သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Wednesday, February 1, 2012

လူ့ဘောင်သစ် ဥက္ကဋ္ဌ ခေါင်းဆောင်၍ ဦးအောင်မင်းနှင့် တွေ့မည်

ကိုဝိုင်း | အင်္ဂါနေ့၊ ဇန်နဝါရီလ ၃၁ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၁၁ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။         ။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS က မြန်မာအစိုးရကိုယ်စားလှယ်များနှင့် အလွတ် သဘောတွေ့ဆုံရန် ကိုယ်စားလှယ် သုံးဦးရွေးချယ်ထားပြီးဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။

ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ဗဟိုဦးဆောင်ကော်မတီ Central Leading Committee အဖွဲ့ဝင်များ ဖြစ်သည့် ဦးတိုးတိုးထွန်း
နှင့် ဦးဇော်ဇော်ထွန်းတို့ သုံးဦးကို ဇန်နာဝါရီ ၁၃ ရက်နေ့ ထိုင်း-မြန်မာ နယ်စပ်တွင် ပြုလုပ်သည့် ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေးမှ ရွေးချယ်ခဲ့ကြောင်း သိရသည်။



“တချို့လည်း သဘောထားပေးတယ်။ တချို့လည်း မပေးဘူးပေါ့။ နယ်စပ်နဲ့ အထဲက ရဲဘော်တွေဆီလည်း စာပို့။ အမြင်သဘောထားတွေ တောင်းခံပြီးတော့မှ အဲဒါ လုပ်တာပေါ့။ မူတွေဘာတွေ ချထားတာ ဘာမှမရှိပါဘူး။ အလွတ်သဘောပဲ။ ပထမတဆင့် တွေ့မယ်၊ စကားပြောမယ်။ ဒါပါပဲ” ဟု ဦးအောင်မိုးဇော်က မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်း တွေ့ဆုံရန် သမ္မတကိုယ်စားလှယ် ဦးအောင်မင်းက ငြိမ်းချမ်းရေး အကျိုးဆောင်
ဒေါက်တာ ကျော်ရင်လှိုင်မှတဆင့် ဇန်နဝါရီ ၁၉ ရက်နေ့က ဖုံးဖြင့် အကြောင်းကြားလာပြီးနောက် တွေ့ဆုံနိုင်ရန် DPNS က အဆင်သင့်ပြင်ထားခြင်းဖြစ်သည်။

၁၉၈၈ ခု ဒီမိုကရေစီအုံကြွမှုကို မြန်မာစစ်တပ်မှ လက်နက်ဖြင့် နှိမ်နင်း၍ အာဏာသိမ်းပြီးနောက် ကျောင်းသားလူငယ် များထဲမှ လှုပ်ရှားမှုနည်းပရိယာယ် သုံမျိုးဖြင့် ဆက်လက်လှုပ်ရှားလာကြရာ တရားဝင်ပါတီ၊ မြေအောက်ယူဂျီနှင့် လက်နက်ကိုင် တော်လှန်ရေး အဖြစ် ဖြန့်ခွဲသွားကြသည်။ တရားဝင်ပါတီအဖြစ် DPNS ကို ၁၉၈၈ ခု အောက်တိုဘာ ၁၄ ရက်တွင် တရားဝင်ဖွဲ့စည်းခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD နှင့် မဟာမိတ်ဖြစ်ပြီး အင်အား ၂ သိန်းကျော်အထိ ရှိခဲ့ကြောင်း DPNS အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ သို့သော် ၁၉၉၁ ခု နိုဝင်ဘာတွင် ခေါင်းဆောင်တချို့ နယ်စပ်ထွက်လာပြီးနောက်ပိုင်း ဒီဇင်ဘာ ၇ ရက်တွင် ဖျက်သိမ်းခံခဲ့ရသည်။

ဇန်နဝါရီ ၁၉ ရက်နေ့က အကျိုးဆောင်များမှတဆင့် ဖိတ်ကြားရာတွင် DPNS အပါအဝင် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု-FDB တပ်ပေါင်းစု အနေဖြင့်လည်း တွေ့ဆုံရန် FDB အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင် အား ဖိတ်ကြားခဲ့သည်။

FDB အဖွဲ့ဝင်ကိုယ်စားလှယ်များအကြား ဇန်နဝါရီ ၂၆ ရက်နေ့က တကြိမ်တွေ့ဆုံခဲ့ပြီး တရားဝင် အပြီးသတ် ဆုံးဖြတ်ချက် အတွက် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထပ်မံတွေ့ဆုံကြမည်ဖြစ်ကြောင်း ဒေါက်တာနိုင်အောင်က မဇ္ဈိမကို ပြောသည်။ ဦးအောင်မင်းနှင့်မူ ဖေဖော်ဝါရီ ၆ ရက်ဝန်းကျင်တွင် တွေ့မည်ဟု သူက ဆက်ပြောသည်။

FDB နှင့် DPNS တို့ကို ရထားဝန်ကြီး ဦးအောင်မင်းက ဖိတ်ကြားခြင်းဖြစ်သော်လည်း FDB အဖွဲ့ဝင် တခုဖြစ်သော
မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကိုမူ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး
ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းက နိုင်ငံရေးအရ “တန်းတူညီတူ” ဆွေးနွေးရန် စာဖြင့် တရားဝင် အကြောင်းကြားထားသည်။

ABSDF မှာမူ ဆွေးနွေးမည့်ရက်ကို အတိအကျသိရပြီးမှ ကိုယ်စားလှယ်အဖွဲ့ကို သတ်မှတ်မည်ဟု အဖွဲ့ ဒုဥက္ကဋ္ဌ ဦးမျိုးဝင်းက မဇ္ဈိမကို ပြောသည်။

FDB၊ DPNS နှင့် ABSDF တို့ အဓိကအခြေခံထားသည့် ကရင်မျိုးသားအစည်းအရုံး KNU နယ်မြေအတွင်း အစိုးရတပ် တပ်စခန်းများနှင့် လှုပ်ရှားစစ်ကြောင်းများကို ပစ်ခတ်မှုများ ရပ်ဆိုင်းထားရန် သမ္မတဦးသိန်းစိန်က ဇန်နဝါရီ ၁၃ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ် ကြီး စိုးဝင်းမှတဆင့် ညွှန်ကြားထားသည်။

၂ဝ၁ဝ ခု ရွေးကောက်ပွဲအပြီး ပြည်တွင်း/ပ နိုင်ငံရေးအင်အားစုများ၏ တောင်းဆိုမှုများနှင့် စီးပွားရေး အကျပ်အတည်း များကြောင့် အစိုးရက ပြောင်းလဲမှုအချို့ ဆောင်ရွက်လာရာ တိုင်းရင်း သားလက်နက်ကိုင် ၆ ဖွဲ့နှင့်လည်း အပစ်ရပ်ရေး စာချုပ်များ လက်မှတ်ထိုးနိုင်ခဲ့သည်။

ယင်းတို့မှာ ကရင် KNU၊ ရှမ်း (မြောက်) SSPP/SSA ၊ ရှမ်း (တောင်) SSA-S၊ ချင်း CNF၊ ဝ’ UWSA၊ မိုင်းလား တို့
ဖြစ်သည်။

lubongthit

No comments:

Post a Comment