သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Monday, February 27, 2012

တောင်သူလယ်သမားများ အမှန်တကယ် လိုအပ်သော အချက်ခုနစ်ချက်အားလယ်ယာ မြေဥပဒေတွင် ပြဋ္ဌာန်းနိုင်ရေး တင်ပြထား

myanmar time

အိအိတိုးလွင်
အတွဲ ၂၈ ၊ အမှတ် ၅၅၈ ( ၂၄ ၊ ၂ - ၁ ၊ ၃၊ ၂၀၁၂)
လယ်ယာမြေဥပဒေအား ပြဋ္ဌာန်းနိုင် ရန် လွှတ်တော်တွင် ကိုယ်စားလှယ် အသီးသီးက ဆွေးနွေးလျက်ရှိချိန်တွင် တောင်သူ လယ်သမားများကလည်း ၎င်းတို့ အမှန်တကယ်လိုအပ်နေသော အချက်များ ယင်းဥပဒေတွင် ပါဝင်နိုင်စေရန် နိုင်ငံတော် သမ္မတနှင့်တကွ သက်ဆိုင် ရာလွှတ်တော်ဥက္ကဋ္ဌများထံ အချက် ခုနစ်ချက်ဖြင့် တင်ပြတောင်းခံထားရာ အချက်ငါးချက်ကို လက်ခံမည်ဟု ယူဆ ရကြောင်း ၎င်းတို့က ပြောကြားသည်။

"အခုလွှတ်တော်မှာ သူရဦးရွှေမန်း ပြောခဲ့တဲ့အချက်တွေ ဦးဌေးဦး ဂျာနယ် တွေမှာ ဖြေထားတာကိုကြည့်ရင် လယ် ပိုင်ရခွင့်နဲ့ လယ်သမားအဖွဲ့ ဖွဲ့ခွင့်ကလွဲ လို့ ကျန်တဲ့အချက်တွေ ပါလာမယ်လို့ ထင်တယ်။ အခုလည်း ချေးငွေတွေကို ဖေဖော်လကုန်မှ မဆပ်ခိုင်းဘဲ မတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်ပေးတယ်။ ကိုယ် ကြိုက်တဲ့သီးနှံ စိုက်ခွင့်ရပြီလို့လည်းပြော ပါတယ်" ဟု ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာအုပ်စု၊ သံလိုက် ကျေးရွာမှ ဦးအုန်းမြင့်ကပြောသည်။
တောင်သူလယ်သမားများဘ၀ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အချက်ခုနစ်ချက် ပါဝင်သောပန်ကြားလွှာကို ဧရာဝတီ တိုင်းဒေသကြီး အတွင်းရှိ ဘိုကလေး (တောင်၊ မြောက်)၊ ကျိုက်လတ်နှင့် မော်ကျွန်းမြို့နယ်များမှ လယ်သမား ၁,၄၂၁ ဦးက ပါဝင်လက်မှတ်ရေးထိုး ကာ ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် ပေးပို့ခဲ့ ခြင်းဖြစ်သည်။
အဆိုပါပန်ကြားလွှာအား နိုင်ငံတော် သမ္မတအပါအ၀င် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဥပဒေမူကြမ်း ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်ရှေ့နေချုပ်၊ ဧရာဝတီ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်နှစ်ဦး တို့ထံ တိုက်ရိုက်လိပ်မူကာ ပေးပို့ခဲ့သည်။
"အဘတို့ ဇန်န၀ါရီလ ၃ ရက်နှင့် ၄ ရက်နေ့ နှစ်ရက် ဘိုကလေး မြို့နယ်၊ တည်ပင်တစ်ကျေးရွာမှာ ဆွေးနွေးပွဲလုပ်တယ်။ ရန်ကုန်မှာ လည်း ဆွေးနွေးပွဲတွေတက်တယ်။ အချင်းချင်း ဆွေးနွေးတိုင်ပင်ပြီး တော့မှ ဖြစ်သင့်တဲ့အချက် ခုနစ်ချက်ကိုရွေးချယ်ပြီး တင်ပြဖို့ ဆုံးဖြတ် ခဲ့တယ်"ဟု ဘိုကလေးမြို့နယ်၊ ကန်စု ကျေးရွာအရှေ့အုပ်စု၊ ကျောင်းစု ကျေးရွာ မှ လယ်သမားကြီး ဦးအုန်းကြွယ်က ပြောသည်။
ယင်းအချက်ခုနစ်ချက်မှာ အမှန်တကယ် လယ်လုပ်သူ လယ်ပိုင်ခွင့်ရ ရန်၊ လယ်အတွင်းရှိ ရေသယံဇာတပစ္စည်းများကိုပါ ပိုင်ဆိုင် ခွင့်ပေး ရန်၊ လယ်သမားကိုယ်စားပြု အစုအဖွဲ့ တရားဝင်မှတ်ပုံတင် ဖွဲ့စည်းခွင့် ရရှိရန်၊ စိုက်ပျိုးရေးအတွက် လုံလောက်သောချေးငွေ ရရှိရန်၊ လယ်ယာ မြေ အငြင်းပွားမှုများအား မြေယာကော်မတီ၏ အဆုံးအဖြတ်တစ်ခု တည်းသာမက သက်ဆိုင်ရာတရားရုံးတွင် တင်ပြ လျှောက်ထား ဆုံးဖြတ်နာယူခွင့်ရရန်၊ ဈေးကွက်တည် ငြိမ်မှုရှိရန်နှင့် လွတ်လပ်စွာ စိုက်ပျိုးခွင့်ရရှိရန်တို့ ဖြစ်သည်။
တောင်သူလယ်သမားအများစုသည် လယ်ပိုင်ခွင့်မရရှိခြင်း၊ စိုက်ပျိုး ရေးစရိတ်များမြင့်တက်လာခြင်း၊ ချေးငွေမလုံလောက်ခြင်း၊ ရာသီဥတု ပြောင်းလဲမှုကြောင့် စပါးအထွက်နှုန်းများ လျော့နည်းလာခြင်း၊ စပါး ပေါ်ချိန်တွင် ကုန်သည်များ၏ ဈေးကစားမှုကြောင့် ဈေးနှိမ်ခံရခြင်း စသည်တို့ကြောင့် စီးပွားရေးများကျဆင်းလာသည့်အတွက် လယ်မြေ များ ဆုံးရှုံးခဲ့ကြရသည်။

No comments:

Post a Comment