သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Saturday, February 25, 2012

ကိုယ်အင်္ဂါအသီးသီးရဲ့ အဆိပ်အပုပ်ရှင်းထုတ်မှု


ကိုယ်အင်္ဂါအသီးသီးရဲ့ အဆိပ်အပုပ်ရှင်းထုတ်မှု

ကိုယ်တွင်းမှာ အဆိပ်အပုပ်ရှင်းထုတ်မှုများဟာ အချိန်စက္ကန့် မလပ်ဖြစ်ပေါ် နေပါတယ်. အဆိပ် အပုပ်ရှင်းထုတ်ပေးတဲ့ အင်္ဂါအသီးသီးမှာ မတူကွဲပြားနေတဲ့ အလုပ်ချိန်ရှိပါတယ်. . . ဒီအချက်တွေကို သိရှိထားမှသာလျှင် မိမိရဲ့ အလုပ်ချိန်၊ နားချိန်များကို စနစ်တကျ စီမံနိုင်မှာဖြစ်ပါတယ်. . . သို့မှသာလျှင် ကိုယ်တွင်းမှ အဆိပ်အပုပ်များကို ပိုမိုကောင်းစွာရှင်းထုတ်နိုင်ရန် အထောက်အကူဖြစ်စေပါတယ်. .

အသည်း
အစာထဲက အဆိပ်အပုတ်များကို ရှင်းထုတ်ပေးရုံသာမက အစာကို ခန္ဓာကိုယ်အတွက် အသုံးဝင်မယ့်အရာဖြစ် အောင် ပြောင်းလဲပေးပါတယ်.



ကျောက်ကပ်
သွေးရည်ထဲက အဆိပ်အပုပ်တွေကို စစ်ထုတ်ပေးပြီး ကိုယ်တွင်းက အညစ်အကြေးများနဲ့အတူ စွန့်ထုတ်ပစ်ပါတယ်. . အဆုတ် အောက်စီဂျင် ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်လို ဇီဝဖြစ်စဉ်မှ ပေါ်ပေါက်တဲ့ အညစ်ကြေးကို ရှူထုတ်ပစ်ပါတယ်.

အစာအိမ်၊အူ
အစာကိုခြေဖျက်ပြီး အာဟာရများကို စုပ်ယူပေးတယ်. . အစာထဲမှာ မခြေဖျက်နိုင်တဲ့ အရာများကို စွန့်ထုတ်ပေးပါတယ်. . .

ပြန်ရည်ကြောအစုအဖွဲ့
ပြန်ရည်ဟာ သေဆုံးသွားသော ဆဲလ်များကို စုပ်ယူပေးပြီး ပြန်ရည်ကြောဖုကတော့ ကိုယ်တွင်းက အဆိပ်အပုပ်ကို စစ်ထုတ်ပေးပါတယ်. . ဒီ့နောက် အညစ်အကြေးစွန့် အင်္ဂါများမှ တစ်ဆင့် စွန့်ထုတ်ပစ်ပါတယ်.

အရေပြား
လူ့ခန္ဓာကိုယ်တွင် အရေးပါဆုံးသော အညစ်အကြေးစွန့် အင်္ဂါတစ်ခုဖြစ်ပါတယ်. . . ရေ၊ဆား၊ဆီးအဆိပ်၊ အစ်ဆစ် ၊ အမိုးနီးယား စသည့် ကိုယ်တွင်း အညစ်အကြေး အများအပြားကို စွန့်ထုတ်ပေးနိုင်ပါတယ်. .

လူ့ခန္ဓာကိုယ်ရဲ့ အဆိပ်အပုပ်ရှင်းထုတ်နိုင်စွမ်းဟာ အစာအိမ်၊ အူ၊ အသက်ရှူလမ်းကြောင်း၊ အသည်း၊ကျောက်ကပ်နှင့် အရေပြားများအပေါတွင် မူတည်နေပါသည်။

ည ၉.၀၀ - ၁၁.၀၀ နာရီ
ရောဂါပြီးစနစ်( ပြန်ရည်ကြောဖု) ရဲ့ အဆိပ်အပုပ်ရှင်းထုတ်ချိန်ပါ. . ဒီအချိန်မှာ ငြိမ်သက်စွာ (သို့) တေးဂီတ နားထောင်ပြီး နေသင့်ပါတယ်. . ဗျာတွေ များနေတယ် ၊ သောကတွေ ပွားနေတယ်ဆိရင် ကျန်းမာရေးအတွက် မကောင်းပါ။

ည ၁၁.၀၀ - နံနက် ၃.၀၀ နာရီ
အသည်းရဲ့ အဆိပ်ရှင်းထုတ်ချိန်ပါ။ ကောင်းကောင်းအိပ်ပျော်နေမှ လုပ်ငန်းဆောင်ရွက် နိုင်ပါမယ် ။

နံနက် ၁.၀၀ နာရီ- ၃.၀၀ နာရီ
သည်းခြေရဲ့ အဆိပ်ရှင်းထုတ်ချိန်ပါ။ ကောင်းကောင်းအိပ်ပျော်နေမှ လုပ်ငန်းဆောင်ရွက် နိုင်ပါမယ်။

နံနက် ၃.၀၀ နာရီ- ၅.၀၀ နာရီ
အဆုတ်ရဲ့ အဆိပ်ရှင်းထုတ်ချိန်ပါ။ ချောင်းဆိုးနေတဲ့သူတွေ ဒီအချိန်ပိုင်းမှာ ချောင်းပိုဆိုးလေ့ရှိတာဟာ ဒီအချက်ကြောင့်ပါ။

မှတ်ချက် -
ညဥ့်နက်မှ အိပ်ပြီး နေမြင့်မှ ထလျှင် အဆိပ်အပုပ်ရှင်းထုတ်မှု ဖြစ်စဉ် တစ်ခုလုံးကို ၀ရုန်းသုန်းကား ဖြစ်သွားစေပါတယ်. . . ဒါ့အပြင် ညလယ်မှ နံနက်မိုးလင်း ၄.၀၀ နာရီထိ အချိန်ပိုင်းဟာ ကျောရိုးခြင်ဆီကနေ သွေးထုတ်လုပ်တဲ့ အချိန်လည်းဖြစ်ပါတယ်. . . ဒါ့ကြောင့် အိပ်ရေး ပျက်မခံဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မော်ကျနေဖို့ လိုပါတယ်. . .

နံနက် ၅.၀၀ - ၇.၀၀ နာရီ
အူမကြီးရဲ့ အဆိပ်အပုပ်ရှင်းထုတ်ချိန်ပါ။ အိမ်သာတက်ပြီး မစင်စွန့်သင့်တယ်. .

နံနက် ၇.၀၀ - ၉.၀၀ နာရီ
အူသိမ်မှာ အာဟာရဓာတ် အများအပြား စုပ်ယူတဲ့ အချိန်ပိုင်းပါ . . ဒီအချိန်မှာ နံနက်စာစားသင့်တယ် ။ ရောဂါ ကုသခံနေသူကတော့ နည်းနည်းစောပြီး နံနက် ၆.၃၀ နာရီ မတိုင်မီစားပါ။ ကျန်းမာရေး လိုက်စားသူကတော့ ၇.၃၀ နာရီမတိုင်မီ စားပါ။ နံနက်စာ စားတဲ့အကျင့်မရှိလျှင် မကောင်းလို့ စားတဲ့အကျင့်ကိုမွေးပါ။ ၁၀.၀၀ နာရီလောက်မှ စားမယ်ဆိုလျှင်တော့ မစားတော့တာဘဲ ပိုကောင်းပါတယ်. .

အစာအိမ်
အစာအိမ် ရဲ့ အဓိက လုပ်ငန်းဟာ အစာထဲမှာပါရှိတဲ့ ရောဂါ ပိုးမွှားတွေကို သုတ်သင်ပြီး အစာခြေဖျက် ပေးတာဖြစ်ပေမယ့် ရံဖန်ရံခါမှာလည်း အဆိပ်အပုပ်ရှင်းထုတ်တဲ့ တာဝန်ကို ယူပါတယ်. . ကိုယ်တွင်းက အဆိပ်ကို ပျို့အန်ထုတ်တဲ့ နည်းဖြင့် စွန့်ထုတ်လေ့ရှိတယ်. .

ပံ့ပိုးမှုနည်းနာ-
ချဉ်လွန်း၊ စပ်လွန်းသော အစာများကို ဗိုက်ထဲ အစာမရှိဘဲ မစားပါနှင့် အတတ်နိုင်ဆုံး စနစ်တကျ စားသောက်တာ ဖြစ်အောင် ဂရုစိုက်ပါ။

ပြန်ရည်ကြောစနစ်
ပြန်ရည်ကြောစနစ်ဟာ သွေးလွှတ်ကြော၊ သွေးပြန်ကြောများလို သူ့ခန္ဓာကိုယ်အတွင်း လှည့်ပတ်နေတယ်. . ခန္ဓာကိုယ်တွင်းက အဆိပ်အပုပ်များ ကို လက်ခံသိမ်းဆည်းတဲ့ အလုပ်ကို လုပ်ပါတယ်.. တစ်ကိုယ်လုံးမှာ လှည့်ပတ်နေတဲ့ ပြန်ရည်ဟာ ကိုယ်တွင်းက အဆိပ်အပုပ်ကို စုပ်ယူပြီး ပြန်ရည်ကျိတ်ဖုဆီ ပို့ပေးပါတယ်. . ပြန်ရည်ကျိတ်ဖုဟာ အဆိပ်ကို စစ်ထုတ်ယူပြီး သွေးရည်မှ တစ်ဆင့် အဆုတ်၊ အရေပြား၊ အသည်း၊ ကျောက်ကပ်များ သို့ပို့ကာ ခန္ဓာကိုယ် ပြင်ပသို့ စွန့်ထုတ်ပါတယ်. .

ပံ့ပိုးမှု နည်းနာ-
နေ့တိုင်းရေနွေးနွေးဖြင့် ၁၀-၁၅ မိနစ်ကြာ ရေစိမ်ချိုးပေးနိုင်လျှင် ပြန်ရည်လှည့်ပတ်မှုကို အားပေးနိုင်ပါတယ်. ရေနွေးမချိုးနိုင်လျှင်တောင် ခြေကို ရေနွေးစိမ်ပေးပါ။

မျက်စိ
အမျိုးသမီး အထူးသဖြင့် အငိုလွယ်တဲ့ အမျိုးသမီးများတွင် မျက်စိမှ အဆိပ်အပုတ်ရှင်းထုတ်မှုဟာ အတော်ထိ ရောက်တယ်လို့ ဆိုပါတယ်. . မျက်ရည်ထဲမှာ လူ့ကျန်းမာရေးကို ဒုက္ခပေးနိုင်သော အဆိပ်အပုပ် အများအပြား ပါဝင်ကြောင်း ဆေးပညာရှင်များက ဖော်ထုတ်တင်ပြထားပါတယ်. .

ပံ့ပိုးမှုနည်းနာ-
မျက်ရည်ကျခဲသူများအနေနဲ့ တစ်လတွင် တစ်ကြိမ်ခန့် အလွမ်းအဆွေး ကြေကွဲဖွယ် ရုပ်ရှင်၊တီဗွီကြည့်ပါ. (သို့) ကြက်သွန်နီ ဥကိုလှီးပါ။

အဆုတ်
အဆုတ်သည် အဆိပ်အပုတ် အလွန်စုလွယ်သော နေရာဖြစ်ပါတယ်. အကြောင်းကတော့ လူဟာ တစ်ရက်တွင် လေ ၁၀၀၀ လီတာခန့် အဆုတ်ထဲကို ရှူသွင်းရလို့ပါ. . . လေထဲတွင် လွင့်မျောနေသော ရောဂါပိုး၊ ဗိုင်းရပ်စ်၊ ဖုန်မှုန့် စတဲ့ ဒုက္ခပေးနိုင်တဲ့ အရာများသည် လေနှင့်အတူ အဆုထ်ထဲသို့ ၀င်ရောက်လာနိုင်ပါတယ်. . . တစ်ဖက်ကလည်း အဆုတ်အနေနဲ့ ဒီလိုဝင်ရောက်လာတဲံ အရာအချို့နှင့် ကိုယ်တွင်း ဇီဝကမ္မဖြစ်ပျက်စဉ်က ပေါ်ပေါက်တဲ့ အညစ်အကြေးများကို အသက်ရှု နည်းဖြင့် စွန့်ထုတ်ပေးနိုင်ပါတယ်. .

ပံ့ပိုးမှုနည်းနာ
လေထုသန့်ရှင်းလတ်ဆတ်တဲ့နေရာ ဒါမှမဟုတ် မိုးရွာပြီးနောက် လေထုသန့်စင်နေသော အချိန်များတွင် အသက်ပြင်းပြင်းရှူသော လေ့ကျင့်ခန်း (သို့) ချောင်းတမင်ဆိုးပြီး အဆုတ်ရဲ့ အဆိပ်အပုပ် ရှင်းထုတ်မှုကို ပံ့ပိုးပေးပါ. . .

အသည်း
လူ့ခန္ဓာကိုယ်တွင် အဆိပ်ကို ခြေဖျက်ပေးနိုင်အား အကြီးဆုံးအင်္ဂါကတော့ အသည်းပါပဲ. . . အသည်းဟာ အဆိပ်ဖြေ အင်ဇိုင်းကို မှီပြီး အစားအစာကို အချောကိုင် ပြုပြင်ကာ ခန္ဓာကိုယ်အတွက် အသုံးဝင်မယ့်အရာအဖြစ် ပြောင်းလဲပေးပါတယ်. . ထို့နောက် စုပ်ယူပါတယ်. . . သို့ပေမယ့် အစာထဲ က အဆိပ်အချို့ကတော့ အသည်းမှာ ကျန်ခဲ့ပါသေးတယ်

ပံ့ပိုးမှု နည်းနာ
"ယောဂ "ကျင့်စဉ်ကို လိုက်စားပါ. . ယောဂ ကျင့်စဉ်သည် အဆိပ်ဖယ်ထုတ်ရန် အထိရောက်ဆုံး လှုပ်ရှားနည်းတစ်ရပ် ဖြစ်ပါတယ်. . . အသည်း စတဲ့ အင်္ဂါများအပေါ် ဖိအားသက်ရောက်စေရာမှ ၄င်းတို့၏ သွေးလှည့်ပတ်မှု ကို မြန်စေပြီး အဆိပ်ရှင်းထုတ်မှုကို အားပေးပါတယ်. .

ကျောက်ကပ်
ခန္ဓာကိုယ်အတွင်း အဆိပ်အပုပ် ရှင်းထုတ်သည့် အင်္ဂါများအနက် ကျောက်ကပ် ဟာ အရေးကြီးဆုံးဖြစ်ပါတယ်. . သွေးရည်ထဲမှ အဆိပ်ကို စစ်ထုတ်ပြီး ဆီးမှ တစ်ဆင့် ခန္ဓာကိုယ် ပြင်ပသို့ စွန့်ထုတ်ပေးပါတယ်. . ထို့အပြင် ကိုယ်တွင်း မှ ရေဓာတ်နှင့် ပိုတက်စီယမ် ၊ ဆိုဒီယမ် ဓာတ်ဆားများကို ညီညွတ်မျှတအောင် ထိန်းပေးပါတယ်. အဆိပ်အပုပ် ရှင်းထုတ်မှု ဖြစ်စဉ်နှင့် ဆက်စပ်နေသော ကိုယ်တွင်း အရည် လှည့်ပတ်မှု တော်တော်များကို ကျောက်ကပ်မှ ထိန်းချုပ်ပေးပါတယ်. . . ဆီးထဲတွင် အဆိပ်အတောက် အလွန်များနေပြီး အချိန်မီ မစွန့်ထုတ် နိုင်လျှင် နောက် တစ်ဖန် စုပ်ယူခြင်း ခံရနိုင်ပြီး. . . သွေးရည်ထဲ ပြန်လည်ရောက်ရှိသွားပါက ကျန်းမာရေးကို ပိုဒုက္ခပေးနိုင်ပါတယ်. . .

ပံ့ပိုးမှု နည်းနာ
ရေကို လုံလောက်စွာ သောက်ပေးပါ. . အကျိုးအားဖြင့် ကိုယ်တွင်းအရည် မှ အဆိပ်အတောက်ကို ကျဲပျော့စေရုံသာမက ကျောက်ကပ်၏ ဇီဝကမ္မလုပ်ငန်းများကိုလည်း အားပေးနိုင်ပြီး အဆိပ်များကို ခန္ဓာကိုယ် ပြင်ပသို့ စွန့်ထုတ်ပေးနိုင်ပါတယ်. ထို့ကြောင့် နေ့စဉ် နံနက်စောစော ဘာမှ မစားမီ ရေတစ်ခွက်သောက်ပါ. .

အရေပြား
အတွင်းအဆိပ်သင့်လျှင် အပေါ်လွင်ဆုံးနေရာသည် အရေပြားဖြစ်သလို့ အဆိပ်အပုပ်ရှင်းထုတ်ရာတွင် အသိသာဆုံး နေရာသည် အရေပြားပဲ ဖြစ်ပါတယ်. . . လူ့ခန္ဓာကိုယ်မှ အဆိပ်အပုပ်ရှင်းထုတ်မှုအတွက် အကြီးဆုံး အင်္ဂါလည်း ဖြစ်ပါသည်. . . အခြားအင်္ဂါများမှ စွန့်ထုတ်ရန် ခက်ခဲသည့် အဆိပ်များကို အရေပြားမှ ချွေးထက် သည့် နည်းလမ်းဖြင့် ဖြေရှင်းပေးနိုင်ပါတယ်.

ပံ့ပိုးမှုနည်းနာ
တစ်ပတ်တွင် တစ်ကြိမ် အေရိုးဗစ်(သို့) သွေးရည်ထဲ အောက်စီဂျင် ပိုမိုရောက်စေသော လှုပ်ရှားမှု တစ်မျိုးမျိုးဖြင့် ချွေးထွက်အောင် ဆောင်ရွက်ပါ. .

အူလမ်းကြောင်း
အစားအစာထဲမှ မခြေဖျက်နိုင်သည့် အကြွင်းအကျန်အဖတ်များ သည် အူလမ်းကြောင်းထဲ ရောက်ရှိသည့်အခါတွင် ရေဓာတ်အချို့ကို အူအမြှေးပါးက စုပ်ယူလိုက်ပါတယ်.. . ကျန်အစာများကို ပိုးမွှား၏ အချဉ်ဖောက်မှုနှင့် ပုပ်ဆွေးစေမှုကြောင့် မစင်အဖြစ် ပြောင်းလဲလာပါတယ်. . . .

ပံ့ပိုးမှု နည်းနာ
နံနက်စောစောတွင် ပုံမှန်ဝမ်းသွားတတ်တဲ့ အကျင့်ကို ရအောင် လုပ်ပါ မစင်များ အူထဲမှာ ကြာကြာရှိစေမှာ မဟုတ်သည့် အတွက် အဆိပ်အပုပ် ပြန်လည်စုပ်ယူမှုကို လျော့နည်းစေပါတယ်. . . အမျှင်များများပါသည့် အစာများကို စားခြင်းဖြင့် အူ၏ လှိုင်းထ လှုပ်ရှားမှုကို တိုးများစေကာ ၀မ်းချုပ်ခြင်းကို ကာကွယ် နိုင်ပါတယ်. .

ဦးနှောက်
ဦးနှောက်ဟာ အဆိပ်အပုပ်ကို တိုက်ရိုက်ရှင်းထုတ်သော အင်္ဂါမဟုတ်ပါ. . သို့သော် စိတ်အနေအထားဟာ အဆိပ်အပုပ်ရှင်းထုတ်သော အင်္ဂါအသီးသီး၏ လုပ်ငန်းစွမ်းရည်အပေါ် သိသာစွာ လွှမ်းမိုးမှု ရှိနေပါတယ်. . . အထူးသဖြင့် စိတ်ဖိစီးမှု နှင့် မွန်းကျပ်မှုများသည် ခန္ဓာကိုယ်ရဲ့ အဆိပ်အပုပ်ရှင်းထုတ် စနစ်ကို ချုပ်ငင်ထားနိုင်ပါသည်. . .

ပံ့ပိုးမှုနည်းနာ
အိပ်ရေးဝအောင် အိပ်ပါ. . စိတ်ကို လွပ်လပ်ပေါ့ပါးအောင် ထားပါ. . ဦးနှောက်အပေါ် ဖိအားမများပါစေနှင့်.

ကိုယ်တွင်းမှ အညစ်အမှိုက် အဆိပ်အပုပ်များကို ရှင်းထုတ်နိုင်ရန်အတွက် အစုအဖွဲ့ကြီး ၄ ခု၏ လုပ်ငန်း ပုံမှန် လည်ပတ်မှု အပေါ် အဓိက တည်မှီနေပါတယ်. . အစာခြေအစုအဖွဲ့၊ အသက်ရှူ အစုအဖွဲ့၊ အညစ်အကြေးစွန့် အစုအဖွဲ့နှင့် အရေပြားတို့က အဓိကျပါတယ်. .

အချုပ်အားဖြင့် ဆိုရပါလျှင် မိမိ၏ အဆိပ်အပုပ် ရှင်းထုတ်မှုများကို သဘာဝအကျဆုံး နည်းလမ်းကောင်းများဖြင့် စနစ်တကျ အကောင်အထည်ဖော်ခြင်းဖြင့် မိမိကိုယ်တွင်းမှ အဆိပ်အပုပ်များကို ရှင်းထုတ်နိုင်ပါစေလို့..


မင်းစံအိမ် (ကိုယ်တွင်းကအဆိပ် အပုပ်ရှင်းထုတ်ပါ)

No comments:

Post a Comment