သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Monday, February 27, 2012

နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းမြို့များသို့ ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်မည် 2012-02-26


NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသတို့ကို မတ်လ ၃ ရက်နေ့မှာ ပါတီစည်းရုံးရေးခရီးစဉ် စတင်မယ်လို့ NLD ပါတီက ထုတ်ဖေါ်ပြောဆိုပါတယ်။

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး စောစောပိုင်းက မန္တလေးမြို့မှာ လူထုဟောပြောပွဲပြုလုပ်မယ့် ကွင်းနေရာ မသေချာသေးတာကြောင့် အစီအစဉ်အတိအကျ မရေးဆွဲသေးတာဖြစ်တယ်လို့ NLD ပါတီက ပြောပါတယ်။ အခုအခါ အာဏာပိုင်တွေက မန္တလေးမှာ ဟောပြောပွဲလုပ်မဲ့ကွင်းအတွက် ခွင့်ပြုလိုက်တာကြောင့် မန္တလေးမြို့ကို မတ်လ ၃ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မှာဖြစ်တယ်လို့ NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ မတ်လ ၃ ရက်နေ့စတင်ပြီး မတ်လ ၅ ရက်နေ့ နေပြည်တော်မှာ ပါတီစည်းရုံးရေးပြုလုပ်ပြီးနောက် ရန်ကုန်ကို ပြန်လည်ထွက်ခွာမယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

No comments:

Post a Comment