သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Saturday, January 21, 2012

နိုင်ငံရေးသမားတွေ ထပ်လွတ်ဖို့ ကြိုးစားမယ်လို့ အစိုးရကော်မရှင် ပြော

2012-01-21

အကျဉ်းထောင်အသီးသီးမှာ ယုံကြည်ချက်ကြောင့် ကျခံနေရတဲ့ အကျဉ်းသားတွေ ကျန်နေသေးပြီး သူတို့အားလုံးကို လွှတ်ပေးဖို့အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က တိုက်တွန်း ဆောင်ရွက်သွားဖို့ရှိကြောင်း ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။
(Photo:RFA/Tyler Chapman)
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အနီးရှိ နာမည်ဆိုးဖြင့် ကမႝာကျော်သော အင်းစိန်ထောင် ဖြစ်ပါသည်။ (Photo:RFA/Tyler Chapman)

သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ အကျဉ်းသား (၆၅၁) ဦး ပြန်လွှတ်ပေးခဲ့ပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား အတော်များများ ပါဝင်ခဲ့ပေမယ့် ပြန်မလွတ်သေးဘဲ ကျန်နေခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆက်ရှိနေဆဲပဲလို့ လွတ်မြောက်လာသူတွေက ပြောကြပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အနေနဲ့လည်း ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ကျန်နေသေးတဲ့ အချက်ကို လက်ခံထားကြောင်း၊ ကော်မရှင်ကို အကြောင်းကြားမယ်ဆိုရင် သမ္မတထံ ထပ်ဆင့်တင်ပြပြီး ပြန်လွှတ်ပေးရေးကို တောင်းဆိုသွားမှာ ဖြစ်ကြောင်း လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က RFAကို ပြောပါတယ်။

“နိုင်ငံတော် အစိုးရပိုင်းကလည်း NLD ကပေးတဲ့ စာရင်းအရ စိစစ်ပြီးတော့ သူတို့ လွှတ်ပေးနိုင်တဲ့လူတွေ လွှတ်ပေးတယ်လို့ ဆိုတဲ့အတွက် ကျန်နေတာတွေက ရှိနိုင်ပါတယ်။ ဘာ့ကြောင့် ကျန်နေတယ်၊ ဘယ်နှယောက် ကျန်နေတယ်ဆိုတာ စိစစ်ဖို့ လိုတာပေါ့။ ကျနော်တို့ ကော်မရှင်အနေနဲ့လည်း ယုံကြည်ချက်နဲ့ ကျတဲ့လူတွေ ထောင်ထဲမှာ ကျန်နေသေးတယ် ဆိုတာတော့ သဘောပေါက်တယ်။ သို့သော် ဘယ်လိုလူတွေ ဘာ့ကြောင့်ကျန်လဲ ဆိုတာက ကျနော်တို့ မသိနိုင်သေးဘူး။ တကယ်လို့ ကျနော်တို့ကို ကြားဝင်ပေးပါဆိုရင်တော့ လိုအပ်လာရင်တော့ ကျနော်တို့ ဆောင်ရွက်မှာပေါ့။ ဆက်ပြီးတော့ အဖြေ ထုတ်ရမယ့်အပိုင်း ကျန်နေသေးတယ်လို့ မြင်ပါတယ်”

သမ္မတဦးသိန်းစိန်အနေနဲ့ နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ဘယ်အချိန်မှာ ထပ်ထုတ်မလဲ ဆိုတာကိုတော့ လူ့အခွင့်အရေးကော်မရှင်က မသိသေးကြောင်း ဦးစစ်မြိုင်က ပြောပါတယ်။

No comments:

Post a Comment