သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Wednesday, February 8, 2012

ဘားကမ့်ရန်ကုန်တွင် ဆွေးနွေးမည့်အကြောင်းအရာများ ဖေ့စ်ဘွတ်ခ်နှင့် တွစ်တာတွင် လွှင့်တင်မည်


Photo
ယုဇနကိုကို
ရန်ကုန်၊ဇန်န၀ါရီ-၂၄
အတွဲ (၁၀)၊ အမှတ်(၄၆)
နည်းပညာဆိုင်ရာ အကြောင်းအရာများကို လွတ်လပ်စွာ ဟောပြောဆွေးနွေးလိုသည့် ဘားကမ့် ရန်ကုန် (Barcamp Yangon 2012)ကို တတိယအကြိမ်မြောက် ကျင်းပတော့မည်ဖြစ်သည်။
အဆိုပါနည်းပညာဖလှယ်ပွဲ တွင် ဆွေးနွေးဟောပြောကြမည့် အကြောင်းအရာများကို ဖေ့စ်ဘွတ်ခ်နှင့်တွစ်တာဆိုက်များတွင် ထပ်ဆင့်လွှင့်တင်ခြင်းကိုပါ ယခင်နှစ်များကဲ့သို့ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။ ဘားကမ့်ရန်ကုန်၂၀၁၂ တွင် ပါဝင်လာမည့် ပြည်တွင်း၊ပြည်ပမှကွန်ပျူတာပညာရှင်ဦးရေမှာ ယခင်ကျင်းပပြီးစီးသော အကြိမ် များထက် ပိုမိုများပြားလာမည် ဖြစ်ကြောင်း ထိုပွဲကို စီစဉ်သူမြန် မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ သတင်းရရှိသည်။

အဆိုပါ    ဆွေးနွေးပွဲတွင်  ဆွေးနွေးဟောပြောကြမည့် အိုင်စီတီဆိုင်ရာ ထုတ်ကုန်များနှင့် နည်းပညာဆိုင်ရာ အကြောင်းအရာများမှာလည်း ဆန်းသစ်များ ပြားလာနိုင်ဖွယ်ရှိကြောင်း  အထက်ပါစီစဉ်သူအဖွဲ့မှ တာဝန်ရှိ သူများကသုံးသပ်ပြောကြားသည်။    ထိုပွဲနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင်း ပုဂ္ဂလိကနည်းပညာ ကုမ္ပဏီတစ်ခုမှအသက် ၂၄ နှစ်အရွယ်ရှိ လုပ်သက် ၄ နှစ်ခန့်ရှိဝက်ဘ်ဒီဇိုင်နာအမျိုးသားတစ်ဦးက“ဘားကမ့်ကို နှစ်တိုင်းတက်ဖြစ် ပါတယ်။ အဓိကက ပြည်တွင်း အပြင် ပြည်ပက ပညာရှင်တွေ လာတာအရမ်းကောင်းတယ်။ ကျွန်တော်တို့မသိတာတွေကျွန်တော်တို့ ဒီမှာမလုပ်နိုင်တာတွေကို သူတို့ ဆီကနေ သိရကြားရတဲ့အတွက် နောက်ပိုင်းမှာ ပြန်ပြီးလက်တွေ့ ကျကျအသုံးချနိုင်ပါတယ်။ အခု တစ်ခေါက်မှာ နိုင်ငံတကာဘားကမ့်တွေ ပိုလာမယ်ဆိုရင် ဒီက နည်းပညာလောကမှာ ပိုပြီး ပြောင်းလဲမှုတွေဖြစ်လာမယ်လို့ ထင်ပါတယ်” ဟု ၄င်း၏ အမြင်ကို ပြောသည်။
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ဦးစီးကျင်းပသည့် အဆိုပါဘားကမ့်ကို လာမည့်ဖေဖော်ဝါရီ ၁၁ နှင့် ၁၂ ရက် များတွင် ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်နယ်မြေရှိ   မြန်မာအင်ဖို တက်ခ်၌ ကျင်းပမည်ဖြစ်သည်။ ၂၀၁၀ ဖေဖော်ဝါရီလမှ စတင်ကာကျင်းပခဲ့သည့်  ဘားကမ့် ရန်ကုန်သည်   ပထမဆုံးကျင်းပခဲ့သည့်အကြိမ်တွင် တက် ရောက်သူ ဦးရေ နှစ်ထောင်ကျော်ခဲ့သည်။
ဒုတိယအကြိမ်ကျင်းပသည့်ပွဲတွင်တက်ရောက်သူဦးရေမှာလေးထောင်ဝန်းကျင်ရှိခဲ့ပြီး နိုင်ငံတကာမှ    Barcamper   ဦးရေ နှစ်ဆယ်နီးပါး တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment