သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Saturday, January 21, 2012

အကျဉ်းထောင်လွတ် သံဃာတွေ သိမ်ထပ်တဲ့ပွဲ

2012-01-21

၂ဝဝ၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှု မှာ ပါဝင်ခဲ့လို့ ဖမ်းဆီး ထိန်းသိမ်းခံရပြီး ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာတဲ့ သံဃာအပါး ၃ဝ သိမ်ထပ်ပွဲကို ဒဂုံမြို့သစ်အရှေ့ပိုင်း မကွေးပရိယတ္တိ စာသင်တိုက်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
Demo Waiyen
၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးတွင် ဖမ်းဆီး ထိန်းသိမ်းခံရပြီး ၂ဝ၁၁ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် လွတ်မြောက်လာသည့် သံဃာတော် အပါး ၃ဝ ဒုတိယအကြိမ် သိမ်ထပ်မင်္ဂလာပွဲကို ဇန်နဝါရီလ ၂၁ ရက်နေ့က ဒဂုံမြို့သစ်အရှေ့ပိုင်း မကွေးပရိယတ္တိ စာသင်တိုက်တွင် ကျင်းပခဲ့ပါသည်။
ရွှေဝါရောင်တော်လှန်ရေးမှာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတဲ့ ဆရာတော် အရှင်ဂမ္ဘီရ အပါအဝင် သံဃာအပါး ၃ဝ နဲ့ တခြား ပင့်သံဃာ ၁၁ အပါအဝင် စုစုပေါင်း ၄၁ ပါးကို သိမ်ထပ်ပွဲ ပြုလုပ်ပေးခဲ့ကြောင်း အရှင်ဂမ္ဘီရရဲ့ အမတော် မခင်သူဌေးက ပြောပါတယ်။



“လုပ်သင့်တာတွေလည်း ဆက်လုပ်ဖို့၊ သာသနာ့တာဝန်တွေလည်း ပြန် ထမ်းဆောင်ကြဖို့၊ ပြီးတော့ ဂုဏ်ပြုတဲ့အနေနဲ့ လုပ်ပေးတာ။ မကွေးဆရာတော်ရယ် အမတို့ရယ်၊ ဒေါ်နော်အုန်းလှ ပေါ့နော်၊ စပြီးတော့ မ,တည် လိုက်တာပေါ့။ နောက်ကျတော့ ၈၈ တွေရော အကုန်လုံး ဝိုင်းဝန်းပြီး လုပ်ကြတာ။ အလှူရှင်တွေလည်း တော်တော်များပါတယ်။ ၃ဝ  နီးပါးလောက် ရှိမယ်ထင်တယ်”

အခမ်းအနားမှာ မကွေးဆရာတော်နဲ့ အရှင်ဂမ္ဘီရတို့က တရားချီးမြှင့်ကြ သလို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျ ကလည်း လူထုကို အမှာစကား ပြောခဲ့ပါတယ်။ အခမ်းအနားကို ရွှေညဝါ ဆရာတော်၊ ကိုမင်းကိုနိုင်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုကိုကြီး၊ မစုစုနွေး၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ကိုဂေါ်ဇီလာ စသဖြင့် ၈ ရာလောက် တက်ရောက်ခဲ့ပါတယ်။

No comments:

Post a Comment