်မှူးကြီးလှဟန်တင်ပြတဲ့ စာတမ်းထဲမှာ အဲဒီသူ့စာလေး ကျွန်တော့ဆီမှာရှိပါတယ်။

အဲ သူတင်တဲ့စာတမ်း၊ စာမျက်နှာ (၅) စာကြောင်းရေ (၄) မှာ ထိုအချိန် ဗိုလ်ချုပ်အောင်ကြီးလည်း ရောက်လာပါတယ်။ သမဂ်ဂကိစ်စပြောတဲ့အခါ နေကြဦး။ ကျွန်တော် ဗိုလ်ချုပ်ဆီသွားပြီး တင်ပြအမိန့်တောင်းမယ်လို့ပြောပြီး၊ ကျွန်တော့အား ခေါ်ပြီး ထွက်လာခဲ့ပါတယ်။ လမ်းတွင် ဗိုလ်မှူးကြီးတင်စိုး အိမ်တွင်ရှိသော ဆရာကြီးဦးကာထံဝင်ရ်ျ သတင်းမေးပါတယ်။


သေဆုံးသူ၊ ဒဏ်ရာရသူ ကျောင်းသားများအရေအတွက်လည်းပြောခဲ့ပါတယ်။
အဲဒီအချိန်မှာ ကျွန်တော်က ဆရာကြီးကို သမဂ်ဂအဆောက်အဦးကို ဖျက်မယ်ဆိုတဲ့အကြောင်းပြောခဲ့ပါသေးတယ်။

ထို့နောက် ကျွန်တော်တို့နှစ်ဦး ဗိုလ်ချုပ်ကြီးထံ ဆက်လက်သွားပါတယ်။
ဗိုလ်ချုပ်နဲ့တွေ့တဲ့အခါ ဗိုလ်ချုပ်အောင်ကြီးက အခြေအနေများ တင်ပြပါတယ်။ တင်ပြရာတွင် သမဂ်ဂအဆောက်အဦးကိစ်စ မပါပါ။
ပြန်ရန်ကားပေါ်တက်ပါတယ်။
ကားပေါ်ရောက်တော့ ကျွန်တော်က ဗိုလ်ချုပ် ဟိုကိစ္စမပြောရသေးဘူးလို့ သတိပေးပါတယ်။

ဗိုလ်ချုပ်အောင်ကြီးက နေပါစေလို့ ပြောသဖြင့် ကျွန်တော်လည်း ဘာမှမပြောဘဲ ဆိတ်ဆိတ်နေလိုက်ပါတယ်။ အသံလွင့်ရုံးသို့ပြန်ရောက်သော အခါ ဗိုလ်ချုပ်အောင်ကြီးက ဗိုလ်မှူးကြီးကျော်စိုးအား (အိုကေ) ဟုပြောလိုက်သည်ကို ကြားရပါတယ် ဆိုတဲ့အချက်တို့ဖြစ်ပါတယ်။ အဲဒီတော့ ဒီအချက်အလုက်တွေဟာ ကျွန်တော်စောစောကပြောခဲ့တဲ့ ကျွန်တော်မသိဘဲနဲ့ ကျွန်တော်သိလေဟန်၊ ကျွန်တော်ခိုင်းလေဟန်၊ တခြားလူတွေကိုပြောလို့ ကျွန်တော်သဘောတူပြီဆိုပြီး၊ တခြားလူတွေကဖျက်လိုက်တာ အဲဒီတော့အထက်က အချက်တွေကို လေ့လာပြီးတော့ သမဂ်ဂအဆောက်အဦးကိုဖျက်တဲ့ကိစ်စမှာ မည်သူတရားခံအစစ်ဖြစ်တယ်ဆိုတာကို လူထုတရပ်လုံးက မိမိတို့ဘာသာ ဆုံးဖြတ်ကြပါတော့လို့ တင်ပြရင်းစကားပြောခြင်းကို အဆုံးသတ်လိုက်ပါတယ်။

စာမူ ပေးပို့ လာသူ ။။။----ချယ်ရီလေး






No comments:

Post a Comment