သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Monday, February 27, 2012

အပြီးသတ်ပြင်ဆင်ထားသည့် Twitter ဒီဇိုင်းသစ်ကို ပွဲထုတ်မိတ်ဆက်

အင်တာနက်ဂျာနယ်

အတွဲ(၁၃) အမှတ်(၈)
Sunday, 26 February 2012 19:55

ဝက်ဘ်အသုံးပြုသူများမှ အရေးကြီးသည့် tweet များနှင့် topic များကို အလွယ်တကူရှာဖွေနိုင်ရန်အတွက် ရည်ရွယ်ကာ ပြန်လည်ပြင်ဆင်ထားသည့် ဒီဇိုင်းသစ်အား ပြီးခဲ့သည့်ဒီဇင်ဘာလက မိတ်ဆက်ပေးခဲ့ပြီးနောက် အပြီးသတ်ပြင်ဆင်ထားသည့် New Twitter အား အသုံးပြုသူအားလုံးထံ မိတ်ဆက်ပေးလိုက်ကြောင်း Twitter မှကြေညာခဲ့သည်။


အဆိုပါဒီဇိုင်း အပြီးသတ်ပြင်ဆင်မှုပြုလုပ်ထားသည့် Twitter ၀က်ဘ်ဆိုက်ကို iPhone နှင့် Android ထုတ်ကုန်များမှာလည်း အသုံးပြုနိုင်မည်ဖြစ်သည်။ အသစ်ပြင်ဆင်ပြုလုပ်လိုက်သည့် tool သစ်များကိုအသုံးပြုခြင်းဖြင့် ဗီဒီယိုများ၊ ဓာတ်ပုံများ၊ retweet များ၊ favorite များစသည်တို့ကို expand လုပ်ပြီးကြည့်ရှုနိုင်ရုံသာမက follow လုပ်သူများ၊ reply လုပ်သူများနှင့် retweet လုပ်သူများကို အလွယ်တကူတွေ့မြင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရေးသားသူ - နောင်နောင်
Ref: CNET

No comments:

Post a Comment